← Chapters

အခန်း(၁၀၂)

Vol. 9 Ch. 102

အခန်း(၁၀၂)

Vol. 9 Ch. 102

အဖွဲ့အစည်းက အမျိုးသားနေ့ပြီးလျှင် စိုက်ပျိုးရေးရာသီ ပြန်စမည် ဖြစ်ပြီး ရာသီဥတု မအေးလာခင် သီးနှံသစ်များ စိုက်ပျိုးမည် ဖြစ်ကာ နောက်နှစ် မတ်လ သို့မဟုတ် ဧပြီလတွင် ရိတ်သိမ်းရမည်ဟု ရွှီကျင်းဖန်က ပြောသည်။

ရွှီကျန်းမြို့က သီးနှံနှစ်မျ်ိုးကို တစ်နှစ်စိုက်ကာ နောက်သီးနှံတစ်မျ်ိုးကို တစ်နှစ်စိုက်သည်။ ဒီနှစ်ပြီး နောက်နှစ်တွင် သူတို့ သီးနှံများကို မြေသြဇာကောင်းသော နေရာတွင် ပြောင်းစိုက်မည်။

ကျန်းထျန်က မချက်ပြုတ် နိုင်သည့်အတွက် ဟင်းလင်းပြင်မှ အသင့်စားစားစရာများကို ယူခဲ့သည်။

အသင့်စားခေါက်ဆွဲ၊ ခေါက်ဆွဲခြောက်၊ ချဉ်စပ်ခေါက်ဆွဲ၊ လက်လုပ် ပန်ကိတ် စသည့် အရာများ ဖြစ်သည်။

သူမက အခြားအရာများကို မည်သို့လုပ်ရမည် မသ်ိပေမယ့် ခေါက်ဆွဲပြုတ်ခြင်းနှင့် ပေါင်မုန့်နှင့် ပန်ကိတ်များ အပူပေး ပေါင်းခြင်းက မခက်ခဲပေ။

အနည်းငယ် အားစိုက်ရန် လိုအပ်သော လက်လုပ်ပန်ကိတ်များကိုတော့ ရွှီကျင်းဖန်က ပြောသည်။ "ထျန်ထျန် ဒါတွေ ထပ်မဝယ်နဲ့တော့။ အမေအချိန်ရရင် အခုတစ်ရာလောက် လုပ်ထားပေးမယ်။ ကြွပ်ရွပြီး ကြက်သွန်စိမ်းနဲ့ ငရုတ်သီးမှုန့် ပါတာလေ။ မနက်မှာ ရေစိမ်ထားပြီစ နေ့ခင်းမှာ တရုတ်ဝက်အူချောင်းနဲ့ အသီးအရွက်တွေကို အထဲထည့်လိုက်မယ်။ ဒီဟာထက် ပိုပြီး အရသာရှိမှာ သေချာတယ်"

ရွှီကျင်းဖန် လုပ်သည့်ပန်ကိတ်က သူမ၏ စက်ရုံထုတ် ပစ္စည်းထပ် ပိုကောင်းမည်ဆိုတာ သိပေမယ့် ရွှီကျင်းဖန် ပင်ပန်းမည်ကို စိုးရိမ်ရသည်မလား?

"အမေ အချိန်အားရင် အနားယူသင့်တယ်" သူမက ပန်ကိတ်များကို ကြောင်အိမ်ထဲထည့်ရင်း ပြောလိုက်သည်။ "သမီး နှမ်းစေ့တွေလည်း ဝယ်လာတယ်။ အမေ နှမ်းထောင်း လုပ်လို့ရတယ်"

ရွှီကျင်းဖန်က နောက်ဆုံးအကြိမ်က တတိယအဒေါ် ပေးသော နှမ်းစေ့ကို သဘောကျသည်။ နောက်တော့ သူမက ကုလျန်ရွှမ်က မုန့်လုပ်သည်တွင် နှမ်းနှင့် သကြားညို ထည့်ချင်သည့်အတွက် သူ့ကို ပေးခဲ့ရသည်။

နှမ်းက ရှားပါးသောအရာ ဖြစ်သည်။ ဒါက အဆာပြေစေရန်လည်း ကောင်းသောအရာ မဟုတ်သလို ဆီလုပ်ရန်လည်း မြေပဲလောက် မကောင်းပေ။ ထုတ်လုပ်ရေးအသင်းက များသောအားဖြင့် မစိုက်ပျိုးပေ။

ရွှီကျင်းဖန်က ပြုံးပြီး ပြောလိုက်သည်။ "ဒါဆို အမေ အများကြီး မကြော်တော့ဘူး။ ထက်ဝက်ပဲ ကြော်ပြီး ကျန်တာကို လျန်ရွှမ်အတွက် အဆာပြေမုန့်အဖြစ် သိမ်းထားလိုက်မယ်"

"စကားမစပ် အမေ ခုနက ကြော်နေတဲ့ ငရုတ်သီးကြော်က ပြီးတော့မယ်။ နောက်တစ်ခေါက် ကြော်လိုက်ရင် နှမ်းစေ့ လက်တစ်ဆုပ်စာ ထည့်လိုက်မယ်"

ဆောင်းဦးလယ်ပွဲတော် ပြန်လည်တွေ့ဆုံသည့် စားသောက်ပွဲက မိသားစု အပြည့်နှင့် စည်ကားနေသည့်အတွက် နှစ်သစ်ကူးကဲ့သို့ စည်ကားအသက်ဝင်နေသည်။

ကျန်းထျန်က မီးဖိုချောင်ထဲတွင် ကူညီစရာ အများကြီး မရှိသည့်အတွက် ပန်းကန်နှင့် တူများကို ယူကာ အနောက်ဘက်သို့ ဆေးကြောရန် ထွက်လာခဲ့သည်။ယနေ့အစားအသောက်များက အမျိုးစုံပြီး အရေအတွက် များသည့်အတွက် ပုံမှန် ပန်းကန်နှင့် တူများနှင့် မလောက်တော့ပေ။

အစားအသောက်များကို အိုးထဲမှ ထုတ်လိုက်ပြီး ဖက်ထုပ်ပေါင်းများက စားပွဲအလယ်ရှိ ဝါးခြင်းတောင်း အသေးလေးထဲတွင် ထည့်ထားပြီး အသားလုံးကြော်က အထဲတွင်ဖြစ်ကာ အနားတွင် အချဉ်ရည်ပန်းကန်များ ချထားသည်။ အပြင်ဘက်ခြမ်းတွင် ဝက်အူချောင်းကြော်၊ ဝက်သားနှပ်၊ ဝက်နံရ်ိုးနှပ်၊ ယုန်သားနှပ်၊တောယုန် အစပ်ချက်၊ တို့ဟူး ကြာဇံနှင့် ငါးကြော်၊ကြာဇံနှင့် အာလူးကြော်၊ ကန်စွန်းဥနှင့် ကြာဇံ၊ ဂေါ်ဖီထုပ် အစပ်ကြော်၊အာလူးနှင့် ရှာလကာရည်၊ အသားလုံးနှင့် ရှာလကာရည်နှင့် အခြား အအေးစာ ဟင်းပွဲများ ဖြစ်ကြသည်။

ထမင်းအိုးနှင့် ဂျုံပေါင်မုန့် တစ်ပန်းကန်လည်း ရှိသည်။

ဟင်းပွဲတိုင်းကို နှစ်ပိုင်းခွဲထားပြီး အစီအစဉ်အတိုင်းချရန် စားပွဲနှစ်လုံး ဆက်လိုက်သည်။ ပင်မခန်း၏ နေရာလွတ်က ပြည့်သွားသည်။

"အမေတို့ မနက်ဖြန် ခြံထဲက အသီးအရွက်တွေယူပြီး သန်ဘက်ခါ သူတို့ကို ချက်သင့်တယ်ထင်တယ်" ရွှီကျင်းဖန်က နောက်ဘက်မှ လက်ဆေးပြီး ရောက်လာကာ ထိုင်ပြီး ပြောလိုက်သည်။

အားလုံးကို တူများ ဝေပေးနေသော ကုလျန်မင်က ဒါကိုကြားတော့ ပြောလိုက်သည်။ "မနက်ဖြန် မလိုပါဘူး။ ခဏနေ ဗိုက်ပြည့်သွားရင် နောက်ဘက်ကို သွားပြီး ဆေးကြောလိုက်မယ်"

"ဒီလိုလည်း အဆင်ပြေပါတယ်။အမေတို့က ဒီရက်တွေမှာ အနားယူခဲ့တာပဲ" ရွှီကျင်းဖန်က တစ်ဖက်လှည့်ပြီး မေးလိုက်သည်။ "တတိယကလေး ဘယ်မှာလဲ?"

ကုလျန်မင်က လိမ္မော်ရည် တစ်ငုံသောက်ပြီး ဖြေလိုက်သည်။ "တတိယအစ်ကိုက မရီး ဝယ်လာတဲ့ အသင့်စားခေါက်ဆွဲတွေကို မြင်ပြီး အရင်က ခေါက်ဆွဲအရသာကို တွေးမိပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေတယ်"

ရွှီကျင်းဖန်က သူမရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။ "အမယ်လေး ကုချန်ချင်း တတိယကလေးကို ကြည့်ပါဦး။ ကျွန်မ သူ့အတွက် ဘယ်စားစရာများ မကျွေးခဲ့လို့လဲ? အခု ခေါက်ဆွဲ ကြော်ပေးရဦးမှာလား?"

ထိုအချိန်တွင် ကုလျန်ရုန်က ခေါက်ဆွဲကြော် ပန်းကန်လုံးကြီး သယ်လာသည်။ ခေါက်ဆွဲက ဆီနှင့် ငရုတ်သီးအနှစ်များကာ ဝက်အူချောင်းနှင့် ပြောင်းဖူးစေ့များလည်း ပါသည်။ အရောင်အသွေး စုံလင်ပြီး မွှေးကြိုင်နေသည်။

ရွှီကျင်းဖန်၏ စကားကိုကြားတော့ ကုလျန်ရုန်က တွေဝေသွားသည်။ "အမေ ကျွန်တော့်အတွက် မကျွေးခဲ့တဲ့ အစားအသောက် မရှိပါဘူး။ ကျွန်တော့်ဘာသာ အားလပ်ရပ်မတိုင်ခင် ပို့ဆောင်ဆက်သွယ်ရေးအသင်းမှာ ကိုယ်အလေးချိန်တိုင်းခဲ့တာ ပေါင်နည်းနည်းတက်လာတယ်"

ကုလျန်မင်က သူ့ကိုကြည့်လိုက်ပြီး အသံက တင်းမာနေသည်။ "တတိယအစ်ကို အမေက အစ်ကို့မှာ အသားရှိပေမယ့် မစားဘဲ အသင့်စားခေါက်ဆွဲ စားချင်နေတယ် အမြင်မရှိဘူးလို့ ပြောချင်တာ"

"ပြီးတော့ ခေါက်ဆွဲတွေကို မရီးက အမေနဲ့ အစ်ကိုကြီး အလုပ်ရှုပ်မယ့် စိုက်ပျ်ိုးရေးရာသီအတွက် ဝယ်လာခဲ့တာ။ အခု အစ်ကိုက အကုန်စားလိုက်တော့ အမေနဲ့ အစ်ကိုကြီးက..."

ကုလျန်မင်က ကျန်းထျန်ကို ဂရုတစိုက် ကြည့်လိုက်သည်။ "သူတို့က မီးသွေး ဆားရည်စိမ် တွေ စားရမှာပေါ့"

ကုလျန်ရုန် - "..." သူ တိတ်တဆိတ် မေးလိုက်မိသည်။ "အခု ပြန်ထားလိုက်ရင်ကော?"

ကုလျန်မင်က အံ့သြစွာ မေးလိုက်သည်။ "တတိယအစ်ကို ဒါက အစ်ကိုဝယ်ခဲ့တဲ့ ပစ္စည်းကို ပြန်ပေးတာလို့ ထင်နေတာလား?"

ကျန်းထျန် - "....." သူမ၏ တူကိုင်ထားသောလက်က အနည်းငယ် လှုပ်နေသည်။

သူမ ချက်လိုက်သော ဟင်းက အခြားဟင်းများထက် ထူးခြားသော နာမည်ရှိသည်-'မီးသွေး ဆားရည်စိမ်'

ကျန်းထျန် - !!!

သူမက အသက်ပြင်းပြင်းရှူကာ တွေးလိုက်သည်။ ကုလျန်မင်က ငယ်သေးသော်လည်း စကားပြင်းထန်စွာ ပြောတတ်သည်။

သူမက သေချာ ပုံဖော်ပြသည် မလား?

ရွှီကျင်းဖန်က ပြုံးလိုက်သည်။ ရှောင်းမင်၏ ဖော်ပြချက်က သူမလို ရှေးကျသူအတွက် ခက်ခဲပြီး ထျန်ထျန်ကို နှစ်သိမ့်ရန် အခြားစကားများ သုံးမိလိမ့်မည်။

သူမ မလုပ်နိုင်ပေမယ့် ကုလျန်ရွှမ်က လုပ်နိုင်သည်။

"ကိစ္စမရှိပါဘူး။ အစ်ကို လုပ်န််ိုင်ပါတယ်" မိသားစုထဲတွင် ချက်ပြုတ်တတ်သူ တစ်ယောက်ရှိလျှင် လုံလောက်သည်။

ဒါကိုကြားတော့ ရွှီကျင်းဖန်က သူ့သားကြီးကို အံ့သြစွာ ကြည့်လိုက်သည်။

ရက်အနည်းငယ် မတွေ့လိုက်တာနဲ့ အရင်လို ငတုံး မဟုတ်တော့ဘူးလို့ မထင်ထားဘူး။

သူက အများကြီး တိုးတက်သွားပြီ!

ကျန်းထျန် စိတ်ကျေနပ်သွားသည်။

ဒီနေ့က ဆောင်းဦးလယ်ပွဲတော် ဖြစ်သည်။ လူကြီးများက အသားငါးများ စားနေကြပေမယ့် အမွှာငယ်လေးများကလည်း အဆာမခံရပေ။ ရွှီကျင်းဖန်က သူတို့အတွက် နို့မှုန့်နှင့် ကြက်ဥအနှစ် နှစ်လုံး ပြင်ထားသည်။

ပ်ို့ဆောင်ဆက်သွယ်ရေး အသင်းတွင် အလုပ်ရပြီးနောက် ကုလျန်ရုန်က တစ်နေ့လုံး ပတ်သွားနေရကာ ယခင့ကထက် နို့မှုန့်များ၍ ပို၍ လွယ်ကူစွာ ဝယ်နိုင်ခဲ့သည်။ရွှီကျန်းမြို့မှာ မရှိလျှင် အခြားမြို့များ သွားန်ိုင်ပြီး အခြားမြို့များတွင် မရှိလျှင်လည်း မြို့ကြီးသို့ သွားနိုင်သည်။ အတိုချုံးပြောရလျှင် အမွှာလေးနှစ်ယောက်က အစားအစာ မပြတ်ပေ။

အချိန်ကျလာတော့ ကုလျန်ရွှမ်က မီးဖိုချောင်သွားကာ ကြက်ကင်လိုက်သည်။

ကြက်ကို ပျားရည်နှင့် ကင်ထားပြီး အဖြူရောင် ကြွေပန်းကန်ပေါ် တင်ထားသည်။ ကုလျန်ရွှမ်က ဓားနှင့် နှစ်ခြမ်းခြမ်းလိုက်ကာ တစ်ခြမ်းစီကို စားပွဲတစ်ခုပေါ် တင်ထားသည်။

ဟင်းပွဲတွေအားလုံး ချပြီးနောက် ရွှီကျင်းဖန်က လက်ခုပ်တီးလိုက်သည်။ "အမေ စကားနည်းနည်း ပြောမယ်!"

"ဒါက နှစ်အတော်ကြာမှ ကျင်းပရတဲ့ မိသားစု ပြန်လည်တွေ့ဆုံစားသောက်ပွဲပဲ" ရွှီကျင်းဖန်က ပြုံးလိုက်သည်။

"အရင်က တရုတ်နှစ်သစ်ကူးကတောင် ဒီနေ့လောက် မစည်ကားသလို အစားအသောက်တွေလည်း ဒီနေ့လောက် မများဘူး"

ကုလျန်ရုန်က ပြောလိုက်သည်။"ဟုတ်တယ်။ ကျွန်တော်တို့မှာ ကြက်သား၊ ယုန်၊ ငါးနဲ့ အမဲသားရှိတယ်။ ဖက်ထုပ်ပေါင်း တစ်အိုးလည်း ရှိတယ်။ ညစာစားပြီးရင် မရီးဝယ်လာတဲ့ လမုန့်စားကြမယ်။ ကျွန်တော် နေ့တိုင်း စားနေရချင်တယ်"

ဘုရားသခင်တောင်မှ ဒီလို များလှတဲ့ စားပွဲအပြည့် အစားအစာတွေကို စားနိုင်မှာ မဟုတ်ဘူး!

ကုလျန်မင်က ပြောလိုက်သည်။ "ဒါဆို နေ့တိုင်း တွေးနေလိုက်လေ တတိယအစ်ကို"

ရွှီကျင်းဖန် - "...." မင်းတို့နှစ်ယောက်က စကားပဲ ပြောချင်နေတာထင်တယ်?

"အရင်ဆုံး စားပြီးတော့မှ စကားပြော" ရွှီကျင်းဖန်က လိမ္မော်ရည်သောက်ကာ ဖက်ထုပ်ပေါင်း စားလိုက်သည်။

အစားအသောက်က အလွန်များသည့်အတွက် ဘယ်ကစစားရမည်ကို ဘယ်သူမှ မသိပေ။

ရှောင်းဝူနှင့် ရှောင်းလျိုက သူတို့၏ ပန်းကန်လုံးလေးများ ကိုင်ကာ စားပွဲထံလာပြီး လက်ဆန့်ကာ စားစရာ လာယူကြသည်။

အလုပ်မဖြစ်သည်ကို ရွှီကျင်းဖန်က မြင်ရတော့ မတ်တပ်ရပ်ကာ သူတို့ကို ဖက်ထုပ်များ ထည့်ပေးလိုက်ပြီး အပေါ်တွင် အခြားဟင်းများ ထည့်ပေးလိုက်သည်။

"လိမ္မော်ရည် အရင်မသောက်နဲ့ အစားအရင်စား" ရွှီကျင်းဖန်က သတိပေးလိုက်သည်။

ကျန်းထျန်က ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ဆော့စ်အနှစ်၊ နှမ်းဆီနှင့် ငရုတ်သီးမှုန့်များနှင့် သူမကိုယ်တိုင် ဖက်ထုပ်အချဉ်ရည် လုပ်ထားသည်။ အမွှေးနံ့ ထွက်လာသည်နှင့် ဖက်ထုပ် အချဉ်ရည်က ရပြီဖြစ်သည်။

ပေါင်မုန့်ပုံစံမျိုး ဖက်ထုပ်တစ်ခုကို ယူကာ အရှေ့အနောက် အချဉ်ရည်ထဲ နှစ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

တစ်ကိုက်ထဲနှင့် ချဉ်ငန်စပ် အရသာများ တစ်ခါထဲ ခံစားမိသည်။

ဖက်ထုပ် တစ်ခြင်းထဲတွင် ကျန်းထျန် လုပ်ထားသည်က အနည်းငယ် ပါဝင်သည်။ သူမက အချက်အပြုတ်မကျွမ်းပေမယ့် လက်မှုပညာ သေသပ်သည့်အတွက် သူမ၏ ဖက်ထုပ်များက လှပသည်။

လည်ပင်းဆန့်ကာ အခြားသူများက သူမမသိသော ဖက်ထုပ်များ တစ်ခုပြီးတစ်ခု ယူသည်ကို ကြည့်နေရင်း နောက်ဆုံးတော့ ကျန်းထျန်က သူမလုပ်ထားသော ပြည့်ပြည့်ဖောင်းဖောင်း ဖက်ထုပ်ကို မြင်လိုက်ရသည်။

သူမက တူနှင့် ယူရန် လုပ်လိုက်စဉ် တူတစ်စုံက သူမထက် ပိုမြန်သည်။

ကျန်းထျန် - "..?"

သူမက တစ်ဖက်လှည့်ကာ ကုလျန်ရွှမ်ကို အလိုမကျစွာ ကြည့်လိုက်သည်။ "ဘာလို့ ကျွန်မ ဖက်ထုပ်ကို ထိတာလဲ?"

ကုလျန်ရွှမ်က တစ်လုတ်ထဲနှင့် စားလိုက်သည်။ "ဒါက မင်းရဲ့ ဖက်ထုပ်ဆိုတာ ကိုယ်မသိလိုက်ဘူး"

ကျန်းထျန်က ပြောလိုက်သည်။ "ကျွန်မ မယုံဘူး"

"ဒါဆ်ို ကိုယ်လုပ်ထားတဲ့ ဖက်ထုပ်ပေးရမလား?" ကုလျန်ရွှမ်က မေးလိုက်သည်။ "ကိုယ် အကုန်ပေးနိုင်တယ်"

ကျန်းထျန် - "..." ဘာလို့ ရှင့်ဖက်ထုပ်ကို စားရမှာလဲ? အထဲက အရာတွေက မကောင်းဘူး။

"မလိုချင်ဘူး" ကျန်းထျန်က သူမလုပ်ထားသော ဖက်ထုပ်များကို ဆက်ရှာလိုက်သည်။

ဒါပေမယ့် တစ်ယောက်ယောက်က ယူရန် လုပ်သည်ကို မြင်လိုက်သည်နှင့် ကုလျန်ရွှမ်က သူမထက် ပိုမြန်သည်ကို သိလိုက်သည်။

ကျန်းထျန်က သူ့ကို ကန်လိုက်သည်။ "ကုလျန်ရွှမ်!"

ကျန်းထျန်က ရွှီကျင်းဖန်ကို အကူအညီတောင်းလိုက်သည်။ "အမေ သူ့ကို ကြည့်ဦး!"

ရွှီကျင်းဖန်က လက်ထဲမှ ယုန်ခြေထောက်ကို ချပြီး ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ "လျန်ရွှမ် မင်းဘာလို့ တစ်ယောက်ထဲ စားပြီး ထျန်ထျန်ကို မပေးရတာလဲ?"

ကျန်းထျန် - မဟုတ်ဘူး။ မလိုချင်ဘူး။ ဒီလို ပြောချင်တာ မဟုတ်ဘူး!

ကုလျန်ရွှမ် - "ကျွန်တော် နားလည်ပါပြီ"

သူက ပန်းကန်လုံး အလွတ်ကိုယူကာ ဖက်ထုပ်များ ထည့်လိုက်ပြီး ကျန်းထျန်ကို ပေးလိုက်သည်။ "ထျန်ထျန် မင်းစားပါ"

အများစုက သူလုပ်ထားသည်များ ဖြစ်သည်။

ကျန်းထျန် - "..." ပင်ပန်းတယ်၊ ထားလိုက်တော့!

သူက တူနှင့် ပန်းကန်ထဲမှ ဖက်ထုပ်ကို ထိုးလိုက်ပြီး ကုလျန်ရွှမ် အမှတ်နှင့် ကြောက်စရာကောင်းစွာ ဝါးစားလိုက်သည်။

အားလုံးက ထက်ဝက်လောက် စားပြီးချိန်တွင် ဗိုက်တင်းနေကြပြီ ဖြစ်သည်။

ကုလျန်ရွှမ်နှင့် ကုလျန်ရုန်က အစာကြေစေရန် အနောက်ဘက်ခြံဝင်းထဲ အသီးအရွက် သွားခူးလိုက်သည်။

ရွှီကျင်းဖန်က ကျန်သည့်အရာများကို အုပ်လိုက်ပြီး ပြောလိုက်သည်။ "တစ်ယောက်ယောက် ညဘက် ဗိုက်ဆာလာရင် ဒါကို စားလိုက်"

အလုပ်ရှုပ်ခဲ့ရပြီး ဗိုက်ပြည့်အောင် စားထားသည့်နေ့ ဖြစ်သည့်အတွက် ကျန်းထျန်က အိပ်ချင်နေသည်။ သူက သမ်းလိုက်ပြီး အခန်းထဲ ပြန်ဝင်လိုက်ကာ အိပ်ယာပေါ် လှဲလ်ိုက်ပြီး အိပ်ပျော်သွားတော့သည်။

မူးဝေကာ ကျန်းထျန်က တစ်ဖက်လှည်ပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် နောက်တစ်နေ့ နေ့လည်ခင်း ရောက်နေပြီ ဖြစ်သည်။

သူမ အပြင်ထွက်လိုက်ချိန် အခြားသူများက ခြံထဲမှ စားပွဲခုံတွင် စကားပြော ရယ်မောနေသည်ကို မြင်လိုက်ရသည်။

ရွှီကျင်းဖန်က သူမက်ို လက်ကာပြလိုက်သည်။ "မြန်မြန်လာ။ အမေ မနေ့က ဖက်ထုပ်တွေက်ို ကြော်ထားတာ သမီးကြိုက်မယ်ထင်လို့ တစ်ပန်းကန် ချန်ထားတယ်"

ကုလျန်ရွှမ်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ "ကိုယ် သွားယူလိုက်မယ်"

ကုလျန်ရွှမ်က စားစရာ ယူရန်သွားစဉ် ကျန်းထျန်က အနောက်ဘက်တွင် ဆေးကြောလိုက်သည်။ သူမပြန်လာတော့ ဖက်ထုပ်ကြော် ပန်းကန်နှင့် ပဲနီဆန်ပြုတ်ကို စားပွဲပေါ်တွင် မြင်လိုက်ရသည်။

ရွှီကျင်းဖန်က စကားပြောနေသေးသည်။ "ရှောင်းမင် အမျိုးသားနေ့ပြီးရင် အမှတ်၁ မြို့ပေါ်အလယ်တန်းကျောင်းမှာ စာပြန်သွားလုပ်သင့်တယ်။ဖြစ်နိုင်ရင် ကျောင်းက တစ်ယောက်ထဲ အပြင်မထွက်နဲ့။မိသားစုက ပိတ်ရက်မှာ လာခေါ်တာကို စောင့်နေ"

"ပဉ္စမကလေးနဲ့ ဆဌမရောပဲ။ အဖွဲ့ထဲက ကလေးတွေနဲ့အတူနေ ကျောင်းရဲ့ အဝေးမှာ မနေနဲ့"

"အမျိုးသားနေ့ပြီးရင် ပညာတတ်လူငယ်တွေ တပ်မဟာကို လာမယ်လို့ ဦးလေးပေါင်ကောက ပြောတယ်။ လျန်ရွှမ် မင်း ထွန်စက်မောင်းပြီး သွားကြိုလိုက်။ တပ်မဟာ အားလုံးပေါင်း လေးခု မှာ ပညာတတ်လူငယ်တွေ အများကြီးလာမယ်"

ရွှီကျင်းဖန်က ကျန်းထျန်ကို မေးလိုက်သည်။"ထျန်ထျန် သမီး သွားကြည့်လို့ရတယ် အိမ်မှာ လုပ်စရာ မရှိဘူး"

ကျန်းထျန်က ထမင်းစားနေရင်း မော့ကြည့်လိုက်သည်။

"စောစော ထရမှာလား?"

"မလိုပါဘူး" ရွှီကျင်းဖန်က ခေါင်းခါလိုက်သည်။ "ရထားက မြို့ကို နေ့လည်စောင်းမှ ရောက်မှာ မနက် ပုံမှန်အတိုင်း ထလို့ရတယ်"

"ဒါဆို သမီးသွားမယ်"ထိုရက်တွင် ဇာတိနှင့် ဆွေမျိုးများထံသို့ လာလည်မည့် ပညာတတ်လူငယ် အနည်းသာဟု ကျန်းထျန်က ထင်မိသည်။ ဒါဆို သူတို့က သူမတို့ကို ခေါင်းမော့ကာ အထင်သေးစွာ ကြည့်နိုင်သည်။

ဒါက သူ့ကိစ္စ မဟုတ်ပေ။

ကျေးဇူး မသိတတ်ဘူး။

ကျေးဇူးရှင်ကို ပစ်ပြီး ထွက်ပြေးပြီး ရဲဘော်တစ်ယောက်ကိုပဲ သတင်းစကား ပေးခိုင်းခဲ့တယ်-'ကျွန်တော်တို့ ရထားမီဖို့ လိုလို့ အရင် သွားလိုက်တယ်'

ကျန်းထျန် - ဟွန့်! မျက်နှာချင်းဆိုင် ပြောရဲပါ့မလား?

All Chapters