အခန်း(၁၀၅)
Vol. 9 Ch. 105
ကုလျန်ရွှမ် တောင်ပေါ်သို့ အမဲလိုက်ရန် သွားပြီးနောက် အိမ်က ရုတ်တရက် ဟာတာတာ ဖြစ်သွားသည်ဟု ကျန်းထျန်က ခံစားလိုက်ရသည်။
အရင်ထဲက လူအများကြီး မရှိပေ။
ပြီးတော့ ယခု သူထွက်သွားသောအခါ ကျန်းထျန်က ညဘက် အေးစက်သော အိပ်ယာတွင် အိပ်ရတော့မည်။
လူတိုင်းက ရည်ရွယ်ချက်တစ်ခုနှင့် မွေးလာသည်ဆိုသည့် အဆိုကို သက်သေအနေနှင့် ကုလျန်ရွှမ်၏ တာဝန်က သူမအိပ်ယာကို နွေးထွေးအောင် လုပ်ပေးရန် ဖြစ်သည်။
နယ်ဒေသ၏ ဘဝက အမြဲတမ်း နှေးကွေးသည်။ကုလျန်ရွှမ် တောင်ပေါ်သွားပြီး သုံးရက်မြောက်နေ့တွင် မဖိတ်ထားသော ဧည့်သည်က အိမ်ရောက်လာသည်။
"ခမည်းခမက် ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ စက်ရုံအလုပ် အိမ်အလုပ်နဲ့ မအားလို့ပါ။ အားလပ်ရက်မှာ အချိန်အားလို့ ခမည်းခမက်နဲ့ ရှောင်စန်းကို လာတွေ့တာပါ"
ကုမိသားစု အိမ်ခြံရှေ့တွင် ကျန်းထျန်က အေးစက်သော မျက်နှာထားနှင့် ရွှီကျင်းဖန် နောက်မှ လိုက်လာကာ သူမ၏ အမေဆိုသောသူကို ကြည့်လိုက်သည်။
တကယ်ကို ဆွေမျိုးတွေထံ လာလည်ချင်တယ်ဆိုရင် နေ့ခင်းဘက် လာပါ့မလား? အိမ်ထဲတောင် မဝင်ဘဲ နေပါ့မလား?
"ခမည်းခမက် ကျွန်မ အရင်တစ်ခါက ကိစ္စအတွက် စိတ်ရှူပ်ထွေးနေတာပါ။ သဘောထားကြီးပြီးတော့ စိတ်ထဲ မှတ်မထားပါနဲ့။ ကျွန်မယောက်ျားက တည့်တိုးသမားပါ။ သူက သမီး အိမ်ပြန်လာတော့ ပျော်သွားပြီး ဝိုင်တွေ သောက်လိုက်တာပါ။ သူက မစဉ်းစားဘဲ ပြောလိုက်လို့ပါ မရည်ရွယ်ခဲ့ပါဘူး"
ကျန်းထျန် - အမှန်တရားက မူးတော့မှ ထွက်လာတာလေ။
ဟွမ်ယွီရှားက ရွှီကျင်းဖန်၏ လက်ကို ဆုပ်ကိုင်ကာ ထပ်ခါထပ်ခါ တောင်းပန်နေသည်။
"မိသားစုနှစ်ခုက ဆွေမျိုးတွေပါ အာလုံး လိုက်လျောညီထွေ ဖြစ်သင့်ပါတယ်။ လျန်ရွှမ်ရဲ့ ခြေထောက်က ပြန်ကောင်းသွားပြီလို့ ကြားရတယ်။ဒါက သတင်းကောင်းပါ။ သူ့ လုပ်ရည်ကိုင်ရည်နဲ့ဆိုရင် တပ်ထဲ ပြန်ဝင်လို့ရပြီး စက်ရုံမှာ အလုပ်ဝင်လို့ရတယ်။ခမည်းခမက်အတွက် နေ့ရက်ကောင်းလေးတွေ လာနေပါပြီ"
ကတိများပေးပြီး တောင်းပန်ကာ မြှောက်ပင့်ပြောနေသောကြောင့် ဟွမ်ယွီရှားက ကုမိသားစု ခြံရှေ့တွင် ကျောက်တုံးကြီး လာစ်ိုက်နေသလို ဖြစ်နေသည်။
ရွှီကျင်းဖန်၏ အလိုမကျသည့် အပြုံးက သူမမျက်နှာမှ အခြားသော အမူအရာများကို ဖော်ပြနေသည်။ "ကျွန်မ မိသားစုအတွက် တွေးပေးလို့ ကျေးဇူးတင်ပါတယ်။ပစ္စည်းတွေကို ပြန်ယူသွားရင် မိသားစု နှစ်ခုလုံးအတွက် ခက်ခဲမှာပါ။ ကျွန်မတို့က ဆွေမျိုးတွေ ဆိုပေမယ့် သူများအပေါ် အမြတ်ထုတ်ချင်တဲ့ ဆွေမျိုးတွေ မဟုတ်ပါဘူး"
ဟွမ်ယွီရှား၏ မျက်နှာမှ အပြုံးက တင်းမာသွားကာ အလိုမကျသည့်ပုံ ပေါ်လာသည်။
သူမက ရွှီကျင်းဖန်၏ အနောက်မှ ငြိမ်သက်နေသော ကျန်းထျန်ကို ကြည့်ပြီး ပြောလိုက်သည်။ "ရှောင်စန်း ဒီပစ္စည်းတွေက်ို လက်ခံပေးပါ။ ဒါက အမေ့ရဲ့ လက်ဆောင်တွေပါ။ ကုမိသားစုအတွက် ခက်ခဲတာမလို့ ဒါကို အနည်းဆုံး အရံအနေနဲ့ သုံးပေးပါ။ သမီး မစားချင်ရင်တောင် မောင်လေးတွေ ညီမလေးတွေက ငယ်သေးတယ်လေ"
ဟွမ်ယွီရှား၏ အမူအရာက 'ငါက နင်တို့ကောင်းကျိုးအတွက် ပြောနေတာ။ မိသားစုက အရမ်းဆင်းရဲတဲ့အတွက် ဒါကိုလက်ခံပြီး အရင်ပြဖဿနာကို မေ့လိုက်တော့' ဟူသော ပုံစံ ပေါ်နေသည်။
ကျန်းထျန် - "...."
ရွှီကျင်းဖန်က ပစ္စည်းများကို ဟွမ်ယွီရှား လက်ထဲထည့်ကာ အလိုမကျစွာ ပြုံးပြီး ပြောလိုက်သည်။ "ခမည်းခမက် အချိန် မစောတော့ဘူး။ ခဏနေလို့ လမ်းတွေ ကောင်းကောင်း မမြင်ရရင် ကျွန်မလည်း လိုက်ပို့လို့ မရဘူး"
"ပစ္စည်းတွေက်ို ပြန်ယူသွားသင့်တယ်။ ဒါက ပွဲတော်ရက်လည်း မဟုတ်ဘူး ဒါကြောင့် ကြီးကြီးမားမား မလိုပါဘူး"
သူက တကယ်ကို မလိုချင်သည်က်ို မြင်ရတော့ ဟွမ်ယွီရှားက ဖိအား မပေးတော့ပေမယ့် သူမက ဒီမိသားစုကို ပို၍ အထင်သေးမိသည်။ မိသားစုက ဆင်းရဲတာတောင် ပစ္စည်းတွေကို မလိုချင်တဲ့ မာနရှိသေးတယ်။ သူတို့က မနာလိုခြင်း ဖြစ်မည်။
ကံကောင်းလို့ ရှောင်စန်းက ဒီလိုမိသားစုမှာ လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။ အစက သူမက လျန်ရွှမ်က ကြည့်ကောင်းသလို တပ်အရာရှိ ဖြစ်သည့်အတွက် သူမက မီထောင်နှင့် လက်ထပ်ပေးချင်ခဲ့သည်။ ဒါဆိုသူမက အနာဂတ်တွင် အရာရှိကတော် ဖြစ်လာလိမ့်မည်။
အခု မီထောင်က ရှင်းကွမ်နှင့် လိုက်ဖက်နေသေးသည်။
ဟွမ်ယွီရှားက စက်ဘီးနှင့် ထွက်သွားသည်။
ရွှီကျင်းဖန်က အပြုံးရပ်လိုက်သည်။သူမက ပါးက်ိုပွတ်ကာ ကျန်းထျန်ကို ရှင်းပြလိုက်သည်။ "ထျန်ထျန် သမီးပြောတော့ သမီးနဲ့ မပတ်သက်တဲ့ သူတစ်ယောက်ကို စကားပြောတာက ဘာမှ မဟုတ်ဘူးဆို။ သမီးမျက်နှာက ရယ်နေရာက တင်းမာသွားတာပဲ"
ဟွမ်ယွီရှားက တကယ်ပဲ တောင်းပန်မလို့ လာတာလား?သူမက တကယ့်စိတ်ရင်းနဲ့လား? ရွှီကျင်းဖန်က မပြောနိုင်ဘူးတဲ့လား?
သူမ မိသားစုက ဒီလို အရာလေးတွေကို မက်နေမယ် ထင်တာလား?
ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးအသင်းမှ ပဲကိတ်များ၊ လမုန့်များနှင့် ဂျုံမှုန့်များ ဖြစ်သည်။
ဒါက သူတောင်းစားတွေက်ို ပေးလိုက်လို့ရသည်။
သူမက စကားအများကြီး ပြောပြီးတာတောင် ဟွမ်ယွီရှားက တကယ်ပဲ သူမက တုံးအတာလား တုံးအသလို ဟန်ဆောင်နေတာလားဆိုတာ မသိပေ။ သူမက တကယ်ကို ကောင်းသည့်အရာများ ပြောခဲ့သည်ဟု ထင်နေသည်။
ကျန်းထျန်က တံခါးတွန်းဖွင့်ကာ ပြောလိုက်သည်။ "သူ ထပ်လာရင် အထဲကနေ တံခါးပိတ်ထားပြီး ဘယ်သူမှ မရှိသလို နေရမယ်ထင်တယ်"
ရွှီကျင်းဖန်က ချက်ချင်းပြောလိုက်သည်။ "ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူက ပစ္စည်းတွေကို အိမ်ရှေ့မှာ ထားခဲ့ရင််ရော?"
ကျန်းထျန်က စိတ်ဖိစီးသွားသည်။ "ဒီလို ဖြစ်မှာ သေချာတယ်!သမီး အခြားသူတွေအပေါ် အခွင့်အရေးယူဖို့ အပြစ်ရှိသလို ခံစားရတယ်"
"ထားပါတော့၊ သူ့ကို လွှတ်ထားလိုက်ပါ။ ထပ်လာတော့မှာ မဟုတ်ဘူး ထင်တယ်။ သူတို့က ပွဲတော်တွေမှာလည်း မလာသလို ဘုရားပွဲကိုလည်း မလာကြဘူး။ အခုလာတယ်ဆိုတော့ အရမ်း သတ္တိရှိနေတာပဲ"
ရွှီကျင်းဖန်က ကျန်းထျန်၏ ကျောကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ "အမေတို့ တွန်းအား မပေးပါဘူး။ အမေတို့က ဆွေမျိုးတွေ မဟုတ်သလို သူက သမီးကို စိတ်ဆိုးနေပြီး မျက်နှာပျက်နေတာတောင် မထိန်းနိုင်ဘူး"
ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။ "သမီး သ်ိပါတယ်"
သူမက သက်ပြင်းချလိုက်ပြန်သည်။ "သမီးက စိတ်မကောင်းလို့ပါ။ အရင်တစ်ခါ သူတို့အိမ်သွားတော့ ဝက်ပေါင်ခြောက်နဲ့ ငါးတွေ ဝယ်သွားခဲ့တာ"
ရွှီကျင်းဖန်က ခဏတာ တိတ်ဆိတ်သွားသည်။ "....အင်း အမေလည်း စိတ်မကောင်းဘူး"
ပစ္စည်းများကို ကျန်းမိသားစု၏ ဒုတိယအိမ်ကို ပေးခဲ့သော်လည်း ရွှီကျင်းဖန်က နှမြောနေသေးသည်။
ဒါက တကယ်ကို တွေးစရာ ဖြစ်သည်။ သူက ထျန်ထျန်ကို တကယ်ပဲ ညီမအရင်းလို ဆက်ဆံတယ်ဆိုရင် ကိစ္စတွေ အပြီးမှာ သူမအိမ်ကိုလာပြီး အကျ်ိုးအကြောင်း မေးသင့်ပေမယ့် အခုထိ သူ့အရိပ်အယောင် မတွေ့ရပေ။
ဒါက အပြောသာ ရှိသည်ဆိုတာ သေချာသည်။
ဒီကိစ္စပြီးနောက် ကျန်းထျန်က စိတ်မကြည်ဘဲ သူဆွဲသော မျဉ်းများကပင် နေရာမကျတော့ပေ။
ဒါပေမယ့် မကြာခင်မှာပဲ အမဲလိုက်အဖွဲ့က တောင်အောက်ဆင်းလာကာ တောဝက်များနှင့် အခြားသားကောင်များက်ို ယူလာသည်။
ကျန်းထျန်က မြို့တွင် ကုလျန်မင်ကို ကျောင်းကြိုရန် သွားသည်။ သူမ ပြန်ရောက်သည်နှင့် ခြံထဲတွင် တောကြက်နှစ်ကောင် တွေ့လိုက်ရသည်။
သူမ ပြန်လာတာ မြင်ရတော့ ရွှီကျင်းဖန်က အသံတိုးတိုးနှင့် ပြောလိုက်သည်။ "ထျန်ထျန် လျန်ရွှမ် ပြန်ရောက်နေပြီ!သူ အခန်းထဲမှာ အိပ်နေတယ်"
ကျန်းထျန်၏ မျက်လုံးများက အရောင်လက်သွားကာ တံခါးကို ဂရုတစိုက် တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။သူမက ခုတင်ထံ တိတ်တဆိတ်သွားကာ ထိုင်လိုက်ပြီး ကုတင်အစွန်းကို လက်ထောက်ကာ မေးတင်လိုက်ပြီး ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။
သူက ရေချိုးပြီးစ ဖြစ်ပုံရကာ ဆံပင်များက စိုထိုင်းထိုင်း ဖြစ်နေသေးသည်။
သူ့မျက်ခုံးများက တင်းမာနေပုံပေါ်ကာ မျက်ကွင်းများ ညိုနေပြီး မျက်နှာပေါ်တွင် ဒဏ်ရာအချ်ို့လည်း ရှ်ိသည်။
ပါးတွင်လည်း အသားများ လျော့သွားသည်။
"ထျန်ထျန် ကိုယ် အိပ်နေတယ်"ကုလျန်ရွှမ်က မျက်လုံးဖွင့်ကြည့်လိုက်ပြီး စကားပြောသော အသံက အက်ရှရှ ဖြစ်နေသည်။
ကျန်းထျန်က ခေါင်းခါလိုက်သည်။ "ကျွန်မ သိပါတယ်၊ဘာမှ မပြောပါဘူး"
ကုလျန်ရွှမ်က သက်ပြင်းချလိုက်သည်။ သူမက သူ့ကို ဒီလိုကြည့်နေလျှင် အိပ်မပျော်ဘူးဆိုသည်ကို မသိဘူးထင်သည်။ "အပေါ်လာပြီး ကိုယ်နဲ့အတူ ခဏလောက် လာလှဲပါ"
သူက ပင်ပန်းနေပုံပေါ်ပြီး မျက်လုံးကို ဖွင့်လိုက် ပြန်ပိတ်လိုက် လုပ်နေသဖြင့် ပင်ပန်းနေတာ သေချာသည်။
သူမက ငြင်းရန် လုပ်လိုက်ပြီး စကားလုံးများကို မြိုသိပ်ကာ ပြောလိုက်သည်။ "အင်း၊ ကျွန်မလည်း အိပ်ချင်နေတယ်"
ဒီတစ်ခါမှာတော့ ကုလျန်ရွှမ် အနားမှာ ရှိသည့်အတွက် အိပ်ယာက နွေးထွေးနေသည်။
ဒါပေမယ့် ကျန်းထျန် အိပ်ယာပေါ်ရောက်သည်နှင့် ကုလျန်ရွှမ်က သူမကို တင်းကြပ်စွာ ဖက်လိုက်သည်။
ကျန်းထျန် - "..." သူမက အရုပ်တစ်ရုပ်လို ဆက်ဆံခံနေရသည်ဟု သံသယဝင်မိသည်။
ကိစ္စမရှိပါဘူး သူပင်ပန်းလာတယ်လို့ တွေးပြီး သူမက ခွင့်ပြုလို့ ရပါတယ်။
ကုလျန်ရွှမ်က နောက်တစ်နေ့ မနက်အထိ အိပ်လိုက်သည်။
ကျန်းထျန်လို အိပ်ယာမှ မထချင်သူက စားသောက်ပြီးပြီ ဖြစ်သည်။ သူမက ခုံတွင်ထိုင်ပြီး မြေပဲစေ့နှင့် နေကြာစေ့ စားနေစဉ် အရှေ့အခန်းတံခါး ပွင့်လာသည်။
ရွှီကျင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "မီးဖိုချောင်ထဲ မင်းအတွက် အစားအသောက်တွေ နွှေးထားတယ်။ မလောက်ရင် ခေါက်ဆွဲပြုတ်စားလိုက်"
ကုလျန်ရွှမ်က မီးဖိုခန်းထဲဝင်ကာ ကျန်းထျန်၏ မျက်နှာထက် သုံးဆလောက်ကြီးသော ဇလုံကြီးတစ်ခု ယူလာသည်။ အထဲတွင် ထမင်း ဟင်းများနှင့် ပန်ကိတ်များ ပါသည်။ သူက ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ဆယ်မိနစ်အတွင်း အားလုံးစားလိုက်သည်။
ကျန်းထျန်က သူ့ကို အတော်ကြာ ကြည့်လိုက်သည်။
သူက တိုက်ရိုက် ထုတ်လွှင့် ပြလိိုက်ချင်သည်။ သူ့စားသောက်ပွဲကို သေချာပေါက် အော်ဟစ်အားပေးသူများ ရှိနေလိမ့်မည်။
ကုလျန်ရွှမ် အမဲလိုက်ရာမှ ပြန်လာပြီးနောက် ကျန်းထျန်၏ အိပ်ယာက နွေးထွေးသွားပြီ ဖြစ်သည်။
ကျန်းထျန်က အလွန်ကျေနပ်နေသည်။
ကိစ္စတစ်ခုမှ လွဲ၍ ဖြစ်သည်။
ဒါက ကုလျန်ရွှမ်က သူ၏ လမ်းဟောင်းပေါ် ပြန်ရောက်ကာ ထိန်းမရနိုင် ဖြစ်လာခြင်းဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က တတိယကလေးက မြို့ပေါ်မှလာတော့ ယုန်ဖြူပုံစံ နို့ခဲ ချိုချဉ် နှစ်ကီလို ဝယ်လာသည်။
တစ်ကီလိုကို ရှောင်းဝူနှင့် ရှောင်းလျိုက်ိုပေးကာ တစ်ကီလိုကို ကုလျန်ရွှမ်က ယူလာသည်။
ကျန်းထျန် - "..."
သေချာပေါက် သူမက ထိုညက ချိုချဉ် ငါးခု စားလိုက်ရသည်။
ဒါက ထက်ဝက် ဖြစ်သည်။
ကုလျန်ရွှမ်ကို ဒီလို အန္တရာယ်များသည့် အရာကို မလုပ်နိုင်စေရန် ကျန်းထျန်က ကျန်သောချိုချဉ်များကို အံဆွဲထဲ ထည့်ထားသည်။
ပထမညမှာတော့ အားလုံး အဆင်ပြေနေသည်။
ကျန်းထျန်က စိတ်သက်သာရာ ရသွားသည်။
ဒါပေမယ့် နောက်တစ်ညမှာတော့ ကုလျန်ရွှမ်က သူ့အိတ်ထဲမှ သစ်သီးချိုချဉ် လက်တစ်ဆုပ်စာ ထုတ်လိုက်သည်။
ကျန်းထျန် - "..." သူမက ငိုချင်ပေမယ့် မျက်ရည်မကျပေ။
ချ်ိုချဉ်များက သူမလျှာကို နာကျင်စေသည်။
"ကုလျန်ရွှမ် ရှင်ဆက်လုပ်နေမယ်ဆိုရင် ကျွန်မ မနက်ဖြန် ဘယ်သူ့ကိုမှ ထွက်တွေ့နိုင်တော့မှာ မဟုတ်ဘူး!"
ကျန်းထျန်က သူမခေါင်းကို ကုလျန်ရွှမ်၏ ပခုံးတွင်မှီထားပြီး သူမ၏ အနီရောင် နှုတ်ခမ်းများက အနည်းငယ် ဖူးယောင်နေကာ သူမ၏ မျက်လုံးများက အပြစ်တင်ခြင်းများ ပြည့်နေသည်။
မနက်ဖြန်က အဖွဲ့က အသားဝေမည့်နေ့ဖြစ်ပြီး သူမက အပျော် ဝင်ပါမည် ဖြစ်သည်။
"ရပါတယ်။ မနက်ဖြန် အမေ သွားလိမ့်မယ်" ကုလျန်ရွှမ်က အကြောင်းပြချက်ရှာကာ ဆက်လုပ်ရန် ချိုချဉ် ယူလိုက်သည်။
ကျန်းထျန် - "..."
သူမက သည်းမခံနိုင်တော့သည့်အတွက် ကုလျန်ရွှမ်၏ အပြုအမူကို ရပ်တန့်ရန် အတည်ပေါက် ပြောလိုက်သည်။ "ကုလျန်ရွှမ် ရှင့်အကျင့်က အတော်ဆိုးတယ်လို့ ထင်တယ်"
ကုလျန်ရွှမ် - "?"
ကျန်းထျန် - "..."
သူမက ကုလျန်ရွှမ်ကို အတော်ကြာကြည့်ပြီး ပြောလိုက်သည်။ "ဒါက ဝလာဖို့ လွယ်တယ်"
ကုလျန်ရွှမ် - "ဒါဆို ချိုချဉ် မစားနဲ့"
သူ့စကားဆုံးသည်နှင့် ကျန်းထျန်က လေပေါ်ရောက်သွားသလို ခံစားရကာ လက်နှစ်ဖက်က သူမ ကျောအနောက်နှင့် ဒူးကို ဖက်လိုက်သည်။ သူမ အသိပြန်ဝင်လာချိန်တွင် သူမက ကုလျန်ရွှမ်၏ ပေါင်ပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။
ကျန်းထျန် - "?"
သူမက မော့ကြည့်လိုက်ပေမယ့် ဘာမှမပြောလိုက်နိုင်ခင် သူမနှုတ်ခမ်းကို တစ်ယောက်ယောက်က တားလိုက်သည်။
သူမ မျက်လုံးများက အနည်းငယ် ပွင့်နေပေမယ့် အသိစိတ်ကတော့ ခဏတာ လွတ်သွားသည်။
အသားဝေသည့်နေ့တွင် ကျန်းထျန်က အိမ်မှ မထွက်နိုင်ပေ။
သူမက ဒီလို ကြောက်စရာပုံစံနှင့် အပြင်ထွက်လျှင် အရူးတောင်မှ ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းနိုင်သည်။
ခေါင်းအုံးကို ကိုင်ကာ ကုလျန်ရွှမ်ကို နာနာရိုက်ပြီး ခြိမ်းခြောက်လိုက်သည်။ "ရှင် ဒီလို ထပ်လုပ်ရင် ကျွန်မ ရှင့်ကို လစ်လျူရှု ပစ်မယ်"
ကုလျန်ရွှမ်က သူမ၏ ခါးက်ိုဖက်ကာ ပြောလိုက်သည်။
"ကိုယ် မှားသွားပါတယ်"
ကျန်းထျန် - လူလိမ္မာလေးက ဘာမှားခဲ့တယ်ဆိုတာ သတိထားမိသွားပြီလား?
သူမ မျက်နှာ အမူအရာ၏ အဓိပ္ပါယ်ကို ဖတ်ကာ ကုလျန်ရွှမ်က အနည်းငယ် တောင်းပန်လိုက်ပြီး သူ့နဖူးက်ို ကျန်းထျန်၏ နဖူးနှင့် ထိလိုက်သည်။ "ဒါကို မင်းဆီက သင်ယူခဲ့တာ"
ကျန်းထျန် - "..."
သူမက ဆက်ပြောလို့ မရတော့သည်ကို သိသည် မဟုတ်လျှင် ယဉ်ကျေးမှူများ ပါဝင်လာလိမ့်မည်။
"ဒါဆို ရှင် ကျွန်မကို ရက်နည်းနည်း အနားပေးသင့်တယ်။ စက်ရုံ အလုပ်သမားတွေတောင် နားရက်ရှိသလို ဝက်တွေတောင် အသတ်မခံရခင် ကောင်းကောင်း စားရတယ်"
ကျန်းထျန်က စိတ်တိုနေသည်။
ကုလျန်ရွှမ်က အတော်ကြာ တိတ်ဆိတ်နေသည်။ "မင်း ကိုယ်မင်း ဒီလို မပြောပါနဲ့"
ကျန်းထျန်က သူ့ကို ကြည့်လိုက်သည်။ "ကျွန်မ အကြောင်း ကျွန်မ ပြောနေတာလား?"
ကုလျန်ရွှမ်က သူမကို ကိုက်လိုက်ပြီး ပြောလိုက်သည်။ "ကိုယ့်ကို အဲ့လို မပြောနဲ့"
ကျန်းထျန်က သနားစရာ ကောင်းစွာ ပြောလိုက်သည်။ "ရှင် ကျွန်မကို အားလုံး ပြောတာလေ!"
ကုလျန်ရွှမ်က သူမကို နမ်းလိုက်ပြန်သည်။ "ကိုယ် အကောင်းဆုံး ကြိုးစားပါ့မယ်"
"ကောင်းပြီ။ တစ်ပတ်မှာ တစ်ကြိမ်" ကျန်းထျန်က ကုလျန်ရွှမ်၏ မျက်နှာကို လက်နှစ်ဖက်နှင့် ဖယ်လိုက်ကာ သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
ကုလျန်ရွှမ် - "ဒီတစ်ခုက တစ်ပတ်မှာ တစ်ကြိမ်ဆိုရင် အခြားဟာက တစ်နှစ်မှာ တစ်ကြိမ်လား?"
"မရဘူး" ကုလျန်ရွှမ်က ပြင်းထန်စွာ ငြင်းလိုက်သည်။
ကျန်းထျန်က လက်နှစ်ချောင်းထောင်ကာ သူ့ပါးဘေးကို ကပ်လိုက်သည်။။"နှစ်ကြိမ်?"
ကုလျန်ရွှမ်က သူမခါးကို တင်းကြပ်စွာ ဖက်လိုက်သည်။ "ခြောက်ရက်"
ကျန်းထျန် - "..." ရှင်က ကျိုးပေါင်ပီလား?
ဒီလို ရေတွက်ရမှာ မဟုတ်ဘူးလေ။
သူမကသာ ညှိနှိုင်းချင်သူ ဖြစ်ပြီး ကုလျန်ရွှမ်က မဟုတ်သည်ကို ကျန်းထျန်က သိသွားသည်။
"ဂရုမစိုက်ဘူး၊နှစ်ကြိမ်ပဲ" ကျန်းထျန်က အေးစက်စက် ပြောလိုက်ကာ ကုလျန်ရွှမ်က်ို မကြည့်တော့ပေ။
ကုလျန်ရွှမ်က အနည်းငယ် တွေဝေနေပြီး ပြောလိုက်သည်။ "မင်းက မင်းပြောသလို လုပ်ပြီး ကိုယ်က ကိုယ်ပြောသလို လုပ်ရင်ရော?"
ကျန်းထျန်က မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "အချင်းချင်း ရေတွက်လို့ရလား?"
ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ"
ကျန်းထျန် - "?"
ကုလျန်ရွှမ်-"တစ်ပတ်မှာ ခြောက်ရက်၊ တစ်ရက် နှစ်ကြိမ်၊ မနက် တစ်ကြိမ် ညတစ်ကြိမ်"