အခန်း(၁၀၉)
Vol. 9 Ch. 109
"ဦးတို့က ဒီကလေးကို ပြန်ပို့ဖို့ လုပ်ပါသေးတယ်"
ရှန်းရှို့ဟွိုင်က ထိုအချိန်က အကြောင်းကို ပြန်ပြောလိုက်သည်။
ထိုအချိန်က ရှန်းဟုန်ကျွင်းက ငိုနေပြီး ဘယ်လိုဖြစ်ဖြစ် မပြန်ကြောင်းနှင့် သူမ ပြန်သွားလျှင် သူမ မိသားစုက သူမခြေထောက်ကို ရိုက်ချိုးမည်ဟု ပြောသည်။
သူမက သူ့သမီးနှင့် ရွယ်တူ ဖြစ်သည်။ သူက အချိန်တိုင်း ငိုနေပြီး အဘိုးကြီး အနီးတွင် မအိပ်မနေ နေ့ရောညပါ ငိုနေကာ မပြန်လိုပေ။
ထိုအချိန်က သူနှင့် သူ့ဇနီးက အကြီးဆုံးဇနီး၏ ကောက်ကျစ်သော ရည်ရွယ်ချက်ကို သတိမထားမိသေးပေ။ ဒီကလေးက သနားစရာ ကောင်းသည်ဟု တွေးကာ သူတို့က အဘ်ိုးကြီး မကွယ်လွန်မီ သူ့ကို မွေးစားခဲ့သည်။
"ဦးလေးရဲ့ အမျိူးသမီးနဲ့ ဦးလေးက ရှန်းဟုန်ရင်းကို အရမ်း ယုံကြည်ခဲ့တယ်"ရှန်းရှို့ဟွိုင်က ပြောလိုက်သည်။ "အရမ်း နောက်ကျသွားလို့ စိတ်မကောင်း ဖြစ်မိတယ်"
ကျန်းထျန်က သူမ၏ ယခင်က စကားကို ဆက်ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်မမှာ မွေးရာပါ အမှတ် မရှိဘူး"
ဒါကိုကြားတော့ လုဖန်ဝေ့က ခေါင်းငုံ့လိုက်သည်။
ရှန်းရှို့ဟွ်ိုင်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "လူငယ်လေးက အတွေ့အကြုံ နည်းသေးတယ်"
လုဖန်ဝေ့ -"..."
"လွန်ခဲ့တဲ့ လအနည်းငယ်က ဦးလေး ရွှီကျန်းမြို့ ရဲစခန်းမှာ တာဝန်ကျခဲ့တဲ့ စခန်းမှူးမန့်ကို ရှာခဲ့တယ်"
ရှန်းရှို့ဟွိုင်က ဆွေမျိုးစပ်ရန် မလာခင် သက်သေ အပြည့်အစုံ ရှာလာခဲ့သည်။ "စခန်းမှူးမန့်က ပြောတာက သမီးကို မွေးစားခဲ့တဲ့ စုံတွဲက နှစ်အနည်းငယ်က သူ့ကို စာပို့ခဲ့တယ်တဲ့"
ကျန်းထျန်က ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။
သူမက အသက်ခြောက်နှစ် မတိုင်ခင်က အဘ်ိုးကျန်းနှင့် အဘွားကျောက် တို့နှင့်အတူ နေခဲ့သည်။ အချ်ိန်တိုလေး ဆိုပေမယ့် သူမက ကိစ္စအတော်များများကို မှတ်မိသလို ထိုလူကြီးနှစ်ယောက်က သူမကို တကယ်ချစ်သည်ကို ခံစားမိနိုင်သည်။
ရှန်းဟုန်ရင်းနှင့် ရှန်းဟုန်ကျွင်းက သူတို့လူများကို ခေါ်သွားအပြီးမှာ အဘိုးကျန်းက ရှန်းမိသားစု အကြောင်းက်ို စုံစမ်းကာ ပေကျင်းကို မကြာခဏသွားပြီး ရှာဖွေခဲ့ပေမယ့် နှစ်အတော်ကြာထိ အကြောင်း မထူးခဲ့သည့်အတွက် သူက လက်လျှော့ခဲ့သည်။
"စာထဲမှာ အကြောင်းအရာ သုံးခုပါတယ်။ ပထမတစ်ခုက သမီးရဲ့ မွေးစားမှု အကြောင်းဖြစ်ပြီး ဒုတ်ိယအကြောင်းက မိသားစုနှစ်ခုက ဆွေမျိုးအဖြစ် ဟန်ဆောင်နေကြောင်းနဲ့ တတိယတစ်ခုက မွေးရာပါအမှတ် အကြောင်းပဲ"
"သူက သမီးကို မွေးစားချိန်က ပစ္စည်းတစ်ခုကို အဓ်ိက ပြောသွားတယ်"
ရှန်းရှို့ဟွိုင်က ခဏရပ်သွားပြီး ကြာပန်းရေနွေးကြမ်းကို ယူကာ တစ်ငုံသောက်လိုက်သည်။
ကျန်းထျန် ရှေ့ကို မှီကာ အမွေစာအုပ် အပြင် သူမ၏ မှတ်ဉာဏ်များကို ပြန်တွေးနေပြီး သူမ အဘိုးအဘွားများက ထူးခြားသည့် တစ်ခုခုက်ို ထားခဲ့မည်ဟု ထင်မ်ိသည်။
ကျန်းထျန်က အလွန် တွေးတတ်သည်။ အမွေစာအုပ်က ကိန်းဂဏန်းတွေက ဘာကို ပြောချကိတာလဲ?
"သစ်သားသေတ္တာပဲ" ရှန်းရှို့ဟွိုင်က ပြောလိုက်သည်။
ကျန်းထျန် - "...?"
နေပါဦး၊ သစ်သားသေတ္တာ ဆိုလျှင် သူမတွင် တစ်ခု ရှိပုံပေါ်သည်။
"မဖြစ်နိုင်တာ" သူမက မယုံနိုင်စွာ ပြောလိုက်သည်။ "အဲ့ထဲမှာ ဘာမှ မရှိဘူးလေ"
ရှန်းရှို့ဟွိုင် - "ဘာမှ မရှိတာ မဟုတ်ပါဘူး"
"သေတ္တာ ဒီမှာ ရှိသေးလား?"
ကျန်းထျန်က တွေဝေနေသည်။။"ရှ်ိပါတယ်"
သူမက ကြိုတင် ကာကွယ်ထားသင့်သည်ဟု ထင်မိသည်။"ဒါပေမယ့် တကယ် ဘာမှမရှိတာ ဖြစ်နိုင်တယ်"
ပြီးတော့ ဒါက ကျန်းကျင်းမင်ထံမှ ယူလာခြင်း ဖြစ်သည်။ အထဲက ပစ္စည်းက ယူသွားပြီးသား ဖြစ်နေရင်ရော?
ကျန်းထျန်က အိမ်ထဲ ပြန်ဝင်ကာ ဗီရိုထဲမှ သစ်သားသေတ္တာကို ထုတ်ယူလိုက်ပြီး လမ်းလျှောက်လာနေစဉ် လှုပ်ကြည့်လိုက်သည်။
တကယ်ကို ဘယ်လိုအသံမှ မကြားရပေ။
"ဒီမှာ ကိရိယာ တစ်ခုခု ရှိလား?" ကျန်းထျန်က သစ်သားသေတ္တာကို ရှန်းရှို့ဟွိုင်အရှေ့ ချလိုက်သည်။ သူမက သေတ္တာထဲတွင် ဘယ်လိုအရာ ရှာတွေ့မည်ကို သိချင်နေသည်။
ရှန်းရှို့ဟွိုင်က အရင်ဆုံး ပုံမှန် မဟုတ်သည့် သံမဏိသော့ခလောက် ကြီးက်ို ကြည့်လိုက်ပြီး သေချာစွာ ပြောလိုက်သည်။ "ဒါပဲ။ အဘိုးကြီးက သော့ခလောက်ကို ဖျက်ထားတယ်လို့ ပြောတယ်"
ရှိနေသည့် သူများ - "..."
"ပုဆိန်နဲ့ ဖွင့်ကြည့်ပါလား?" ကုလျန်မင်က အကြံပေးလိုက်သည်။
ရှန်းရှို့ဟွိုင်က ပြုံးပြီး ပြောလိုက်သည်။"အကြံကောင်းပဲ"
ကျန်းထျန်က ပြောလိုက်သည်။ "ဒါပေမယ့် အိမ်မှာ ပုဆိန်မရှိဘူး မီးဖိုချောင်သုံး ဓားပဲ ရှိတယ်"
ကုလျန်ရုန်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "ကျွန်တော် သွားယူလိုက်မယ်"
ကုလျန်ရုန်က မီးဖိုချောင်သုံးဓားကို ယူလိုက်သည်။သူက အခန်းထဲ ဝင်လိုက်သည်နှင့် ကျန်းထျန်ကို ကြည့်လိုက်သည်။
"မရီး?"
ကုလျန်ရွှမ်က ကျန်းထျန်၏ ရှေ့တွင် လက်ဆန့်လိုက်သည်။ "ကိုယ် လုပ်လိုက်မယ်"
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။"မင်းတို့ ဘေးဖယ်နေကြ"
ကျန်းထျန်က ချက်ချင်းပဲ အနောက်ဘက်ခန်း၏ အပြင်ဖက်ခန်းကို ထွက်ကာ တံခါးဝမှ ကုလျန်ရွှမ် အခြားသူများကို အပြင်ထုတ်နေသည်ကို ကြည့်နေသည်။
သူမ ထွက်သွားသည်နှင့် ကုလျန်မင်နှင့် ကုလျန်ရုန်က သူမနောက်မှ ထွက်လာပြီး ရှန်းရှို့ဟွိုင်နှင့် လုဖန်ဝေ့က နောက်မှ လိုက်လာကာ လူငါးယောက်က တံခါးဝတွင် တိုးဝှေ့နေကြသည်။
ကုလျန်ရွှမ်က လက်တစ်ဖက်ဖြင့် သစ်သားသေတ္တာက်ို ကိုင်ကာ နောက်တစ်ဖက်ဖြင့် မီးဖိုချောင်သုံးဓားနှင့် သော့ခလောက်ကို ဖျက်နေသည်။ နှစ်ကြိမ် သုံးကြိမ် လုပ်အပြီးမှာ သော့ပွင့်သွားပြီး သေတ္တာက ပွင့်လာသည်။
ကျန်းထျန်က အော်ပြောလိုက်သည်။ "အထဲမှာ တစ်ခုခု ရှိလား?"
အထဲတွင် ဝါဂွမ်းများသာ ရှိသည့်အတွက် ပေါ့နေသည်က မဆန်းပေ။ ကုလျန်ရွှမ်က ဝါဂွမ်းများကို ဖယ်ကာ သေတ္တာအောက်ခြေကို မလိုက်ပေမယ့် ဘာမှ မတွေ့ပေ။
လူအများက စိတ်ဝင်စားစွာ စားပွဲခုံထံ ပြန်လာကြသည်။ကျန်းထျန်က သေတ္တာက်ို အထက်အောက် လှန်ကာ ခါကြည့်လိုက်ပြီး နားအနားကပ်ကာ ခါကြည့်လ််ိုက်သည်။
"ဘာမှ မရှိဘူး!"
ဒါက ဘယ်လိုမှ အမှန်ထက် မပိုနိုင်ဘူး။
ဘာမှ မရှိဘူး။
"ဟုတ််တယ်"။ရှန်းရှို့ဟွိုင်က ခေါင်းငြိမ့်လိုက်သည်။သူက အိတ်ကပ်ထဲမှ ဓားအသေး တစ်ချောင်း ထုတ်ကာ သေတ္တာ၏ အောက်ခြေကို ခြစ်ထုတ်လိုက်သည်။
အသံတစ်ခုနှင့်အတူ သေတ္တာက ပွင့်သွားပြီး အထဲမှ သစ်သား အပိုင်းလေး ထွက်လာသည်။
ရှန်းရှို့ဟွိုင်က ယူလိုက်ပြီး ပြောလိုက်သည်။ "ဒါက နာမည်ပြားပဲ"
ကျန်းထျန်က အနီးကပ် ကြည့်လိုက်သည်။ ဒါက ခရမ်းနက်ရောင် သစ်သားပြားလေး ဖြစ်ပြီး ကျောဘက်တွင် စာလုံးအချို့ ထွင်းထားပုံရသည်။
ရှန်းရှို့ဟွိုင်က သစ်သားပြားကို ကျန်းထျန်ထံ ပေးလိုက်သည်။ "သမီး နာမည် ပဲ"
သစ်သားပြား အနောက်မှ စာလုံးများက ထွင်ထားသည်မှာ ကြာပြီ ဖြစ်သလို စာလုံးများက မရှင်းလင်းတော့ပေ။ကျန်းထျန်က စာလုံး၏ စုတ်ချက်များက်ို သ်ိရန် လက်ဖြင့် ပွတ်ကြည့်လိုက်သည်။
"ဒါက ဟိုင်ထျန်က ထျန်မလား?"
သူမက မျက်မှောင်ကြုတ်ကာ စာလုံးပေါင်းကြည့်လိုက်သည်။
ရှန်းရှို့ဟွိုင်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ဒါက အနီရောင် စန္ဒကူးပန်းပဲ။ သမီးအမေက ပန်းတွေကို သဘောကျပြီး အဖေနဲ့ ဦးလေးက သမီးက်ို စားဝတ်နေရတဲ့အတွက် မပူပန်ရစေဖို့ ဒီနာမည် ပေးခဲ့ရတာ ဒါကြောင့် အိမ်နာမည်ကို ထျန်ထျန်လို့ ခေါ်တာ"
ကျန်းထျန်က လက်ထဲယူကာ အရှေ့အနောက် လှန်ကြည့်လိုက်ပြီး ကြည့်လေလေ ပို၍ စိတ်ထဲက ပြောချင်လာသည်။ "အရမ်း ရုပ်ဆိုးတာပဲ"
ဘယ်လိုဖြစ်ဖြစ် သူမ၏ အကြိုက်က မြင့်သောကြောင့် ဒီလို ကျောက်စိမ်း ကမ္ဗည်းပြားက ကလေးဆန်ပြီး မျက်မမြင်တစ်ယောက် ဓားဖြင့် ခြစ်ထားသည်နှင့် တူနေသည်။
ရှန်းရှို့ဟွိုင် - "..ဒါက သမီး အစ်ကိုကြီး လုပ်ထားတာ"
"သူက အဲ့အချိန်က ငါးနှစ်ပဲ ရှိသေးတယ်"
ကျန်းထျန် - "..." ဟုတ်တယ်။ တကယ်ကို ကလေးဆန်တဲ့ ခံစားချက်ရသည်။
ဒီ ကျောက်စိမ်းပြားက တစ်လက်မအရွယ် ခေါင်းမပါသည့် ပုံထက်သေးပြီး အနီရောင်ကြိုးဖြင့် ချည်ထားသည်။သေးငယ်ပေမယ့် အလွန်သေးငယ်နေသည်တော့ မဟုတ်ပေ။
"အဖေ သမီးရဲ့ အစ်ကိုကြီးကို သန်ဘက်ခါ မနက်စောစော ရွှီကျန်းမြို့ကို လာဖို့အတွက် အကြောင်းကြားထားတယ်"
ရှန်းရှို့ဟွိုင်က စားပွဲပေါ်မှ စာအုပ်များကိုကြည့်ကာ ပြောလိုက်သည်။ "ထျန်ထျန်က ကောလိပ်ဝင်ခွင့် ဖြေမလို့လား?"
ကျန်းထျန်က ကြည့်လ််ိုက်သည်။ "ဟုတ်တယ်၊ အိမ်မှာ ဖြေမယ့်လူ လေးယောက်ရှိတယ်"
ရှန်းရှို့ဟွိုင်က ပြုံးလိုက်သည်။သူက ချောမောပြီး တည်ငြိမ်ပုံ ပေါ်ပြီး ပြုံးလိုက်လျှင် ရင်းနှီးရလွယ်ပုံ ပေါ်နေသည်။
"ကောင်းပါတယ်။ အဆက်မပြတ်လေ့လာနေတာ ကောင်းတယ် ပြီးတော့ ကောလိပ်ဝင်ခွင့်က အခွင့်အရေးကောင်း တစ်ခုပဲ"
သူက မေးလိုက်သည်။ "ဘယ်ကျောင်းကို လျှောက်မယ် တွေးထားလဲ ထျန်ထျန်?"
ဒါကိုကြားတော့ ကျန်းထျန်က သက်ပြင်းချလိုက်သည်။
"ကျွန်မ ဒီအကြောင်းကို စဉ်းစားနေတာ"
"ပေကျင်းကို သွားသင့်လား?ရှန်ဟိုင်းက်ို သွားသင့်လား?ပေကျင်းကို သွားခဲ့ရင် ရှင်းဟွာ တက္ကသိုလ်တက်ရမလား ပေကျင်း တက္ကသိုလ် တက်ရမလား?.
ကုမိသားစု မောင်နှမ သုံးဦးနှင့် လုဖန်ဝေ့ - "..."
အမှန်တော့ သူတို့က အကြောင်းကြားစာ တစ်ခုခု ရသည်နှင့် ထိုနေရာက်ို သွားမည် ဖြစ်သည်။
ရှန်းရှို့ဟွိုင်က အံ့သြသွားပေမယ့် ပြုံးလိုက်ပြီး ပြောလိုက်သည်။။"ကျောင်း ရွေးရခက်နေရင် ကြိုက်တဲ့ ဘာသာရပ်က်ို အရင် တွေးလိုက်လေ"
"ဒါပေမယ့် အဖေ့ရဲ့တက္ကသိုလ်ကိုလည်း ရွေးစေချင်တယ်"
ကျန်းထျန်က မျက်တောင်ခတ်လိုက်သည်။ "ဘယ်တစ်ခုလဲ?"
"ပီကင်းတက္ကသိုလ်" ရှန်းရှို့ဟွိုင်က ပြောလိုက်သည်။
ကျန်းထျန်က သူမ၏ ယခင်ဘဝတွင် အံ့သြစရာ ဘဝကို ပိုင်ဆိုင်ခဲ့ရပြီး စစ်တပ် လေ့ကျင့်ရေး ပြီးသည်နှင့် ကမ္ဘာပျက်ကိန်းနှင့် ရင်ဆိုင်ရသည့်အတွက် ကောလိပ်၏ ပျော်စရာဘဝကို တစ်ရက်မှ မကြုံခဲ့ရပေ။
ဒါပေမယ့် သူမ၏ ယခင်ဘဝတွင် သူမက သိပ္ပံ အသားပေး ဘာသာရပ်များသင်သောကျောင်းကို ရွေးချယ်ခဲ့ပြီး ဝင်ခွင့်အမှတ်က ရှင်းဟွာ တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ် တို့နှင့် ယှဉ်နိုင်သည်။
ရှန်းရှို့ဟွိုင်က နောက်ထပ် မိနစ်၂၀ကို နည်းအမျိုးမျိုးနှင့် သူ၏ တက္ကသ်ိုလ် အကြောင်း ကျန်းထျန်ကို ပြောပြနေသည်။ အားလုံးက တစ်ခုထဲကိုသာ ရည်ရွယ်သည်။
ရွေးလိုက်၊ စာမေးပွဲ ဖြေလိုက်၊ တက်လိုက်!
ကျန်းထျန် - "..ကျွန်မ စဉ်းစားကြည့်လိုက် ပါမယ်"
နေ့လည်စာစားချိန် ရောက်ပြီ ဖြစ်သည့်အတွက် ကျန်းထျန်က သူမ၏ အဖေသစ်ကို မေးလိုက်သည်။ "နေ့လည်စာ စားသွားမလား?"
ရှန်းရှို့ဟွိုင်က မေးလိုက်သည်။ "ဘာစားချင်လဲ?အဖေ လုပ်ပေးရမလား?"
မီးဖိုချောင်သို့ သွားရန် လုပ်နေသော ကုလျန်ရွှမ် - "..."
မကောင်းဘူး။
"ပဲပိစပ် ခေါက်ဆွဲဆိုရင်ရော?" ရှန်းရှို့ဟွိုင်က အင်္ကျီလက် ထက်ဝက်ကို ခေါက်တင်လိုက်သည်။
ကျန်းထျန်၏ မျက်လုံးများက အရောင်လက်သွားသည်။ "ကောင်းပါတယ်"
သူမက ဘယ်လိုလုပ် ပဲပ်ိစပ် ခေါက်ဆွဲကြော်က်ို မေ့နိုင်မှာလဲ?
ရှန်းရှို့ဟွိုင်က လုဖန်ဝေ့ကို ကြည့်လိုက်သည်။
"ဖန်ဝေ့ အစ်မကြီးက မင်းကို အကြော်အနှစ် ပေးထားတယ်မလား?"
လုဖန်ဝေ့ - "...ဟုတ်ကဲ့" အခု သူက မှတ်မိလာပြီ။
ကျန်းထျန်က ပြောလိုက်သည်။ "ကျွန်မတို့ အိမ်မှာရှိတယ်။ အသားရော အခြားဟာတွေပါ ရှိတယ်"
ရှန်းရှို့ဟွိုင်က လုဖန်ဝေ့ထံမှ အကြည့်လွှဲလိုက်သည်။
"ဘယ်နှပန်းကန် စားချင်လဲ? အကြော်ထဲမှာ ကြက်ဥ များများ စားချင်တညလား အသားများများလား?အချို၊ အငန်၊ အစပ်?"
ကျန်းထျန်က လက်ချိုးရေလိုက်သည်။ "ပန်းကန်လုံးကြီး အသားများများနဲ့ စပ်စပ်လေး"
ကုလျန်ရုန်က ရှန်းရှို့ဟွိုင်ကို စကားစရန် လုပ်ပြီး မီးဖိုချောင်ကို ခေါ်သွားကာ ကုလျန်ရွှမ်၊ ကုလျန်မင်နှင့် လုဖန်ဝေ့က လိုက်လာသည်။
အိမ်တွင် လူအများကြီး ရှ်ိသည့်အတွက် ရှန်းရှို့ဟွိုင်ကို တစ်ယောက်ထဲ လုပ်ခွင့် မပေးနိုင်သည့်အတွက် သူတို့က ကူညီရန် ရောက်လာသည်။
ကုလျန်ရွှမ် - "ကျွန်တော် ဂျုံနယ်လိုက်မယ်"
ကုလျန်ရုန် - "ကျွန်တော် မီးမွှေးလိုက်မယ်"
ကုလျန်မင် - "ကျွန်မ အသီးအရွက် လှီးလိုက်မယ်"
လုဖန်ဝေ့-"ကျွန်တော်က အရသာ မြည်းပေးမယ်"
ကုမိသားစုဝင်တိုင်းက စားနိုင်သည့်အတွက် ကုလျန်ရွှမ်က ဂျုံကို တစ်ခါပြီးတစ်ခါ ထပ်ခါ ထပ်ခါ နယ်ကာ လက်လုပ်ခေါက်ဆွဲ တစ်ပုံး ရသည်အထိ လုပ်လိုက်သည်။
မီးဖိုပေါ်တွင် ကုလျန်ရုန်က ထင်းများ ထည့်ကာ ရှန်းရှို့ဟွိုင်က အကြော်အနှစ်လုပ်ရန် ဇွန်းကြီးနှင့် ယူလိုက်သည်။
ကျန်းထျန်နှင့် ကုလျန်မင်က အသီးအရွက် လှီးဖြတ်ပြီးကာ ခြံဝင်းထဲတွင် လှဲနေကာ စာပြန်ကြည့်နေသည်။
လုပ်စရာ မရှိသည့် လုဖန်ဝေ့က အနားလာကာ စကားလာစသည်။ "အစ်မ ဘာတွေ လေ့လာ ပြီးပြီလဲ?"
ကျန်းထျန်က ခေါင်း မထောင်ခဲ့ပေ။ "စာအုပ် ထက်ဝက်တော့ ဖတ်ပြီးပြီ"
ကုလျန်ရွှမ်က အလုပ်တွင် တိကျသည်။ သူက ပြန်လည်လေ့ကျင့်ချိန် မတိုင်ခင် အားလုံးကို အစီအစဉ် ဆွဲပေးထားပြီး သူတို့က ယခု သူ့အစီအစဉ်အတိုင်း လုပ်နေကြသည်။
"အရမ်း မြန်တာပဲ" လုဖန်ဝေ့က အံ့သြ သွားသည်။ သူ ရှန်းရှို့ဟွိုင်ကို ဆေးရုံတွင် ဂရုစိုက်နေချိန်တွင် စာအနည်းသာ ဖတ်ချိန်ရသည့်အတွက် သုံးပုံ တစ်ပုံတောင် မပြီးသေးပေ ထက်ဝက်ဆိုလျှင်တော့ ထားလ်ိုက်ပါတော့။
လုဖန်ဝေ့က မီးဖိုချောင်ကို ကြည့်ကာ နှာခေါင်းကို ပွတ်လိုက်ပြီး ပြောလိုက်သည်။ "အစ်မနဲ့အတူ စာပြန်ကြည့်လို့ ရမလား?"
ကျန်းထျန်က သူ့ကိုကြည့်ပြီး မေးလိုက်သည်။"မင်းလည်း ကောလိပ်ဝင်ခွင့် ဖြေမလို့လား?"
လုဖန်ဝေ့က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ဘယ်သူက ဝင်ခွင့်စာမေးပွဲကို မဖြေချင်မှာလဲ?ကျွန်တော်လည်း မြို့ကို ပြန်သွားချင်တယ်!"
"ဟုတ်ပြီ ဒါဆို နေ့တိုင်းလာ" လူတစ်ယောက်ကို ထပ်ထည့်လိုက်မည်။ လူပိုများလျှင် စာလုပ်ရသည်က ပိုအဆင်ပြေပြီး ဆွေးနွေးတိုင်ပင်ရ လွယ်ကူသည်။
သူတို့လေးယောက်က ပြသနာများကို ဖြေရှင်းနိုင်သော်လည်း လုဖန်ဝေ့က ပေကျင်းမှ ဖြစ်ပြီး ပေကျင်းမှ တက္ကသိုလ်များအပေါ် အတွေ့အကြုံ ရှိသည်။ သူတို့သာ အတူစာလုပ်ပြီး အတူလျှောက်ကြလျှင် အချိန်တန်လျှင် ပို၍ ယုံကြည်ချက် ရှိလိမ့်မည်။
ဒီနေ့၏ နေ့လည်စာက အနည်းငယ် နောက်ကျသည်။ခေါက်ဆွဲချပြီးသည်နှင့် သာ့ပေါင်၏ မွေးမေ့အတွက် ရွှီကျင်းယောင်၏ အိမ်သို့သွားသော ရွှီကျင်းဖန်က သူမ၏ လူများနှင့် ပြန်ရောက်လာသည်။
နောက်တွင် ရွှီကျင်းယောင်က စာအုပ်များပါသော လွယ်အ်ိတ်လွယ်ကာ ရောက်လာသည်။
သူက တံခါးဖွင့်လိုက်သည်နှင့် ရွှီကျင်းဖန်က မေးလိုက်သည်။ "အစ်ကို တကယ်ပဲ စာမေးပွဲ ဖြေမလို့လား?"
ရွှီကျင်းယောင်က ပြောလိုက်သည်။ "ဟုတ်တယ်"
"အစ်ကိုက အသက်အရွယ် မကိုက်ညီဘူးဆိုရင် စာမေးပွဲအောင်ခဲ့ရင် ကျောင်းက လက်ခံပါ့မလား?"
ရွှီကျင်းဖန်က မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ "အစ်ကို မေ့လိုက်သင့်တယ်။ ကျွန်မတို့ မူလတန်းကျောင်းအုပ် ဖြစ်နေပြီပဲကို ဘာလို့ ကောလိပ်ဝင်ခွင့် ဖြေချင်သေးတာလဲ?"
ရွှီကျင်းယောင်က လက်မခံပေ။ "ပညာဆိုတာ တစ်ဘဝလုံး ရှာရတာလေ။ ကျင်းဖန် မင်းရဲ့ အမြင်က လက်ခံနိုင်စရာ မဟုတ်ဘူး။ မင်းလည်း အစ်ကိုနဲ့အတူ သွားသင့်တယ်ထင်တယ်။ ဒီတစ်ခါ လျှောက်လွှာအတွက် အသက်ကန့်သတ်ချက် မရှိဘူးလို့ ကြားထားတယ်"
ရွှီကျင်းဖန် - "..." ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!