← Chapters

အခန်း(၁၀၄)

Vol. 9 Ch. 104

အခန်း(၁၀၄)

Vol. 9 Ch. 104

အမျိုးသားနေ့အပြီး ရက်အနည်းငယ် အကြာတွင် အဖွဲ့တွင် စတင်၍ အလုပ်ရှုပ်လာသည်။

ကျောင်းသား သုံးယောက်က စာသင်ရန် အိမ်မှ ထွက်သွားကြပြီး ရွှီကျင်းဖန်နှင့် ကုလျန်ရွှမ်က စောစော အလုပ်သွားရကာ နောက်ကျမှ အိမ်ပြန်လာရပြီး တတိယကလေးက ကုရှန်းလီကို ကားမောင်းရန် ခေါ်သွားသည်။

ပို့ဆောင်ဆက်သွယ်ရေး အသင်းက ယာယီအလုပ်သမားအသစ်များ ခေါ်သောသတင်းက အလုပ်သမားများကြားတွင် အရင် ပျံ့နှံ့နေသည်။ ကုလျန်ရုန်က အတွင်းရေးမှူးဟွမ်နှင့် ဆက်ဆံရေးကောင်းသည့်အတွက် သူက အခြားသူများထက် စောစော သိရကာ ကုရှန်းလီကို အင်တာဗျူးဖြေရန် ခေါ်လာခဲ့သည်။

ကုရှန်းလီ၏ ပုံစံက ကြည့်ကောင်းသလို အရည်အချင်းလဲ ပြည့်မီပြီး ကုလျန်ရုန်ထံမှ ကားမောင်းနည်း သင်ထားသည်။ အင်တာဗျူး မဖြေခင် သူက ကုလျန်ရုန်ထံမှ အရေးပေါ် သင်ယူမှု လုပ်ထားသည်။ နောက်ဆုံးမှာ ခေါင်းဆောင်များ ဆွေးနွေးကာ သူ့ကို လက်ခံလိုက်သည်။

အဓိကအကြောင်းအရင်းက မြို့ပေါ်မှ အဓိက စက်ရုံများက အမှာများ အချိန်မီရန် အလျင်လိုနေသဖြင့်ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေး အသင်းက ဒရိုင်ဘာ နည်းနေသောကြောင့် ဖြစ်သည်။

လမ်းကြောင်းအားလုံး မှတ်မ်ိလွယ်ပြီး ဆရာကျသော ကားမောင်းအစွမ်းကြောင့် ကုလျန်ရုန်က ပို့ဆောင်ဆက်သွယ်ရေး အသင်းခေါင်းဆောင်များ၏ သဘောကျခံ ဖြစ်နေသည်။

သူက စ်ိတ်မြန်သလို လုပ်ဖော်ကိုင်ဖက် များ ခေါင်းဆောင်များနှင့်လည်း အဆင်ပြေသလို မကြာခဏ အသင်းအတွက် အမှာများ ရအောင်လည်း ကူညီပေးသည်။

သူက စက်ပိုင်းဆိုင်ရာ အလုပ်သမားအဖြစ်မှ အကြံပေးအလုပ်သမားအဖြစ် ကူးပြောင်းနိုင်သော ကောင်းမွန်သည့် အလုပ်သမားကောင်း တစ်ယောက်ဖြစ်သည်။

သူမိတ်ဆက်ပေးသော ယာယီအလုပ်သမားများက ကျွမ်းကျင်သူများ ဖြစ်သည့်အတွက် လက်မခံနိုင်စရာ အကြောင်းမရှိပေ။

ကျန်းထျန်က အိမ်တွင် သူမ၏ ဖန်တီးမှုများကို ဆက်လုပ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ် ရွှီကျင်းဖန် အိပ်ယာခင်းများ လျှော်စဉ်က အဝတ်ဟောင်းများကို ယူထားပြီး သူတို့က ပုံမှန်အရွယ်အစား မဟုတ်ကြတော့ပေ။

ရှောင်းဝူနှင့် ရှောင်းလျိုအတွက် ဝတ်မရဘဲ သေးသွားသော အဝတ်များက ပင်းပင်းနှင့် အန်းအန်းကလည်း ဝတ်မရသေးပေ။

ဒါကြောင့် ကျန်းထျန်က အဝတ်ဟောင်းများကို အပြောင်းအလဲ လုပ်ရန် စီစဉ်နေသည်။

ခုတင်ပေါ်တွင် အသားအရောင် မျိုးစုံသော အဝတ်စများ ရှိနေသည်။ အချို့က အသုံးမဝင်သည့်အတွက် ကျန်းထျန်က သဲအ်ိတ်များ ချုပ်ကာ ရှောင်းဝူနှင့် ရှောင်းလျိုကို ကစားရန် ပေးလိုက်သည်။

ကျန်းထျန်က အစထူထူများ ယူပြီး စာရွက်ပေါ်တွင် ပုံကြမ်းချဆွဲကာ ဂိုထောင်ထဲမှ ယုန်သားရေများ သွားယူကာ ယုန်သားရေ လက်အိတ်များနှင့် ယုန်သားရေ ဖိနပ်များ အပေါ်ဝတ်များ ချုပ်လိုက်သည်။

ကုလျန်ရွှမ်နှင့် သူမ ဖမ်းလာသော ယုန်များတွင် အများစုက မီးခိုးရောင်ဖြစ်ကာ အနည်းငယ်သာ အဖြူရောင် ဖြစ်သည်။

ယုန်မွှေးကိစ္စက ရိုးရှင်းပေမယ့် အဝတ်များပေါ်တွင် တစ်ခါထဲ သုံးလိုက်လို့ မရပေ။ ကျန်းထျန်က ဖုန်များနှင့် ကပ်နေသော အမွှေးများကို အချိန်ယူကာ ဖယ်ရှား ရှင်းလင်း လိုက်ရသည်။

ရလဒ်ကတော့ နူးညံ့သော ယုန်မွှေး ဖြစ်သည်။

ပထမဆုံး လုပ်မည့်အရာက ယုန်မွှေး အပေါ်ဝတ် ဖြစ်သည်။ ကျန်းထျန် လုပ်ထားသော အပေါ်ဝတ်က နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်နှင့် အောက်ထပ်ကို ကြယ်သီးဖြင့် ဆက်ထားကာ အကျဉ်းအကျယ် လုပ်၍ ရသော ယုန်မွှေး ခေါင်းဆောင်းလည်း ပါသည်။

ဒါက ရွှီကျင်းဖန်အတွက် ဖြစ်ပြီး ငယ်ရွယ်စေသည့် ပုံစံ ဖြစ်သည်။

ယုန်မွှေး အပေါ်ဝတ်က အချိန်အကြာကြီး ကုန်သော အရာဖြစ်ပြီး လုပ်ငန်းစဉ်လည်း များကာ လက်အိတ်နှင့် ဖိနပ်များက အချိန်အနည်းငယ်သာ ကုန်သည်။

လက်အိတ်နှင့် ဖိနပ်များက မိသားစုဝင်တိုင်း အတွက် ဖြစ်သည်။

ရွှီကျင်းယောင် အပါအဝင် ဖြစ်သည်။ အမျိုးသားနေ့ ပြီးနောက်မှာ ရွှီကျင်းယောင်က သူ့ပစ္စည်းများကို လာသယ်ကာ ဆက်မနေတော့ပေ။

အဖွဲ့ရှစ်ကလည်း ဆောင်းဦး စိုက်ပျိုးရေးမှာ ပါဝင်ရမည့်အတွက် ရွှီကျင်းဖန်က အတင်းမနေခိုင်းပေ။

အဝတ်ချုပ်ရသည်က ကျန်းထျန်၏ ဝါသနာ မဟုတ်ပေမယ့် သူမ၏ ပုံဒီဇိုင်းများကို ပစ္စည်းအစစ် ပြောင်းရခြင်းကို သဘောကျခြင်း ဖြစ်သည်။ အချိန်အားလျှင် ကျန်းထျန်က စုတ်တံကိုင်ကာ ပြတင်းပေါက်မှ အိမ်အပြင်ဘက်ကို ကြည့်သည်။ မနက်မိုးလင်းမှ နေဝင်ချိန်အထိ မရေမတွက်နိုင်သော အတွေးများက စိတ်ထဲ ဝင်လာသည်။

တစ်ခါတစ်လေတွင် ကျန်းထျန်က သူမ ယခင်ဘဝမှ အရာများကို အိပ်မက် မက်လေ့ရှိသည်။ သူမက ဗိုက်ဆာ၍ အတန်းထဲ အာရုံမစိုက်မိချိန် ဆရာက သူ့ကို စာမေးရန် ခေါ်သည်ကို အိပ်မက်မက်သည်။ သူမက နောက်ဆုံးအချိန်များတွင် ဖုတ်ကောင်များနှင့် တိုက်ခိုက်ခဲ့ရသည်ကို အိပ်မက် မက်နေသည်။

ကျန်းထျန်က သူမ၏ အသက် ခြောက်နှစ်မတိုင်ခင်က ပျောက်ဆုံးနေသော မှတ်ဉာဏ်များကိုလည်း တစ်ခါတစ်ရံ မှတ်မိသည်။

ပုံရိပ်များက အနည်းငယ် ရှုပ်ထွေးပေမယ့် သူမက သူမ၏ ခံစားချက်ကို သိသည်။ သူမက တာဝန်ကျသူ၏ မှတ်ဉာဏ်များကို ဖတ်ခဲ့ရသလို ပုံရိပ်သာပါပြီး ခံစားချက် မရှိသည်များ မဟုတ်ပေ။

ကျန်းထျန် ပြုလုပ်ထားသော ဒီဇိုင်းပုံများကို စာအုပ်နှင့် စုထားကာ ယခင် တစ်အုပ်နှင့်အတူ အံဆွဲထဲ ထည့်ထားသည်။

ကျန်းထျန်က ဒါကြောင့် အလုပ်တစ်ခု ရထားသည်။

သူမက တပ်မဟာ၏ ဝါဒဖြန့် အသင်းဝင်တစ်ဦး ဖြစ်နေသည်။

ကုပေါင်ကောက သူမကို လစဉ် သင်ပုန်းပေါ်တွင် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှု သတင်းစာများ ရေးခိုင်းထားသည်။

နောက်ပြီး ပညာတတ် လူငယ် နှစ်ယောက်လည်း ပါသည်။

သူတို့ထဲမှ တစ်ယောက်ကို ကျန်းထျန်က ရင်းနှီးသလို ခံစားရသည်။ သူမက အပြင်ထွက်ခဲပြီး ထွက်လျှင်လည်း မြို့ပေါ်ကိုသာ ရောက်သည်။ သူမက တပ်မဟာမှ အိမ်နီးချင်းများနှင့်သာ ရင်းနှီးသည်။

ရွာသားများနှင့် အိမ်နီးချင်းများက သူမနှင့်မစိမ်းပေမယ့် လူငယ်များကတော့ သူမနှင့် သူစိမ်းများ ဖြစ်သည်။ဒါက သူမက သတ္တိရှိစွာ တောဝက်ကို သတ်ခဲ့သောကြောင့် ဖြစ်မည်။

သူမကို မြင်းလှည်းနှင့် တိုက်ရန်ပင် လုပ်ခဲ့သူ လီချွမ်းဟွာကတောင် ယခု ပြုံးပြသည်။

ထိုအချ်ိန်က ကျန်းထျန်က အမြင်မှားသည်ဟု ထင်မိပြီး လီချွမ်းဟွာတွင် ညီအစ်မ ရှိသည်လား ဟုတောင် တွေးမိသည်။

နောက်တော့ သူမ တတိယအဒေါ်ထံမှ သိရသည်က သူမ မြို့ပေါ်မှ ပြန်လာသည့်နေ့က ချက်ချင်း ရွှီကျင်းဖန်ထံ သွားပြီး ပြောဆိုခဲ့သည်။ နောက်တစ်နေ့တွင် ရွှီကျင်းဖန်က အလုပ်သွားချ်ိန် လီချွမ်းဟွာကို တားဆီးခဲ့ခြင်း ဖြစ်သည်။

ရွှီကျင်းဖန်က ထိုအချိန်က ပေါက်ပြားကို ကိုင်ထားပြီး လီချွမ်းဟွာကို အေးစက်စွာ ကြည့်လိုက်သည်။ ခဏအကြာမှာပဲ လီချွမ်းဟွာက တင်းမထားနိုင်တော့ဘဲ ခေါင်းငြိမ့်ကာ အမှား ဝန်ခံခဲ့ပြီး သူမက နောက်တစ်ခါ ကျန်းထျန်ကို ပြသနာ မရှာတော့ပါဘူးဟု အကြိမ်ကြိမ် ကတိပေးခဲ့သည်။

ထိုနောက်ပိုင်းတွင် ကျန်းထျန်က မတော်တဆ လီချွမ်းဟွာ၏ သားနှင့်သမီးကို ကယ်ခဲ့မိသည်။ ဒါကြောင့် လီချွမ်းဟွာက သူမကို ကျေးဇူးတင်စိတ် ဖော်ပြခြင်း ဖြစ်မည်။

ဒါကြောင့် ကျန်းထျန်က ရှင်းချန်ရွာတွင် တစ်နှစ်တောင်မှ အလုပ်မလုပ်ခဲ့ပေမယ့် ဘယ်သူကမှ သူမကို မဝေဖန်ရဲကြပေ။

သူမကို အတင်းအဖျင်း ပြောကြသူများ ရှိသော်လည်း အိမ်နီးချင်း အချင်းချင်းသာ ပြောကြခြင်း ဖြစ်သည်။

သူ့မျက်မှန်ကို ပြင်ဆင်နေသလို လုပ်ပြီး ကျန်းထျန်ကို မကြာခဏ ကြည့်နေသော ပညာတတ်လူငယ် အမျိုးသားကို ကြည့်မိကာ ကျန်းထျန်က တပ်မဟာဌာနချုပ်၏ ကျောက်သင်ပုန်းကို ခေါက်လိုက်သည်။

"ရဲဘော်လေး ဘာလို့ ကျွန်မကို ကြည့်နေတာလဲ?ကျွန်မ မျက်နှာမှာ တစ်ခုခု ပေနေလို့လား?"

နောက်ထပ် အမျ်ိုးသမီး ပညာတတ်လူငယ်က အဆောင်တွင် မှတ်စုစာအုပ် သွားယူသည့်အတွက် ယခု သူနှင့် လုဖန်ဝေ့ ဟုခေါ်သော ပညာတတ်လူငယ်နှင့် နှစ်ယောက်သာ တပ်မဟာ ရုံးခန်း အပြင်တွင် ကျန်ခဲ့သည်။

လူမိသွားသည့်အတွက် လုဖန်ဝေ့က ကျန်းထျန်ကို ခဏတာ စိုက်ကြည့်လိုက်သည်။ "မဟုတ်ပါဘူး၊ ရဲဘော် ကျန်းထျန် ကျွန်တော့်ကို မမှတ်မိဘူးလား?"

ကျန်းထျန်က မေးလိုက်သည်။ "မင်းက ဘယ်သူလဲ?သတင်းစာထဲ ရေဒီယိုထဲ ပါဖူးတာလား?ဘာလို့ ကျွန်မက မှတ်မိရမှာလဲ?"

သူမက နေ့စဉ် စိတ်ထဲမှ အတွေးများကို ချရေးရန်ပင် အချိန်မရှိသလို ခံစားရသည်ကို တစ်ခါမှ မဆုံဘူးသော ပညာတတ်လူငယ်ကို ဘယ်လို မှတ်မိနိုင်ပါ့မလဲ?

လုဖန်ဝေ့ - "...." သူ့ပခုံးများကို တွန့်လိုက်သည်။ "ဒါက မှန်သလိုပဲ။ ရဲဘော် ဘာလို့ မမှတ်မိလည်းပဲ သိချင်တာပါ"

ကျန်းထျန် - ရဲဘော်က ထူးဆန်းတယ်လို့ပဲ ထင်မိတယ်!

"ကျွန်တော်က အရင်တစ်ခါက ရဲဘော်နဲ့ ရဲဘော်ရဲ့ အမျိုးသားနဲ့အတူတူ ထွန်စက်နဲ့ လာကြိုတဲ့နေ့က တစ်ယောက်လေ။ မှတ်မိရဲ့လား? ကျွန်တော်က အော်ရယ်လိုက်လို့ လူတွေ ဝိုင်းကြည့်ခံရတဲ့ တစ်ယောက်လေ"

လုဖန်ဝေ့က သူ့ကိုယ်သူ မိတ်ဆက်လိုက် ပြန်သည်။

သူပြောပြီးနောက် မှတ်ဉာဏ်ကောင်းသော ကျန်းထျန်က ချက်ချင်း မှတ်မိသွားသည်။

"အဲ့ဒီတော့?" သူမက လုဖန်ဝေ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

သူမက လှသည့်အတွက် လူငယ်လေးက ဆွဲဆောင်ချင်သည်လား?

သူမက ပညာတတ်လူငယ်၏ ရှုပ်ပွနေသော ဆံပင်နှင့် မျက်နှာကို ကြည့်လိုက်ရာ အနည်းငယ် ဟာသ ဖြစ်နေသည်။ သူက စားဝတ်နေရေးအတွက် ချမ်းသာတဲ့ မိန်းမ ရှာချင်နေတာလား?

"ရဲဘော်က ကျွန်တော့် အသိတစ်ယောက်နဲ့ တူနေတယ်"

လုဖန်ဝေ့က ကျန်းထျန်၏ မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။

ကျန်းထျန် - "..." ဒီလို မူလတန်းအဆင့် စကားစပြောနေခြင်းက ရှောင်းလျိုကိုတောင် အရူးလုပ်လို့ မရပေ။

"မင်း သင်ပုန်းပေါ်မှာ သတင်းစာ ရေးဦးမှာလား?" ကျန်းထျန်က ခုံမှထကာ တပ်မဟာ ဌာနချုပ် အရှေ့ရှိ သင်ပုန်းရှေ့တွင် ရပ်နေသော လုဖန်ဝေ့ကို ကြည့်လိုက်သည်။ "မင်ယွဲ့ ပြန်လာတာ မစောင့်နဲ့။ မင်း အခုထိ မစရသေးဘူး"

နောက်ထပ် သတင်းစာ ရေးခြင်းတွင် ပါဝင်သော အမျိုးသမီး ပညာတတ်လူငယ်က ရှောင်မင်ယွဲ့ ဖြစ်သည်။

လုဖန်ဝေ့က သူ့မျက်မှန်ကို နှာခေါင်းပေါ်တင်ကာ ပြောလိုက်သည်။ "ကျွန်တော် တကယ်ပြောတာ။ ရဲဘော်က ကျွန်တော့် အဒေါ်နဲ့ တူတယ်"

ကျန်းထျန်က သူမပါးစပ်မှ ထွက်လာမည့် စကားများကို ထိန်းထားရသည် - ဘာလို့ အမေနဲ့တူတယ်လို့ မပြောတာလဲ?

အဖြစ်သဘော ပြောခြင်းသာဖြစ်သည်။ အခြားသူတွေရဲ့ မိဘနဲ့ မပတ်သက်ချင်ပါပေ။

ကျန်းထျန်က ဝါးခြင်းတောင်းထဲမှ ရေဘူးကိုယူကာ ရေသောက်လိုက်သည်။ ထ်ို့နောက် လုဖန်ဝေ့ကို လစ်လျူရှုကာ သတင်းစာ ဆက်ရေးနေလိုက်သည်။

အလုပ်သိမ်းချိန် မရောက်မီ ကျန်းထျန်၏ သင်ပုန်းတွင် ဆောင်ပုဒ်များနှင့် ရုပ်ပုံများ ပြည့်နေပြီ ဖြစ်သည်။

ကုလျန်ရွှမ်က သူမ ဒီမှာရှိသည်ကို သိသည့်အတွက် အလုပ်ပြီးချိန် ဒီကိုလာကာ ကုပေါင်ကော စစ်ဆေးပြီးချိန်ထိ စောင့်ပြီး ညစာစားရန် အိမ်ပြန်ခဲ့သည်။

ပိတ်ရက်တွင် ကုလျန်မင်က အိမ်တွင် ရှိနေသည်။

စိုက်ပျိုးရေးသုံး ပစ္စည်းများ ပြန်ပေးရန် အဖွဲ့သားများ လာစဉ်တွင် လှပသော သင်ပုန်းကို တွေ့လိုက်ရသည်။

"အရမ်း လှတဲ့ပုံပဲ"

"စာလုံးတွေကလည်း အရမ်းလှတယ်။ ဘယ်နဲ့ ညာကို ကြည့်လိုက်"

"မဖြစ်နိုင်တာ ဘယ်သူက ဘယ်ဘက်ရော ညာဘက်ရောနဲ့ ဆွဲနိုင်မှာလဲ?"

"ဒါက လျန်ရွှမ်ရဲ့ မိန်းမ ဆွဲထားတာတွေလေ။ သူက တကယ်ကို အတွေးကောင်းပြီး လုပ်နိုင်စွမ်း ရှိတဲ့သူပဲ"

လူစုက သင်ပုန်းရှေ့ ရပ်နေကာ ဂရုတစ်ိုက် သင်ပုန်းမှ အရာများကို ကြည့်ကာ ချီးကျူးနေသည်။

ကုပေါင်ကောက အလျင်အမြန်လာကာ လူအုပ်ထဲ တိုးဝှေ့ပြီး သင်ပုန်းကို ကြည့်လိုက်သည်။

အစမှ အဆုံးထိ ဘယ်ညာ ကြည့်ပြီးနောက် ပြဿနာ မရှိတာ သိရတော့ ကျန်းထျန်ကို ပြန်လွှတ်လိုက်သည်။

သူမ၏ သင်ပုန်းကို အပြီးမသတ်ခင် ကျန်းထျန်က သူမမိသားစုနှင့် တတိယအဒေါ်ကို အကြံဉာဏ် တောင်းခဲ့သေးသည်။ သူမ သင်ပုန်းမှာ ချရေးတော့ နောက်ဆုံးရလဒ်အတိုင်း ရေးခဲ့သည့်အတွက် ပြဿနာ ဖြစ်နိုင်ချေနည်းသည်။

တစ်ဖက်တွင် လုဖန်ဝေ့က မြေဖြူကိုင်ကာ လူအုပ်ကြီး ပျောက်သွားသည်အထိ ကျန်းထျန်၏ သင်ပုန်းရှေ့တွင် ရပ်နေသည်။

နောက်ကျမှ ရောက်လာသော ရှောင်မင်ယွဲ့က မှတ်စုစာအုပ်ကိုင်ကာ ထပ်ခါတလဲလဲ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် ရဲဘော် လုဖန်ဝေ့ မှတ်စုစာအုပ်က နေရာရွေ့နေပြီး ရှာမတွေ့လို့ပါ"

လုဖန်ဝေ့က ခေါင်းလှည်ပြီး ပြောလိုက်သည်။

"ရပါတယ်။ ခေါင်းဆောင်က ဒီနေ့ တပ်မဟာ ဌာနချုပ်မှာ တာဝန်ကျနေတယ်"

ရှောင်မင်ယွဲ့က ချွေးသုတ်လိုက်ကာ ပြောလိုက်သည်။

"ကောင်းပါတယ် ကောင်းတယ်"

သူမက စာရွက်လှန်ကာ သင်ပုန်းတွင် ရေးမည့်စာကို လုဖန်ဝေနှင့် အပိုင်းခွဲလိုက်သည်။

လုဖန်ဝေ့က သူမလက်ကြားတွင် ရွှံ့ပေနေသည်ကို သတိထားမိပြီး စာအုပ်တွင် သစ်ရွက်ခြောက်များ ကပ်နေသည်ကို မြင်လိုက်သည်။

သူက မျက်လုံးကို တစ်ဖက်ကြည့်လိုက်ပြီး မမြင်သလိုနေလိုက်သည်။ လျှို့ဝှက်ချက် မရှိတဲ့သူ ရှိလို့လား?

တစ်ဖက်တွင် ကုလျန်ရွှမ်နှင့် ကျန်းထျန်က အိမ်ရောက်တော့ တပ်မဟာ တောင်ဘက်မှလာသော ကုလျန်ရုန်နှင့် တွေ့သည်။ ကျန်းထျန်က မေးလိုက်သည်။ "တတိယမောင်လေး အဖွဲ့ငါးက ပြန်လာတာလား?"

အဖွဲ့ခြောက်က အဖွဲ့ငါးမှ တောင်ဘက်တွင်ရှိပြီး အဖွဲ့ခြောက်မှ မြို့ပေါ်သို့ လမ်းက အရှေ့ဘက်တွင် ဖြစ်သည်။

ကုလျန်ရုန်က သူ့အင်္ကျီမှ ဖုန်ခါကာ ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး။ ရှန်းလီက ပစ္စည်းရွှေ့တာ ကူညီရင်းနဲ့ ခြေထောက် ထိသွားလို့ ကျွန်တော် တောင်ဘက်က ဆေးခန်းမှ သူနဲ့အတူ ဆေးသွားယူတာပါ"

"ဒဏ်ရာ ပြင်းလား?"ကုလျန်ရွှမ်က မေးလိုက်သည်။

"မပြင်းပါဘူး။ဒဏ်ရာပြင်းရင် ကျွန်တော်က သူ့ကို ဆေးခန်းမှာ ဆေးယူဖို့ ခေါ်သွားပါ့မလား?" ကုလျန်ရုန်က ဗိုက်ကို ပွတ်လိုက်သည်။ "ဒီည ဘာစားကြမှာလဲ? ရှောင်းမင် ချက်မှာ ထင်တယ်"

"မင်း ဒီနေ့ ပြန်လာမှာ သိလို့ ရှောင်းမင်ကို ခေါက်ဆွဲ လုပ်ခိုင်းထားတယ်" ကုလျန်ရွှမ်က သူ့ကိုကြည့်ကာ သူတို့နှစ်ယောက်ကို ထားခဲ့ပြီး ခြေလှမ်းမြန်မြန်နှင့် ထွက်လာခဲ့သည်။

ကုလျန်ရုန်က ဝမ်းသာသွားသည်။ "ကောင်းလိုက်တာ!"

ကျန်းထျန်က ခေါက်ဆွဲ ကြိုက်နေသော တတိယကလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အနာဂတ်ရဲ့ သူဌေးကြီးက ဒီလို ထူးခြားတဲ့ အရသာ အကြိုက်ရှိတာ ဘာလို့ဆိုတာ သူမ မသိပေ။ သူက တကယ်ပဲ ခေါက်ဆွဲ ကြိုက်တာလား?

ထူးဆန်းလိုက်တာ!

သူက လက်လုပ်ခေါက်ဆွဲ ကြိုက်သည်ဟု ပြောပြီး ထိုအရာကာ ကြက်သွန်မြိတ်သာ ပါပြီး ဟင်းရည်ဖြစ်သည့်အတွက် လက်ခံရန် မခက်ခဲပေ။

လူချမ်းသာနှင့် အသင့်စား ခေါက်ဆွဲ။

ဒါက ဘယ်လိုပဲ တွေးတွေး ထူးဆန်းသည်။

ကျန်းထျန်က သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။သူက အလုပ်အရမ်းများသည့်အတွက် ဗိုက်ပြည့်ရန် အသင့်စားခေါက်ဆွဲသာ စားရခြင်း ဖြစ်မည်။

ဒီလိုပဲ ဖြစ်မှာပါ။

ဆောင်းဦးစိုက်ပျ်ိုးချိန် အပြီး ရက်အနည်းငယ် အကြာတွင် တပ်မဟာ၏ အသံချဲ့စက်က ကောက်ရိတ်သိမ်းချိန်ကို ကြေငြာပြန်သည်။

ကုမိသားစုတွင် လူနှစ်ယောက်စာ အလုပ်ရမှတ်သာ ရှိသည့်အတွက် သူတို့က အစားအစာ အများကြီး မရပေ။

ကုမိသားစုမှ လူတိုင်းက အစာခြောက် စားနိုင်သည့်အတွက် ရွှီကျင်းဖန်က အများစုကို ဆန်ကြမ်းများနှင့် လဲလိုက်ပြီး အချ်ို့ကသာ ဆန်အချောများ ဖြစ်သည်။

ကုမိသားစု၏ ကိုယ်ပိုင် စိုက်ခင်းကညခြံအနောက်တွင် ဖြစ်ပြီး သိပ်ဂရုစိုက်စရာ မလိုသော ကန်စွန်းဥနှင့် အာလူးများ စိုက်ထားသည်။

မိသားစု တစ်ခုလုံးက နှစ်ရက်အတွင်း တူးယူပြီး အိမ်သို့ ယူလာလို့ရသည်။

ကျန်းထျန်က အချိန်ခရီးသွားပြီး လာချိန်က အလုပ်သမားများ၏ ခက်ခဲမှုကို ကြုံတွေ့ခဲ့ရဖူးသည်။

မျက်စိတစ်မှိတ်အတွင်း ရာသီဥတုက အေးစက်သွားကာ အသင်းအချ်ို့က လူငယ်နှင့် လူလတ်ပိုင်းများကို စုကာ တောင်ပေါ်သို့ အမဲလိုက်သွားရန် စီစဉ်ကြသည်။

အမှန်တော့ ဒါက အပြင်လောကအတွက် အမဲလိုက်ခြင်း အမည်ခံသာ ဖြစ်သည်။ အမှန်တော့ သီးနှံများ လာမစားစေရန် တောဝက်များကို ရှင်းလင်းခြင်း ဖြစ်သည်။

ဒါက အဓိပ္ပါယ်မရှိတာတော့ မဟုတ်ပေ။ ဒီနှစ်မှာမှ တစ်ကြိမ်လုပ်တာ မလား?

အဖွဲ့အစည်းက သတင်းကြားသောအခါ လူများကို အောက်ဆင်းရန် မြန်မြန် စီစဉ်လိုက်သည်။

ကုလျန်ရွှမ်က တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အပစ်အခတ် ကျွမ်းသည့်အတွက် သူက လက်လုပ်သေနတ် လုပ်ရန် တာဝန်ပေးခံရသည်။

မနက်စောစောတွင် အိပ်ယာက အေးနေသည်ဟု ကျန်းထျန်က ခံစားရသည်။ သူမ လှည့်ကြည့်လိုက်တော့ ကုလျန်ရွှမ်က ဖိနပ်စီးထားပြီ ဖြစ်သည်။

ကုလျန်ရွှမ်က ကျန်းထျန် လုပ်ပေးထားသော ယုန်သားရေဖိနပ်ကို စီးထားသည်။

ယုန်သားရေ ဘယ်လောက်ရှိသည်ဆိုတာ ပြောရန်ခက်ပြီး အဝတ်ဟောင်းများနှင့်လည်း ကျန်းထျန်က ရောချုပ်ထားသည့်အတွက် အရောင်အတွ့အစက်က ကြည့်ကောင်းနေသည်။

ထူးခြားစွာ စတိုင်ကျနေသည်။

တကယ်တော့ ဒီအသက်အရွယ်တွင် ကျန်းထျန်မှ လွဲ၍ ဘယ်သူကမှ အစားအသောက် အတွက်သာပူပန်ကာ အဝတ်အစား ပုံစံအတွက် မပူပင်ကြပေ။

ဒါက ချုပ်ရန်အစ မရှိတော့သောအခါ အဝတ်များကို ပေါင်းစပ်၍ ချုပ်ထားသည်နှင့်တူသည်။

ဒါက ဆင်းရဲမှု၏ အကောင်းဆုံး အမှတ်အသား ဖြစ်သည်။

ကုလျန်ရွှမ် ဖိနပ်စီးနေသည်ကို ကြည့်လိုက်ပြီး ယုန်သားရေ လက်အိတ်ကို ဝတ်သည်ကို မြင်လိုက်ရသည်။ဒါကလည်း တွဲစပ် ချုပ်ထားခြင်း ဖြစ်သည်။

ကျန်းထျန် သူ့ကို အကြာကြီး ကြည့်နေသည့်အတွက် နောက်ဆယ်ရက် ခွဲရမည်နှင့် ပတ်သက်၍ တစ်ခုခု ပြောတော့မည်ဟု ထင်မိပေမယ့် သူမက အိပ်ယာမှ ထထချင်း ပြောလိုက်သည်။ "ကုလျန်ရွှမ် အသား၁၅၀ကီလို မမေ့နဲ့နော်"

ကုလျန်ရွှမ် - "..." "အားလုံးက အသား၁၅၀ကီလို ရှိရင်ပေါ့"

"ကိုယ်သိပါတယ် ကိုယ်လည်း ၁၅၀ကီလိုပါပဲ။ မင်း ကိုယ့်ကို ဂရုစိုက်ဖ်ို့ ပြောနေတာလား?" ကုလျန်ရွှမ်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

ကျန်းထျန်က မျက်လုံး မှိတ်ပြလိုက်သည်။ "အဲ့လို တွေးလည်း ရပါတယ်"

ဘေးကင်းရန်ကို အဓိက ဂရုစိုက်ရမည် ဖြစ်သည်။

ကုလျန်ရွှမ်က အံကြိတ်ကာ ငုံ့လိုက်ပြီး ကျန်းထျန်၏ အနည်းငယ် ဟနေသော ပါးစပ်ကို ကိုက်လိုက်သည်။

"ကိုယ် ပြန်လာတာ စောင့်နေ"

ကျန်းထျန်က သူမ၏ ပါးစပ်ကို အုပ်ကာ ကုလျန်ရွှမ်၏ ကျောကို ကြည့်လိုက်သည်။ "ကျွန်မ ပြန်ပြင်လိုက်ပြီ။ ကျွန်မ ၁၅၆ကီလို လိုချင်တယ်"

ကုလျန်ရွှမ်၏ လက်က တံခါးလက်ကိုင်တွင် ရပ်သွားကာ ပြုံးလိုက်သည်။ "သေချာပေါက်ပေါ့!"

၁၅၆ကီလိုက သူ့ကိုယ်အလေးချိန် အတိအကျ ဖြစ်သည်။

All Chapters