← Chapters

အခန်း(၁၁၀)

Vol. 9 Ch. 110

အခန်း(၁၁၀)

Vol. 9 Ch. 110

ရွှီကျင်းဖန်တို့ မောင်နှမက ဆူညံစွာ ဝင်လာပြီးတော့မှ အိမ်တွင် ဧည့်သည်ရှိနေသည်ကို သတိထားမိသည်။

"ဒါက ဘာလဲ?" ရွှီကျင်းဖန်က ကုလျန်ရွှမ်ကို မေးလိုက်သည်။

ရှန်းရှို့ဟွိုင်နှင့် လုဖန်ဝေ့က တစ်ချိန်ထဲမှာပဲ မတ်တပ်ထရပ်လိုက်သည်။ လုဖန်ဝေ့က ပြောလိုက်သည်။ "အဒေါ်ရွှီ ဒါက ကျွန်တော့်ဦးလေးပါ။ သူက ဝမ်းကွဲအစ်မရဲ့ အဖေရင်းပါ"

ရွှီကျင်းဖန် - အဲ့တော့ မင်း ဝမ်းကွဲအစ်မက ဘယ်သူလဲ?

ရှန်းရှို့ဟွိုင်က အနည်းငယ် ပြုံးလိုက်သည်။ "အစ်မကြီးရွှီ ကျွန်တော်က ရှန်းရှို့ဟွိုင်ပါ၊ ကျွန်တော်က ကျန်းထျန်ရဲ့ အဖေရင်းပါ"

ရွှီကျင်းဖန် - "!"

သူမက အရှေ့အနောက်ကြည့်ကာ ကျန်းထျန်နှင့် ရှန်းရှို့ဟွိုင်ကို ကြည့်လိုက်ပြီး လုဖန်ဝေ့ကို ကြည့်လိုက်သည်။

"ရဲဘော်လုက မဟုတ်ဘူးလ်ို့ ပြောခဲ့တာမလား?"

လုဖန်ဝေ့က ခေါင်းငုံ့ထားပြီး ရှန်းရှို့ဟွိုင်ကို မကြည့်ရဲပေ။

သူက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပေ။

ကျန်းထျန်က သူ့အိတ်ကပ်ထဲမှ သစ်သားပြားကို ထုတ်ပြလိုက်သည်။"အမေ ဒါက နာမည်ပါတဲ့ တံဆိပ်ပြားပါ"

ရွှီကျင်းဖန်က ကုလျန်ရွှမ်ကို လှည့်ကြည့်လိုက်တော့ သူက ခေါင်းငြိမ့်ပြသည်။ ရွှီကျင်းဖန်က ခဏကြာပြီးနောက် သူမခေါင်းကို ရိုက်လိုက်ပြီး ပြောလိုက်သည်။

"သူက တကယ်ကို ခမည်းခမက်ပဲ"

သူမ အကြည့်က စားပွဲပေါ်မှ ခေါက်ဆွဲများကို ကြည့်လ်ိုက်သည်။ "ဒါက ခမည်းခမက် ပခမဆုံး အိမ်လာလည်တာကို လျန်ရွှမ် မင်းက ကောင်းတဲ့အရာကို ပြင်ဆင်ပေးရမှာ မသိဘူးပဲ"

ရွှီကျင်းဖန်က ကုလျန်ရွှမ်ကို အနည်းငယ် ဆူလိုက်ကာ သူမလက်ထဲမှ ကလေးကို အောက်ချကာ မီးဖိုချောင်ထဲ ဝင်ရန် လုပ်လိုက်သည်။

ရှန်းရှို့ဟွိုင်က သူမကို တားလိုက်သည်။ "အစ်မကြီး အလုပ်မလုပ်ဘဲ ကျွန်တော့်လက်ရာကို လာစားကြည့်ပါ"

ရွှီကျင်းဖန်က စားပွဲပေါ်မှ ခေါက်ဆွဲကို ကြည့်ကာ တစ်ခုခုကို နားလည်သွားပြီး ကုလျန်ရွှမ်ကို ကြည့်လ်ိုက်သည်။

အရူးပဲ! ယောက္ခမက အိမ်လာလည်တာကို ဟင်းချက်ခိုင်းတာလား?

ရွှီကျင်းဖန်က လက်ဝါးများ ယားလာသည်။

ဒါပေမယ့် ရှန်းရှို့ဟွိုင်က ဒီမှာ ရှိနေသည့်အတွက် သူက ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ စားသောက်ချိန်အပြီးတွင် ကုလျန်ရွှမ်က ရှန်းရှို့ဟွိုင်အရှေ့ မျက်နှာပျက်ရမည်ဟု ထင်နေသည်။

ရွှီကျင်းဖန်က အမွှာနှစ်ယောက်ကို အခန်းထဲ ပြန်ပို့ကာ ရှောင်းဝူနှင့် ရှောင်းလျိုကို ကြည့်ခိုင်းလ်ိုက်ပြီး သူမက ခြံအနောက်ကို ပြန်လာခဲ့သည်။

ရွှီကျင်းယောင်က အားလုံးနှင့် စကားပြောပြီးသည့်အတွက် သူမပြန်ရောက်ချိန်တွင် သူတို့က စားနေရင်း စကားပြောနေကြသည်။

ရွှီကျင်းဖန်က ရွှီအ်ိမ်တွင် စားခဲ့ပြီးပေမယ့် ထပ်စားရမည် ဖြစ်သောကြောင့် ခေါက်ဆွဲကို တူနှင့် နှစ်ခါ ယူလိုက်သည်။ "ခမည်းခမက်က ဘယ်အချ်ိန်က ရွှီကျန်းမြို့ကို ရောက်နေတာလဲ?"

လုဖန်ဝေ့က ရှန်းရှို့ဟွိုင်က်ို ကြည့်လိုက်သည်။

ရှန်းရှို့ဟွိုင်က ပြုံးလိုက်သည်။ "လွန်ခဲ့တဲ့ ခုနစ်နှစ်က"

အားလုံးက ရပ်တန့်သွားသည်။

ရှန်းရှို့ဟွိုင်က ရှင်းပြလိုက်သည်။ "လွန်ခဲ့တဲ့ ခုနစ်နှစ်က ကျွန်တော် ရွှီကျန်းမြို့ တောင်ဘက်က လီကျွမ်းရွာမှာ တာဝန်ကျနေတာပါ"

ကျန်းထျန်က ဒါကိုကြားတော့ သူ့ကို ကြည့်လိုက်သည်။

သူမ၏ အဖေက ကျန်းမာရေး ကောင်းပုံ မပေါ်ပေ။ သူက စကားပြောရင်း မကြာခဏ ချောင်းဆိုးသလို သူ့မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်ကလည်း ပ်ိန်လှီနေသည်။

ရှန်းရှို့ဟွိုင်က ကျန်းထျန်ကို ကြည့်လိုက်သည်။ "အဆင်ပြေပါတယ်။ အခု ပြန်ပြီး ရာထူးခန့်အပ် ခံရပြီလေ"

ကျန်းထျန်က ခေါက်ဆွဲ ဆက်စားနေသည်။

တကယ်တော့ သူမတွင် မေးခွန်းများ ရှိသေးပေမယ့် မမေးရဲပေ။

သူမ၏ အမေက ယခင်က ရွှီကျန်းမြို့ကို လာစဉ်ကပဲ ကျန်းမာရေး မကောင်းသည့်အတွက် သူမက ယခု ဒီကိုလာရန် အကြောင်းမရှိပေ။

ရွှီကျင်းဖန်က နေ့လည်စာက အနည်းငယ် ရိုးရှင်းသည်ဟု ထင်သည့်အတွက် ပေါပေါများများ လုပ်ချင်နေသည်။

ရွှီကျင်းယောင်က အိမ်တွင် ရှိနေသည့်အပြင် ကျန်းထျန်က ယခုမှ အဖေရင်းနှင့် တွေ့ရသည့်အတွက် သူမအစ်ကိုကြီးကို ရှန်းရှို့ဟွ်ိုင်က အဆင်ပြေလျှင် လျန်ရုန်နှင့်အတူ ရှောင်းဝူအခန်းတွင်နေရန် တောင်းဆိုလိုက်သည်။

ရှန်းရှို့ဟွိုင်က မငြင်းပေ။

တစ်ချိန်ထဲမှာပဲ အရှက်မရှိသော လုဖန်ဝေ့ကလည်း နေချင်လာပြီး ပညာတတ်လူငယ်များ အဆောင်သို့သွားကာ ပစ္စည်းများ ထုတ်ပိုးပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်ခင်ထိ ကုအိမ်တွင်နေရန် ပြောလာသည်။

သူက ပြောလိုက်သေးသည်။ "အဒေါ်ရွှီ ကျွန်တော်က အလကားနေမှာ မဟုတ်ပါဘူး။ စားသောက် နေထိုင်လို့ရရင် တော်ပါပြီ"

ရွှီကျင်းဖန်က အံ့သြသွားကာ သူမမိသားစုက လုဖန်ဝေ့၏ အစားအသောက်စရိတ်ကိုပါ ပေးရမည်လားဟု တွေးမိပြန်သည်။

ဒါပေမယ့် အိမ်တွင် လူများသည်က ကောင်းသည်။ လူများလျှင် အိမ်ပိုစည်ပြီး တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် မပြတ်သည်က ပိုကောင်းသည်။

ရာထူးမကျမီက ရှန်းရှို့ဟွိုင်က ပီကင်းတက္ကသိုလ်တွင် ပါမောက္ခဖြစ်သည်။ ယခု ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေရမည်ဆိုတော့ သူက ကျောင်းကို စာသင်ရန် ပြန်ဝင်ရမည်။

နေ့လည်ခင်း လုပ်စရာများ ပြီးသွားသောအခါ ကျန်းထျန်က အကြောဆန့်ကာ မတ်တပ်ရပ်လိုက်သည်။ "ကျွန်မ တောင်ပေါ်ခဏသွားပြီး ပြန်လာခဲ့မယ်"

ရှန်းရှို့ဟွိုင်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ "အဖေ လိုက်လ်ို့ရမလား?"

စာအုပ်ကို ပိတ်ကာ ကျန်းထျန်နှင့်အတူ တောင်ပေါ်တက်ရန် လုပ်နေသော ကုလျန်ရွှမ်က ပြန်ထိုင်လိုက်သည်။

ရှန်းရှို့ဟွိုင်က သူ့ကိုကြည့်လိုက်ပြီး ကျန်းထျန်ကို ပြန်ကြည့်လိုက်တော့ ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။

"သွားလို့ ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးက သိပ်မကောင်းသေးဘူးထင်တယ် ပြီးတော့ တောင်လမ်းက တက်ဖို့မလွယ်ဘူး"

"ကိစ္စ မရှိပါဘူး။ ဒီလောက်အဝေးကို သွားနိုင်ပါတယ်"

ရှန်းရှို့ဟွိုင်က စိတ်ပြတ်သားနေသည်ကိုမြင်တော့ ကျန်းထျန်က ဘာမှ မပြောတော့ပေ။ သူက ဝါးခြင်းတောင်းကို ဆွဲကာ တောင်ပေါ်တက်ချိန်တွင် အရှိန်လျော့လိုက်သည်။

ရှန်းရှို့ဟွိုင်က တည်ငြိမ်အေးဆေးသူ ဖြစ်ပြီး စကားပြောချိန်တွင် စိတ်သက်သာစေသည်။

"သမီးမှာ ဦးလေးနှစ်ယောက်ရှိတယ်။ သမီးအမေက သူတို့မိသားစုမှာ အငယ်ဆုံးပဲ။ သူက သမီး အသက်ရှစ်နှစ်အရွယ်မှာ ဆုံးသွားပြီ" ရှန်းရှို့ဟွိုင်၏ မျက်နှာတွင် ဝမ်းနည်းမှုများ ပေါ်လွင်နေသည်။

သူက စကားပြောနေရင်း အိတ်ကပ်ထဲမှ နာရီကို ထုတ်လိုက်သည်။ အဖုံးဖွင့်လိုက်တော့ အထဲမှ ဓာတ်ပုံက အမျိုးသမီးက ကျန်းထျန်နှင့် အတော်တူသည်။

ကျန်းထျန်က ရှန်းရှို့ဟွိုင်လက်ထဲမှ ပုံကိုယူလိုက်သည်။ပုံထဲမှ အမျိုးသမီးက ကြင်နာတတ်သော မျက်နှာပိုင်ရှင်ဖြစ်ကာ ပြုံးနေသည်။

ဒါက သူ့အမေလား?

"ကြည့်ကောင်းတာပဲ" သူမက မြှောက်ပြောလိုက်သည်။

ရှန်းရှို့ဟွိုင်က ပြုံးလိုက်သည်။ "သူမက အခြားသူတွေ သူ့အလှကို ချီးမွမ်းရင် အရမ်းသဘောကျတယ်"

နောက်ဆုံးအနေနှင့် သူမအမေ၏ ပုံက်ိုကြည့်ကာ ကျန်းထျန်က ရှန်းရှို့ဟွိုင်ကို ပြန်ပေးလိုက်သည်။ "တောင်ပေါ်တက်ရင် တောကြက်နှစ်ကောင် မိမလား ကြည့်ရမယ်။တစ်ကောင်ကို ကြက်စွပ်ပြုတ်လုပ်ပြီး နောက်တစ်ကောင်ကို ပျားရည်နဲ့ သူဖုန်းစားကြက်သားဟင်း ချက်ရမယ်"

ရှန်းရှ်ိ့ဟွိုင် - "..."

သူက ကျန်းထျန်ကို မေးလိုက်သည်။ "ဒါကို လျန်ရွှမ်ဆီက သင်ထားတာလား?"

ကျန်းထျန်က မေးလိုက်သည်။ "ဘာကိုလဲ?"

"အမဲလိုက်တာလေ" ရှန်းရှို့ဟွိုင်က မေးလိုက်သည်။

ကျန်းထျန်က ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး"

သူမက ခေါင်းမော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "သူက ကျွန်မလောက် မတော်ဘူး"

ရှန်းရှို့ဟွိုင်က ခေါင်းငြိမ့်လိုက်သည်။ သူ့သမီးက အားရှိတာပဲ။ "ဒါက လူကြီးမင်းကျန်း သင်ပေးတာလား?"

"မဟုတ်ပါဘူး" ကျန်းထျန်က ကုန်းမြင့်ပေါ် ခုန်တက်ကာ ရှန်းရှို့ဟွိုင်ကို ဆွဲလိုက်သည်။ "ပါရမီပါတာ ထင်ပါတယ်"

စကားဆုံးသည်နှင့် ရှန်းရှိို့ဟွိုင်က ခုန်တက်လိုက်ကာ ကျန်းထျန်၏ လက်နောက်တစ်ဖက်မှ ကျောက်ခဲက ခြုံပုတ်ထဲ ရောက်သွားသည်။

တစ်ချက်ထဲနှင့် အရောင်စုံသော တောကြက်တစ်ကောင်က မြေပေါ်ကျသွားသည်။

ရှန်းရှို့ဟွိုင်က မျက်လုံးပြူးသွားကာ ပြောလိုက်သည်။

"ဒါက သမီး အမေပေးခဲ့တဲ့ အမွေဖြစ်မယ်"

ကျန်းထျန်က လျှောက်သွားလိုက်ပြီး တောကြက်ကို ယူကာ ခြင်းတောင်းထဲ ထည့်လိုက်သည်။ ဒါကိုကြားတော့ သူက ပြောလိုက်သည်။ "အမေလည်း ဒီလိုပဲလား?"

"ဒီလိုတော့လည်း မဟုတ်ပါဘူး" ရှန်းရှို့ဟွိုင်က လက်ကိုင်ပုဝါကို ယူကာ နဖူးမှ ချွေးကို သုတ်လိုက်သည်။

"သမီး အဘိုးနဲ့ ဦးလေး နှစ်ယောက်လုံးက တပ်ထဲကပဲ။သမီးအမေက ငယ်ငယ်ကပဲ သူတို့နဲ့ ကြီးပြင်းလာတော့ သူကလည်း အပစ်အခတ် တော်တယ်" သူကလည်း အပစ်အခတ် တော်သည်။

ရှန်းရှို့ဟွိုင်ကို သူနှင့်အတူ ခေါ်သွားသဖြင့် ကျန်းထျန်က တောကြက်နှစ်ကောင်သာ ဖမ်းပြီး ထင်းအနည်းငယ်ယူကာ အိမ်ပြန်လာခဲ့သည်။

ညနေခင်း စားစရာက အလျှံအပယ် ဖြစ်သည်။ ရှန်းရှို့ဟွိုင်က ရာထူးချခံရကာ ရောင်လာချ်ိန်ကပဲ ကောင်းမွန်စွာ မနေရပေ။ သူ့တွင် စားစရာ မရှိသလို အစာအိမ် ပြသနာ ရှိသည့်အတွက် အစားစားချင်စိတ် သိပ်မရှိပေ။

ဒါပေမယ့် ဒီညမှာတော့ ပထမဆုံးအနေနှင့် ကြက်စွပ်ပြုတ် တစ်ပန်းကန် သောက်ကာ ထမင်းထက်ဝက်နှင့် အသီးအရွက်များ စားခဲ့သည်။

သူက ဗိုက်ထဲတွင် အစာမရှိသည့်အတွက် ဗိုက်မကောင်းဖြစ်မည်ကို စိုးရိမ်သော်လည်း နောက်တစ်နေ့ထိ ဘာမှ မဖြစ်ခဲ့ပေ။

စာပြန်လုပ်ချိန်က တင်းကြပ်သလို ရှန်းရှို့ဟွိုင်က ကျန်းထျန်နှင့် နီးကပ်စွာ နေလိုပေမယ့် စာကို အရင် အာရုံစိုက်သင့်သည်ကို သူက သိသည်။ ဒါပေမယ့် သူက အလုပ်မရှိိသည့်အတွက် အခွင့်အရေးရလျှင် ကျန်းထျန်ကို မိသားစု ကိစ္စများ ပြောလေ့ရှိသည်။

မနက်စောစောတွင် လုဖန်ဝေ့က ကုလျန်ရုန်ကို နှိုးကာ စက်ဘီးငှားပြီး မြို့ပေါ်မှ သူ့ဝမ်းကွဲအစ်ကို ရှန်းဝေ့ချင်ကို ခေါ်ရန် သွားခဲ့သည်။

ရှန်းမိသားစုတွင် လူကုန်ကူးသည့်ကိစ္စ ဖြစ်ပြီးချိန်ကပဲ ရှန်းရှို့ဟွိုင်က ရှန်းဝေ့ချင်ကို သူ့ယောက္ခမများရှိသော တပ်မဟာကို ပို့ထားသည်။

သာမန်လူများက ဝင်မရသည့်အတွက် ရှန်းရှို့ဟွိုင်က ဘေးကင်းစွာ စားသောက် နေထိုင် ကျောင်းတက်ခဲ့ရသည်။

လွန်ခဲ့သည့် ခုနစ်နှစ်က ရှန်းဟုန်ကျွင်းနှင့် အကြီးဆုံးဇနီးက ရှန်းရှို့ဟွိုင်ကို တိုင်ကြားချက် ဖွင့်စဉ်က ရှန်းရှို့ဟွိုင်က ချက်ချင်း ဝေ့မိသားစုနှင့် သူ့အစ်မရင်းကို စာပို့ကာ ရှန််းဝေ့ချင်ကို သူနှင့် အဆက်အသွယ်ဖြတ်ရန် ပြောခဲ့သည်။ ဒီလိုမှသာ ရှန်းဝေ့ချင်က ဘာမှ သက်ရောက်မည် မဟုတ်ပေ။

ထို့ကြောင့် ထိုနှစ်က ရှန်းရှို့ဟွိုင်တစ်ယောက်ထဲသာ တိုင်ကြားမှုဒဏ်ကို ခံခဲ့ရသည်။

သူက အလုပ်ပြုတ်ကာ မိဘအမွေများက သူ့အစ်ကိုကြီးထံမှ အလုခံရပြီး နယ်ကို အပို့ခံရကာ ခုနစ်နှစ် အချိန်ကုန်ခဲ့ရသည်။

ရှန်းဝေ့ချင်က ကျန်းထျန်ထက် သုံးနှစ်ကြီးသည်။ သူက သူ့အဖေကို လွမ်းသည့်အတွက် ရွှီကျန်းမြို့ကို မကြာခဏ လာလည်သည်။ နောက်ပိုင်းတွင် သူက အထက်တန်းပြီးနောက် နယ်ဘက် လာချင်ပေမယ့် သူ့အဘိုးနှင့် ဦးလေးနှစ်ယောက်ကြောင့် အရှူံးပေးခဲ့ရသည်။

ရှန်းဝေ့ချင်နှင့် ရှန်းရှို့ဟွိုင်က ပုံစံတူသည့်အတွက် ကုလျန်ရုန်နှင့် လုဖန်ဝေ့က ဘူတာရုံ ရောက်သည်နှင့် ရှာတွေ့သည်။

သူတို့သုံးယောက်က ကျန်းရှို့ရှန်၏ စက်ဘီးကို ငှားကာ အိမ်ပြန်လာခဲ့သည်။

ရှန်းဝေ့ချင်က အခြားနှစ်ယောက်ထက် ကြီးပြီး ကံမကောင်းမှုကို စောစော ကြုံခဲ့ရသည့်အတွက် ပို၍ တည်ငြိမ်သည်။ ဒါပေမယ့် ယခု သူ့အဖေက ရာထူးပြန်ရကာ ပျောက်နေသော ညီမကိုလည်း ရှာတွေ့ပြီ ဖြစ်သည့်အတွက် သူ့စိတ်လှုပ်ရှားမှုကို တည်ငြိမ်မှူက မထိန်းထားနိုင်တော့ပေ။

ရှန်းရှို့ဟွိုင်နှင့် ယှဉ်လျှင် ရှန်းဝေ့ချင်က ပို၍ တည်ငြိမ်သည်။ သူက ကျန်းထျန်ကို မြင်သည်နှင့် လာ၍ စကားပြောလိုက်သည်။

သူကလည်း ကောလိပ်ဝင်ခွင့် ဖြေမည့်အတွက် ဘာလို့ ကုအိမ်တွင် နေ၍ မရမှာလဲ?

ရွှီကျင်းဖန် - "..." ဟုတ်ပြီလေ။ အားလုံးက သူမအိမ်တွင်လာစုနေကြသည်။

ဒါပေမယ့် ဒါက နှစ်လသာ ဖြစ်သည်။ ရှန်းဝေ့ချင်က တစ်လလောက်သာ အချ်ိန်ရသည့်အတွက် သူနှင့် ရှန်းရှို့ဟွိုင်က ပေကျင်းကို အခြားသူများထက် စောစောသွားခဲ့သည်။

တစ်ယောက်က စာမေးပွဲ အတွက်ဖြစ်ပြီး နောက်တစ်ယောက်က အလုပ်အတွက် ဖြစ်သည်။

နိုဝင်ဘာအကုန် ကောလိပ်ဝင်ခွင့် မဖြေခင်အချိန်တွင် ရှန်းရှို့ဟွိုင်နှင့် ရှန်းဝေ့ချင်က လက်မှတ်ဝယ်ကာ ပေကျင်း ပြန်ခဲ့သည်။

ရှန်းဝေ့ချင်က ကျန်းထျန်ကို အခါခါ ပြောခဲ့သည်။ "ထျန်ထျန် အစ်ကိုတို့အားလုံး ပီကင်းတက္ကသိုလ်ကို လျှောက်ရမယ်။ အစ်ကိုတို့ ကျောင်းသားဟောင်း ဖြစ်ချင်တယ်!"

ရွှီကျန်းမြို့၏ ရာသီဥတုက ဒီဇင်ဘာလတွင် အေးလာသည်။ ကံကောင်းစွာနှင့် ကုမိသားစုက ပြင်ဆင်ပြီး ဖြစ်သည်။ ကျန်းထျန်က စာမေးပွဲခန်းကို ယုန်မွှေးလက်အိတ် ယူလာကာ အေးသည့်အချိန်တိုင်း လက်ကို အထဲထည့်ထားသည်။

ကောလိပ်စာမေးပွဲ ပြီးသည်နှင့် နောက်တစ်ဆင့်က အမှတ်တွက်ရန် ဖြစ်သည်။

ခန့်မှန်းရမှတ် အမြင့်ဆုံးသူက ကုလျန်မင်ဖြစ်ပြီး သူမက စာနှင့် ပတ်သက်လျှင် ထူးချွန်သည်။

ကျန်းထျန်က သူမလောက် မတော်ပေ။ ကျန်းထျန်ကလည်း ဉာဏ်ကောင်းပေမယ့် သူမက ပျင်းရိကာ အဆင့်ကျော်ပြီး မကြာခဏ အမှားလုပ်မိသည်။

ခန့်မှန်းရမှတ် အနိမ့်ဆုံးသူက ရွှီကျင်းယောင် ဖြစ်သည်။သူက အသက်ကြီးနေပြီ ဖြစ်ပြီး အားလျော့နေပြီ ဖြစ်သည့်အတွက် မှတ်ဉာဏ်မကောင်းတော့ပေမယ့် ဆယ်စုနှစ်များစွာ အတွေ့အကြုံများ ရှိနေသေးသည်။

ကျန်းရှ်ို့ရှန်နှင့် ကုရှန်းလီ၏ ရမှတ်များကလည်း ကျေနပ်စရာ ကောင်းသည်။

ရမှတ်များ အမှန် ထွက်လာချိန်မှာတော့ အားလုံး၏ အထင်အတိုင်း အတူတူ ဖြစ်သည်။

ကျောင်းလျှောက်ရမည့် အချိန်တွင် လုဖန်ဝေ့လည်း ရှိနေပြီး ပါမောက္ခ ရှန်းရှို့ဟွိုင်၏ အကူအညီနှင့် လျှောက်လွှာအတွက် ပြသနာ မရှိပေ။

တစ်ခုတည်းသော ပြသနာက

ကျန်းထျန် - "ကျွန်မ ပေကျင်း တက္ကသိုလ်ကိုပဲ လျှောက်မယ်"

ကုလျန်ရွှမ်က သူ့ဇနီး ပြောသည့်အတိုင်း လုပ်သည်။ လုဖန်ဝေ့က သူ့မိသားစုက ပေကျင်းမှ ဖြစ်သည့်အတွက် ဘာမှ မပြောပေ။

ရွှီကျင်းယောင်၏ ရမှတ်များကလည်း ကောင်းသည်။

"ပေကျင်းက မြို့တော်ဖြစ်ပြီး တစ်ခါမှ မရောက်ဘူးလို့ သွားကြည့်ချင်တယ်"

ကုလျန်မင်က အမှတ်မြင့်သည့်အတွက် သူမက အခြား ထိပ်တန်းတက္ကသိုလ်ဖြစ်သော ရှင်းဟွာ တက္ကသိုလ်မှ ဘာသာရပ်ကို လျှောက်ထားသည်။

ဒါပေမယ့် ညီအစ်ကို သုံးယောက်တွင် အခြားအတွေး ရှိသေးသည်။

ကုလျန်ရုန်-"ကျွန်တော် နေရာအတော်များများကို ကားမောင်းပြီး ရောက်ဖူးတယ်။ လူအတော်များများက ရှန်ဟိုင်းအကြောင်း ပြောပြီး အဲ့ဒီနေရာက အထင်ကရ ဖြစ်တယ်ပြောလို့ သွားကြည့်ချင်တယ်"

ညီအစ်ကို သုံးယောက်က အမြဲတမ်း တစ်စိတ်တစ်ဝမ်းထဲ ဖြစ်ပြီး ယခင်ကပဲ တိုင်ပင်ထားပုံရသည်။

လျှောက်လွှာ တင်ပြီးနောက် လဝက်ကျော် စောင့်ပြီးနောက် ပထမအသုတ် အကြောင်းကြားစာများ ရောက်လာသည်။

ပထမဆုံး ရောက်လာသည်က ညီအစ်ကို သုံးယောက် ဖြစ်သည်။ သူတို့၏ ကျောင်းများက ရှန်ဟိုင်းမြို့တွင် ဖြစ်သည်။ မဝေးသည့်အတွက် အနာဂတ်တွင် မကြာခဏ တွေ့ဆုံန်ိုင်သည်။

All Chapters