← Chapters

အခန်း(၁၁၁)

Vol. 9 Ch. 111

အခန်း(၁၁၁)

Vol. 9 Ch. 111

ကျောင်းဝင်ခွင့် ရသည်နှင့် ကုလျန်ရုန်နှင့် ကျန်းရှို့ရှန်က သူတို့၏ လက်ရှိအလုပ်ကို ရောင်းရန် တွေးနေကြသည်။

ဒါပေမယ့် ရွာထဲတွင် ဆူဆူညံညံ ဖြစ်နေသည်။

ကုလျန်ရုန်နှင့် ကုရှန်းလီက ကောလိပ်ကျောင်းသားများ ဖြစ်လာကြတော့မည်။

သူတို့နှစ်ယောက်က အရပ်ရှည် ကြည့်ကောင်းပြီး ဒီနှစ်တွင် အသက်နှစ်ဆယ် ပြည့်ပြီ ဖြစ်ကာ ကောလိပ်ကျောင်းသားများ ဖြစ်ကြသည်။

ရုတ်တရက် အိမ်နှစ်အိမ်တွင် အောင်သွယ်တော်များဖြင့် ပြည့်သွားသည်။

တတိယအဒေါ်က တိတ်ဆိတ်သောနေရာတွင် သွားပုန်းနေရန် ကုအိမ်သို့ လာခဲ့သော်လည်း ဒီနေရာတွင်လည်း မအေးချမ်းပေ။

"ကျင်းဖန် ကျွန်မက ရှန်းလီအတွက် မိန်းကလေးရှာဖို့ ခက်ခဲမယ်ဆ်ို အခုတော့ သူက လူတိုင်း သဘောကျရတဲ့ ကောလိပ်ဝင်ခွင့် အောင်ပြီး ရှန်ဟိုင်းမှာ တက္ကသိုလ်တက်ရမယ့် ကျောင်းသား ဖြစ်နေပြီ။ အခု ကျွန်မက ဒီလို မိန်းမကောင်းလေးတွေကို ဘယ်လိုငြင်းရမလဲ ကိုပဲ တွေးနေရပြီ"

တတိယအဒေါ်က ရင်ဘတ်ကိုဖိကာ ရင်နာသလိုပုံစံနှင့် သက်ပြင်းချပြနေသည်။ "မိန်းမကောင်းလေးတွေ အများကြီး ရှိပေမယ့် ဒီကောင်လေးက ဘယ်သူ့ကိုမှ သဘောမကျဘူး!"

ရွှီကျင်းဖန်က ပို၍ တည့်တိုးဆန်သည်။ သူက လာသမျှလူတိုင်းကို ဘယ်သူဖြစ်ဖြစ် ငြင်းလွှတ်သည်။ "ဂရုမစိုက်ပါဘူး။ ကလေးတွေက တွေးတောတတ်နေပြီ။ သူတို့ကို အတင်းဖိအားပေးရင် ရန်သူ ဖြစ်သွားလိမ့်မယ်"

ဒါပေမယ့် ရွှီကျင်းဖန်တွင် ပူစရာ ရှိသေးသည်။ "ချူးလန် တကယ်လို့ အိမ်က ကလေးတွေ အားလုံးက အလုပ်သွားလုပ်ရင် ကျွန်မက တစ်ယောက်ထဲ အိမ်မှာ ကျန်ခဲ့မှာ! အလုပ်သွားတဲ့သူက သွားရပြီး ကျောင်းသွားတဲ့သူက သွားရရင် အမွှာလေးနှစ်ယောက်ကို ဘယ်သူ ဂရုစိုက်မှာလဲ?"

တတ်ိယအဒေါ်က ခေါင်းလှည့်လိုက်သည်။ "ဟုတ်တယ်!"

သူမက ပါးစပ်ကို အုပ်ပြီး ပြုံးလိုက်သည်။ "အခုလို ကြားရတော့ ကျွန်မ စိတ်မပူတော့ဘူး"

ရွှီကျင်းဖန် - "..." တစ်ခါတစ်လေကျရင် သူနှင့် အဆက်အသွယ် ဖြတ်ချင်သည်။

တတိယအဒေါ်က အလျင်အမြန် သူ့ကို နှစ်သိမ့်လိုက်သည်။ "ကျွန်မက ဒီအတိုင်း ပြောလိုက်တာပါ။ ကျွန်မ အမြင်တော့ အစ်မ အစ်ကိုကြီးက ကျောင်းသွားမယ်ဆိုရင် သူ့ဒုတိယသားကို အိမ်ခေါ်ထားလိုက်ပါလား။တပ်မဟာနှစ်ခုက မဝေးလို့ စက်ဘီးနဲ့ အသွားအပြန် လုပ်လို့ရတယ်လေ"

ရွှီကျင်းဖန်က သက်ပြင်းချလိုက်သည်။ "နောက်မှ ပြောကြတာပေါ့"

နှစ်ရက်အတွင်းတွင် ကုလျန်ရွှမ်နှင့် ကုလျန်မင်က ဝင်ခွင့်စာ ရလာသည်။ သူတို့က ကျောင်းတစ်ခုထဲတွင် မတူညီသော ဘာသာရပ်ကို သင်ယူရမည်။

တစ်ယောက်ပြီးတစ်ယောက် ဖြစ်ပြီး လုဖန်ဝေ့နှင့် ကျန်းထျန်၏ စာကလည်း ရောက်လာသည်။

ရွာထဲတွင် ဆူသွားပြန်သည်။

ကုမိသားစုတွင် တစ်ချိန်ထဲနှင့် ကောလိပ်ကျောင်းသား လေးယောက်ရှိသွားပြီး အားလုံးက နာမည်ကြီး ကျောင်းများကို ဝင်ခွင့်ရကြသည်။ တပ်မဟာ အဖွဲ့အစည်းနှင့် မြို့ပေါ်တွင်လည်း သတင်းများ ထွက်လာကာ ခရိုင်မြို့နယ် အဆင့်များ ထွက်လာပြီး ကုလျန်မင်က ခရိုင်အဆင့် ထိပ်တန်းသုံးယောက်တွင် ပါဝင်သည်။

ယခု မြို့ပေါ်နှင့် ခရိုင်မြို့အပြင် အဖွဲ့အစည်းကပါ လူများစေလွှတ်ပြီး ကုမိသားစုကို ဆုလာဒ်များ ပေးခဲ့သည်။ အမှတ်(၁)မြို့နယ် အလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လူကိုယ်တိုင်လာပြီး ကုလျန်မင်၏ နှစ်နှစ်စာ မှတ်စုနှင့် လေ့ကျင့်ခန်းစာအုပ်များကို ယူသွားသည်။

ရွှီကျင်းယောင်၏ အကြောင်းကြားစာက နောက်ဆုံးမှ ရောက်လာသည်ဖြစ်ပြီး မျှော်လင့်ချက် မရှိတော့ချိန်မှ ရောက်လာခြင်း ဖြစ်သည်။

ပေကျင်းမြို့ သာမန် တက္ကသိုလ် တစ်ခုမှ ဖြစ်သည်။ ရွှီကျင်းယောင်က အကြောင်းကြားစာ ရသောအခါ မျက်ရည်များပင် ကျမိသည်။

ပညာတတ်လူငယ်များကိုတော့ လုဖန်ဝေ့က ပြန်စစ်ကြည့်ရာ အချို့က အောင်မြင်ပြီး အချို့က လိုသေးသည့်အတွက် နောက်နှစ်မှ ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်။

သူတို့က သူ့မှတ်စုကို ငှားချင်ကြပေမယ့် လုဖန်ဝေ့က ပေကျင်းကို ပြန်တော့မည်ဖြစ်ပြီး စာအုပ်များကို မလိုတော့သည့်အတွက် သူက ရက်ရောစွာ ပေးခဲ့လိုက်သည်။

အခြေအနေက ယခင်ကထက် ယခု ပို၍ သက်တောင့်သက်သာ ရှိပေမယ့် ပညာတတ်လူငယ်များ မြို့ကိုပြန်ရမည့် မျှော်လင့်ချက်က နည်းနေသေးသည်။ ဒါပေမယ့် မြို့ပေါ်က လူတွေကလည်း ကောလိပ်ဝင်ခွင့်ရကာ ကုလျန်ရုန်နှင့် အခြားသူများကဲ့သို့ အလုပ်ရှာတွေ့ခဲ့သည်လား မသိသလို အချ်ို့သော ပညာတတ်လူငယ်များက မိသားစုနှင့်တွေ့ရန် ခွင့်တင်ကာ မြို့ပေါ်ပြန်ပြီး ထိုနေရာတွင် နေကြသည်။

ရွှီကျင်းယောင် အသက်ငါးဆယ်ကျော်မှ တက္ကသိုလ် ဝင်ခွင့်ရသောသတင်းက ရွှီကျန်းမြို့ တစ်ခုလုံးတွင် ဆူညံ နေသည်။ သူနှင့် ယှဉ်လျှင် ခရိုင်ထိပ်တန်းအဆင့်ဝင်သော ကုလျန်မင်တောင် သူ့လောက် မကျော်ကြားပေ။

မြို့ကြီးများမှ ရွှီကျင်းယောင်ထံ လာရောက်မေးမြန်းကြသော သတင်းသမားများလည်း ရှိသည်။ ရွှီကျင်းယောင်က ထင်ထင်ရှားရှား မဖြစ်စေချင်ပေမယ့် အဖွဲ့ခေါင်းဆောင်က သူ့ကို သတင်းသမားများနှင့် တွေ့ရန် ခေါ်သွားသည်။

အဖွဲ့ခေါင်းဆောင်က ပြောသေးသည်။ "သာ့ယောင် မင်း သူတို့ကို သွားတွေ့သင့်တယ် ဒါမှ လူတွေက ငါတို့ အဖွဲ့ရှစ်က လူတွေက လုပ်နိုင်စွမ်းရှိကြောင်း သိကြမှာ။ပညာတတ်လူငယ်တွေ မပါဘဲ ငါတို့အဖွဲ့မှာ စာမေးပွဲအောင်တာ လူသုံးယောက်ပဲ ရှိတယ်။ မင်းက သုံးယောက်ထဲကမှ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အခြားနှစ်ယောက်က ကောလိပ်ပြီးပြီးသား သူတွေပဲ"

"ငါ အရင်ရက်တွေက အဖွဲ့ခြောက်ကိုသွားတော့ သူတို့ခေါင်းဆောင်က အရမ်းပျော်နေတာ မြင်ရတော့ မနာလို ဖြစ်မိသေးတယ်"

"သာ့ယောင် မင်း တက္ကသိုလ်က ဘွဲ့ရပြီးရင် ပေကျင်းမှာ နေမှာလား အဖွဲ့ကို ပြန်လာမှာလား? ငါ့ကို ကြိုပြောပါ။အဖွဲ့ရှစ်ရဲ့ ကျောင်းအုပ်နေရာက မင်းအတွက်ပဲ"

သူက ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူကသာ ကျောင်းအုပ် ဖြစ်လာမည်ဆိုလျှင် နိုင်ငံတစ်ဝှမ်းက ကလေးများကို ဆွဲဆောင်နိုင်လိမ့်မည်။

အကြောင်းကြားစာ ရပြီးနောက်မှာ ကုလျန်ရုန်က ထောက်ခံစာ ယူကာ ရှန်ဟိုင်းမြို့ကို သွားခဲ့သည်။ ကျန်းရှို့ရှန်က သူ့အဖေကို ခေါ်လာလိုသည့်အတွက် သူတို့က ကြိုတင်၍ အိမ်ငှားရန် လာခဲ့ခြင်း ဖြစ်သည်။

ကျန်းရှိူ့ရှန်၏ ဖခင်က နာမကျန်းသည့်အတွက် ကျန်းရှို့ရှန်က သူ့ကို အိမ်တွင် တစ်ယောက်ထဲ ထားခဲ့ရမည်က်ို စိတ်ပူနေသည်။

လပြည့်နှစ်၏ ဆယ့်ငါးရက်နေ့ နီးကပ်လာပြီး ကောလိပ်ကျောင်းသားများက အိမ်မှထွက်ကာ ကျောင်းအပ်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

ရွှီကျင်းယောင်က မသွားမီ သားနှစ်ယောက်ကို အမွေခွဲပေးခဲ့သည်။ အိမ်ကိုတော့ အကြီးဆုံးသားကို ပေးခဲ့ပြီး သားအငယ်ကိုတော့ ငွေသားများ ပေးခဲ့သည်။ အဖွဲ့ကလည်း ဒုတိယသား၏ အိမ်ခွဲနေခြင်းကို လက်ခံပြီး ဖြစ်သဖြင့် သူက တစ်မိသားစုလုံးကို စောင့်ရှောက်န်ိုင်ရန် ကုအိမ်တွင် အရင်နေခဲ့သည်။

ကုလျန်ရုန်က အိမ်တွင် သန့်ရှင်းရေး လုပ်ရမည်ဟု ဆိုကာ ကျန်းထျန်နှင့် အခြားသူများထက် စောစော ထွက်သွားသည်။

ပေကျင်းတွင် ရှန်းရှို့ဟွိုင်က မိသားစု အမွေများ ပြန်ရကာ အချို့ကို ရှန်းကျင်းကျွမ်း၏ မိသားစု အမွေက်ိစ္စ စုံစမ်းပေးသော တော်လှန်ရေးအဖွဲ့၏ အမှူဆောင်ကို ပေးလ်ိုက်သည်။

ရှန်းရှို့ဟွိုင်က ပေကျင်းရောက်သည်နှင့် ရှန်းကျင်းကျွမ်း၏ မိသားစုကိစ္စကို ဖြေရှင်းခဲ့သည်။

ရှန်းကျင်းကျွမ်းက လူကြီးမင်းရှန်း၏ နယ်မှ ပထမဇနီး၏ ကလေးဖြစ်သည်။ သူက အရွယ်ရောက်သည်အထိ နယ်တွင် ကြီးပြင်းလာခဲ့သည်။ လူကြီးမင်းရှန်းက ပေကျင်းတွင် အထိုင်ကျတော့မှ သူ့ကို ခေါ်ခဲ့သည်။

ရှန်းရှိူ့ဟွိုင်၏ အမေက လူကြီးမင်းရှန်း၏ တတိယဇနီး ဖြစ်သည်။ ဒုတိယဇနီးက ကိုယ်ဝန်ဆောင်နေချိန်တွင် ပြုတ်ကျကာ သေဆုံးခဲ့သည်။

နောက်ပိုင်းတွင် ရှန်းကျင်းကျွမ်းက နယ်ကို ပြန်ပို့ခံရသည်။

ဘာဖြစ်ခဲ့သည်ဆိုသည်ကို အရူးတောင်မှ ခန့်မှန်းကြည့်၍ ရနိုင်သည်။

ရှန်းရှိူ့ဟွိုင်၏ အမေက နိုင်ငံခြားတွင် ပညာသင်ကာ ဒုတိယအကြိမ် လက်ထပ်ခဲ့သည်။ ရှန်းရှို့ဟွိုင်၏ အစ်မကြီးက သူ့အမေနှင့် ပထမအမျ်ိုးသား၏ ကလေး ဖြစ်သည်။

ရှန်းရှို့ဟွိုင်က မိဘများထံမှ အချစ်ခံရပြီး ရှန်းကျင်းကျွမ်း ပေကျင်းကို ပြန်ရောက်လာတော့ သူက သူ့၏ သွေးထက်ဝက်တော်သော ညီဖြစ်သူ ရှန်းရှ်ို့ဟွိုင်အပေါ် မလိုမုန်းထားစိတ်များ ပေါ်လာခဲ့သည်။

ရှန်းဟုန်ရင်းနှင့် ရှန်းဟုန်ကျွင်းက ရှန်းကျင်းကျွမ်း နယ်တွင် လက်ထပ်ပြီး မွေးထားသော ကလေးများ ဖြစ်သည်။ သူတို့အဖေ၏ သိမ်းသွင်းမှုကြောင့် သူတို့က ဦးလေးဖြစ်သူ ရှန်းရှ်ို့ဟွိုင်အပေါ် အမုန်းတရားများ ထားကြသည်။

ရှန်းရှို့ဟွိုင်က တက္ကသိုလ် ပါမောက္ခတစ်ယောက် ဖြစ်ပြီး သူ့အမေထားခဲ့သော အ်ိမ်ခြံမြေနှင့် ရတနာများ ရှိသည့်အတွက် လိုချင်သမျှ အားလုံးရသည်။ သူတို့အဖေကတော့ သာမန်အလုပ်သမား တစ်ယောက် ဖြစ်သည့်အတွက် လိုချင်သည့်အရာများဝယ်ရန် အဘိုးကြီးကို ခွင့်တောင်းရသေးသည်။

ရှန်းရှို့ဟွိုင်၏ အငယ်ဆုံးသမီး ရှန်းထျန် မွေးလာချိန်တွင် ရှန်းဟုန်ရင်း မနာလိုစိတ်က မြင့်တက်လာခဲ့သည်။

ရှန်းထျန်က အ်ိမ်ကြီးအိမ်ကောင်းတွင် နေရပြီး ငွေဇွန်းကိုက် မွေးလာသလို ပြုစုမည့်လူအများကြီး ရှိနေပြီး လပြည့်စားသောက်ပွဲတွင် အိမ်အပြည့် လက်ဆောင်များ ရသည်ကို မြင်ရတော့ သူမက ရူးမတတ် မနာလို ဖြစ်မိကာ ရှန်းထျန်ကို သူမအမေ အိပ်ပျော်နေချိန်တွင် ခိုးကာ လမ်းဘေးတွင် ပစ်ထားခဲ့သည်။

သူက နယ်ဘက် အပို့ခံရတော့မှ ရှန်းဟုန်ရင်းက ရှန်းရှို့ဟွိုင်ကို ဂုဏ်ယူစွာ ပြောပြခဲ့သည်။ ရှန်းထျန်၏ အမေက သူမကြောင့် ဒေါသထွက်ပြီး သေခဲ့ရသည်ဟုလည်း ပြောခဲ့သည်။

ရှန်းရှို့ဟွိုင်၏ ဘဝတွင် အရေးအကြီးဆုံးက သူ့ဇနီးနှင့် ကလေးများ ဖြစ်ပေမယ့် နှစ်ခုလုံးက ရှန်းဟုန်ရင်းကြောင့် ပျက်စီးခဲ့ရသည်။

ဒါကြောင့် ပေကျင်းကို ပြန်ရောက်ပြီး နှစ်ရက်အကြာတွင် ရှန်းဟုန်ရင်း၏ ယောက်ျားက စက်ရုံမှ အလုပ်ဖြုတ်ခံရသည်။ သူမက လာဘ်စားမှု၊ ပြည်သူပိုင်ပစ္စည်း ခိုးယူမှုနှင့် အထက်လူကြီးနှင့် မသင့်တော်သည့် ပတ်သက်မှုတို့ကြောင့် ဖမ်းဆီးခံရသည်။

ဒီ ပြစ်မှုများက သူမကို နောက်နှစ်မတိုင်ခင်ထိ မရှင်သန်နိုင်စေရန် လုံလောက်သည်။

ရှန်းကျင်းကျွမ်းနှင့် ရှန်းဟုန်ကျွင်းတို့သားအဖကိုလည်း ရှန်းရှို့ဟွိုက်က အလွတ်မပေးပေ။

သူတို့အားလုံး အချုပ်ကျသွားသည်။ သူတို့က အစထဲက လူကောင်းများ မဟုတ်ပေ။ နှစ်သစ်အကြို မတိုင်ခင် ရှန်းရှို့ဟွိုင်က ရှန်းကျင်းကျွမ်း မိသားစုက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျပြီး အခြားသူများက သေဒဏ်ကျသည်ဟု သူ့မိတ်ဆွေဟောင်းထံမှ ကြားသိရသည်။

ကျန်းထျန်နှင့် အဖော်များ ပေကျင်း ရောက်ချိန်တွင် ရှန်းရှို့ဟွိုင်က အကုန် ပြင်ဆင်ထားကာ အသစ်ဝယ်ထားသော ကားသစ်နှင့် သွားကြိုခဲ့သည်။

"အဖေ ပီကင်း တက္ကသိုလ်နားမှာ အိမ်ပြင်ထားတယ်။ လူတ်ိုင်းနေလို့ရအောင် အခန်းတွေ အများကြီးရှိတယ်။ကျောင်း မအပ်ရသေးခင် ပေကျင်းမြို့ကို ပတ်ကြည့်လို့ရတယ်"

ရှန်းရှို့ဟွိုင်က သူဝတ်နေကျ အဝတ်များ ဝတ်ထားသဖြင့် ရွှီကျန်းမြို့တွင် နေစဉ်နှင့် မတူပေ။

ရှန်းမိသားစုတွင် နှစ်ရက်သာနေပြီး ရွှီကျင်းယောင်၏ ကျောင်းက အရင်စကာ ကုလျန်ရွှမ်နှင့် ကုလျန်မင်၏ ကျောင်း စတင်ပြီးနောက် ကျန်းထျန်၏ ကျောင်းက စတင်သည်။

ကျောင်းအပ်သည့်နေ့တွင် သူမကို လိုက်ပို့ရန် ဘယ်သူမှ အချိန်မရပေ။

ကျောင်းတိုင်းတွင် စစ်တပ်လေ့ကျင့်ရေးရှိသည်ဟု ကြားရပြီး ရှင်းဟွာ တက္ကသိုလ်က ကျောင်းသားများကို အနည်းဆုံးနှစ်လ စစ်တပ်လေ့ကျင့်ရေး ပို့သည်။

ကျန်းထျန်က ဒါကိုကြားတော့ အနည်းငယ် ထိတ်လန့်နေသည်။

သူမ အကြောက်ဆုံးက မတ်တပ်ရပ်ကာ အာရုံစိုက်ရပြီး ချီတက်လမ်းလျှောက်ရခြင်း ဖြစ်သည်။ ဒါပေမယ့် ကံကောင်းစွာနဲ့ အိမ်တွင် အတွင်းခေါင်းဆောင်အဖြစ် ရှန်းရှို့ဟွိုင်က သူမကို နှစ်သိမ့်ပေးသည်။

"ပေကျင်းတက္ကသိုလ်ရဲ့ စစ်တပ်လေ့ကျင့်ရေးက နှစ်ပတ်ပဲ ပြီးတော့ စစ်တပ်သုံး ပစ္စည်းတွေက အကန့်အသတ်နဲ့ ရှိပြီး ရှင်းဟွာတက္ကသိုလ်က ကြိုတင်ယူထားပြီ မလို့ ပေကျင်း တက္ကသိုလ်က အပျော်တမ်းသဘောပဲ သွားရမှာပါ"

ကျန်းထျန်က စိတ်ကျေနပ်သွားသည်။

ကျန်းထျန်က သမိုင်းဌာနကို ရွေးချယ်ခဲ့သည်။ သူမက ဒီမေဂျာက်ို စိတ်ဝင်စား၍ မဟုတ်ဘဲ တရုတ်ပြည်၏ ရှေးဟောင်းယဉ်ကျေးမှုကို လေ့လာလ်ို၍ ဖြစ်သည်။

ယခင်က ရှေးဟောင်း သမိုင်းဝင် အခြေအနေများနှင့် အရင်းတနှီးရှိနေသည်က ကောင်းသည်။

ဒါပေမယ့် အဓိက အရေးအကြီးဆုံးကတော့ လုဖန်ဝေ့က သမ်ိုင်းဌာနမှ လူများက ရှားပါးရတနာများကို ကိုယ်တိုင်မြင်ရသည်ဟု ပြောသောကြောင့် ဖြစ်သည်။ လုဖန်ဝေ့၏ မိဘများက နိုင်ငံခြားဆက်ဆံရေး ဝန်ကြီးဌာနမှဖြစ်ပြီး သူက ပေကျင်း နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်သည်။

ရှန်းရှို့ဟွိုင်က စီးပွားရေးကျောင်းတွင် ပါမောက္ခဖြစ်သည်။ သူက န်ိုင်ငံခြားတွင် ပညာသင်စဉ်က ဘဏ္ဍာရေးပညာကို သင်ကြားခဲ့ကာ ယခု ပီကင်းတက္ကသိုလ်တွင် ထိုဘာသာရပ်၌ ပါမောက္ခ ဖြစ်သည်။

ရှန်းဝေ့ချင်က ဥပဒေပညာ သင်ကြားသည်။ သူတို့ ကျောင်းတွင် တွေ့စဉ်က သူ့ကို အမြဲတမ်း မျက်မှောင်ကြုတ်ကာ စာအုပ်အထူကြီး ကိုင်ကာ သွားနေသည်ကို တွေ့ရသည်။

ရှန်းဝေ့ချင်က ကျန်းထျန်ကို ငြီးတွားပြောဆိုသည်။

"စောစောကသိရင် အစ်ကို ဒီဘာသာရပ်ကို မရွေးခဲ့ပါဘူး။ ကြားရကောင်းပေမယ့် မနက်တိုင်း ခေါင်းအုံးပေါ်မှာ ဆံပင်တွေတွေ့ပြီး လျှောက်ခဲ့တုန်းက ဦးနှောက်ထဲ ရေတွေ ဝင်နေတာလားလို့ တွေးမိတယ်"

ကျန်းထျန်၏ မေဂျာကလည်း မလွယ်ပေ။ ပထမနှစ်က စာသင်နှစ်ဝက်သာ ရှိသည့်အတွက် ကျန်းထျန်၏ အတန်းမှ လူများက စာသင်နှစ်နှစ်ခုစာ စာများကို စာသင်နှစ်ဝက် တစ်ခုထဲတွင် လုပ်ရသည်။

သမိုင်းဘာသာရပ်ကလည်း ရှန်းဝေ့ချင်၏ စာအုပ်ကြီးထက်မနည်း မှတ်ရသည်။

ဒါကြောင့် အိမ်တွင် အစားအသောက်စားပြီးတိုင်း ရှန်းရှို့ဟွိုင်က ပင်မခုံတွင်ထိုင်ကာ ရေနွေးကြမ်း သောက်နေစဉ် သူ့ကလေးနှစ်ယောက်က သူတို့၏ ဘာသာရပ်များကို ငုံ့၍ အတော်ကြာ ဖတ်နေပြီး မှတ်မိတော့မှ ခေါင်းထောင်လာခဲ့သည်။

ဒါက သူ့လို ကျောင်းသားများကို မှတ်ရသည့် စာများ ပေးတတ်သော ပါမောက္ခတစ်ယောက်ကို ကျေနပ်စေသည်။

နှစ်လအတွင်း ကျန်းထျန်၏ စာသင်နှစ်က စနေပြီ ဖြစ်ပြီး ကုလျန်ရွှမ်နှင့် ကုလျန်မင်က မြို့ကို ပြန်ရောက်လာသည်။သူတို့နှစ်ယောက်၏ အသားအရောင်က ယခင်ကထက် ပိုညိုလာသည်။

ကျန်းထျန်က အတန်းပြီး အိမ်ပြန်လာ၍ စာအုပ်ဖတ်နေကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မီးသွေးခဲလေး နှစ်ခုက သူ့ထံလာနေသည်ကို မြင်လိုက်ရသည်။

ကျန်းထျန် - "..." နေရာကို ငှားမရခဲ့လို့ ကျေးဇူးတင်ပါတယ်။

ထိုလူနှစ်ယောက် စစ်တပ်လေ့ကျင့်ရေးမှ ပြန်လာချိန်တွင် ရွှီကျင်းယောင်ကလည်း သတင်းကြား၍ ပြန်ရောက်လာသည်။ သူကလည်း စစ်တပ်လေ့ကျင့်ရေး သွားခဲ့ရသည်။

ရွှီကျင်းယောင်ကို အသက်ကြီးနေပြီ ဖြစ်သည့်အတွက် ကျောင်းက စစ်တပ်လေ့ကျင့်ရေးတွင် မပါဝင်ရန် ပြောသော်လည်း သူက တက်ကြွစွာ ပါဝင်လိုသည်။ သူက အသက်ကြီးနေပြီဖြစ်ပြီး အတန်းထဲမှ လူငယ်ကျောင်းသားများနှင့်လည်း မျိုးဆက် ခြားနားမှု ရှိနေသည်။ သူက လေ့ကျင့်ရေးကာလတွင် အထူးအခွင့်အရေး ယူလိုက်လျှင် လူငယ်ကျောင်းသားများနှင့် ခြားနားချက် ပိုကြီးသွားလိမ့်မည်။

ရလဒ်အနေနှင့် ရွှီကျင်းယောင်က စစ်တပ်လေ့ကျင့်ရေးကို မကျရှုံးခဲ့သည်သာမက အကောင်းဆုံးပါ ဖြစ်ခဲ့သေးသည်။

အတန်းဖော်များနှင့် ရွှီကျင်းယောင်နှင့်ရွယ်တူ ဆရာများနှင့် သူ့ကျန်းမာရေးကို စိတ်ပူကြသူများ - "..."

ဒါက အံ့သြစရာပဲ!

ရွှီကျင်းယောင်က နေ့တိုင်း အခက်အခဲမရှိ တာဝန်များကို လုပ်နိုင်သည်။ ခါးပြဿနာရှိသော သူများနှင့် အဆင်မပြေသော တာဝန်များမှလွဲလျှင် အားလုံးတွင် လူငယ်များထက် ပိုကောင်းသည်။

သူနှင့် အသက်တူသည့် ကျောင်းအုပ်ဆရာက သူ့ထံမှ အကြံတောင်းသည်။ "ဘယ်လို လုပ်လိုက်တာလဲ?"

သူက ဒီအသက်အရွယ်တွင် ကျန်းမာရေး ကောင်းနေသေးသည်။

ရွှီကျင်းယောင်က ပြောသည်။ "ကျွန်တော့ ဇာတိက တပ်မဟာမှာ တစ်နှစ်ကို နှစ်ကြိမ် စပါးရိတ်သိမ်းရပြီး နွေဦးတစ်ခါ ဆောင်းဦးတစ်ခါလေ။ ကျွန်တော် အချိန်တိုင်း လုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါဝင်ပြီး နေ့တိုင်း အလုပ်ရမှတ် အပြည့်ရတယ်"

ကျောင်းအုပ် - "..." သူ အမြင်ကျဉ်းသွားတယ်။

ဒါပေမယ့်လည်း ရွှီကျင်းယောင်၏ အသက်အရွယ်အရ ဆံပင်ဖြူများက မြင်သာနေပြီး မျက်နှာတွင် အရေးအကြောင်းများ ရှိနေသည်။ ဒါပေမယ့် ဒါကိုထားပြီး သူ့ကို နောက်မှကြည့်လျှင် မတ်မတ်ရပ်နေသောကြောင့် လူငယ်တစ်ယောက်နှင့် တူသည်။

စစ်တပ်လေ့ကျင့်ရေးအပြီး နှစ်ရက်အကြာတွင် ရှန်းရှို့ဟွိုင်က သူ့ဇနီး၏ မိသားစုကိုခေါ်ကာ တွေ့ဆုံပွဲလုပ်ရန် စီစဉ်လိုက်သည်။

ကုလျန်ရွှမ်က ဒါကိုကြားတော့ အလွန် စိတ်လှုပ်ရှား နေသည်။ သူက ဝတ်စုံသစ်များပါ ဝယ်ခဲ့ပြီး ရှားပါးဖြစ်ရပ် ဖြစ်သည်။ ကျန်းထျန်ကို သူ့ဆံပင်ပြင်ပေးရန် ပြောခဲ့သေးသည်။ မသွားခင် သူက နံရံကို မှီ၍ ဒိုက်ထိုးခဲ့သေးသည်။

ကုလျန်မင်က ပါးစပ်ကို အုပ်ပြီး ရယ်ခဲ့သည်။

ကားထဲရောက်တော့ ကျန်းထျန်က သူ့ကို မေးလိုက်သည်။ "ဘာလ်ို့ အဖေနဲ့ တွေ့တုန်းက စိတ်မလှုပ်ရှားတာလဲ?"

ကုလျန်ရွှမ်က ကားမောင်းနေသော ရှန်းရှို့ဟွိုင်ကို ကြည့်ကာ ကျန်းထျန်ကို တီးတိုးပြောလိုက်သည်။ "အဖေက နောက်ပိုင်း ကိုယ့်ကို လာတွေ့သေးတယ်"

All Chapters