အခန်း(၁၀၈)
Vol. 9 Ch. 108
လုဖန့်ဝေ့၏ စကားကို ကြားရတော့ ရွှီကျင်းဖန်က ကျန်းထျန်ကို ကြည့်လိုက်သည်။
ဒါပေမယ့် သူမက ငယ်ရွယ်စဉ်ကပဲ ဆုံခဲ့သည်မဟုတ်ဘဲ မကြာခင်ကလည်း ကြုံခဲ့ရသည်။
ကျန်းထျန်က ရေသောက်လိုက်သည်။ လုဖန်ဝေ့က ဒီလို မေးလာတယ်ဆိုတော့ တစ်ခုခု သိထားသည်ဆိုတာ သေချာသည်။
လုဖန်ဝေ့က မိသားစု၏ အမူအရာက်ို ကြည့်ကာ စ်ိတ်လှုပ်ရှားလာပြီး သူက မှန်နေသည်ကို သိသွားသည်။
သူ့ဦးလေး၏ သမီးက ကျန်းထျန် ဖြစ်နိုင်ပြီး သူ့ဝမ်းကွဲ ဖြစ်နေနိုင်သည်။
"ရဲဘော်ကျန်းထျန် ငယ်ငယ်က လူကုန်ကူးသူတွေ ဖမ်းတာ ခံရပြီး ရွှီကျန်းမြို့ကို ရောက်လာပြီး လင်မယားနှစ်ယောက်က မွေးစားခဲ့တာမလား?" လုဖန်ဝေ့က စိတ်ထဲမှ ရင်ခုန်နေမှုကို ထိန်းကာ ပြောလိုက်သည်။
ကျန်းထျန်က သူ့ကို မေးလိုက်သည်။ "ဘာလို့ ဒီလိုမေးတာလဲ?"
လုဖန်ဝေ့က ကျန်းထျန်၏ အကြောင်းအရာကို သူ့စိတ်ထဲ အကျမ်းဖျင်း ခန့်မှန်းလ်ိုက်သည်။သူမ၏ အသက်က ကိုက်ညီသလို ရုပ်ရည်လည်း ကိုက်ညီပြီး နောက်ခံကိစ္စကလည်း ကိုက်ညီသည်။
အတော် နီးစပ်သည်။
ဒါပေမယ့် ကောက်ကျစ်တဲ့ ဝံပုလွေတွေလို အခြားတစ်ယောက်ကို ဟန်ဆောင်ပြီး သူ့ဦးလေး မိသားစုကို လိမ်လည်ခဲ့သူကြောင်း တွေးလိုက်ပြီး လုဖန်ဝေ့က အတည်မပြုရသေးခင်ထိ ဘာမှ မပြောသေးပေ။
"ကျွန်တော် အခြားသူတွေဆီက သိရတာပါ" ဘယ်သူ့ထံက သိရသည်နှင့် ဘယ်လိုသိရသည်ကိုတော့ လုဖန်ဝေ့က အများကြီး မပြောချင်ပေ။
ကျန်းထျန်က ပြောလိုက်သည်။ "မင်း မပြောချင်ဘူးဆိုရင် ကျွန်မ မသိချင်ပါဘူး"
အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။
လုဖန်ဝေ့ - "..." မဟုတ်ဘူး။ လူအများစုက သူတို့ဘဝအကြောင်း ကြားတဲ့အချိန်မှာ တည်ငြိမ်နေကြလို့လား?"
"ဒါဆို ဒါက အမှန်ပဲလား?" လုဖန်ဝေ့က ထပ်မေးလိုက်သည်။
ကျန်းထျန်က သူ့ကို ကြည့်လိုက်သည်။ "ဒီလိုဆိုရင်တောင် ကျွန်မက ရဲဘော် ရှာနေတဲ့သူဆိုတာ သေချာရဲ့လား?" လုဖန်ဝေ့က လူမှားနေသည်ဟု သူမက ခံစားရသည်။
သူမနှင့်အတူ ပြန်ပေးဆွဲခံရသူ အတော်များများ ရှိသည်ဟု သူမက ခံစားရသည်။
"သေချာတယ်!" လုဖန်ဝေ့က ချက်ချင်း ပြောလိိုက်သည်။
အစားထိုး ရောက်လာသူက ပေကျင်း ရောက်ပြီးသည်နှင့် အချက်အများစုက မကိုက်ညီသည့်အတွက် အတုဟု သိလိုက်ရသည်။
နယ်သို့ ရောက်ရှိပြီး နှစ်ဝက်ကျော်အတွင်း သူက ပတ်ဝန်းကျင်မှ သူများကို မေးမြန်းကြည့်သောအခါ ကျန်းထျန်က အကိုက်ညီဆုံး ဖြစ်သည်။
ကျန်းထျန်က တစ်ခုခုကို သတိရကာ ရုတ်တရက် ပြောလိုက်သည်။ "မွေးရာပါ အမှတ် မဟုတ်ဘူးလား?"
လုဖန်ဝေ့၏ မျက်လုံးက အရောင်လက်သွားသည်။
ဒါပေမယ့် သူ စကားမပြောနိုင်ခင် ကျန်းထျန်က စကားဖြတ်ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး၊ ကျွန်မ မဟုတ်ဘူး"
သူမ၏ ခြေထောက်တွင် ဘာ မွေးရာပါ အမှတ်မှ မရှိပေ။
ဒီခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင်လည်း ဘယ်လို မွေးရာပါ အမှတ်မှ မရှိပေ။
ဒါက တကယ်တော့ နားလည်ရန် မခက်ပေ။
ကျန်းကောရှန် ပြောပုံအရဆိုလျှင် ဟွမ်မိသားစုမှ ဝမ်းကွဲရဲ့ မွေးရာပါ အမှတ်နေရာက ဒူးအထက်တွင် ဖြစ်သည်။
ဘာလို့ ပုံမှန်လူတွေက ဒီလိုနေရာကို အထူးဂရုစိုက်နေတာလဲ?
ဒါကြောင့် သူမက ပေကျင်းမှ ရွှီကျန်းမြို့ကို လာသော မိသားစုက သူမ၏ မိဘအရင်းများ မဟုတ်ဟု သံသယ ဝင်မ်ိသည်။
စီစဉ်သူက သူမကို ပေးပို့သော မှတ်ဉာဏ်အရ သူမ မိဘများက ပေကျင်းမြို့မှ ဆိုပေမယ့် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ရွှီကျန်းမြို့ကို လာခဲ့သူ နှစ်ယောက်က သူမ မ်ိဘရင်းဟု မပြောခဲ့ပေ။
လုဖန်ဝေ့က အံ့သြသွားသည်။ "ဘယ်လို ဖြစ်နိုင်မှာလဲ?"
ကျန်းထျန်က တကယ်ကို သူ့ဦးလေး အဒေါ်တို့နှင့် တကယ်တူသည်။
"မင်း လူမှားနေတယ် ထင်တယ်" ကျန်းထျန်က ခံစားချက်မပါဘဲ တစ်ခါထဲ ငြင်းတာက ပိုကောင်းမည်ဟု ထင်သည်။
တစ်ချိန်လုံး တိတ်နေသော ရွှီကျင်းဖန်က ပြောလိုက်သည်။ "အချ်ို့ မွေးရာပါ အမှတ်တွေက ကလေးကြီးလာရင် ပျောက်သွားတတ်တယ်"
လုဖန်ဝေ့၏ မျက်နှာမှ တွေဝေမှူက အတော်ကြာထိ ပျောက်မသွားပေ။
အချို့လား?
ဒီလို ဖြစ်နိုင်ချေက ဘယ်လို သေချာမှာလဲ?
တကယ်လို့ တကယ်လို့ မဟုတ်ခဲ့ရင်ရော?
လုဖန်ဝေ့က ဝေခွဲမရ ဖြစ်သွားသည်။
ကျန်းထျန်က နောက်လက အဖွဲ့အတွက် အလုပ်အရှုပ်ဆုံးလ ဖြစ်သည့်အတွက် ဒီကိစ္စကို သိပ် ဂရုမစိုက်ပေ။
ဆောင်းဦးတွင် သီးနှံများက်ို ရိတ်သိမ်းရမည် ဖြစ်ပြီး နွေဦးရာသီက စတော့မည်ဖြစ်သည်။ နွေရာသီတွင် ရေကြီးရေလျှံမှုတွေနဲ့ အလုပ်ရှပ်တဲ့အတွက် ဆောင်းဦးက ရိတ်သိမ်းရန် အကောင်းဆုံးအချိန် ဖြစ်သည်။
တစ်နှစ်လုံးတွင် တရုတ်နှစ်သစ်ကူးကာလ နှစ်လထဲသာ အနည်းငယ် အားသောအချိန် ဖြစ်သည်။
နှစ်သစ် အပြီးတွင် ကျန်းထျန်က သင်ပုန်းကြော်ညာ ရေးသည့်အလုပ်အပြင် အခြားတစ်ခု ရသွားသည်။
မူလတန်းကျောင်းမှ ဆရာမက ကိုယ်ဝန်ရှိနေသည့်အတွက် သူ့နေရာတွင် အစားထိုး ဝင်ရောက်ရန် နှစ်လစာ လူလိုသည်။ ကုပေါင်ကောက တတိယအဒေါ်နှင့် ဆွေးနွေးပြီး ကျန်းထျန်ကို တွေးမိသည်။
ကျန်းထျန်က ပညာအရည်အချင်း ကောင်းသလို ရေးန်ိုင် ဆွဲနိုင် ဖြစ်ပြီး မူလတန်းအတွက် အစားထိုးဆရာမ လုပ်ရန် သူ့ကို အများကြီး သင်ကြားစရာ မလိုအပ်ပေ။
ဒါကြောင့် ကျန်းထျန်က ချက်ချင်း လက်ခံလိုက်သည်။
မူလတန်းကျောင်းက အဖွဲ့ရှစ်တွင် ဖြစ်ပြီး ကျောင်းအုပ်က ရွှီကျင်းယောင် ဖြစ်သည့်အတွက် သူမက ရွှီအိမ်တွင် ထမင်းစား၍ ရသည်။
ဆရာမအလုပ်က တကယ်မခက်ခဲသလို ကျန်းထျန်က အေးဆေးစွာ လုပ်နိုင်သည်။ ပြီးတော့ သူမက လှပပြီး အသင်အပြ ကောင်းသည့်အတွက် ကျောင်းသားများက စကားနားထောင်သည်။
အစားထိုးဆရာမ၏ လခက သိပ်မကောင်းသလို တစ်လ ၁၈ယွမ်ဖြစ်ပြီး ကျန်းထျန်က ဒီကို ရောက်ပြီးချိန်ကပဲ ပထမဆုံးရသော လစာ ဖြစ်သည်။
အဲ့ဒါက မများသလို သူမ ခေါင်းစည်းကြိုးများ မှောင်ခိုစျေးကွက်တွင် ရောင်းချသည်လောက် မရပေမယ့် စိတ်သက်သာရာ ရစေသည်။
လစာ ထုတ်သည့်နေ့တွင် ကျန်းထျန်က မြို့ပေါ်သွားကာ ဝက်သားနှစ်ကီလို ဝယ်ပြီး ရှို့ရှန်၏ စားသောက်ဆိုင်တွင် ဝက်သားနှပ် နှစ်ပွဲဝယ်သည်။ တစ်ပွဲက ကျန်းရှို့ရှန်နှင့် သူ့အဖေအတွက် ဖြစ်ပြီး နောက်တစ်ပွဲက အိမ်ယူသွားရန် ဖြစ်သည်။
ကျန်းထျန်က သူမတွင် ပိုက်ဆံရှ်ိပြီကို အသံချဲ့စက်နှင့် ရွာပတ်၍ အော်ချင်နေသည်။
ရွှီကျင်းဖန်က သူမပျော်နေတာ မြင်တော့ မေးလိုက်သည်။ "အဲ့လောက်တောင် ပျော်တာလား?"
ကျန်းထျန်က လိမ္မော်ရည် သောက်လိုက်သည်။ "ပျော်တာပေါ့။ ဒါက ပထမဆုံး လစာလေ"
ဒါပေမယ့် မကြာခင်မှာပဲ မူလဆရာမက ကျောင်းကို ပြန်လာကာ စာသင်ခဲ့ပြီး ကျန်းထျန်က အစားထိုးကာလတောင် အချိန်မစေ့ခဲ့ပေ။
တတိယအဒေါ် ထမင်းစားရန် အ်ိမ်လာတော့ ပြောသည်။
"ဘာလဲ?ဆရာမလေးက ထျန်ထျန် ကလေးတွေကြား နာမည်ကြီးနေတာကို ကြားတော့ အိမ်မှာ မနေနိုင်တော့ဘူး။ သူမသာ ကိုယ်ဝန်မရှိရင် ကျောင်းကိုသွားပြီး ထျန်ထျန်ကို မောင်းထုတ်မယ်ဆိုတာ ယုံလား?"
ရွှီကျင်းဖန်က ရေနွေးကြမ်းတစ်ခွက် ထည့်လိုက်သည်။
"ဘာဖြစ်ဖြစ် ဒီအလုပ်က သူများဟာ ပဲလေ။ အနှေးနဲ့အမြန်တော့ ပြန်ပေးရမှာပဲ"
ကျန်းထျန်က ဒီလို အလှည့်အပြောင်း ရှိမည်ဟု မထင်ထားပေ။
ယခုက ၁၉၇၇ ဇူလိုင်လဖြစ်သည်။ တစ်လလောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ကိစ္စ သတင်းများ ပြန့်နေပြီး အောက်တိုဘာလတွင် သတင်းစာထဲ ကြေငြာမည်။
အသင့်ပြင်ရန် မစောတော့ပေ။
သြဂုတ်လရောက်တော့ ကျန်းထျန်က ဖတ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များ စုလိုက်သည်။
ကုလျန်မင်က အထက်တန်း ဒုတိယနှစ် ဖြစ်သည်။တတိယကလေးက မြို့ပေါ်သွားကာ စာအုပ်ဆိုင်မှ စာအုပ်များ မကြာမကြာ ဝယ်လာသည်။
အိမ်တွင် ပစ္စည်းအချို့ ရှိသည့်အတွက် ဒါကို သုံးနေလ်ို့ရသည်။
ကျန်းထျန်က ဒီအချိန်အတွက် ပြင်ထားသည်။ ကုလျန်ရုန် ယူလာသည့်အချိန်တိုင်း သူမက မိတ္တူကူးကာ သိမ်းထားသည်။
စက်တင်ဘာလတွင် သတင်းရသူများက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်စစ်မည့်အကြောင်း သိထားသည်။
အနီးအနားတွင် ကျွဲနွား အုပ်စုကြီး ရှ်ိသည်။ လွန်ခဲ့သည့်လက ကားများနှင့် သူတို့ကို လာခေါ်ကြသည်ဟု ကြားမိသည်။
ပြန်လည် အားမွေးပြီး မြို့ပေါ်ပြန်ရန် ဖြစ်မည်။
ဒါကြောင့် ပညာတတ်လူငယ်များက အနားမရဘဲ တပ်မဟာ ဌာနချုပ်ကို ထားပြီး အဖွဲ့အစည်းနှင့် မြို့ပေါ်ကို သတင်းစုံစမ်းရန် နေ့တိုင်း ပြေးနေရသည်။
တပ်မဟာက ပညာတတ်လူငယ်များကို အလုပ်အများကြီးလုပ်ရန် မမျှော်လင့်ပေမယ့် သူတို့က အရင်ကအတိုင်း နေလ်ို့ရသည်။
ယခုရက်ပိုင်းတွင် သူတို့က ပို၍ အကြောင်းရှာမရ ဖြစ်လာသည်။
ဆောင်းဦး ရိတ်သိမ်းပွဲက တစ်လအတွင်း ရောက်မည်။ဒါက ဒီနှစ်အတွက် ရိတ်သိမ်းရသော သီးနှံများ ဖြစ်သည်။ အဖွဲ့ဝင်များကို ရိတ်သိမ်းကာ ဝေပေးရမည်သာမက ပညာတတ်လူငယ်များကိုလည်း ပေးရမည် ဖြစ်သည်။
ပညာတတ်လူငယ်များ မရှိတော့မှုနှင့် စောစော ထွက်ခွာမှုကြောင့် အဖွဲ့သားများက ဌာနချုပ်ကို စာတင်ကြသည်။
ကုပေါင်ကောက ပညာတတ်လူငယ်များကို မဆူနိုင်ပေ။ဘာလို့ဆိုတော့ သူတို့က ဘယ်အချ်ိန် မြို့ကို ပြန်ရမည်ကို ဘယ်သူ သိမှာလဲ? ဒါကြောင့် သူက ပညာတတ်လူငယ်ဟောင်း ဖြစ်သော ချန်စုန့်ပင်ကို ရှာကာ အဖွဲ့သားများ၏ လိုအပ်ချက်ကို ထောက်ပြလိုက်သည်။
ချန်စုန့်ပင်က ရှင်းချန်ရွာ တပ်မဟာမှ ဖြစ်သည်။ သူ့ဇနီးက သူနှင့်အတူတူ အမျိုးသမီးပညာတတ်လူငယ် ဖြစ်သည်။ သူတို့တွင် ကလေးတစ်ယောက်ရှိပြီး ပညာတတ်လူငယ်များ အဆောင်ဘေးတွင် နေသည်။
ချန်စုန့်ပင်က ပုံမှန်တော့ တပ်မဟာနှင့် ပညာတတ်လူငယ်များကြား ညှိနှိုင်းမှုကို တာဝန်ယူပြီး သူ့ဇနီးက မူလတန်းကျောင်းတွင် စာသင်သည်။
ပြန်ရောက်တော့ ချန်စုန့်ပင်က ဒီကိစ္စကို ပညာတတ်လူငယ်များကို ပြောပြီး လက်ရှိတာဝန်ကို အရင် အာရုံစိုက်ရန် ပြောလိုက်သည်။ မြို့ပေါ် ပြန်ရမည်ဆိုလျှင်တောင် ကြိုးစားပြီး လုပ်နိုင်ကိုင်နိုင်ရည်ရှိသူကသာ အရင်ပြန်ခွင့်ရှိသည်။
ဒီစကားများ ကြားရတော့ ပညာတတ်လူငယ်များက ငြိမ်းချမ်းသွားကြသည်။
လုဖန်ဝေ့မှ လွဲ၍ ဖြစ်သည်။
နောက်နေ့တွင် လုဖန်ဝေ့က ကုပေါင်ကောထံ ရက်ရှည် ခွင့်တောင်းသည်။သူက ဆွေမျိုးများထံ သွားမလည်သလို ရွှီကျန်းမြို့မှလည်း ထွက်မသွားပေ။
ထိုအစား သူက ဆေးရုံကို တစ်ရက် သုံးကြိမ်သွားကာ ဆေးရုံတွင်နေပြီး ပြန်မလာတော့ပေ။
ကုပေါင်ကောက ဘာမှ မလုပ်န်ိုင်ပေ။ လုဖန်ဝေ့က သူ မည်သည့် အလုပ်ရမှတ်ရော စားစရာကိုရော မလိုဟု ပြောသည်။ ဒါပေမယ့် သူက ဆေးရုံတွင် စောင့်ရှောက်ရမည့်သူ ရှိသည်ဟု ပြောသည်။ ကုပေါင်ကောက ဘာလုပ်နိုင်မှာလဲ?
ကျန်းထျန်က အားလုံးပြင်ဆင်ကာ အိမ်တွင် တ်ိတ်တဆိတ် စောင့်နေသည်။ သတင်းထွက်လာသည်နှင့် သူမက ချက်ချင်း မြို့ပေါ်သွားမည်။
စက်တင်ဘာလတွင် ဆောင်းဦးရိတ်သိမ်းရန် လုပ်ငန်းစနေပေမယ့် ပညာတတ်လူငယ်များက စာအုပ်ဖတ်ကာ စာပြန်နွှေးနေပြီ ဖြစ်သည်။
ပို့ဆောင်ဆက်သွယ်ရေး အသင်းက ဆောင်းဦးရိတ်သိမ်းချ်ိန် မတိုင်မီ ဖွင့်သည့်အတွက် ကုလျန်ရုန်က သတင်းကြားကာ ကိုးကားစာအုပ်များ ယူလာသည်။
ကျန်းထျန်က စားပွဲပေါ်ရှိ ပြန်လည်လေ့ကျင့်ခန်းများနှင့် စာအုပ်ပုံကို ကြည့်လိုက်သည်။
ဒါက အားအင်ဖြုန်းတီးခြင်းဟု ထင်မ်ိသည်။
ဘယ်လိုဖြစ်ဖြစ် ကောလိပ်ဝင်ခွင့် ဖြေလိုသူများက ကြိုတင်လေ့လာ ထားသင့်သည်။
ကုမိသားစုမှ လေးယောက်နှင့် တတိယအဒေါ်အ်ိမ်မှ ကုရှန်းလီအပြင် ကျန်းရှို့ရှန် ကလည်း ကြိုးစားကြည့်ရန် ပြင်ထားသည်။
ဘာပဲဖြစ်ဖြစ် ဒါက ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြစ်သည်။ ဒီခေတ်တွင် တက္ကသိုလ် ကောလိပ် ဝင်ခွင့်ရသူများက နာမည် ကျော်ကြားသည်။
ဒါက အလုပ်အပေါ် သက်ရောက်မှု မရှိပေ။ အလုပ်ပြီးလျှင် စာများများ ဖတ်လို့ရသည်။ စာမေးပွဲ အောင်လျှင် အဆင်ပြေသလ်ို မအောင်လျှင်လည်း အလုပ်ရှိသေးသည်။
အောက်တိုဘာလတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ သတင်းနှင့်အတူ သက်လတ်ပိုင်းအရွယ် အမျ်ိုးသားတစ်ယောက်လည်း ပါသည်။
ထိုအချိန်တွင် ကုမိသားစုတွင် ပါဝင်သူ လေးယောက်ရှိသည်။ ကုလျန်ရွှမ်၊ ကျန်းထျန်၊ ကုလျန်ရုန်နှင့် ကုလျန်မင်တို့က ကောလိပ်ဝင်ခွင့် ဖြေကြမည်။
ရွှီကျင်းဖန်နှင့် အမွှာကလေးများက ရွှီကျင်းယောင်၏ အိမ်တွင် မြေးအကြီးဆုံး သာ့ပေါင်၏ မွေးနေ့ဂုဏ်ပြုရန် သွားလိုက်သည်။
အိမ်တွင် ဧည့်သည်နှစ်ယောက် ရှိနေသည်။ တစ်ယောက်က လုဖန်ဝေ့ ဖြစ်ပြီး နောက်တစ်ယောက်က လူလတ်ပိုင်း အမျိူးသား ဖြစ်သည်။
အငွေ့များ ထွက်နေသော ရေနွေးကြမ်းနှင့် လက်ခံလိုက်သည်။
လူလတ်ပိုင်း အမျိူးသားက ကျန်းထျန်ကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းက ဦးလေး ချစ်သူနဲ့တူတယ်"
ကျန်းထျန် - "..." သူမက ဒီရက်ပိုင်း မျက်ခွံများ လှုပ်နေသည့်အတွက် တစ်ခုခု မှားနေသလို ခံစားရသည်။
လိမ္မာတဲ့ကောင်လေးက သူမကို ဒီနေရာက စောင့်နေသည်။
ထိုသို့ပြောပြီးနောက် ထိုလူက သူ့လက်နှင့် ပါးစပ်က်ိုအုပ်ကာ ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။ "ဦးလေး နာမည်က ရှန်းရှိူ့ဟွ်ိုင်ပါ။"
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဦးလေးနဲ့ ဇနီးဖြစ်သူက သမီးလေးတစ်ယောက် ရှိခဲ့ပြီး တစ်ယောက်ယောက်ရဲ့ မကောင်းကြံမှုကြောင့် လူကုန်ကူးသူတွေ ဖမ်းတာခံရပြီး ရွှီကျန်းမြို့က်ို ရောက်လာခဲ့တယ်"
"ဆယ့်သုံးနှစ်အကြာက ဦးလေးတို့ ဇနီးမောင်နှံက ပေကျင်းကနေ ရွှီကျန်းမြို့ကို လာခဲ့ပေမယ့် နယ်ဘက်မရောက်ခင် ဦးလေးဇနီးက ရုတ်တရက် ကျန်းမာရေး ချို့ယွင်းလာလို့ မြို့ပေါ်ဆေးရုံမှာ နေခဲ့ရတယ်"
"နောက်ပိုင်း အခြေအနေ ငြိမ်သွားတော့ အဘိုးကြီးက ရုတ်တရက် ကျန်းမာရေး ဖောက်လာလို့ ညတွင်းချင်း ပေကျင်းကို ပြန်ခဲ့ရတယ်"
"ရှန်းဟုန်ကျွင်းနဲ့ ရှန်းဟုန်ချင်ဆိုတဲ့ သူနှစ်ယောက်က ဦးလေးတို့နဲ့ အတူလာကြတယ်။ သူတို့က သမီးကို ရှာတွေ့ပြီဆိုပြီး ပေကျင်းကို ခေါ်လာကြတယ်"
"ဒါပေမယ့် ဦးလေးဇနီးက တစ်ချက်ကြည့်တာနဲ့ သူ့သမီး မဟုတ်ဘူးလို့ ပြောလိုက်တယ်"
ရှန်းရှို့ဟွိုင်က ပြောနေစဉ်တွင် ကျန်းထျန်က လိမ္မော်ရည်သောက်လိုက်ကာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။ "ပထမဆုံး တွေ့တွေ့ချင်းမှာ အကြောင်းအရာတွေကို ပြောပြနေတာက အရမ်း ဝမ်းနည်းစရာတော့ ကောင်းတယ်"