← Chapters

အခန်း(၁၀၇)

Vol. 9 Ch. 107

အခန်း(၁၀၇)

Vol. 9 Ch. 107

နှစ်သစ်ပြီး နောက်တစ်ရက် အလုပ်သွားရချိန် ကုလျန်ရွှမ်က မြို့ပေါ်သွားကာ ပိုင်ဆိုင်မှု လွှဲဲပြောင်းသည့်ကိစ္စကို လုပ်ခဲ့သည်။

ပိုင်ဆိုင်မှုအဖြစ် ရပြီးနောက် သူက အိမ်တွင်း အိမ်ပြင် ရှင်းလင်းရန် ရက်အနည်းငယ် သုံးခဲ့ရသည်။

ကုလျန်ရုန်က နေ့ကောင်းနေ့မြတ် ရွေးကာ ဆွေမျိုးများနှင့် သူငယ်ချင်းများကို စားသောက်ပွဲလုပ်ရန် ဖိတ်ခဲ့သည်။

သူက မြို့ပေါ်တွင် အိမ်ဝယ်ထားသည်ကို သိသူများကိုသာ ပြောခဲ့သည်။ တပ်မဟာမှ လူများက ကုလျန်ရုန်က ယခု ပို့ဆောင်ဆက်သွယ်ရေးအသင်းမှ ဒရိုင်ဘာဆိုသည်ကိုသာ သိထားပြီး အခြားအရာများ မသိထားပေ။

နှစ်သစ်ရောက်ပြီး ဧပရယ် အစောပိုင်းတွင် ကုလျန်ရုန်နှင့် ကုလျန်ရွှမ်က ခရိုင်မြို့ တွင် ဆရာဝန်နှင့်တွေ့ရန် သွားခဲ့သည်။

ကျန်းထျန်က ဒီတစ်ကြိမ် မလိုက်ခဲ့ပေ။ ပထမအချက်က သူမက ကားမူးတတ်ပြီး ဒုတိယအချက်က သူတို့က အချိန်ကြာ နေမည်မဟုတ်ဘဲ အခုသွား အခုလာ ဖြစ်သောကြောင့် ဖြစ်သည်။

ခရိုင်မြို့ကို ရောက်ပြီးနောက်မှာ သူတို့နှစ်ယောက်က ဆေးရုံကို တိုက်ရိုက် သွားခဲ့သည်။

ကုလျန်ရွှမ်က သမားတော်ယန်၏ ရုံးခန်းထဲ တည့်တည့်မတ်မတ် ဝင်သွားရာ သမားတော်ယန်က ချက်ချင်း အံ့သြသွားသည်။

"လျန်ရွှမ် မင်းခြေထောက်"

တုန်နေသော လက်များနှင့် မျက်မှန်ကောက်တပ်ကာ ကုလျန်ရွှမ်ကို အထက်အောက် ကြည့်လိုက်ပြီး ညာခြေထောက်တွင် အကြည့်ရပ်သွားသည်။

"အဆင်ပြေရဲ့လား?"

ကုလျန်ရုန်က အလွန် တွေးပေးတတ်သည့်အတွက် သမားတော်ယန်ကို ရှေ့တိုးကာ ကူပေးလိုက်သည်။

"အဘိုး စိတ်လျှော့ပါ။ အစ်ကို့ခြေထောက်တွေက အခု သက်သာသွားပြီး တောင်ပေါ်တက်လို့ရသလို မြစ်ထဲ ဆင်းလို့ရတယ်။ ပြေးလို့ ခုန်လို့ ရသလို စက်ဘီးတောင် စီးလို့ရတယ်။ အခုတစ်ခါ လာတာက သူတစ်ကယ်ပဲ သက်သာသွားတာလားဆိုတာ ပြမလို့ လာတာပါ"

"ထိုင်ပါ ထိုင်ပါ အဘိုးကြီး ကြည့်ပါရစေ" သမားတော်ယန်က ကုလျန်ရွှမ်ကို လက်ကာပြလိုက်သည်။သူက ထိုင်လိုက်ပြီး ကုလျန်ရွှမ်၏ ဒဏ်ရာကို ကြည့်လိုက်သည်။ ပြန်လည် ကောင်းမွန်မှုက သမားတော်ယန်၏ အတွေးထက် ပိုနေသည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

"ဖြစ်နိုင်ပါတယ်၊ ဆေးလိမ်းတာလား?" သမားတော်ယန်က ကုလျန်ရွှမ်ကို မေးလိုက်သည်။

ကုလျန်ရွှမ်က ခဏကြာ စဉ်းစားလိုက်သည်။ "ဆရာ နောက်ဆုံး ပေးလိုက်တဲ့ ဆေးပဲ။ ဆေးသောက်ပြီး ကျွန်တော် တပ်မဟာ ဆေးခန်းက သမားတော်ပေးတဲ့ ပြင်ပဒဏ်ရာ လိမ်းဆေးကို လိမ်းခဲ့တာ။ သာမန် လိမ်းဆေးပါပဲ" ပုလင်းကြီးကို ၂ ဆင့်သာပေးရသည်။

"ဒဏ်ရာအရ ကြည့်ရမယ်ဆိုရင် သေသေချာချာ ပြန်ကောင်းသွားတဲ့ပုံပဲ။ ဒါပေမယ့် ပြန်ကောင်းနှုန်းက မှန်းထားတာထက် ပိုမြန်နေတယ်။ မတော်တဆ တစ်ခုခု စားခဲ့မိလို့ဖြစ်မယ်"

သမားတော်ယန်က လက်မြှောက်လိုက်သည်။ "မင်း သွေးကြောကို စမ်းကြည့်မယ်"

သမားတော်ယန်က ရလဒ်ကြောင့် အလွန်ကျေနပ်နေသည်။ "မဆိုးပါဘူး အရင်ထက် ပိုကောင်းတယ်။ ပုံမှန် အတိုင်းပဲ"

"စစ်ကြည့်ပေမယ့် ပြသနာ မရှိပါဘူး ဒါပေမယ့် မင်း ဂရုစိုက်ဖို့တော့ လိုတယ်။ မင်းဒဏ်ရာက အဲ့တုန်းက အရမ်းပြင်းလို့ ပြန်ကောင်းမယ်တောင် မထင်ထားဘူး"

သမားတော်ယန်က မေးခွန်းများစွာ စိတ်ထဲ ရှိနေပြီး ကုလျန်ရွှမ်က ထူးချွန်သည့် သမားတော်တစ်ယောက်နှင့် တွေ့ခဲ့ပြီး ထိုသူက သူ့ကို ကုပေးခဲ့သည်ဟု ထင်မိသည်။

ဒါက ထုတ်ပြောရန် မသင့်တော်သည့်အတွက် ထူးချွန်သည့် သမားတော်က အရမ်း ခမ်းနားကြီးကျယ်သူ မဟုတ်လောက်ပေ။ သမားတော်ယန်က စိတ်ထဲမှ သက်ပြင်းချကာ ညွှန်ကြားချက်များ ပေးလိုက်သည်။

အလုပ်ဆင်းချိန် ရောက်ပြီ ဖြစ်သည့်အတွက် သမားတော်ယန်က သူတို့နှစ်ယောက်ကို အိမ်တွင် ထမင်းစားဖိတ်ကာ ညအိပ်ခိုင်းခဲ့သည်။ နောက်တစ်ရက်တွင် ကုလျန်ရွှမ်နှင့် ကုလျန်ရုန်က ရထားနှင့် ပြန်လာခဲ့သည်။

ရက်များရေတွက်ကာ ကျန်းထျန်က ခေါင်းစည်းကြိုးများနှင့် သူမလုပ်ထားသော ယုန်သားရေလက်အိတ်များကို ယူကာ မြို့ပေါ်လာခဲ့သည်။ သူမက ပစ္စည်းများကို ရှိူ့ရှန်ကိုပေးပြီး ပြတင်းပေါက်မှ စောင့်ကြည့်နေကာ ဘူတာရုံမှ ထွက်လာသူနှစ်ယောက်ကို လက်ပြလိုက်သည်။

"ရှိူ့ရှန် ခေါက်ဆွဲနှစ်ပွဲပေး အပို ပွဲကြီးတစ်ပွဲ!" ကျန်းထျန်က မီးဖိုချောင်မှ ဝန်ထမ်းများ ကြားစေရန် အော်ပြောလိုက်သည်။

ညီအစ်ကို နှစ်ယောက်က စားသောက်ဆိုင်ထဲ ဝင်လာကာ ကျန်းထျန်၏ ရှေ့တွင် ထိုင်လိုက်သည်။ ကျန်းထျန်က အလျင်အမြန် မေးလိုက်သည်။ "ဘယ်လိုလဲ? သမားတော်ယန်က ဘာပြောလိုက်လဲ?"

ကုလျန်ရွှမ်က ဖန်ခွက်ထဲ ရေထည့်ကာ ရေအရင်သောက်ပြီး ပြောလိုက်သည်။ "သမားတော်က ပြဿနာ မရှိတော့ဘူးတဲ့"

ကျန်းထျန်က ပြုံးလိုက်သည်။ "ဒါဆို အမေ စိတ်အေးလို့ရပြီ"

စားသောက်ဆိုင်မှ သာမန်ခေါက်ဆွဲစားပြီး ဗိုက်ဖြည့်ကာ သူတို့က အဖွဲ့ထံ ပြန်လာခဲ့သည်။

မထင်ထားစွာဘဲ သူတို့ ကျောက်တံတားကို ရောက်သောအခါ လုဖန်ဝေ့က သူ့ထံ ပြေးလာသည့်အတွက် ကုလျန်ရွှမ်က စက်ဘီးရပ်လိုက်ရသည်။

လုဖန်ဝေ့က ရှက်ရွံ့စွာ မျက်လုံးကို ပွတ်လိုက်ပြီး သူ့အကြည့်က ကျန်းထျန်ကို ကြည့်မိကာ ပျော်ရွှင်သွားပြီး ကျန်းထျန်၏ လက်ကို ဆွဲလိုက်သည်။ "ရဲဘော် ကျန်းထျန်"

ကုလျန်ရွှမ်က လက်ဆန့်ကာ သူ့ကိုတားလိုက်ပြီး မရင်းနှီးသော အမူအရာဖြင့် ပြောလိုက်သည်။ "ရဲဘော်လု"

လုဖန်ဝေ့က သူ့ကိုကြည့်ကာ မြန်မြန် ပြောလိုက်သည်။

"ရဲဘော်ကု ကျွန်တော် ရဲဘော် ကျန်းထျန်နဲ့ အရေးတကြီး ပြောစရာရှိလို့ပါ၊ စိတ်မရှိပါနဲ့"

သူက ယခုမှ ကုမိသားစုအိမ်မှ ပြန်လာကာ ကျန်းထျန် မြို့ထဲသွားသည်ကို သိရသဖြင့် သူက သူမကိုရှာရန် ထွက်လာခြင်း ဖြစ်သည်။

"ကျွန်တော် ရဲဘော်ကျန်းထျန်နဲ့ စကားပြောလို့ရအောင် ဘေးဖယ်ပေးပါလား?" လုဖန်ဝေ့က တိုက်ရိုက် ပြောလိုက်သည်။ "ရဲဘော်ကု ဒါက မသင့်တော်ဘူးလား?"

ကုလျန်ရွှမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ကျွန်တော် ဒီမှာ ရှိနေရမယ်" ဒီကောင်လေးက ဘာတွေတွေးနေသည်ကို ဘယ်သူ သိမှာလဲ?

ကုလျန်ရုန်ကလည်း ပျင်းရိစွာ ဘေးမှ ကျောက်တုံးကို မှီပြီး ပြောလိုက်သည်။ "အစ်ကိုကြီး ရှိရင် ကျွန်တော်လည်း ရှိနေရမယ်။ ကျွန်တော်တို့က မိသားစုမလို့ အရမ်း ရှင်းလင်းစရာ မလိုပါဘူး"

လုဖန်ဝေ့က မျက်ခုံးကို ဖိလိုက်ပြီး ကြည့်လိုက်သည်။ "တကယ်ကို ဒီမှာရှိနေဖို့ မသင့်တော်လို့ပါ"

ကျန်းထျန်က ကုလျန်ရွှမ်၏ ပခုံးနောက်မှ ချောင်းကြည့်ကာ မေးလိုက်သည်။ "မသင့်တော်တာ ရှိလို့လား?"

ဒီပညာတတ်လူငယ်က သူ့ကို မြင်တိုင်း ထူးဆန်းနေသည်ဟု သူမက ခံစားမိသည်။

လုဖန်ဝေ့က နှုတ်ခမ်းစေ့လိုက်ကာ အလိုမကျသည့်ပုံစံနှင့် သူမကို 'ဘာလို့ မသိရတာလဲ' ဟူသော အကြည့်နှင့် ကြည့်နေသည်။

ဒါပေမယ့် ကျန်းထျန်က ကြောက်လန့်စွာ ချက်ချင်း အကြည့်ရှောင်လိုက်သည်။

လုဖန်ဝေ့က သူ့ရှေ့တင် ကျန်းထျန်ကို အီစီကလီပြောနေသည်ကို မြင်သောကြောင့် ကုလျန်ရုန်က မျက်လုံးကို မှေးလိုက်ကာ သတိပေးသံနှင့် ပြောလိုက်သည်။ "ရဲဘော်လုက ကျွန်တော့်မိန်းမနဲ့ စကားနိုင်လုချင်တာလား?"

ကျန်းထျန်က ဒါကိုကြားတော့ ချက်ချင်းပဲ ကုလျန်ရွှမ်ကို လက်ဖြင့် ထိလိုက်သည်။

သူမက အလိုမကျစွာ ကုလျန်ရွှမ်၏ အနောက်တွင် ပုန်းနေသည်။ "ခက်ခဲအောင် မလုပ်ပါနဲ့"

သူမက သူ လုဖန်ဝေ့ကို ထိုးလိုက်ပြီး ဆေးရုံပို့ပစ်မည်ကို စိုးရိမ်နေသည်။

ကုလျန်ရွှမ်၏ ခန္ဓာကိုယ်က အေးစက်သွားကာ နှစ်စက္ကန့်လောက် ရပ်သွားပြီး သူက ပြောလိုက်သည်။ "လျန်ရုန် အိမ်ပြန်တော့"

သူက ပြောပြီးသည်နှင့် စက်ဘီးပေါ်တက်ကာ ထွက်ရန် လုပ်လိုက်သည်။

လုဖန်ဝေ့က အကြောက်အလန့်မရှိဘဲ စက်ဘီးလက်ကိုင်ကို လက်တစ်ဖက်နှင့်ကိုင်ကာ နောက်တစ်ဖက်နှင့် တားလိုက်သည်။

"ကျွန်တော် တကယ်ကို အရေးတကြီး ပြောစရာ ရှိတာပါ။ရဲဘော် ကျန်းထျန်ရဲ့ ဘဝအတွေ့အကြုံကို သိချင်လို့ပါ!"

လုဖန်ဝေ့က ပေကျင်းမှ ပညာတတ်လူငယ် ဖြစ်သည်။သူ့အမူအရာနှင့် အပြောအဆိုက မတူညီသည့် ခံစားချက်ကို ရစေသည်။ ကုပေါင်ကောနှင့် တတိယအဒေါ် အိမ်လာစဉ်က သူ့အကြောင်းပြောတော့ သူတို့စကားတွေက ဒီလူငယ်အပေါ် လေးစားမှုအပြည့် ရှိနေသည်။

လုဖန်ဝေ့ကသာ အဖွဲ့တွင်နေလျှင် ကုပေါင်ကောက အဖွဲ့ခေါင်းဆောင် ဖြစ်ရန် လေ့ကျင့်ပေးမလို ပုံပေါ်နေသည်။

ဒါကိုကြားတော့ ကျန်းထျန်က အနည်းငယ် တုန်လှုပ်သွားသည်။

ဒါက တိုက်ဆိုင်မှုပဲလား?

သူမက မကြာခင်ကမှ ကျန်းမိသားစု၏ သမီးရင်း မဟုတ်သည်ကို သိခဲ့ရသည်။ နှစ်ထက်ဝက်တောင် မကြာခင်မှာ သူမ မိသားစုက လာလည်တယ်တဲ့လား?

ဒါက မဖြစ်နိုင်ဟု ကျန်းထျန်က ထင်မိသည်။

အပြင်လူတွေက သူမနှင့် ကျန်းမိသားစုအကြောင်း မသိပေ။ သူမက ဘယ်သူ့ကိုမှ မပြောဖူးသလို ဇာတ်ကြောင်းသိသည့် ကုမိသားစုနှင့် ရွှီကျင်းယောင်ကလည်း ထုတ်ပြောမည် မဟုတ်ပေ။

ကျန်းမိသားစုနှင့် ဟွမ်မိသားစုကလည်း ကြီးကြီးမားမား ဘာမှ လုပ်ထားသည်ကို မတွေ့ရပေ။

မိသားစုနှစ်ခုလုံးမှ လူများက ဒီ လျှို့ဝှက်ချက်ကို တစ်သက်လုံး သေသည်အထိ ထုတ်ပြောမည် မဟုတ်ပေ။

ကျန်းမိသားစုမှ ခွဲထွက်သွားသော ကျန်းကောရှန် မပြောလျှင် ကျန်းထျန်က သူမဘဝအကြောင်း အမှန်ကို သိရမည် မဟုတ်ပေ။

သူမက ကျန်းကောပင် ပြောသလို သူမက အဘိုးကျန်းက သူ့ဇနီးပျော်စေရန် သူမကို မွေးစားသည်ဟုသာ ထင်မိလိမ့်မည်။

ဒီလိုအရာက အပြင်ကို ထုတ်ပြောရန် မသင့်တော်သည့်အတွက် ကုလျန်ရွှမ်က လုဖန်ဝေ့ကို ကြည့်လိုက်သည်။

"တတိယကလေးရဲ့ စက်ဘီးပေါ်တက်ပြီး အိမ်ရောက်မှပြော"

ထိုသို့ပြောပြီးနောက် လုဖန်ဝေ့က ကုလျန်ရုန်၏ စက်ဘီးပေါ် ခုန်တက်လိုက်ပြီး ကုလျန်ရွှမ်က အမြန်နှုန်းနှင့် စက်ဘီးနင်းသွားလိုက်သည်။

ကျန်းထျန်က သူ့ကိုကြည့်ကာ အော်ပြောလိုက်သည်။

"ကုလျန်ရွှမ် သူက ကျွန်မကို လှည့်စားမလို့ ထင်တယ်"

သူမက ဘာလို့ လုဖန်ဝေ့လို ပေကျင်းမြို့မှ လာပြီး လူချမ်းသာ အသိုင်းအဝိုင်းမှ ဆိုတာ သေချာသူက သူမလို ကျေးလက်ဒေသက အမျိုးသမီး တစ်ယောက်ကို လိမ်ညာမှာလဲဆိုတာ နားမလည်ရမှာလဲ?

သူမက ကုလျန်ရွှမ် မပျော်ရွှင်နေပုံကို မြင်သောကြောင့် ပတ်ဝန်းကျင်ကို သာယာလာစေရန် လုပ်နေခြင်း ဖြစ်သည်။

"မဟုတ်ပါဘူး" ကုလျန်ရွှမ်က သူမကိုကြည့်ကာ ပြောလိုက်သည်။ "သူက မင်းကို မလှည့်စားပါဘူး။ ကိုယ် ရှိတယ်လေ"

ကျန်းထျန်က သူ့ကျောကို မှီကာ ခေါင်းငြိမ့်လိုက်သည်။

ရွှီကျင်းဖန် အိမ်ရောက်တော့ လူသုံးယောက်က အိမ်ပြန်လာကာ လုဖန်ဝေ့လည်း ပါလာသည်ကို မြင်တော့ မေးလိုက်သည်။ "ရဲဘော်လု ထျန်ထျန်နဲ့ လမ်းမှာ တွေ့ခဲ့တာလား?"

"နောက်လ ဘယ်လို သင်ပုန်းကြော်ညာ ရေးမလို့လဲ? ဘာလို့ အလျင်လိုရတာလဲ?"

ဒါကိုကြားတော့ ကုလျန်ရုန်က သူ့ကို အထက်အောက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းက မရိုးသားဘူးပဲ"

လုဖန်ဝေ့က အရေထူသည့်အတွက် ဂရုမစိုက်ပေ။ "အချိန်တန်ရင် အဒေါ်သွားကြည့် သင့်တယ်။ ဒါက ရဲဘော် ရှောင်မင်ယွဲ့ နဲ့ ကျွန်တော် ဆုံးဖြတ်ဆွေးနွေးထားတဲ့ ပြန်တမ်းစာပါ"

ကုလျန်ရုန်၏ နားက လှုပ်သွားသည်။ "ရှောင်မင်ယွဲ့လား?"

လုဖန်ဝေ့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ် ရဲဘော်ကု သူမအကြောင်း ကြားချင်လား?"

ကုလျန်ရုန်က ခေါင်းလှည့်ကာ မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ "မလိုပါဘူး"

သူတို့ စကားပြောပြီးနောက် ကုလျန်ရွှမ်က ရွှီကျင်းဖန်ကို ပြောလိုက်သည်။။"အမေ ရဲဘော်လုက ထျန်ထျန်ကို ပြောစရာ ရှိနေတယ်။ အမေ လာနားထောင် သင့်တယ်"

ရွှီကျင်းဖန်က လုဖန်ဝေ့နှင့် ကျန်းထျန်ကို ကြည့်လိုက်သည်။ "ကြော်ညာ သင်ပုန်းအကြောင်း ပြောမှာမလား?ထမင်းစားပွဲမှာ ပြောလို့ရတယ်လေ။ ဘာလို့ အရင် မစားကြတာလဲ?"

အားလုံးက ဗိုက်ဆာနေသည့်အတွက် သူတို့က ထမင်းစားပွဲတွင် ထိုင်ကာ စားရင်း စကားပြောလိုက်သည်။

နေရာချပြီးနောက် ရွှီကျင်းဖန်က ကျန်းထျန်၏ ဘေးတွင် ထိုင်သည်။ ဒါကိုမြင်တော့ လုဖန်ဝေ့ကလည်း ကျန်းထျန်ဘေးတွင် ထိုင်ချင်သည်။

ကုလျန်ရုန်က အလျင်အမြန် တားလိုက်သည်။ "ဒါက ကျွန်တော့် အစ်ကိုနေရာ"

ယခု လုဖန်ဝေ့ကို မြင်ရသည်မှာ လုဖန်ဝေ့က သူ့မရီးကို လုယူချင်နေသည်ဟု ခံစားရသည်။

လုဖန်ဝေ့က နှမြောစွာဖြင့် ခုံကိုကြည့်ကာ ကျန်းထျန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ရန် လုပ်လိုက်ပေမယ့် ကုလျန်ရုန်က တားလိုက်ပြန်သည်။ "ဒါက ကျွန်တော့်နေရာ"

ကုလျန်ရုန်က ခြေထောက်မြှောက်ကာ ထိုင်လိုက်ပြီး အစွန်မှခုံကို ပြလိုက်သည်။။ "ဒါက မင်းခုံ"

ဒါက တကယ်တော့ အိမ်ကို ပထမဆုံး လာလည်သူကို ကြိုဆိုသည့်ပုံစံ မဖြစ်သင့်ပေမယ့် ကုလျန်ရုန်က လုဖန်ဝေ့တွင် မကောင်းသည့် ရည်ရွယ်ချက် ရှိသည်ဟု ခံစားမိသည့်အတွက် ဒီလိုလုပ်နေခြင်း ဖြစ်သည်။

လုဖန်ဝေ့ - "..." ထားပါတော့။သည်းခံလိုက်ပါ။

မထင်မှတ်ထားဘဲ ဧည့်သည်ရောက်လာသည့်အတွက် ရွှီကျင်းဖန်က ဝက်အူချောင်း အစပ်နှင့် ကြက်ဥမွှေကြော်ဟင်းများ ထည့်လိုက်သည်။ စားစရာများ လာချသောအခါ ပေါပေါများများ ဖြစ်နေသည့်အတွက် လုဖန်ဝေ့က မယုံကြည်နိုင် ဖြစ်နေရသည်။

လုဖန်ဝေ့က ရုတ်တရက် တစ်သီးတစ်သန့်ဆန်သွားသည်။

ရွှီကျင်းဖန် ပေးသော ထမင်းပန်းကန်ကို ကိုင်ကာ တူကို ဘယ်နားပို့ရမည် မသိသည့်အတွက် ခေါင်းငုံ့ကာ ထမင်းပန်းကန်ထဲ ထိုးနေလိုက်သည်။

ဘေးမှ ရှောင်းဝူက ဒါကိုကြည့်ကာ နားမလည်နိုင်သဖြင့် မေးလိုက်သည်။ "ဦးလေးလု စားစရာက်ို လက်လှမ်းမမီလို့လား?"

ဒါက်ိုကြားတော့ လုဖန်ဝေ့က သူ့မျက်နှာကို ထိလိုက်ပြီး သူက နယ်ဘက်တွင် နှစ်ဝက်သာနေရသေးပြီး နေနှင့်လေကြောင့် အသက်က ဦးလေးအရွယ် ဖြစ်သွားပြီလားဟု တွေးလိုက်သည်။

"မဟုတ်ပါဘူး မီပါတယ်" သူက လက်လှမ်းမီသည်ကို ပြရန် လက်ဆန့်ကာ အဝေးဆုံးမှ ဝက်အူချောင်းပန်းကန်ကို လှမ်းလိုက်သည်။

ထိုအချိန်တွင် ဝက်အူချောင်းက တစ်ခုသာ ကျန်တော့သည်။

ကုမိသားစုဝင် အားလုံးက ကျန်းထျန်အတွက် ထားခြင်းဖြစ်သည်။

ဒါပေမယ့် လုဖန်ဝေ့က ယူလိုက်သည်။

ကျန်းထျန် - "..."

ကုမိသားစုဝင်များ - "..."

ဒါပေမယ့် ဧည့်သည်ရှိနေတော့ အစားအသောက်ကို သဘောကျစေရန် လိုအပ်သည်။

ပြီးတော့ အိမ်တွင် ဝက်အူချောင်း အများကြီးရှိသည့်အတွက် ကျန်းထျန်၏ အရာကို လုဖန်ဝေ့ကို ပေး၍ ရသည်။

သူတို့ စားသောက်ပြီးတော့ ကုလျန်ရွှမ်က တူချကာ ပြောလိုက်သည်။ "မင်း ဘာသိထားလဲ ပြောပါ"

လုဖန်ဝေ့က ထမင်းစားရပ်လိုက်ပြီး တုံ့ဆိုင်းနေသည့် အမူအရာနှင့် စားပွဲမှ လူများကို ကြည့်လိုက်သည်။

ဒါက ကြော်ညာသင်ပုန်းအကြောင်း မဟုတ်သည်ကို ရွှီကျင်းဖန်က နားလည်သွားသည်။

သူမက ရှောင်းဝူနှင့် ရှောင်းလျိုကို လက်ပြကာ အိမ်ခန်း ပြန်ခိုင်းလိုက်သည်။

ကုမိသားစုက ဆုံးဖြတ်ထားသည်ကို မြင်တော့ လုဖန်ဝေ့က သက်ပြင်းချကာ တွန်းအားမပေးတော့ပေ။ အရေးအကြီးဆုံးက ကျန်းထျန်၏ သဘောထားဖြစ်သည်။သူမက ကုမိသားစုကို ထွက်သွားစေလိုစိတ် မရှိပေ။

လုဖန်ဝေ့က အရင်မေးလိုက်သည်။ "ရဲဘော်ကျန်းထျန် ငယ်ငယ်က လူကုန်ကူးသူတွေနဲ့ ကြုံခဲ့ရတယ်လို့ ကြားမိတယ်"

All Chapters