← Chapters

အခန်း(၁၀၃)

Vol. 9 Ch. 103

အခန်း(၁၀၃)

Vol. 9 Ch. 103

အမျိုးသားနေ့က ဆောင်းဦးလယ်ပွဲတော်ပြီး နောက်နှစ်ရက် ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ကုပေါင်ကောက အမျိုးသားနေ့တွင် ဒီလ၏ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တည်ဆောက်ခြင်းများကို အစီအစဉ်ဆွဲထားသည်။ မနက်စောစောတွင် သူက ရွာထဲတွင် ကောက်ရိတ်သိမ်းချိန်မှသုံးသော အသံချဲ့စက် ဖွင့်ကာ အသံကျယ်ကျယ်နှင့် နာရီဝက်လောက် အော်ခဲ့သည်။

အော်ဟစ်သံကြောင့် အမွှာကလေးများက ကြောက်လန့်ပြီး စတင်ငိုကြွေးကြတော့သည်။

ရွှီကျင်းဖန်က စိတ်တိုသည့်အတွက် တပ်မဟာ ဌာနချုပ်ကို သွားကာ တံခါးကို တုတ်ချောင်းနှင့် ထိုးပစ်ချင်သည်။

ကျန်းထျန်က ကုတင်ပေါ်လှဲကာ လူးလိမ့်နေပြီး နားကို အုပ်ထားသည်။

လူတွေ ကောင်းကောင်းအိပ်လို့ မရဘူးလား?

အသံက နာရီဝက်ကျော် ကြာပြီး စာကြောင်းတစ်ကြောင်းထဲကို ထပ်ခါထပ်ခါ ပြောနေသည်။ အဆုံးမှာတော့ အမျိုးသားနေ့အပြီး ဆောင်းဦး စိုက်ပျိုးခြင်းနှင့် ရက်အနည်းငယ်ကြာလျှင် ပညာတတ်လူငယ်များ လာရောက်မည့်အကြောင်း ဖြစ်သည်။

ကုပေါင်ကော စကားပြောနေချိန်တွင် လူအချို့က အိတ်ထဲမှ ဝါဂွမ်းထုတ်ကာ နားထဲထည့်ထားကြသည်။

ကျန်းထျန်က ထမင်းစားပွဲတွင် ထိုင်ကာ စိတ်ပျက်နေပုံပေါ်ပြီး ပါးစပ်က အဆက်မပြတ် လှုပ်နေသည်။

ကုလျန်ရွှမ်က ဒါကို ရယ်စရာအဖြစ် မြင်ကာ သူ့ကို နှစ်သိမ့်လိုက်သည်။ "တပ်မဟာက ဒီည ရုပ်ရှင်ပြလိမ့်မယ်။ မြို့ပေါ်သွားပြီး ပေါက်ပေါက်ဆုပ် သွားဝယ်မလား?"

ကျန်းထျန်က ချက်ချင်း လက်ခံလိုက်သည်။ "သွားမယ်!"

သူမက ဒီခေတ်၏ ပေါက်ပေါက်ဆုပ် လုပ်နေသော ရယ်စရာ မြင်ကွင်းကို မြင်ရသည်မှာ အလွန်ကံကောင်းသည်။

ပေါက်ပေါက်ဆုပ် လုပ်သည့်စက်က ကြီးမားသော အဝိုင်းကြီးဖြစ်ပြီး ဖွင့်လိုက်လျှင် "ဘန်း"ဟူသော အသံအကျယ်ကြီး မြည်သည်။

ကုလျန်ရွှမ်က ဆိုင်မှလူကို ပြောင်းဖူးစေ့ ကမ်းပေးလိုက်သည်။

ထိုလူက သူ့အတွက် ဆုကြေးအနေနှင့် ပြောင်းဖူးစေ့ လက်နှစ်ဆုပ်စာ ယူကာ သူ့ဘေးမှ အိတ်တွင် ထည့်လိုက်သည်။ ကျန်သော ပြောင်းဖူးစေ့များကို စက်လုံးကြီးထဲ ထည့်ကာ လက်ကိုင်ကို မကြာခဏ မွှေ့သည်။

ကျန်းထျန်က စိတ်ဝင်စားစွာ ကြည့်နေပေမယ့် ကုလျန်ရွှမ်က ဆွဲထားကာ နားကို အုပ်ထားရသည်။

ဆူညံသံအချို့ ထွက်လာပြီးနောက် ပေါက်ပေါက်ဆုပ်များက ထိုစက်လုံးထဲမှ ထွက်လာသည်။

ကံကောင်းစွာနှင့် တစ်ယောက်ယောက်က စက်၏ အပေါက်တွင် ဝါးခြင်းတောင်းနှင့် စောင့်နေသည်။ စက်ဖွင့်လိုက်သော အချိန်တွင် ပေါက်ပေါက်ဆုပ်များက အားနှင့် ဝါးခြင်းတောင်းထဲ ဝင်လာကြသည်။

ကုလျန်ရွှမ်က ယူလိုက်ကာ အဖုံးပိတ်လိုက်ပြီး ကျန်းထျန်ကို ပေးလိုက်သည်။ သူတို့က စက်ဘီးစီးကာ တပ်မဟာသို့ ပြန်လာခဲ့သည်။ ကျန်းထျန်က လမ်းတစ်လျှောက်လုံး အဖုံးဖွင့်ကာ မကြာခဏ ယူစားနေသည်။

စက်ဘီးငှားခဲ့စဉ်က တတိယအဒေါ်တို့ မိသားစုကို ပေါက်ပေါက်ဆုပ် ထက်ဝက်ပေးမည်ဟု ပြောခဲ့သည်။

စက်ဘီးပြန်ပေးပြီး အိမ်ရောက်တော့ နှစ်မိနစ် အတွင်းမှာပဲ ရာသီဥတုက ရုတ်တရက် ပြောင်းသွားကာ မိုးစက်များ ကျလာတော့သည်။

ရွှီကျင်းဖန်က ဒါကိုမြင်တော့ စိတ်ရှုပ်သွားသည်။

"လျှော်ထားတဲ့ စောင်က အနောက်ဘက်မှာ အခြောက်ခံထားတုန်းပဲ!"

မိသားစုက အနောက်ဘက်သို့သွားကာ အိပ်ယာခင်းနှင့် စောင်များကို သိမ်းလိုက်သည်။

နေ့လည်စာ စားပြီးနောက် ကျန်းထျန်က ပင်မအခန်းတွင်ထိုင်ကာ ညစာစားချိန်ကို စောင့်နေသည်။ပြတင်းပေါက်မှနေ၍ အပြင်မှ မိုးစက်များကို ကြည့်ကာ စိတ်ဓာတ်ကျနေသည်။ "မိုးရွာနေလို့ ရုပ်ရှင် မပြဖြစ်လောက်ဘူးမလား?"

ကုလျန်မင်ကလည်း တွေဝေနေသည်။ ဒါကိုကြားတော့ သူမက ပြောလိုက်သည်။ "ရွှေ့ဆိုင်းတာ မဟုတ်ရင် ဒီနှစ် မပြဖြစ်လောက်ဘူး"

ကျန်းထျန် - "နှမြောစရာ ကောင်းလိုက်တာ!" သူမဘာသာ ပြောနေခြင်း ဖြစ်သည်။

ဆောင်းဦးတွင် မိုးစက်များက အဆက်မပြတ် ကျနေပြီး ပညာတတ်လူငယ်များ နယ်သို့ လာချိန်မှ တိမ်မဲများက ပျောက်ကွယ်သွားသည်။

ကျန်းထျန်က အိပ်ယာထနောက်ကျကာ ကုလျန်ရွှမ် တစ်ဖက်တပ်မဟာမှ ထွန်စက်မောင်းလာချိန်မှ နိုးသည်။သူမက အိမ်တွင် မနက်စာစားရန် အရမ်းနောက်ကျနေသည့်အတွက် ရွှီကျင်းဖန်က သူမအတွက် ထုပ်ပိုးကာ ယူသွားခိုင်းလိုက်သည်။

ထွန်စက်ထဲမှလူက ကုပေါင်ကော၏ သားအကြီးဆုံး ဖြစ်သည်။ သူက သူ့သားကို လက်လွှဲယူန်ိုင်စေရန် လေ့ကျင့်ပေးချင်သည့်အတွက် ကိစ္စကြီးငယ်မဆို အခွင့်အရေးရတိုင်း လေ့ကျင့်ခိုင်းလေ့ရှိသည်။

ဒါပေမယ့် အဆုံးမှာ အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အသင်းသားများ၏ စိတ်သဘောထားအပေါ် မူတည်သည်။

ထပ်ပြောရလျှင် ကုလျန်ရုန်နှင့် ကုရှန်းလီကလည်း မြို့ပေါ် ပို့ဆောင်ဆက်သွယ်ရေးအသင်းကို လမ်းကြုံလိုက်ချင်သည်။သူတို့ သုံးယောက်က ထွန်စက်၏ ကိုယ်ထည်ကို ကိုင်ကာ ကုလျန်ရုန်က ပြောလိုက်သည်။

"တရုတ်နှစ်သစ်ကူး မတိုင်ခင် လနည်းနည်းပဲ လိုတော့တယ် ပြီးတော့ စက်ရုံတွေ အကုန်လုံးက သတ်မှတ်ချက် ရောက်ရမယ်။ ပို့ဆောင်ဆက်သွယ်ရေးအသင်းက ဒီနှစ်တွေမှာ အဆင်ပြေနေပြီး ယာဉ်အသစ်တွေ ရထားတယ်။ဒရိုင်ဘာတွေ မလောက်တော့လို့ လူသစ်ခေါ်ဖို့ စီစဉ်ထားတယ်"

"ကျွန်တော် ဒီကိစ္စကို စိတ်ဝင်စားနေတယ်။ သူတို့က ဒီတစ်ခါ အချိန်ပြည့်အလုပ်သမား လိုချင်တာ မဟုတ်ဘူး။ ပို့ဆောက်ဆက်သွယ်ရေးအသင်းက သေးပြီးတော့ အလုပ်သမားကလည်း ပြည့်နေတာမလို့ သူတို့က ယာယီအလုပ်သမားပဲ လိုနေတာ။ ကျွန်တော် ရှန်းလီကို ကြိုးစားကြည့်ဖို့ ခေါ်သွားမယ်"

ကုရှန်းလီ၏ အစ်ကိုကြီးက ပြုံးပြီး ပြောလိုက်သည်။ "ကောင်းသားပဲ။ မင်းတို့ လူငယ်တွေမှာ အခွင့်အရေးတွေ အများကြီးရှိတယ်။ ရှန်းလီက ရုပ်ရည်လဲ ရှိသလ်ို အထက်တန်းလည်း အောင်ထားတယ်။ မြို့ပေါ်မှာသာဆိုရင် စက်ရုံမှာ အလုပ်ရနိုင်လိမ့်မယ်"

ကုရှန်းလီက ရှက်ရွံ့စွာ သူ့အစ်ကိုကြီး၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ "အစ်ကို ကျွန်တော့်ကို မြှောက်ပြောမနေပါနဲ့"

သူ့အစ်ကို နှစ်ယောက်၏ နေ့ရောညပါ စာသင်ပေးမှုကြောင့် မဟုတ်ရင် သူက အထက်တန်းတောင် အောင်ပါ့မလား?

သူက မတုံးအသလို ငွေကြေးတွက်ချက်ရာတွင် တိကျမြန်ဆန်ပြီး ဘယ်သူမှ သူ့ကို လိုက်မမီနိုင်ပေ။ ဒါပေမယ့် သူက စာသင်ခန်းထဲ အိပ်ငိုက်ကာ စာဖတ်လျှင် ခေါင်းမူးသည်။

ဒီကိစ္စက ဘာလို့ဆိုတာ သူလည်း မသိပေ။

"ဟုတ်ပါပြီ အစ်ကို မပြောတော့ပါဘူး" ကုရှန်းလီ၏ အစ်ကိုက လက်ကာပြလိုက်သည်။

ထွန်စက်နှိုးလိုက်တော့ မီးခိုးများက အရှေ့ကို ထွက်လာသည်။

ကျန်းထျန်က ဒါကိုမြင်တော့ အိမ်ထဲ ပြန်ဝင်ကာ ပိုးသားအဝတ်စ ယူလိုက်ပြီး ခေါင်းတွင် ချည်ကာ ပါးစပ်နှင့် နှာခေါင်းကို အုပ်လိုက်သည်။ ဒါပေမယ့် ဒီလိုဆိုလျှင် သူမက မနက်စာစားရန် ပါးစပ်ဖွင့်လို့ မရတော့ပေ။

သူမနှင့် ကုလျန်ရွှမ်က ထွန်စက် အရှေ့ပိုင်းတွင် ထိုင်သည်။ ကုလျန်ရွှမ်က တစ်ဖက်လှည့်ပြီး ပြောလိုက်သည်။

"ကိုယ်တို့ ဘူတာရုံ ရောက်တဲ့အခါ စားလို့ရတယ်။ပညာတတ်လူငယ်တွေ လာဖို့က အချိန်လိုသေးတယ်"

ရွှီကျန်းမြို့သို့ ရထားက နှစ်စင်းဖြစ်ကာ မနက်တစ်ခု နေ့လည်တစ်ခု ဖြစ်သည်။ မနက်ရထားက နေ့လည်ခင်းရောက်ပြီး နေ့လည်ရထားက ပိုမြန်သဖြင့် မမှောင်ခင် ရောက်လိမ့်မည်။

"ကိုယ်တို့ နေ့လည်စာစားဖို့ အိမ်ပြန်လို့မရဘူး။ ထွန်စက်အတွက် ဒီဇယ်က စျေးကြီးတာမလို့ အားလုံးက နေ့လည်စာ ထည့်လာကြတယ်။"

ထွန်စက်၏ အရှိန်က စက်ဘီးထက် ပိုမြန်သည်။ ဆယ်မိနစ်ခန့် မြန်မြန်မောင်းလိုက်သည်နှင့် မြို့ပေါ်ဘူတာကို ရောက်သွားသည်။

သူတို့က စောစော ရောက်သွားပြီး ကုလျန်ရွှမ်က ဘူတာမှ သူ့၏ မိတ်ဆွေဟောင်းများကို မေးကြည့်တော့ သူ့သူငယ်ချင်းလျိုက မြို့ပေါ်သွားပြီး ဒီနေ့မလာဖြစ်ဘူးဟု သိရသည်။

အားလပ်ရက်များတွင် ကားဆရာက ဘူတာသို့ စောစောသွားကာ စောစောအနားယူချင်သည့်အတွက် ဒီနေ့၏ မနက်ရထားက နေ့လည်မှ ရောက်မည်။

ထို့နောက် ကုလျန်ရုန်က ကုရှန်းလီကို တစ်ဘက်ရှိ ပို့ဆောင်ဆက်သွယ်ရေးအသင်းကို ခေါ်သွားသည်။

ကျန်သော သူနှစ်ယောက်တွင် ကျန်းထျန်က ထွန်စက်နောက်မှ လှည်းထဲတွင် ထိုင်ကာ နေ့လည်စာ စားနေသည်။

ကုပေါင်ကော၏ သားအကြီးဆုံးက နေ့လည်စာအတွက် ပေါင်မုန့်နှစ်လုံးနှင့် ကြက်ဥပြုတ်ပါလာပြီး ကျန်းထျန်နှင့် ကုလျန်ရွှမ်က နေ့လည်စာကို ဖြည်နေသည်။

အရာအားလုံးကို ပေါင်မုန့်ထဲ ထည့်လို့ရသည်။ဝက်အူချောင်း၊ ကြက်ဥကြော်၊ အသားလုံး၊ မုန်ညှင်းရွက်၊ ခရမ်းချဉ်သီးနှင့် ရွှီကျင်းဖန် ကြော်ထားသော ငရုတ်သီးကြော်များပါသည်။ ဒါက နှစ်သုံးဆယ်လောက် သူ့အဖေ၏ ပေါင်မုန့်များ စားခဲ့ရသော ကုပေါင်ကော၏ သားအကြီးဆုံးကို အားကျမိစေသည်။

"လျန်ရွှမ် ကျွန်တော့်ရဲ့ အသားပေါင်မုန့်ကို မင်းတို့ရဲ့ အသားညှပ်ပေါင်မုန့်နဲ့ လဲလို့ရမလား?"

ကုပေါင်ကော၏ သားအကြီးက ကုလျန်ရွှမ်၏ လက်ထဲမှ အသားညှပ်ပေါင်မုန့်ကို ကြည့်နေသည်။

ကျန်းထျန်က သူ့လက်ထဲမှ အသားပေါင်မုန့် နှစ်ခုက်ို ကြည့်လိုက်သည်။

ကုပေါင်ကောကြော်သော နေကြာစေ့နှင့် မြေပဲများက တကယ်ကို ဆားငန်ပေမယ့် သူလုပ်သောပေါင်မုန့်များက တကယ်ကောင်းသည်။

ကုလျန်ရွှမ်က ကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာ လဲလိုက်ပြီး ကျန်းထျန်ကို ပေးလိုက်သည်။ "မင်း စားပါ"

ကျန်းထျန်က တစ်ကိုက်စားလိုက်ပြီး ပြောလိုက်သည်။

"အထဲမှာ အသားနဲ့ မုန်လာဥနီ၊မျှစ်တွေပါတယ်" မျှစ်တွေက မချဉ်ပေမယ့် တောင်ပေါ်မှ ယူလာသော လတ်လတ်ဆတ်ဆတ်များ ဖြစ်သည်။

အသားက ကြွပ်ရွနေပြီး လတ်ဆတ်သည့် အသားဖြစ်ကာ ဝက်ပေါင်ခြောက်များလည်း ပါသည်။

အရသာက တကယ်ကို အံ့သြစရာ ဖြစ်သည်။

နေ့လည်စာစားချိန် ထက်ဝက်လောက်တွင် လူအချ်ို့က ထွန်စက်နောက်မှ ပေါ်လာသည်။

သူက ဖုန်များ ပေနေကာ အိတ်များကို သယ်ထားပြီး အလွန်ထူးဆန်းနေသည်။

"ရဲဘော်။ ဒါက ဟုန်းရှီအဖွဲ့အစည်းရဲ့ ရှင်းချန်ရွာ တပ်မဟာက ထွန်စက်လား?" မေးခွန်းမေးသောသူက မျက်မှန်တပ်ထားသော လူငယ်တစ်ယောက် ဖြစ်သ ည်။

ဒါကိုကြားတော့ ကုပေါင်ကော၏ သားအကြီးက အလျင်အမြန် ခေါင်းငြိမ့်ကာ အသားညှပ်ပေါင်မုန့်နှစ်ခုကို တစ်ခါထဲ ထည့်လိုက်ပြီး စက်ပေါ်မှ ခုန်ဆင်းကာ ပစ္စည်းများသယ်ရန် ကူညီလိုက်သည်။

"ဟုတ်ပါတယ် ဒါက ရှင်းချန်ရွာ တပ်မဟာကပါ။ မင်းက ကျွန်တော်တို့ရွာကို လာတဲ့ ပညာတတ်လူငယ်လား?"

ကျန်းထျန်က အလုပ်ရှုပ်နေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။

လူအတော်များသည့်အတွက် ထွန်စက်ပေါ်တွင် ဆန့်ပါ့မလား မသေချာပေ။

ကုလျန်ရွှမ်က အသားညှပ်ပေါင်မုန့်စားကာ ကျန်းထျန်ကို ပြောလိုက်သည်။ "ထျန်ထျန် အရှေ့မှာ သွားထိုင်။ ကိုယ် အိတ်သယ်ဖို့ ကူညီပေးမယ်"

ကျန်းထျန်က ထွန်စက်ပေါ်မှ ခုန်ဆင်းချိန် အမျိုးသမီး ပညာတတ်လူငယ် တစ်ယောက်က သူမကိုတားပြီး မေးလိုက်သည်။ "ရဲဘော် ရှင်ကလည်း ပညာတတ်လူငယ်ပဲလား?"

ကျန်းထျန်က တစ်ဖက်လှည့်လိုက်သည်။ "ဟမ်?ကျွန်မလား?"

ထိုအမျိုးသမီး ပညာတတ်လူငယ်က ဆံပင် နှစ်ဖက် ခွဲစည်းကာ အဝါရောင်ပန်းနှစ်ပွင့် ပန်ထားသည်။တစ်လမ်းလုံး ရထားနှင့် လာသောကြောင့် အဝါရောင်ပန်းများက နွမ်းကျကာ ဖုန်များလည်း ပေနေသည်။

"ဟုတ်တယ်။ ရှင်က နယ်ဘက်ကိုလာတဲ့ ပညာတတ်လူငယ်လား?" ထိုအမျိုးသမီးက အားကုန်သုံးကာ သူမ၏ ခရီးဆောင်အိတ်ကို ထွန်စက်ပေါ် တင်နေသည်။

ကျန်းထျန်က ဒါကိုမြင်တော့ ကူညီရန်သွားကာ အသာအယာ တွန်းတင်လိုက်သည်။

အမျိုးသမီး ပညာတတ်လူငယ်က ကျန်းထျန်ကို အံ့သြစွာ ကြည့်ကာ ပြောလိုက်သည်။။"ရှင်က အရမ်းသန်မာတာပဲ!" သူမအတွက်တော့ ဒါက ခက်ခဲသည့်အလုပ် ဖြစ်သည်။

သူမက အခြားသူများကို ကူညီကာ လက်တစ်ဖက်တွင် တစ်ခုကိုင်ကာ စက်ပေါ်ပစ်တင်လိုက်ပြီး ကျေနပ်စွာ လက်ခုပ်တီးလ်ိုက်သည်။

သူမ၏ ကိုယ်ခန္ဓာက အားအင်ပြည့်လာပြီး လွန်ခဲ့သည့် လအနည်းငယ်က ခိုးသောက်ထားသော အားဖြည့်အချိုရည်က တကယ်ကို အစွမ်းပြသည်။ မတော်တဆမှုများ များခဲ့ပေမယ့် သူမ၏ ကိုယ်ခန္ဓာအင်အားက စလာချိန်ကထက် ပိုကောင်းသည်။

သူမ၏ သက်လုံကောင်းမှုက မကောင်းမွန်သေးသည်က သူမက အားကစား မလုပ်သောကြောင့် ဖြစ်သည်။

အမျိုးသမီး ပညာတတ်လူငယ်က အံ့သြစွာ ပြောလိုက်သည်။ "ဒါဆို ကျေးလက် စိုက်ပျိုးရေးအလုပ်တွေက အလေးမရတာလား?"

"ဟုတ်မှာပါ" ကျန်းထျန်က သူမ မသင်ယူန်ိုင်သလို လုပ်နိုင်မည်ဟုလည်း မထင်ပေ။ "ဒါပေမယ့် ကျွန်မက ပညာတတ်လူငယ် မဟုတ်ပါဘူး။နယ်ခံပါ"

အမျိုးသမီး ပညာတတ်လူငယ်က ကျန်းထျန်၏ စကားကို ကြားပုံမပေါ်ပါ။ သူက ထွန်စက်ပေါ်တက်ကာ နယ်ဘက်တွင် သူမ၏ အနာဂတ်ရက်များကို ဘယ်လိုဖြတ်သန်းရမည်ကို တွေးနေသည်။

သူမက တစ်နေ့မှာ ဒီအမျိုးသမီးလိုမျိုး အိတ်တွေသယ်နိုင်မှာလား?

ပညာတတ်လူငယ်များကို အိတ်များ ထွန်စက်ပေါ် ကူတင်ပေးပြီးနောက် ကုလျန်ရွှမ်က ရှေ့တွင်ထိုင်ကာ ကျန်းထျန်ကို မေးလိုက်သည်။

"နေ့လည်ခင်း ရထားက အကြာကြီး နေမှ ရောက်မှာ။မင်း ရှို့ရှန်ရဲ့ အိမ်မှာ အနားယူဖို့ သွားမလား?"

"ဟင့်အင်း" ကျန်းထျန်က က ခေါင်းခါကာ ကျန်သောမုန့်နှစ်ခုကို ကုလျန်ရွှမ်ကို ပေးလိုက်သည်။ "ကျွန်မ အခု မအိပ်ချင်ဘူး"

ကုလျန်ရွှမ်က သူ့အပေါ်ဝတ်ကို ချွတ်ကာ ကျန်းထျန်ကို ပေးလိုက်သည်။ "ဒါဆ်ို ကိုယ့်ကိုမှီပြီး ခဏအိပ်လိုက်"

ကျန်းထျန်က မအိပ်ချင်ဘူး ပြောပေမယ့် သူမက မျက်လုံးပိတ်လိုက်သည်နှင့် အိပ်ပျော်သွားတော့သည့။

အနောက်မှ လှည်းထဲတွင် ခရီးဆောင်အိတ်များ အားလုံးက တင်ပြီးပြီဖြစ်သည်။ ပညာတတ်လူငယ်များက ချွေးသုတ်ကာ ကုပေါင်ကော၏ သားအကြီးကို မေးလိုက်သည်။ "ရဲဘော် ဘယ်အချိန် ရှင်းချန်ရွာ တပ်မဟာကို သွားမှာလဲ?"

ကုပေါင်ကော၏ သားအကြီးက လူရေတွက်လိုက်တော့ အားလုံးပေါင်း နှစ်ဆယ့်ခြောက်ယောက် ဖြစ်ကာ ခရီးဆောင်အိတ်များက နေရာထက်ဝက်ယူထားသည်။တပ်မဟာလေးခုက်ို သွားမည့် ပညာတတ်လူငယ်များက အယောက်၅၀ ကျော်ကာ အထုပ်သေး အထုပ်ကြီးများကြောင့် နေရာအားလုံး ပြည့်သွားန်ိုင်သည်။

ပညာတတ်လူငယ်များက ထွန်စက်ပေါ်တွင် နေရာမဆန့်ပေ။

သူက ခဏတွန့်ဆုတ်နေပြီး ပြောလိုက်သည်။ "ခဏလေး ကျွန်တော် သွားမေးလိုက်မယ်"

သူက ကုလျန်ရွှမ်ကို ပြောလ်ိုက်သည်။ "လျန်ရွှမ် ထွန်စက်က လူအများကြီး မရဘူး နှစ်ခါ ခွဲသယ်မလား?"

ကုလျန်ရွှမ်က အနောက်က်ို လှည့်ကြည့်လိုက်သည်။

သူက ကုပေါင်ကော၏ သားအကြီးဆုံးကို မေးလိုက်သည်။ "ဦးလေးပေါင်ကောက တစ်ခုခု ပြောလိုက်သေးလား?"

သူက ခေါင်းငြိမ့်လိုက်သည်။ "အင်း။ အဖေက တစ်ခါနဲ့ မရရင် နှစ်ခါ ခွဲသယ်ဖ်ို့ ပြောတယ်"

တကယ်တော့ တပ်မဟာ ခေါင်းဆောင်များက လူအားလုံးကို တစ်ခါထဲ သယ်နိုင်လျှင် ပိုကောင်းသည်ဟု ပြောထားသည်။

ဒါပေမယ့် ပညာတတ်လူငယ်များက ပစ္စည်းအများကြီး ယူလာမည်ဟု မည်သူမျှ မထင်ထားပေ။

ကံကောင်းစွာနှင့် ကုပေါင်ကောက ထိုအကြောင်း ထည့်ပြောသောကြောင့် ထွန်စက်များက ခရီးနှစ်ခုစာ ဒီဇယ်ဆီ ရှိနေခြင်း ဖြစ်သည်။

ဒါက ကုလျန်ရွှမ် စိတ်ပူနေသောအရာဖြစ်သည်။ ဆီမလုံလောက်လျှင် ဘာမှလုပ်မရပေ။

ပညာတတ်လူငယ် နှစ်ဆယ့်ခြောက်ယောက်နှင့် ကုပေါင်ကော၏ သားအကြီးက တိုးဝှေ့ထိုင်ကာ ရှင်းချန်ရွာ၏ အဖွဲ့ခြောက် တပ်မဟာကို သွားလိုက်သည်။

ကျန်းထျန်က သူမခေါင်းကို ကုလျန်ရွှမ်၏ အပေါ်အင်္ကျီဖြင့် အုပ်ကာ နေရာကိုမှီပြီး မီးခိုးများ ရှောင်နေသည်။

သူတို့ရောက်တော့ ဆူညံသံများ ကြားနေရသောကြောင့် အဖွဲ့ခေါင်းဆောင်က ထွက်ကြိုခဲ့သည်။

ကုပေါင်ကောက အထုပ်များသယ်ရန် လူငယ်အချို့ခေါ်ထားသည်။

ကုပေါင်ကောက ကုရှန်းရှန်ကို ပညာတတ်လူငယ်များကို ကြိုဆို နေရာချ ခ်ိုင်းခဲ့ပြီး ကုလျန်ရွှမ်ကို သွားရှာပြီး ပြောလိုက်သည်။ "လျန်ရွှမ် အထုပ်ချပြီးရင် အိမ်ထဲမှာ ရေသောက်သွားဦး။ ဦးလေး သွားလိုက်ဦးမယ်"

"ဦးလေး၊ ဒီတစ်ခါ ပညာတတ်လူငယ်တွေ ပိုများလာတယ်။ ရွာ အနောက်ဘက်က ပညာတတ်လူငယ် အဆောင်မှာ နေနိုင်ပါ့မလား?" ကုလျန်ရွှမ်က ထိုလူများကို ကြည့်လိုက်ရာ အများစုက အခြားတပ်မဟာ သုံးခုမှ ဖြစ်သည်။

ကုပေါင်ကောက သက်ပြင်းချလိုက်သည်။ "နေရာ မလောက်ရင်လည်း တိုးဝှေ့နေရမှာပဲ။ ဆောင်းဦးစိုက်ပျိူးချိန် ပြီးတော့မှ သူတို့အတွက် နေစရာအသစ်တွေ ဆောက်ပေးလို့ရမယ်။ အထက်က ဘာသဘောလဲ မသိဘူး ပညာတတ်လူငယ်တွေ အများကြီး ရုတ်တရက် ရောက်လာတယ်"

ဒီနှစ်များတွင် ပညာတတ်လူငယ် အများစုက နယ်ဘက်ကို လာကြသည်။ နောက်ဆုံးအကြိမ်က သူက အဖွဲ့အစည်းတွင် အစည်းအဝေးသွားတော့ နှစ်သစ်မတိုင်မီ နောက်တစ်ဖွဲ့ရောက်မည်ဟု ခေါင်းဆောင်က ပြောသည်။

သူတို့က ဘေးတွင် စကားပြောနေစဉ် ကျန်းထျန်က လက်နောက်ပစ်ကာ လမ်းမှ ကျောက်ခဲများကို ခြေထောက်နှင့် ကန်နေသည်။ သူမက နေ့လည်ခင်းတွင် မြို့ပေါ်မသွားဘဲ အိမ်တွင် အနားယူမည်ဟု ကုလျန်ရွှမ်နှင့် သဘောတူထားသည်။

တစ်ယောက်ယောက်က သူမကို ကြည့်နေသလို ကျန်းထျန်က ခံစားရသည်။ အမျိုးသမီး ပညာတတ်လူငယ် ဖြစ်မည်ဟု သူမက ထင်မိပေမယ့် လှည့်ကြည့်လိုက်တော့ မျက်မှန်တပ်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။

ကျန်းထျန်နှင့် အကြည့်ချင်းဆုံတော့ အကြည့်ရှောင်ကာ အနောက်ကို ကြည့်လိုက်သည်။

"ဘာကို ကြည့်နေတာလဲ? မိန်းမလှလေး မမြင်ဖူးဘူးလား?"

လူငယ်က ခဏ အံ့သြသွားပေမယ့် ရယ်မောလိုက်သည်။

သူ့အပြုံးက စိတ်အနှောင့်အယှက် ဖြစ်စေကာ ဘေးမှလူများကိုပါ လုပ်နေသည့်အရာကို ရပ်ပြီး သူ့ကို မေးခွန်းထုတ်ကာ ကြည့်မိစေသည်။

လူအများ အကြည့်ခံရတော့ လုဖန်ဝေ့က ရှက်လာကာ အရယ်ရပ်လိုက်သည်။

ကျန်းထျန်က စိတ်ရှုပ်ထွေးနေသည်။

ဒီလူက ထူးခြားသော ဟာသအမြင်ရှိသည့် တတိယ ကုလျန်ရွှမ်လား?

ဒုတိယက ကုလျန်ရုန် ဖြစ်သည်။

သူမက ကုလျန်ရွှမ်ကို သွားရှာလိုက်သည်။ ကုလျန်ရွှမ်က ကုပေါင်ကောနှင့် စကားပြောပြီးနောက် တောင်ခြေမှ ကုမိသားစုအိမ်ကို ပြန်လာခဲ့သည်။

ထိုအချိန်တွင် ကုမိသားစုဝင်များက နေ့လည်ခင်း တစ်ရေးအိပ်နေကြသည်။

ကျန်းထျန်က အိမ်ထဲသွားကာ ရေယူပြီး မျက်နှာနှင့် လည်ပင်းကို သုတ်လိုက်ပြီး အိပ်ရန် ဝင်သွားလိုက်သည်။

ကုလျန်ရွှမ်က မီးဖ်ိုချောင်ထဲသွားကာ ယူသွားမည့် စားစရာများ ထုပ်ပိုးလိုက်ပြီး ရေဘူးယူကာ ထွန်စက်မောင်းရန် အမြန် ထွက်လာခဲ့သည်။

All Chapters