← Chapters

အခန်း(၁၁၂)

Vol. 9 Ch. 112

အခန်း(၁၁၂)

Vol. 9 Ch. 112

ကျန်းထျန်က ချက်ချင်း ခေါင်းငုံ့လိုက်သည်။ "သူ ရှင့်ကို ဘာပြောသွားတာလဲ?"

ကုလျန်ရွှမ်က ပြန်ဖြေလိုက်သည်။ "သူက ဘယ်သူ့ကိုမှ မရိုက်ဘူးလို့ ပြောတယ်"

ကျန်းထျန်က ပြန်မေးလိုက်သည်။ "ဒါဆို ဘယ်သူက ရိုက်မှာလဲ?"

"ဦးလေးနဲ့ ဝမ်းကွဲအချို့" ကုလျန်ရွှမ်က သူ့ဘာသာ တွေးလိုက်သည်။ဘတကယ်တော့ သူက စစ်တပ် လေ့ကျင့်ရေးအချိန်က ဝမ်းကွဲ တစ်ယောက်ကို မြင်ဖူးသည်။ထိုလူက သူ့ကို မသိသလို ဟန်ဆောင်ကာ အဆုံးမှာတော့ မျက်စပစ်ပြီး သရုပ်ပြခိုင်းသည်။ ကံကောင်းစွာနဲ့ သူက အိမ်ပြန်ရောက်ပြီး နောက်တွင်တောင် စစ်တပ်လေ့ကျင့်ရေးကို အရှုံးမပေးခဲ့ပေ။

ကျန်းထျန် - "...." သူမက ဒီကိစ္စနှင့် ပတ်သက်၍ ကုလျန်ရွှမ်ကို မကူညီနိုင်ပေ။ သူက ထပ်ကြုံရဦးမည်။

ဒါကြောင့် ကျန်းထျန်က သူ့ကို "ကိုယ့်လမ်းကိုယ်လျှောက်"ဆိုသော အကြည့်နှင့်ကြည့်ကာ လက်မြှောက်ပြီး ကုလျန်ရွှမ်၏ ပခုံးကို ပုတ်လိုက်သည်။ "စောစောကသိရင် ရှင့်ကို ပိုပြီး လေ့ကျင့်ပေးပါတယ်"

ကုလျန်ရွှမ်က သူမကို ကြည့်လိုက်သည်။ မင်း လေ့ကျင့်ပေးရတာ အားမရသေးဘူးလား?"

သူက ကျန်းထျန်တွင် ခေါင်းအုံး ကွန်ဖူးဟု ခေါ်သော ကိုယ်ပိုင်အကွက်ရှိသည်ဟု ထင်မ်ိသည်။

ကားက မြို့နယ်ခွဲ၏ နေရာသို့် ရောက်သွားသည်။ကုလျန်မင်က ဒီလမ်းကို မကြာခင်က နှစ်ကြိမ်တိတိ ဖြတ်ဖူးသည်။

"စစ်တပ်လေ့ကျင့်ရေး နှစ်လက အရမ်း ပင်ပန်းတာပဲ!" သူမက သက်ပြင်း ချလိုက်သည်။

လေ့ကျင့်ရေးက အသစ်ခန့်ထားသူများနှင့် အတူတူပင် ဖြစ်သည်။ မနက်စောစောထရပြီး ညဘက် နောက်ကျမှ အိပ်ရကာ နေပူအောက်တွင် တစ်နေ့လုံး လေ့ကျင့်ရသည်။ အဖွဲ့တွင် ဆောင်းဦး ရိတ်သိမ်းရသည်ထက် ပိုပင်ပန်းသည်။

ကုလျန်ရွှမ်က သိပ်မဆိုးသလို ခံစားရသည်။သူက တပ်ထဲတွင် ရှိချိန်က လေ့ကျင့်ရေးက ဒါထက် ပိုဆိုးသည်။သူတို့က မကြာခဏ အသိမပေးဘဲ အရေးပေါ် ချီတက်ရမှုများ ရှိကာ ရက်အနည်းငယ်လောက် ပစ္စည်းထုပ်ကြီးများ သယ်ကာ ပြေးခဲ့ရသည်။ လက်နှစ်ဖက်တွင် သေနတ်များ က်ိုင်ထားရသည်က လက်တွေ့ကျသည်ထက် ပိုသည်။

ကျန်းထျန်၏ အမေ၏ မျိုးရိုးနာမည်က လျန်ဖြစ်သည်။သူမက မိသားစုတွင် တစ်ဦးတည်းသော မိန်းကလေး ဖြစ်ကာ အစ်က်ိုကြီး သုံးယောက်ရှိသည်။ ရှန်းဝေ့ချင်က သိတတ်ခါစကပဲ သူ့အဘိုးအဘွားများနှင့် နေခဲ့သည်။သူက စစ်တပ်််နယ်မြေတွင် ကြိုတင် ရောက်ရှိနေပြီး ရှန်းရှို့ဟွိုင်၏ ကားရောက်လာသည်နှင့် သူက ကျန်းထျန်ကို လျန်မိသားစုဝင်များနှင့် မိတ်ဆက်ပေးသည်။

လျန်မိသားစု၏ ဒီမျိုးဆက်တွင် သမီးနှစ်ယောက် ရှိပေမယ့် သူတို့က ကျန်းထျန်ထက် အသက်ပိုကြီးသည်။သူတို့က လက်ထပ်ပြီးသား ဖြစ်ကာ ကလေးလည်း ရှိပြီး အလုပ်အကိုင်လည်း ရှိကြသည်။

ကုလျန်ရွှမ် ကားပေါ်က ဆင်းသည်နှင့် သူ၏ စစ်တပ်လေ့ကျင့်ရေး သရုပ်ပြဆရာဖြစ်သူ လျန်မိသားစုဝင် တစ်ယောက်ထံမှ လေ့ကျင့်ရေးနေရာသို့ ခေါ်သွားခြင်းကို ခံရသည်။အားလုံးပေါင်း ငါးယောက်က သူ့ကို ထိုနေရာတွင် စောင့်နေကြသည်။

ထွက်သွားချိန်တွင် ရှန်းရှို့ဟွိုင်က သူ့က်ို "ဂရုစိုက်ပါ"ဟူသော ပုံစံဖြင့် ကြည့်လိုက်သည်။

ရွှီကျင်းယောင်က ကုလျန်ရွှမ်နှင့် ကုလျန်မင်၏ အုပ်ထိန်းသူအဖြစ် လာသည်။ သူက ဧည့်ခန်းထဲသို့လိုက်ခဲ့ကာ လူကြီးမင်းလျန်နှင့် ကျန်းထျန်၏ ဦးလေးသုံးယောက်နှင့် တွေ့ခဲ့သည်။

အမှန်မှာတော့ လျန်မိသားစုနဲ့ ဆွေမျိုးတွေက ရွှီကျင်းယောင် မလာခင်က တွေးထားသလို သူတို့စုံတွဲကို ခွဲလိုစိတ် မရှိပေ။

ဒါပေမယ့် အပြင်လူ၏ အမြင်တွင် သူတို့က ဘယ်သူပဲ ဖြစ်ဖြစ် ရှန်းမိသားစုနှင့် လျန်မိသားစု၏ နောက်ခံက ကုမိသားစုနှင့် ရွှီမိသားစု၏ နောက်ခံနှင့် ယှဉ်မရပေ။

ကျန်းထျန်က ရှန်းရှို့ဟွိုင်၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး လျန်မိသားစု၏ မြေးဖြစ်သည်။ သူမက လျန်ရွှမ်နှင့် မိသားစုအပေါ် ဘယ်လို အမြင်ရှိသည်ကို ခန့်မှန်းရန် ခက်သည်။

ဒါပေမယ့် ရွှီကျင်းယောင် စိတ်ပူသောအရာများ တစ်ခုမှ ဖြစ်မလာခဲ့ပါ။

အပြန်လမ်းတွင် ရှန်းရှို့ဟွိုင်က သူ့အတွေးကို သတိထားမိကာ ရှင်းပြလိုက်သည်။ "ထျန်ထျန်က နှစ်တွေအကြာကြီး ပျောက်နေပြီး ကျွန်တော်ရော လျန်မိသားစုက လူတွေနဲ့ပါ အတူ မနေခဲ့ဘူး။ တကယ်တော့ ကျွန်တော်တို့က သူ့ကို အကြွေးတင်နေတာပါ"

"ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်၂၀လုံး ထျန်ထျန်အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ တွေ့တာနဲ့ ကလေးနှစ်ယောက်ကို ခွဲစရာ ဘယ်လ်ိုအကြောင်းမှ မရှိဘူး။ လျန်ရွှမ်က အမှား မလုပ်ထားဘူးလေ။ သူသာ အမြဲတမ်း ထျန်ထျန်အပေါ် ကောင်းရင် ကျွန်တော်တို့ မိသားစု နှစ်ခုက ပြောစရာ မရှိပါဘူး"

စာသင်နှစ်က မြန်မြန်ပြီးသွားပြီး နွေရာသီ ပိတ်ရက်က အတန်းများနှင့် ပြည့်နေသည်။ နှစ်ကုန် ရောက်မှ ကျန်းထျန်တို့က ရွှီကျန်းမြို့ကို ရောက်လာသည်။

သူတို့က ရှန်ဟိုင်းမှ ကုလျန်ရုန်နှင့် ကြိုတင် တိုင်ပင်ထားပြီး မြို့ထဲတွင် တွေ့မည်ဟု ပြောထားသည်။

ရှန်းရှို့ဟွိုင်က သူတို့နှင့်အတူ ပြန်ရန် စီစဉ်ထားသော်လည်း ရုတ်တရက် အလုပ်ပေါ်လာသည့်အတွက် ရှန်းဝေ့ချင်ကို ကျန်းထျန်နှင့်အတူ ပြန်ခိုင်းလိုက်သည်။

တစ်နှစ်လောက် အိမ်မှ ဝေးနေသော ကောလိပ်ကျောင်းသားများ အိမ်ပြန်လာသောကြောင့် အဖွဲ့က စည်ကားနေသည်။ လူတွေက အကြောင်း အမျိုးမျိုးဖြင့် ကုအိမ်နှင့် ရွှီအိမ်ကို လာကြသည်။

အောင်သွယ်တော်များနှင့် အပျော်တမ်း လာကြသော ကောလိပ်ကျောင်းသားများ ဖြစ်ကြသည်။

ကံကောင်းစွာနဲ့ ကုလျန်ရုန်က မြို့တွင် အိမ်ဝယ်ထားသည့်အတွက် သည်းမခံနိုင်သောကြောင့် ထိုနေရာတွင် သွားပုန်းနေလိုက်သည်။

ကျန်းရှို့ရှန်နှင့် သူ့အဖေက ထိုနှစ်က အိမ်ပြန်မလာခဲ့ပေ။ကျန်းရှို့ရှန်က သူ၏ စုငွေများနှင့် ရှန်ဟိုင်းတွင် အိမ်ဝယ်ကာ ထိုနေရာတွင် အခြေချရန် ဆုံးဖြတ်ထားသည်ဟု ကုလျန်ရုန်က ပြောသည်။ ငွေစက္ကူများကို မီးရှို့သည်က ထိုအချိန်တွင် ခေတ်စားသည့်အရာ မဟုတ်သည့်အတွက် ကျန်းထျန်က ဝိုင်ပုလင်းကို ယူကာ အမှတ်တရအနေနှင့် မြေပြင်ပေါ် လောင်းလိုက်သည်။

သူမက အမွေစာအုပ်မှ ငွေများကို မထိဖူးသည့်အတွက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ အမျိုးသမီးနှင့် ကလေးငယ်များအတွက် အဖွဲ့အစည်းများတွင် လှူဒါန်းရန် ဆုံးဖြတ်ထားသည်။

သူမက ဒီလို ကြင်နာသော စုံတွဲနှင့် မတွေ့ခဲ့ရလျှင် မည်သို့ ဖြစ်နေခဲ့မည်ကို မသိပေ။

ယခု ကျန်းထျန်က ကြင်နာမှုများကို ဝေမျှပေးချင်နေသည်။

ကျန်းထျန် ပေကျင်းမှ ပြန်ရောက်သည့် သတင်း ကြားသည့်အတွက် ကျန်းမိသားစုမှ ဟွမ်ယွီရှားက ပစ္စည်းအချို့နှင့်အတူ အိမ်ရောက်လာသည်။ ကျန်းထျန်က တောင်ပေါ်တွင် တောကြက်ဖမ်းရန် တက်သွားချိန် ဖြစ်သည်။ သူမရောက်သွားတော့ ရွှီကျင်းဖန်က သူမ ဘယ်သူဆိုတာ ပြောပြသလို ရှန်းဝေ့ချင်လည်း သူဘယ်သူဆိုတာ ပြောပြသည်။

သူက တစ်နှစ်လုံး ဥပဒေပညာ သင်ယူနေသလို ကျိုတိုတက္ကသိုလ်မှ ဥပဒေအသင်းကို ဝင်ထားသည်။ သူက ကျိုတိုတက္ကသိုလ်မှ ဥပဒေရေးရာ ပြိုင်ပွဲတွင် ကျောင်းကိုယ်စားပြုအဖြစ် ရွှေတံဆိပ်ဆု ရထားသည်။ သူ့အတန်းက မကြာခဏ စာမေးပွဲလေးများ လုပ်သည့်အတွက် တိုးတက်မှုက မြန်ဆန်သည်။ သူက စကားအများကြီး ပြောကာ ဟွမ်ယွီရှားကို မူးနောက်သွားစေသည်။

သူက ဟွမ်မိသားစုမှ သမီးက စိတ်ဓာတ်မကောင်းသလို စိတ်ဓာတ်မကောင်းသူက ဘယ်တော့မှ ယဉ်ကျေးလာမည် မဟုတ်ကြောင်း ပြောသေးသည်။ ဘယ်လို ဖြစ်ဖြစ် လောဘကြီးသူတိုင်းက သူတို့၏ မကောင်းစိတ်ကြောင့် အပြစ်ပေးခံရသည်။ ထို စိတ်ဓာတ်မကောင်းသူက သူ့အဖေကို တိုင်ကြားပြီးနောက်မှာ ရှန်းဟုန်ရင်းက သူ့ကို လှည့်စားကာ နယ်ဒေသတစ်ခုသ်ို့ အိမ်ထောင်ချပေးလိုက်သည်။

မဟုတ်လျှင် ရှန်းရှို့ဟွိုင်က ရှန်းဟုန်ကျွင်းကို အလွတ်ပေးမည် မဟုတ်ပေ။

ဟွမ်ယွီရှား၏ မျက်နှာက ဖြူဖျော့သွားကာ သူက ကျန်းထျန်၏ အစ်ကိုရင်း ဖြစ်သည်က်ို သိသွားတော့ ကုအိမိမှ ထွက်ပြေးကာ စက်ဘီးစီးပြီး ကျန်းအိမ်သို့ သတင်းပေးရန် ပြန်သွားခဲ့သည်။

ရှန်းရှို့ဟွိုင်က မိသားစုနှစ်ခုကို ဒုက္ခပေးလိုစိတ် မရှိပေ။ဘာပဲဖြစ်ဖြစ် အဘိုးကျန်းက ကျန်းထျန်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သည်။ သူက ကျန်းကျင်းမင် မိသားစုအပေါ် တစ်စုံတစ်ခု လုပ်ခဲ့လျှင် အဘိုးကျန်းအပေါ် အမြဲ အားနာနေရမည်။

ဒါပေမယ့် ပြဿနာ ရှာ၍တော့ ရသည်။

ဒါကြောင့် ရှန်းဝေ့ချင်က ရှန်းရှို့ဟွိုင်ကို ပြောပြနေစဉ် ရှန်းရှို့ဟွိုင်က ချက်ချင်း ကုလျန်ရွှမ်ကို သူ့ထံဆက်သွယ်ရန် စာပို့လိုက်သည်။ သူတို့နှစ်ယောက်က တိုင်ပင်ကာ ကျန်းကျင်းမင်ကို စောစော အနားယူခိုင်းလိုက်သည်။

ကျန်းကျင်းမင်က အနားယူလိုက်ရသည်နှင့် ဝင်ငွေ ရပ်သွားကာ သူ၏ အလုပ်မလုပ်သော ကလေးများကို မထောက်ပံနိုင်တော့ပေ။

ဒုတိယသား ကျန်းကောရှန်က ဒီအခွင့်အရေးက်ို အရယူကာ ခွဲနေရန် လုပ်ခဲ့သည်။ သူက လျိုစန်းချောင်နှင့် ကလေးများနှင့်အတူ အပြင်တွင် တစ်နှစ်ကျော် နေခဲ့သည်။ မိသားစု ခွဲချိန်တွင် သူက အိမ်ကို မလိုချင်ပေမယ့် ငွေသားပေးရမည်ဟု ပြောခဲ့သည်။

စတုထ္တသား ကျန်းကျွင်းဖန်က နှစ်စတွင် လက်ထပ်ခဲ့ကာ သူ့ဇနီးနှင့် လက်ထပ်ပြီးစ ဖြစ်သည်။ ယခင်နှစ်က သူမက ဘယ်သူမှ လက်မခံ မလိုချင်သော ချွေးမအဖြစ် ခံစားခဲ့ရသည်။သူမက မိသားစု ကိစ္စများ စီမံနိုင်စေရန် တတ်နိုင်သမျှ မြန်မြန် မိသားစုမှ ခွဲထွက်ချင်သည်။

ကျန်းကျွင်းဖန် လက်ထပ်ပြီးသည်နှင့် ကျန်းမီထောင်က ဟယ်ရှင်းကွမ်နှင့် လက်ထပ်ခဲ့သည်။ မိသားစု အမွေခွဲချိန်တွင် သူမက ဝေစုရမည်အထင်နှင့် ကိုယ်ဝန်ကြီးနှင့် လာခဲ့သေးသည်။

အငယ်ဆုံးက ကျန်းဝမ်ပေါ် ဖြစ်ပြီး သူက ယခုမှ အထက်တန်း ကျောင်းသား ဖြစ်သည်။ သူ ဘွဲ့ရပြီး လက်ထပ်ရန် ခုနစ်နှစ် ရှစ်နှစ် လိုသေးသည်။ ရုတ်တရက် မိသားစု အမွေခွဲလျှင် သူက အခက်အခဲနှင့် ရင်ဆ်ိုင်ရမည့်သူ ဖြစ်မည်။

ဟွမ်မိသားစုကလည်း မအေးချမ်းပေ။ ဟွမ်ယွီရှား၏ အစ်ကိုကြီးက သူ့သားငယ်အတွက် ယခုမှ အလုပ်ရှာတွေ့ပေမယ့် တစ်နှစ်အတွင်း ဆုံးရှုံးလိုက်ရသည့်အတွက် မိသားစုက နေ့တိုင်း ပြသနာများ ဖြစ်နေသည်။

ကျန်းထျန်က ဒါကို ဂရုမစိုက်ပေ။ သူမ၏ ကျန်းမိသားစုနှင့် ပတ်သက်မှုက ကွယ်လွန်သွားသော အဘိုးကျန်းနှင့်သာ သက်ဆိုင်တော့သည်။ သူမ၏ သက်သေခံကတ်မှ နာမည်ကတောင် ရှန်းထျန်ဟု ပြောင်းထားပြီ ဖြစ်သည်။

ဒါပေမယ့် လူများကတော့ ကျန်းထျန်ဟုသာ ခေါ်နေကြသေးသည်။

နှစ်သစ် မတိုင်ခင်တွင် ရွှီကျင်းဖန်က မိသားစု တစ်ခုလုံးကို ဓာတ်ပုံရိုက်ရန် ခေါ်သွားခဲ့သည်။ ဓာတ်ပုံများ ပေါ်လာပြီးနောက် လူတိုင်းက ဓာတ်ပုံ ရိုက်ကြကာ ဆယ်ယွမ်ကျော် ကျသင့်သည်။

နှစ်သစ်အကြို မတိုင်မီ ရွှီကျင်းဖန်က ကျန်းထျန်၊ ကုလျန်ရွှမ်နှင့် ရှန်းဝေ့ချင်ကို အထုတ်အပိုးများနှင့် ရထားပေါ် တင်ပေးလိုက်သည်။

ရွှီကျင်းဖန်က သူတို့ကို လက်ကာပြလိုက်သည်။

"အမေ မသွားနိုင်ဘူး။ အိမ်မှာ ကိစ္စတွေ အများကြီးရှိတယ်။ ထျန်ထျန် အမေ သမီးအဖေနဲ့ အဘိုးအဘွားတွေအတွက် အားလုံး ပြင်ပေးလိုက်တယ်။ နှစ်သစ်ကူးကို အဲ့ဒီမှာ ပျော်ခဲ့လိုက်ကြလို့ ရတယ်မလား?"

ဆောင်းလယ်တွင် ရွှီကျင်းဖန်နှင့် ကုလျန်ရုန်က သူတ်ို့သုံးယောက်ကို ဘူတာသ်ို့ လိုက်ပို့ကာ ရထားပေါ်တက်သွားသည်ကို ကြည့်ပြီးနောက် ပြန်လာခဲ့သည်။

ကျန်းထျန်က ယခု နှစ်သစ်ကူးကို သူမ ယခုမှ တွေ့ဖူးသော အဖေနှင့် အစ်ကိုနှင့် ဖြတ်သန်းရမည်။

နှစ်သစ်မတိုင်ခင် တစ်လတွင် ရွှီကျန်းမြို့မှ ကုလျန်မင်နှင့် ရွှီကျင်းယောင်က ပေကျင်းကို ရောက်လာသည်။

ဒုတိယနှစ် ဒုတိယနှစ်ဝက်တွင် ကျန်းထျန်က သူမအဒေါ်ဖြစ်သူ ရှန်းရှို့ဟွိုင်၏ အစ်မနှင့် ဆုံခဲ့ရသည်။သူမအဒေါ်နှင့် ဦးလေးက နိုင်ငံခြား သံတမန်များ ဖြစ်ကာ ဒီနှစ် ပေကျင်းကို ပြောင်းလာရခြင်း ဖြစ်သည်။

မိသားစုနှစ်ခု ညစာအတူ စားချိန်တွင် လုဖန်ဝေ့က ပြောလိုက်သည်။ "ကျွန်တော် နောက်နှစ်မှာ နိုင်ငံခြားတက္ကသ်ိုလ်ကို သွားဖို့ စီစဉ်နေတာ အခု စာရွက်စာတမ်းတွေ ပြင်ဆင်နေတယ်"

ကျန်းထျန်က တစ်ခုခု လုပ်ချင်လာသည်။

သူမကလည်း နိုင်ငံခြား သွားချင်သည်။

"ဘယ်နိုင်ငံကို သွားမှာလဲ?" ကျန်းထျန်က လုဖန်ဝေ့ကို မေးလိုက်သည်။

လုဖန်ဝေ့က နာမည်အချို့ ပြောပြသည်။ "အားလုံးက ဥရောပမှာပဲ။ ကျွန်တော့ မိဘတွေ ပြောတာတော့ နိုင်ငံF၊ နိုင်ငံDနဲ့ E အားလုံး ကောင်းတယ်တဲ့"

ထို စားသောက်ပွဲအပြီးတွင် ကျိုတို တက္ကသိုလ်က အစိုးရ ထောက်ပံ့စရိတ်ဖြင့် နိုင်ငံခြား ပညာသင်သွားရန် စာထုတ်လာသည်။

ကျန်းထျန်က တိတ်တဆ်ိတ် လိုအပ်သည်များကို ပြင်ဆင်ပြီး အကြောင်းကြားစာကို ယူကာ ကုလျန်ရွှမ်ကို သွားတွေ့လိုက်သည်။ "ကုလျန်ရွှမ် ရှင့်ကျောင်းမှာ ဒီလိုဟာ ရှိလား?"

ကုလျန်ရွှမ်က ယူကြည့်လိုက်ကာ လုဖန်ဝေ့က နိုင်ငံခြား သွားမည့်အကြောင်း ပြောစဉ်က ကျန်းထျန်၏ မျက်လုံးများ တောက်ပသွားသည်ကို ပြန်တွေးမိသွားသည်။သူက ကျန်းထျန်၏ အတွေးကို အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။

"မင်း ကြိုးစားကြည့်ချင်လို့လား?"

ထက်မြက်သူများနှင့် စကားပြောရသည်က တကယ်လွယ်သည့်အတွက် ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ တစ်နှစ်လောက်ပဲ သွားရပြီး ဒုတိယနှစ်ဝက်မှာ ပြန်လာမှာ"

အဝတ်အထည်နှင့် ဖက်ရှင်ဒီဇိုင်းက ထိုခေတ်တွင် နိုင်ငံရပ်ခြားတွင်သာ နာမည်ကျော်ကြားပြီး ပညာရှင် အများစုက ထိုနေရာများမှ ထွက်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။

ကုလျန်ရွှမ်က အတော်ကြာ တိတ်သွားသည်။ "ကိုယ် စဉ်းစားလိုက်မယ်"

ကုလျန်ရွှမ်က နိုင်ငံခြား သွားရန် အကြံမရှိသလို သွားလည်း မသွားနိုင်ပေ။ သူ့တွင် အိမ်၌ အသက်ကြီးနေသော အမေရှိပြီး ဂရုစိုက်ရမည့် တူမလေးများ ရှိသေးသည်။ ပြီးတော့ သူ၏ ယခင် အထောက်အထားများက အနည်းငယ် ထိခိုက်မခံနိုင်သည့်အတွက် သူက သွားချင်လျှင်တောင် မသွားနိုင်ပေ။

ဒါပေမယ့် ကျန်းထျန်က သွားချင်နေကာ တစ်နှစ်နှင့် နောက်နှစ်ဝက် ကြာလျှင် ပြန်လာမည်ဟု ပြောခဲ့သေးသည်။

တစ်နှစ်ကျော်က အတော်ကြာသည်ဟု ကုလျန်ရွှမ်က ခံစားရသည်။

သူက ကျန်းထျန်ကို မမြင်ရသည်သာမက အသံလည်း မကြားနိုင်ပေ။ သူတို့က အလွန်ဝေးနေပြီး သွားလာရန်လည်း ဝေးလွန်းသည်။

သူက တပ်ထဲ ရှိနေပြီး ကျန်းထျန်က တပ်ထဲ မရှိချိန်မှာတောင် သူက သူမနှင့် အကြာကြီး မခွဲနေနိုင်ပေ။

ကုလျန်ရွှမ်က စိုးရိမ်နေသည်။

ကျန်းထျန်က အလျင်မလိုပေ။ သူမက နိုင်ငံခြားကို သွားစရာ မလိုသလို အစွဲလည်း မရှိပေ။ သူမက ကုလျန်ရွှမ်နှင့် လက်ထပ်ပြီး မိသားစု တည်ဆောက်ခဲ့သည်။တစ်ခါတစ်ရံ သူတ်ို့က တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိရန် လိုအပ်သည်။

ကုလျန်ရွှန်က အပြင်းအထန် ငြင်းဆန်ပြီး အကြောင်းပြချက် ခိုင်လုံလျှင် သူမက လက်ခံနိုင်သည်။

ဒါပေမယ့် ကုလျန်ရွှမ်က သေချာသော အကြောင်းပြချက် မရှိဘဲ သူမကို မသွားရန် တားမြစ်လျှင်တော့ ကျန်းထျန်က လက်မခံနိုင်ပေ။

ဒါပေမယ့် လုဖန်ဝေ့က ကျန်းထျန်၏ အစီအစဉ်ကို သိသွားကာ နိုင်ငံခြားတက္ကသိုလ် လျှောက်ရန် သူမကို လမ်းညွှန်ပေးသည်။ ဖြစ်နိုင်လျှင် သူတ်ို့က တစ်မြို့ထဲရှိ တက္ကသိုလ်ကို ရွေးမည်ဟု သူက ပြောသည်။

သူက မြို့အချို့ကို ပြောပြီး ရှန်းမိသားစုနှင့် လုမိသားစု၏ ပိုင်ဆိုင်မှုအချ်ို့ ရှ်ိသည်ဟု ပြောသည်။အားလုံးက ရှန်းရှို့ဟွိုင်၏ အမေနှင့် သူ့အစ်ကို နိုင်ငံခြားတွင် ပညာသင်ချိန်က ဝယ်ထားခြင်း ဖြစ်သည်။နောက်ပိုင်းတွင် သူတို့မောင်နှမက ထိုနေရာတွင် ပညာသင်ရန် သွားချိန် ထိုအိမ်တွင် နေခဲ့သည်။

ရှန်းရှို့ဟွ်ိုင်က ကျန်းထျန်နှင့် ရင်းနှီးသည်မှာ မကြာသေးသည့်အတွက် မခွဲလိုပေ။ ဒါပေမယ့် ကျန်းထျန်က နိုင်ငံခြားတွင် ပညာသင် သွားလိုလျှင် ရှန်းရှ်ို့ဟွိုင်က သူမ၏ ပညာရေးကို ထောက်ပံ့မည် ဖြစ်ပြီး ထိုအထောက်အပံ့က ငွေကြေးအထောက်အပံ့ဖြစ်သည်။

All Chapters