← Chapters

အခန်း(၁၀၆)

Vol. 9 Ch. 106

အခန်း(၁၀၆)

Vol. 9 Ch. 106

ညှိနှိုင်းမှုက ကျန်းထျန် ကုလျန်ရွှမ်၏ လေ့ကျင့်ရေး ဝတ်စုံက်ို ဆုတ်ဖြဲလိုက်ကာ အဆုံးသတ် သွားသည်။

ကျန်းထျန်က အလွန် စိတ်မလုံ ဖြစ်မိသည်။

ဒါကြောင့် သူမက ကုလျန်ရွှမ်ကို တစ်ပတ်မှာ ခြောက်ရက် တစ်နေ့လျှင် မနက်တစ်ကြိမ် ညတစ်ကြိမ် လုပ်ရန် ခွင့်ပြုလိုက်သည်။

ကံကောင်းစွာနှင့် ကုလျန်ရွှမ်က မရက်စက်သည့်အတွက် ကျန်းထျန်က အပြင်ထွက်ကာ လူများနှင့် တွေ့နိုင်သည်။

ကျန်းထျန် - မဟုတ်သေးပါဘူး။ ငါ့ရဲ့ လိုအပ်ချက်တွေက အရမ်း နိမ့်နေတာလား?

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုလျန်မင်နှင့် ရှောင်းဝူ ရှောင်းလျိုတို့က နောက်ဆုံးစားမေးပွဲ ဖြေကာ အိမ်ပြန်လာကြသည်။ တရုတ် နှစ်သစ်ကူးက ရက်အနည်းငယ်သာ လိုတော့သည်။

ကုလျန်ရွှမ်က သူဖမ်းလာသော အသားများနှင့် အဖွဲ့မှ အသားများက်ို အသားလုပ်သော စက်ရုံသ်ို့ ရောင်းလိုက်ရာ ယွမ်တစ်ရာကျော် ရသည်။

ဒါက ရတနာ သေတ္တာလေးထဲမှ ကတ် ဆယ်ခုထက် ပိုသည်။

ကျန်းထျန်က နေ့တိုင်း အပြင်ထွက်ကာ ရေတွက်သည်။

သူမက ငွေစုမိသောအခါ ရွှီကျင်းဖန်ကို အိမ်ပြင်ဆင်ရန် ပြောမည်။

အိမ်က အိုဟောင်းနေပြီ ဖြစ်သည်။နှစ်အနည်းငယ် စောင့်ကာ ရောင်းလျှင်ရောင်း မဟုတ်လျှင် ပြန်ဆောက်ရမည်။ ကုမိသားစုတွင် ခြံမြေ ကျယ်သည့်အတွက် နှစ်ထပ် သုံးထပ်အိမ် ဆောက်လို့ရသည်။ အရှေ့နှင့် အနောက်ခြံကို သေချာဂရုစိုက်လျှင် လှပသော စိုက်ပျိုးရေး ခြံအိမ်လေး ဖြစ်နေမည်။

ကျန်းထျန်က ထိုခြံဝန်းမျိုးတွင် နေမည့်အကြောင်း တွေးမိတိုင်း ပျော်ရွှင်စွာဖြင့် စောင်ကို ဖက်ထားလိုက်သည်။

တရုတ်နှစ်သစ်ကူး မတိုင်မီ အိမ်ကို သေချာ ရှင်းလင်းရန် လိုအပ်သည်။

ရွှီကျင်းဖန်က ကျန်းထျန်နှင့် တိုင်ပင်သည်။ "လျန်ရွှမ်ရဲ့ ခြေထောက် မကောင်းခင်က သူ့အခန်းထဲက ပစ္စည်းတွေကို ဖယ်ထားရတယ်။သမီးတို့ လက်ထပ်ပြီးကတည်းက အခန်း မပြောင်းရသေးဘူး။ သမီးတို့ အဲ့ဒီအခန်းကို ပြောင်းသင့်တယ်"

ရွှီကျင်းဖန်က အခန်းသုံးခန်းထဲမှ အနောက်ဘက် အခန်းကို ပြလိုက်သည်။ "အဲ့ဒီအခန်းက ကျယ်ပြီး အတွင်းခန်း အပြင်ခန်းလည်း ရှိတယ်"

ကျန်းထျန်က ဝင်ကြည့်လိုက်သည်။ တကယ်တော့ ကုချန်ချင်းနှင့် ရွှီကျင်းဖန်၏ အခန်းက ပင်မအခန်း၏ ညအရှေ့ဘက်တွင် ဖြစ်သည်။

ကုချန်ချင်း မရှိတော့သည့်နောက် ရွှီကျင်းဖန်က အမွှာနှစ်ယောက်က်ို ဂရုစိုက်ရမည် ဖြစ်ပေမယ့် အသက်ကြီးပြီ ဖြစ်၍ ညဘက် သေချာ မမြင်ရသည့်အတွက် ကုလျန်မင်၏ အခန်းကို ပြောင်းနေလိုက်သည်။ ကုလျန်မင်နှင့် ရှောင်းလျို၏ အကူအညီနှင့်ဆိုလျှင် ပြဿနာ မရှိပေ။

အနောက်ခန်းက အလင်းရောင် သိပ်မရပေ။ အရှေ့ဘက်တွင် ပြတင်းပေါက် တစ်ခုသာရှိပြီး နေထွက်ချိန်ရော နေဝင်ချိန်ပါ အလင်းရောင်ရရန် ခက်သည်။

မပြောင်းလျှင် ပိုကောင်းမည်ဟု ကျန်းထျန်က ထင်သည်။

ဒါပေမယ့် ကုလျန်ရွှမ်က ငြင်းနေပြီး အခန်းက ကြီးသောကြောင့် သူက ဗီရိုများ ထည့်လို့ရကြောင်း ပြောနေသည်။ သူက အလင်းရောင် မကောင်းသည်က်ို ပူစရာမလိုပေ။ သူက နောက်ပိုင်း ပို၍ အားစိုက်ကာ အိပ်ယာခင်းနှင့် စောင်များက်ို နေပူတွင် ထုတ်လှန်းမည်။ ပြီးတော့ စားပွဲတင် မီးအိမ်လည်း ရှ်ိသည် မဟုတ်လား?

ကျန်းထျန်က သူ့ကို သိမ်းသွင်း၍ မရပေ။

ဒီလူက ဘယ်လိုအကြံပေးချက်ကိုမှ နားမထောင်သလို အိမ်ခန်း ပြောင်းသည့်ကိစ္စအတွက် ဘာလို့ ခေါင်းမာနေသည်ကို နားမလည်ပေ။

ကျန်းထျန်က သူ့ကို တစ်လအတွင်း ခြိမ်းခြောက်ခဲ့ပေမယ့် သူက မနက်လင်းတိုင်း အနောက်ခန်းကို သူ့ဘာသာ သန့်ရှင်းရေး လုပ်နေသည်။

ကျန်းထျန် နိုးလာတော့ သူမ တစ်ကိုယ်တည်း ခုတင်ပေါ်တွင် ရှိနေသည်။

သူမကိုယ်ပေါ်မှ စောင်နှင့် အောက်မှ အိပ်ယာခင်းအပြင် ဘာမှမရှိသော အခန်းလွတ်ကို မြင်လိုက်ရတော့ မေးခွန်းများ ပေါ်လာသည်။

"ကုလျန်ရွမ် ဒီလောက်ထိ လုပ်ဖို့ လိိုလို့လား?" ကျန်းထျန်က အနောက်ဘက် အခန်းမှ အိပ်ယာခင်းများ ပြင်နေသော ကုလျန်ရွှမ်ကို မေးလိုက်သည်။

ကုလျန်ရွှမ်က ခုတင်ပေါ်မှ ထကာ ကျန်းထျန်ကို ထိုင်ရန် တွန်းလိုက်သည်။ "အဲ့ဒီအခန်းက အရမ်းဆူတယ်"

ကျန်းထျန်က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်မ မကြားရဘူး" သူမက အိပ်ပျော်နိုင်သူ မဟုတ်ပေ။

ကုလျန်ရွှမ် - "ဒါပေမယ့် ကိုယ်က အအိပ်ဆတ်တယ်"

ကျန်းထျန်က သက်ပြင်းချလိုက်သည်။ သူတို့ကြားတွင် ခြားနားချက်များ ရှိနေသည်။

ကုလျန်ရွှမ်၏ မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။ ဘာခြားနားချက်လဲ?

အခန်းသစ် ပြောင်းပြီးနောက် ကုလျန်ရွှမ်က ပရ်ိဘောဂပစ္စည်းများလုပ်ရန် တောင်ပေါ်တက်၍ အပင်ခုတ်ရန် ဌာနချုပ်တွင် ခွင့်ပြုချက် သွားတောင်းသည်။

ကုပေါင်ကောနှင့် တပ်မဟာ ခေါင်းဆောင်များက ပညာတတ်လူငယ်များအတွက် အဆောင်သစ်များ ဆောက်ရန် တိုင်ပင်ထားသည်။ အရင်ကလာသော ပညာတတ်လူငယ်များက ယခင်လများက လာနေသော လူဟောင်းများနှင့် အတူနေရသည်။ ပညာတတ်လူငယ်ဟောင်း ဖြစ်သော ချန်စုန့်ပင်ထံမှ အဆောင်တွင် ပြသနာများ ဖြစ်ကြောင်း ကုပေါင်ကောက သိရသည်။

ပညာတ်လူငယ်အဖွဲ့သစ်က နှစ်သစ်မတိုင်မီ ရောက်မည် ဖြစ်ပြီး လူဟောင်းများ၏ အဆောင်က သူတို့အတူနေရန် မကြီးပေ။

အဆောင်သစ်ဆောက်ပြီး ပရိဘောဂ ပစ္စည်းများ ထည့်ရမည့်အတွက် လက်သမားများက အလုပ်ရှုပ်နေသည်။

ကုလျန်ရွှမ်က တောင်တက်တောင်ဆင်း လုပ်ကာ သစ်သားနှင့် ဝါးများ သယ်သည်။

တရုတ်နှစ်သစ်ကူး မရောက်မီ ရွှီကျင်းဖန်နှင့် တတိယအဒေါ်က စက်ဘီးနှင့် မြို့ပေါ်နေ့တိုင်း သွားကာ တစ်ခါတစ်ရံ တစ်နေ့လုံး နေခဲ့သည်။

ကုလျန်မင်နှင့် ရှောင်းဝူ ရှောင်းလျိူတို့ကလည်း နေ့တိုင်းအပြင်ထွက်ကာ စားသောက်ချ်ိန်မတိုင်ခင်ထိ ပေါ်မလာပေ။

တတ်ိယကလေးက ကားမောင်းနေသည် ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေး အသင်းက နှစ်သစ်မတိုင်မီ အလုပ်အရှုပ်ဆုံး ဖြစ်သည်။ သူနှင့် ကုရှန်းလီက လူငယ်များ ဖြစ်ပြီး နေ့ရောညပါ မောင်းနိုင်သည်။ သူတို့ပြန်လာသောအခါ အိမ်မပြန်ဘဲ ကျန်းရှို့ရှန်၏ အိမ်တွင် အိပ်ကာ နောက်တစ်နေ့ အလုပ်ပြန်လုပ်သည်။

ဒါကြောင့် နှစ်ဆုံး လစာများ ဝေပေးသောအခါ သူတို့နှစ်ယောက်က အပိုကြေးရသည်။

အထက်ခေါင်းဆောင်များက ကုရှန်းလီကို ပုံမှန်အလုပ်သမားအဖြစ် ခန့်ထားရန် တွေးမိလာကြသည်။အသင်းမှ ပုံမှန်အလုပ်သမားများက သူ့လောက် မကြိုးစားပေ။

ဒါပေမယ့် ဒါက စဉ်းစားနေခြင်းသာ ဖြစ်သည်။

နှစ်စဉ် အလုပ်သမား ပြန်ခန့်ထားသော ကာလရှိသည်။အသင်းက ဒီနှစ် စက်တင်ဘာနှင့် သြဂုတ်လများတွင် လူဖြည့်ထားသည့်အပြင် ဘယ်သူကမှ အနားယူခွင့် မလျှောက်ထားသည့်အတွက် ခေါင်းဆောင်များက စိတ်တိုင်းကျ လုပ်မရပေ။

နှစ်သစ်အကြို မရောက်မီ တစ်ရက်တွင် ကုလျန်ရုန်နှင့် ကုရှန်းလီက မရိတ်ရသေးသော နှုတ်ခမ်းမွေးများနှင့် တွန့်ကျေနေသော အဝတ်များဖြင့် သူတို့အိမ်တံခါးကို ခေါက်လိုက်သည်။

ရွှီကျင်းဖန်က ကုလျန်ရုန်ကို တံခါးဖွင့်ပေးပြီး တတိယအဒေါ်က ကုရှန်းလီကို တံခါးဖွင့်ပေးသည်။

သူတို့က ရွှံ့ထဲ လိမ့်ကျလာသလို ပုံပေါ်နေသော လူနှစ်ယောက်ကို အလိုမကျသည့်ပုံစံနှင့် ကြည့်လိုက်သည်။

ရေနွေးအိုးတည်ကာ နှာခေါင်းပိတ်ပြီး ရွှီကျင်းဖန်က ကုလျန်ရုန်၏ အဝတ်များကို ရေနွေးစိမ်လိုက်သည်။သူမက ယခုမှ ရေချိုးပြီး ခေါက်ဆွဲစားနေသော ကုလျန်ရုန်ကို ပြောလိုက်သည်။

"တတိယကလေး မင်းက အရမ်းကို ဂရုတစ်ိုက်မရှိတာပဲ။ အဝတ်တွေက ပစ်ရတော့မလိုပဲ"

ကုလျန်ရုန်က ခေါက်ဆွဲ တစ်ပန်းကန်စားလိုက်ပြီး နောက်ထပ် တစ်ပန်းကန် ထပ်ယူကာ အရံပစ္စည်းများ ထည့်၍ မွှေလိုက်သည်။

"မတတ်နိုင်ဘူး အမေ။ ရှန်းလီနဲ့ ကျွန်တော်က အမှာစာတွေ အရမ်းများနေလို့ အလုပ်ရှုပ် နေတာ အိပ်ဖို့အချိန်တောင် မရှိဘူး"

"ဒါဆို ဘာလို့ အမှာတွေ အများကြီး လုပ်တာလဲ? အခု အိမ်မှာ ဘာမှမလိုပါဘူး ပြီးတော့ နှစ်သစ် ရောက်ပြီကို မင်းက အိမ်ပြန်မလာသေးဘူး"

ရွှီကျင်းဖန်က သူ့ကို ကြည့်လိုက်သည်။ "မင်း ပြန်မလာရင် ပင်းပင်းနဲ့ အန်းအန်းက သူတို့ရဲ့ တတိယဦးလေးကို မှတ်မိတော့မှာ မဟုတ်ဘူး"

ကုလျန်ရုန်က ခေါက်ဆွဲစားနေရင်း ကြည့်လိုက်သည်။ "ကျွန်တော့်မှာ အရေးတကြီး လုပ်စရာရှိတယ်" သူက ခေါက်ဆွဲ ပြန်စားလိုက်သည်။

စားပြီးနောက် ပါးစပ်သုတ်ကာ ပြောလိုက်သည်။ "ရှို့ရှန်ရဲ့ ဘေးအိမ်က ယွမ်၉၀၀နဲ့ အိမ်ရောင်းမှာ"

ရွှီကျင်းဖန်က ဘောင်းဘီကို မတင်ကာ ကုလျန်ရုန်ရှေ့တွင် ထိုင်လိုက်သည်။ "မင်း ဝယ်ချင်လို့လား?"

ကုလျန်ရုန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ အိမ်က ကောင်းတယ်။ အခန်းကလည်း အရှေ့ခြမ်းမှာ နှစ်ခန်းနဲ့ အနောက်ခြမ်းမှာ နှစ်ခန်းရှိတယ်။ ခြံထဲမှာလည်း ရေတွင်းရှိတယ်။ အားလုံး အဆင်ပြေတယ်"

"ငွေ ဘယ်လောက် လိုနေသေးလဲ?" ရွှီကျင်းဖန်က မေးလိုက်သည်။

ကုလျန်ရုန်က ခေါင်းအနောက်ဘက်ကို ကိုင်ပြီး ပြောလိုက်သည်။ "ကျွန်တော်က ပို့ဆောင်ဆက်သွယ်ရေး အသင်းမှာ လနည်းနည်းပဲ လုပ်ရသေးတယ်။ စုငွေနဲ့ အစ်ကိုကြီးပေးတာနဲ့ ပေါင်းရင် ယွမ်၆၀၀ ကျော်ရှိပြီး ရှို့ရှန်က ၁၀၀ကျော် ချေးတော့ ၁၀၀ကျော်ပဲ ကျန်တော့တယ်"

"အမေ ပေးမယ်" ရွှီကျင်းဖန်က ချက်ချင်း ပြောလိုက်သည်။

"မင်းကအခု မြို့ပေါ်မှာ စာရင်းသွင်းထားပြီး ပို့ဆောင်ဆက်သွယ်ရေးအသင်းမှာ အလုပ်လုပ်နေတယ်။လက်ထပ်ပြီးရင်လည်း မြို့ပေါ်မှာ နေရမှာပဲ။ ကိုယ်ပ်ိုင်အိမ် ရှိထားတာ ကောင်းတယ်။ သင့်တော်ပါတယ်"

"ရေရှည်မပြောဘဲ အခုကိုပဲ ပြောကြတာပေါ့။ ရှောင်းမင်လည်း နောက်ပိုင်း ကျောင်းတက်ရင် မြို့ပေါ်မှာ နေရပြီး ရှောင်းဝူနဲ့ ရှောင်းလျိုကလည်း မြို့ပေါ်မှာ အထက်တန်း တက်ရမယ်လေ"

ကုလျန်ရုန်က ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော်လည်း ဒီလိုပဲ တွေးတယ်။ ဒါပေမယ့် အမေ ကျွန်တော် အစ်က်ိုကြီးဆီက ချေးတာ ပိုကောင်းမယ်ထင်တယ်"

"သူ ယွမ်တစ်ရာကျော် အသားတွေ ရောင်းထားတယ် မလား?"

"ဒီလိုလည်း ရတာပဲ" ရွှီကျင်းဖန်က ပြောလိုက်သည်။

"မင်းလည်း မငယ်တော့ဘူး။ အလုပ်ရပြီး အိမ်လည်းရပြီး နှစ်နည်းနည်းလောက် စုဆောင်းပြီးရင် လက်ထပ်တော့"

ကုလျန်ရုန်က သူ့အစ်ကိုကြီးကို သွားရှာခဲ့သည်။

ကျန်းထျန်ကလည်း ထိုနေရာတွင် ရှိနေသည်။ သူမက သူအိမ်ဝယ်မည်ကို ကြားတော့ သူမကလည်း ဝယ်သင့်သည်ဟု ခံစားလိုက်ရသည်။

ဒါက အိမ်ခြံမြေလုပ်ငန်းပဲ အထူးသဖြင့် ပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်မှု အခွင့်အရေးများမယ့်ကိစ္စပဲ။ ဒီကိစ္စသာ အောင်မြင်လျှင် နေ့ချင်းညချင်း သူဌေး ဖြစ်နိုင်သည်။

"ရှို့ရှန်ရဲ့ အိမ်နီးချင်းတွေထဲမှာ အိမ်ရောင်းချင်သူတွေ ရှိသေးလား?" ကျန်းထျန်ကလည်း တစ်လုံး ဝယ်ချင်သည်။ လူချမ်းသာတို့၏ ခြေလှမ်းကို လိုက်သည်က အမှားမရှိပေ။

ကုလျန်ရုန်က သူမကိုကြည့်ပြီး မေးလိုက်သည်။ "မရီးလည်း အိမ်ဝယ်ချင်လို့လား?"

ကုလျန်ရွှမ်ကလည်း သူမကို ကြည့်လိုက်သည်။ "မင်း မြို့မှာ အိမ်ဝယ်ချင်လို့လား?"

ကျန်းထျန်က တိတ်ဆိတ်သွားသည်။ ဒါကို အနာဂတ်တွင် အိမ်စုဆောင်းသည်ဟု ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

"အင်း။ဝယ်ထားတဲ့ အိမ်မှာ နေစရာ မလိုပါဘူး။ငှားထားပြီး ငွေရှာလို့ရတယ်" ကျန်းထျန်က ငွေသေတ္တာကိုင်ထားရင်း ထိုနှစ်ယောက်ကို ရှင်းပြလိုက်သည်။

"တကယ်လို့ အိမ်ဆယ်လုံး ရှိတယ်ဆိုရင် တစ်လငှားခက ခြောက်ယွမ်သာဆိုရင် တစ်လမှာ ယွမ်ခြောက်ဆယ် ဝင်လိမ့်မယ်!"

"သက်တမ်းရင့် အလုပ်သမားထက်တောင် များသေးတယ်"

ကုလျန်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမယ့် မရီး အဓိကက အိမ်ဆယ်လုံးရှိပြီး အိမ်တိုင်းငှားမယ်ဆိုရင် အိမ်ငှားတွေက အချန်မီ လစာပေးဖို့ လိုမယ်"

ကျန်းထျန်က ခေါင်းမော့လိုက်သည်။ "ဒါကြောင့် အခုထဲက အစီအစဉ် ချသင့်ပြီမလား?"

ကုလျန်ရုန်က သူ့အစ်ကိုကြီးကို တိတ်တဆိတ် ကြည့်လိုက်သည်။ "ဒါဆို ကျွန်တော့်ကို ငွေချေးဦးမှာလား?"

ကုလျန်ရွှမ်က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ "မင်း မရီးပြောတာ နားထောင်"

ကုလျန်ရုန်က ကျန်းထျန်ကို ကြည့်လိုက်ပြန်သည်။

ကျန်းထျန်က သေတ္တာဖွင့်ကာ စာအိတ်တစ်အ်ိတ် ယူလိုက်ပြီး ကတ်၁၂ခု ထုတ်ကာ သုံးကြိမ်ရေတွက်လိုက်ပြီး ကုလျန်ရုန်ကို ပေးလိုက်သည်။

"ဒီမှာ!အိမ် ရရင် အစ်ကိုနဲ့ မရီးကို ပြောဖို့ မမေ့နဲ့နော်"

ကုလျန်ရုန်က သူ့အင်္ကျီနှင့် လက်သုတ်ကာ ကတ်ပြားများကို ယူလိုက်သည်။ "ဒါပေါ့ ဒါပေါ့!"

အိမ်ဝယ်ရန် ငွေစုပြီးနောက် ကုလျန်ရုန်က ဝန်ပေါ့သွားသည်။

သူက အလွန်ပျော်ရွှင်နေကာ နှစ်သစ်မတိုင်မီထိ ရုံးမပိတ်လျှင် သူကမြို့ပေါ်သွားကာ အပြောင်းအရွှေ့က်ိစ္စ လုပ်တော့မလို ဖြစ်နေသည်။

နှစ်သစ်အကြို မနက်စောစော ကြက်မတွန်ခင်ကပင် လူအများက အပြင်ဘက်တွင် မီးဖိုထားကြသည်။

ကျန်းထျန်က အိပ်ယာမှထကာ နောက်ခြံဝင်းထဲသ်ို့ ရီဝေစွာဖြင့် ထွက်လာခဲ့သည်။ စိတ်ကြည်စေရန် သွားတိုက် မျက်နှာသစ်သောအခါ ရေအေးကို သုံးလိုက်သည်။

ထို့နောက် အလုပ်ရှုပ်သည့်နေ့ စတင်လာခဲ့သည်။

ပြတင်းပေါက် စက္ကူများ ညှပ်ကာ နွေဦးပွဲတော် စကားလုံးများ ထည့်ပြီး ဖက်ထုပ်များလုပ်ကာ ဆန်မုန့်များလုပ်ကြပြီး နှစ်သစ်ကူးအကြို ညစာစားပွဲအတွက် ပြင်ဆင်နေသည်။

နှစ်သစ်အကြို ညစာစားပွဲက ယခင် ဆောင်းဦးလယ်ပွဲတော်ကထက် ပို၍ အစားအသောက် ပေါများသည်။

ထမင်းနှင့် ဂျုံပေါင်မုန့် အပါအဝင် ပန်ကိတ်၊ဖက်ထုပ် နှင့် အခြား အကြော်ဟင်းများ၊ အကင်ဟင်းများ၊အအေးစာများ၊ ကြက်သား၊ ဘဲသား၊ ငါး၊ အမဲသား၊ကြက်ဥနှင့် အဆာပြေမုန့်များကဲ့သို့ အခြားစားစရာများလည်း ပါသည်။

တစ်ရက်လုံး ဘယ်သူမှ အနားမရဘဲ မီးဖိုနှင့် အနောက်ခြံထဲမှ မီးဖိုများတွင် တစ်ရက်လုံး မီးမွှေးထားရသည်။

ကျန်းထျန်က အစားအသောက် ပြင်ရာတွင် ကူညီကာ ကုအိမ်နှင့် တတိယအဒေါ်၏ အိမ်သို့ အသွားအပြန် လုပ်ပြီး ရွှီကျင်းယောင်အိမ်နှင့် မြို့ပေါ်မှ ကျန်းရှို့ရှန်၏ အိမ်ကို ပစ္စည်းများ သွားပို့လိုက်သည်။

မြို့ပေါ် သွားသောအခါ ကျန်းထျန်က သူမနှင့်အတူ သတင်းစာရေးသော ထူးဆန်းသည့် ပညာတတ်လူငယ် လုဖန်ဝေ့နှင့် ဆုံခဲ့ပြန်သည်။

သူက အလျင်စလိုနှင့် ကျန်းထျန်၏ စက်ဘီးကို ဝင်တိုက်မိမလို ဖြစ်သွားပေမယ့် ဘာမှ ပြင်းပြင်းထန်ထန် ဖြစ်မသွားပေ။

နှစ်သစ်အကြိုတွင် တစ်ညလုံးနေရန် လိုအပ်သည်။

နှစ်သစ်အကြို စားသောက်ပွဲ မတ်ိုင်ခင့ ကုလျန်ရွှမ်က ဗျောက်အိုး အတွဲယူလာကာ အရှေ့အခန်း ပြတင်းပေါက်အောက်တွင် ချိတ်ထားသည်။ သူက မီးခြစ်ဆံနှင့် မီးညှိလိုက်ရာ မကုန်ခင်အထိ ပေါက်ကွဲသံများ ဆူညံသွားသည်။

ရွှီကျင်းဖန်နှင့် ကုလျန်မင်က အမွှာလေးနှစ်ယောက်၏ နားကို အုပ်ထားပြီး သူတို့ လက်ဖယ်လိုက်သည်နှင့် ကျန်သောအရာက ထပေါက်သည်။

ရွှီကျင်းဖန်က ထိတ်လန့်ကာ နားက်ို ပြန်အုပ်လိုက်ပြန်သည်။

အမွှာလေး နှစ်ယောက်က မကြောက်ပေ။ သူတို့က လက်သီးဆုပ်ကာ ပျော်နေကြသည်။

"ဒီကလေးနှစ်ယောက်က သတ္တိရှိတာပဲ" ရွှီကျင်းဖန်က ပြုံးကာ ပင်းပင်းနှင့် အန်းအန်း၏ နှာခေါင်းကို ထိလိုက်သည်။

အားလုံး ထိုင်လိုက်ပြီးနောက် ရွှီကျင်းဖန်က လိမ္မော်ရည်ယူကာ ကုလျန်မင်နှင့် ကုလျန်ရုန်ကို ပြောလိုက်သည်။

"အမေ အရင်စကားပြောမယ် မင်းတို့က အမေပြီးမှ ပြောကြ!"

ကုလျန်ရုန်နှင့် ကုလျန်မင်က ခေါင်းငြိမ့်လိုက်သည်။

"အမေတို့ ကုမိသားစုက ပိုပိုပြီး ကောင်းလာဖို့ မျှော်လင့်ပါတယ်!" ရွှီကျင်းဖန်က အသိပညာ အပြည့်ရှိပေမယ့် ယခု ဒါကိုပဲ ပြောလိုသည်။

နှစ်သစ်အကြို ညစာစားပွဲက နောက်နေ့ မနက်ထိ ကြာခဲ့သည်။ပြီးသွားတော့ အိပ်ရေးမဝခင်မှာပဲ ထကာ ရွာထဲတွင် နှစ်သစ်ကြိုဆိုခြင်းလုပ်ရန် သွားရသည်။

ဆေးကြောသန့်စင်ပြီး ဖက်ထုပ်နှင့် ဆန်မုန့်များ စားလိုက်ပြီး ကုလျန်ရွှမ် ဦးဆောင်ကာ ကျန်းထျန်နှင့်အတူ မောင်နှမများနှင့် နှစ်သစ်ကြိုဆိုရန် သွားလိုက်သည်။

ရွှီကျင်းဖန်နှင့် အမွှာများက အိမ်တွင်နေပြီး အခြားသူများ လာမည်ကို စောင့်နေသည်။

ဒါက အိမ်ရှေ့ထိ သွားရောက်သည့် နှစ်သစ်ကြိုဆိုခြင်း ဖြစ်ပြီး လူတိုင်းကို ပြောရမည်။ တစ်ခါတစ်ရံ အိမ်တစ်အိမ်တွင် စကားနည်းနည်း ပိုပြောလိုက်လျှင် နေ့လည်စာစားချိန်ထိ အိမ်ပြန်မရောက်တော့ပေ။

All Chapters