← Chapters

အခန်း(၁၁၃)

Vol. 9 Ch. 113

အခန်း(၁၁၃)

Vol. 9 Ch. 113

ကျန်းထျန်၏ မွေးနေ့အမှန်က မတ်လ ဖြစ်ပေမယ့် သူမက ယခင်နှစ်က ကျောင်းစတက်ရမည့်အတွက် ပြင်ဆင်ကာ အလုပ်ရှုပ်နေသောကြောင့် မကျင်းပ လိုက်ရပေ။ ဒီတစ်ခါတွင် ရှန်းရှိူ့ဟွိုင်က လျန်မိသားစုနှင့် အဒေါ်ရှန်းကိုပါ ခေါ်ပြီး ကျန်းထျန်ကို သူမ သူငယ်ချင်းများကိုပါ အိမ်သို့ ဖိတ်ခိုင်းလိုက်သည်။

သူမက ပထမနှစ်၏ နှစ်ဝက်အပြီးတွင် ကျောင်းတွင် မနေတော့ပေမယ့် ယခင် အခန်းဖော်များနှင့် ဆက်ဆံရေး ကောင်းသည်။ သူမ၏ အတန်းဖော်များက ကျန်းထျန်က ပေကျင်းမှဖြစ်ပြီး ဥပဒေဌာနမှ ရှန်းဝေ့ချင်က သူမအစ်ကိုကြီး ဖြစ်ကာ သူမက လက်ထပ်ထားသူဖြစ်ပြီး သူမချစ်သူက တစ်ဖက် ရှင်းဟွာတက္ကသိုလ်မှဖြစ်သည် ဆိုသည်ကလွဲ၍ အခြားမသိပေ။

ဒါကြောင့် အတန်းဖော်များက လက်ဆောင်များနှင့်အတူ ရှန်းမိသားစု အိမ်ကို လာသောအခါ သူတို့၏ သုံးထပ်အိမ်နှင့် ခြံဝန်းထဲမှ ကားအပြင် ပီကင်းတက္ကသိုလ်မှ ပါမောက္ခများ၏ မျက်နှာများ မြင်လိုက်ရသောအခါ အံသြသွားကြသည်။

မထင်မှတ် ထားလောက်အောင်ပဲ ကျန်းထျန်က သိုသိုသိပ်သိပ်ရှိကာ အစားကောင်းနှင့် အဝတ်အစားကောင်းများမှ လွဲ၍ ပေကျင်းမှ အခြားအတန်းဖော်များလောက် မကောင်းပေ။ သူတို့အားလုံးက ကျန်းထျန်၏ မိသားစုသည် သာမန်အလုပ်သမား မိသားစု ဖြစ်မည်ဟု ထင်ခဲ့မိပေမယ့် မျက်မြင် တွေ့လိုက်ရတော့ သူတို့က အိမ်ကြီးအိမ်ကောင်းနှင့် နေရသလို ကားလည်း မောင်းနိုင်သည်။

သူမမွေးနေ့ ပြီးနောက် ကျန်းထျန်က သူမဘဝကို ယခင်အတိုင်း ဆက်သွားနေပေမယ့် သူမနှင့် ရှန်းဝေ့ချင်က စီးပွားရေးကျောင်းက ပါမောက္ခရှန်း၏ သားနှင့်သမီးဟု လူအများက သိသွားကြသည်။

ကုလျန်ရွှမ်က စဉ်းစားနေချိန်တွင် ကျန်းထျန်က နိုင်ငံခြားတက္ကသိုလ်လျှောက်ရန် အားလုံး ပြင်ထားပြီး ဖြစ်သည်။ အချိန် နီးလာပေမယ့် ကုလျန်ရွှမ်က စဉ်းစားနေဆဲဖြစ်၍ ကျန်းထျန်က ဘာမှမလုပ်ဘဲ အခွင့်အရေးလွတ်သွားမည်ကို ကြည့်မနေနိုင်ပေ။

ပြီးတော့ လျှောက်လွှာ တင်ပြီးလျှင် လက်ခံရန် အချိန် လိုအပ်သေးပြီး သူတို့က ကျန်းထျန်၏ လျှောက်လွှာကို ခွင့်ပြုမည်က မသေချာပေ။ ဒါကြောင့် ကျန်းထျန်က အချိန်ကို အခွင့်ကောင်းယူကာ နိုင်ငံကူးလက်မှတ် လျှောက်လိုက်သည်။

ကုလျန်ရွှမ်က ကျန်းထျန် အလုပ်ရှုပ်နေသည်ကို ကြည့်ကာ စိတ်ရှုပ်လာသည်။ တစ်နှစ်နှင့် ထက်ဝက်ကို မပြောနှင့် ကျန်းထျန်က လေးနှစ်လုံး ထိုနေရာတွင် နေချင်လျှင်တောင် သူက ခွင့်ပြုမည် ဖြစ်သည်။

သူက ကျန်းထျန်နှင့် အတူ မသွားနိုင်သည်ကို နောင်တရကာ စိတ်ပူနေခြင်း ဖြစ်သည်။

အဖြေတစ်ခု စဉ်းစားလိုပြီး ကုလျန်ရွှမ်က ကျန်းထျန်ကို ခေါ်ကာ သူတို့နှစ်ယောက်က အသစ်ဖွင့်ထားသော ရုပ်ရှင်ရုံကို နှစ်ယောက်အတူ ရုပ်ရှင်ကြည့်ရန် သွားခဲ့သည်။

ယခု စနစ်သစ်က သက်တောင့်သက်သာ ရှိလာပြီ ဖြစ်သည့်အတွက် သီးသန့် အရောင်းဆိုင်များ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ရုပ်ရှင်ရုံ အဝင်ဝတွင် ကန်စွန်းဥနှင့် မုန့်များ ရောင်းနေသော နေရာရှိသည်။ ကုလျန်ရွှမ်က အနည်းငယ် ရွေးချယ်ကာ ဝယ်လိုက်သည်။

သူတို့နှစ်ယောက်က တန်းစီကာ ထိုင်စရာနေရာ ရှာလိုက်သည်။ ရုပ်ရှင်က နောက်ပိုင်း မျိုးဆက်၏ ရိုးရှင်းသော ရုပ်ရှင်ဖြစ်သည်။ ကျန်းထျန်က ပထမဆုံး ကြည့်ဖူးခြင်း ဖြစ်သည့်အတွက် သူမက တစ်လျှောက်လုံး သဘောကျခဲ့သည်။

သူမက ဒီအချိန်တွင် နိုင်ငံခြားမှ နာမည်ကြီး ဖက်ရှင်ကျောင်းတွင် တက်ရန် စာရွက်စာတမ်းများ ပြင်ဆင်ထားသည်။ ကျန်းထျန်က အများကြီး ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပေ။

တစ်နှစ်ကျော် စာသင်ပြီးနောက် သမိုင်းဘာသာရပ်ကို သင်ကြားရသည်က မလွယ်ဟု ကျန်းထျန်က သိလိုက်ရသည်။

သူမက စာရွက်များ ပြင်ဆင်ရန် အချိန်ယူထားရသည့်အတွက် အတော်ကြာထိ မနားရသေးပေ။

ရုပ်ရှင်ပြီးနောက် သူတ်ို့က စားသောက်ဆိုင်တွင် ညစာ သွားစားခဲ့သည်။ ဒါက ယခင် စားသောက်ဆိုင်အဟောင်းကို ပြန်ပြင်ထားခြင်း ဖြစ်သည်။ အဓိက ဟင်းလျာဖြစ်သော ဘဲကင်က နှစ်ပတ် ကြိုတင်မှာထားရပြီး စားသောက်ရန် လက်မှတ်လိုသေးသည်။

စားနေရင်းနှင့် ကုလျန်ရွှမ်က တူကိုချကာ ပြောလိုက်သည်။ "ကိုယ် စဉ်းစားပြီးသွားပြီ"

ကျန်းထျန်က သူ့ကို ကြည့်လိုက်သည်။

ကျန်းထျန်၏ အကြည့်အောက်တွင် ကုလျန်ရွှမ်က သူ့အတွေးကို ပြောလိုက်သည်။ "ကိုယ် လက်ခံတယ်။ အမေ့ကို မေးတော့ သူလည်း လက်ခံတယ်"

မနေ့က ကုလျန်ရွှမ်က ရွှီကျင်းဖန်ကို စာပို့တော့ တစ်ဖက်က ပြန်ပို့သည်။ အခြေအနေကို မေးပြီးနောက် ကျန်းထျန်အတွက် ဒီလိုအခွင့်ကောင်းကို လက်လွှတ်မခံသင့်ကြောင်း ရွှီကျင်းဖန်က ပြောသည်။

"တကယ်လား?" ကျန်းထျန်က အံ့သြသွားသည်။

ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်ပေမယ့် ကျန်းထျန်ကို စည်းကမ်းသုံးခု ပြောလိုက်သည်။

"ဒါပေမယ့် မင်း ကိုယ့်ကို ကတိပေးရမယ်"

အရေးအကြီးဆုံးအရာက ဖြေရှင်းပြီးပြီ ဖြစ်သည့်အတွက် ကျန်းထျန်က ကုလျန်ရွှမ်၏ သဘောကို လိုက်နာမည်။ "ရှင် ပြောပါ"

ကုလျန်ရွှမ်က အိတ်ကပ်ထဲမှ စာရွက်ကို ထုတ်ပေးလိုက်သည်။ ကျန်းထျန်က ဖွင့်ကြည့်တော့ စကားလုံးများ တွေ့လိုက်ရသည်။

ကျန်းထျန် - "..." 'ကျန်းထျန်၏ နိုင်ငံခြားတွင် ရှင်သန်နေထိုင်ရန် လမ်းညွှန်" ဆိုပြီး စာအုပ် ထုတ်လိုက်ပါလား?'

"အရင်ဆုံး မင်း အစားအချိန်မှန် စားရမယ်။ မစားဘဲ နေလို့ မရဘူး" ကုလျန်ရွှမ်က ထိုအပေါ်တွင် ဘောပင်နှင့် စက်ဝိုင်း ဆွဲလိုက်သည်။ "ဒါက အရမ်း အရေးကြီးတယ်"

သူမက ကုအိမ်တွင် ရှိနေချိန် က ဘာမှ လုပ်စရာ မလိုသည့်အတွက် ဒီကိစ္စ မဖြစ်ပေ။ ဒါပေမယ့် ပေကျင်းတွင် ကောလိပ် တက်ပြီးနောက် ကျန်းထျန်က ကျောင်း အလုပ်နှင့် အာရုံစိုက်ရကာ အစားအသောက် မစားခဲ့ရ ဖြစ်ခဲ့သည်။

သူက မကြာခဏ လာမကြည့်ဘဲ ကုလျန်မင်ကလည်း သူ့အခန်းဖော်များကို မမေးခဲ့လျှင် ကျန်းထျန်လို အစားကြိုက်သူ တစ်ယောက်က အစားမစားဟု ကုလျန်ရွှမ်က သိန်ိုင်ပါ့မလား?

ကျန်းထျန်က သူမလက်ကို ငုံ့ကြည့်လိုက်သည်။ သူမက ဒါကို လက်ခံနိုင်မည် မဟုတ်ပေ။

"ဒုတိယအနေနဲ့ အနည်းဆုံး တစ်ရက်ကို တစ်နာရီ လေ့ကျင့်ခန်း လုပ်ရမယ်" ကုလျန်ရွှမ်က စည်းကမ်းကြီးသူ ဖြစ်သည်။ သူက ဘယ်လောက် နောက်ကျမှအိပ်အိပ် အမြဲ မနက်ခြောက်နာရီ အိပ်ယာ ထသည်။ ထပြီးလျှင် ခြံထဲတွင် လေ့ကျင့်ခန်းလုပ်သည်။ ရှင်းချန်ရွာတွင် ရှိချိန်က သူက နေ့တိုင်း တောင်တက်တောင်ဆင်းလုပ်ကာ ယခု ပေကျင်းမြို့တွင် ရှန်းအိမ်အနီး ပြေးနေသေးသည်။

ကျန်းထျန်က ခန္ဓာက်ိုယ် အားနည်းကာ ပေကျင်းရောက်ပြီးနောက် နှစ်ခါ အပြင်းဖျားထားသည်။ ကုလျန်ရွှမ်က သူမ၏ မနက်အိပ်ချိန်ကို လေ့ကျင့်ပေးနေသည်။

ယခင်က သူမကို အလိုလိုက်သော ရှန်းရှ်ို့ဟွိုင်က ဒီတစ်ခါ တင်းကြပ်လာကာ ကုလျန်ရွှမ်ကို ကူညီရုံသာမက သူကိုယ်တိုင်လည်း လေ့ကျင့်ခန်း စလုပ်လာသည်။

ရှန်းရှို့ဟွိုင်က ရာထူးချခံရချိန်မှစပြီး ကျန်းမာရေး မကောင်း ဖြစ်ခဲ့သည်။ ကျန်းထျန်က သူ့ကို ဆေးရည်တိုက်ထားပေမယ့် ဆေးရည်က ရောဂါကို အပြီး ကုမပေးနိုင်ဘဲ ယာယီသာ ထိန်းထားနိုင်သည်။ သူက ဆေးရည်သောက်ပြီး ကိုယ်တိုင် ဂရုမစိုက်လျှင် ပို၍ အားနည်းလာလိမ့်မည်။

ဒါက ကိုယ်အလေးချိန် လျှော့ချသလို ဖြစ်သည်။ ယခုမှ ကိုယ်အလေးချိန် ချထားသော်လည်း ဆက်တိုက် စားနေလျှင် အလေးချိန် ပြန်တက်လာမည် ဖြစ်သည်။

"တတိယအချက်အနေနဲ့ မင်း အဆင်ပြေကြောင်း လတိုင်း စာပို့ရမယ်။ ဖုန်းဆက်နိုင်ရင် ပိုကောင်းတယ်"

ကုလျန်ရွှမ်က ထပ်ပြောလိုက်သည်။

ရှန်းမိသားစုတွင် ဖုန်းတပ်ဆင်ထားပြီ ဖြစ်သည့်အတွက် ရွှီကျင်းဖန်ကလည်း ဆက်သွယ်၍ ရပြီ ဖြစ်သည်။

"စတုတ္ထအနေနဲ့ မင်း နိုင်ငံခြား လမ်းတွေကို တစ်ယောက်ထဲ မသွားရဘူး.." ကုလျန်ရွှမ်က စာရွက်ကို ကိုင်ကာ 'ကိုယ်ပြောသလို လုပ်ရမယ်' ဟူသော အကြည့်နှင့် ကြည့်နေသည်။

ကျန်းထျန်က စိတ်ရှုပ်နေသည်။

နှစ်လအကြာတွင် ကျန်းထျန်၏ တက္ကသိုလ်က ခွင့်ပြုစာ ပို့လာသည်။ ထိုညတွင် ကျန်းထျန် နိုင်ငံခြား သွားမည့်အကြောင်း အားလုံးက သိသွားကြသည်။

ရှန်ဟိုင်းမှ ကုလျန်ရုန်က ဖုန်းခေါ်၍ မေးသည်။ "မရီး န်ိုင်ငံခြားကနေ ကွန်ပျူတာ ဝယ်လာပေးလို့ ရမလား?" ဒီအရာက ရှားသည်။ တက္ကသိုလ်တွင် နှစ်ခုသာ ရှ်ိသည်။သူတို့က ပါမောက္ခများသာ သုံးသည်ဟု သိရသည်။

"သေချာလို့လား?" ကျန်းထျန်က ပြန်မေးလိုက်သည်။ "ငွေက လောက်ရဲ့လား?"

ကုလျန်ရုန်က ခေါင်းကုတ်လိုက်သည်။ "လောက်မှာပါ ဘယ်လောက်ကျမှာလဲ?"

တတိယကလေး၏ စီးပွားရေးက ရှန်ဟိုင်းတွင် တကယ်အဆင်ပြေနေသည်။ ကျန်းရှ်ို့ရှန်က အိမ်ဝယ်နိုင်သည်သာမက ကုလျန်ရုန်နှင့် ကုရှန်းလီကလည်း အ်ိမ်ဝယ်ထားသည်။

သူတို့နှစ်ယောက်က နွေရာသီပိတ်ရက်တွင် နေရာနှင့် အသားကျစေရန် မိသားစုကို ခေါ်မည်ဟု တိုင်ပင်ထားသည်။ သူတို့က အနာဂတ်တွင် ဘယ်မှာနေရမည်ကို မသိ၍ မရပေ။

ဖုန်းသံက အလွန်ကျယ်သည်။ ရှန်းရှို့ဟွိုင်က သတင်းစာကို ဖယ်ကာ ပြောလိုက်သည်။ "အမေရိကန် ဒေါ်လာ အတော်ကုန်မယ်" ပြီးတော့ တရုတ်ပြည်က်ို ပြန်သယ်ရန် မလွယ်ပေ။ ဖြတ်သန်းသည့်နေရာတွင် အလုပ်ရှုပ်ရသည်။

စျေးအကြောင်း ကြားရတော့ ကုလျန်ရုန်က တိတ်ဆိတ်သွားပြီး အံ့သြစွာ ပြောလိုက်သည်။ "အရမ်း စျေးကြီးတာပဲ"

ရှန်းရှို့ဟွိုင်က တစ်ခုချင်းစျေးကို ပြောခြင်း ဖြစ်သည်။ကွန်ပျူတာက နိုင်ငံခြားတွင် အလွန် မထင်ရှားပေမယ့် တရုတ်ပြည်သို့ ဝင်သည်များက အလွန်စျေးကြီးကာ အမေရိကန်ဒေါ်လာ အတော်ကုန်ကျသည်။

ထိုအချိန်တွင် ခရီးဆောင်ကွန်ပျူတာများ မရှိသေးသည်ကို ကျန်းထျန်က မှတ်မိသည့်အတွက် ယခု ရှိသည်များက ခေါင်းကြီးကြီးနှင့် သိုလှောင်စနစ် သေးသည့်အရာများ ဖြစ်မည်ဟု ထင်လိုက်သည်။

ကုလျန်ရွှမ်၏ ဘာသာရပ်က သူ့ကို နယ်ပယ်မှ သတင်းများ သိခွင့်ပေးထားသည့်အတွက် သူက လက်တွေ့ခန်းထဲတွင် တစ်ခု မြင်ဖူးပေမယ့် ပွင့်နေသည်ကိုသာ မြင်ဖူးပြီး မသုံးဘူးပေ။

ကျန်းထျန် လျှောက်ထားသော တက္ကသိုလ်က တရုတ်ပြည်နှင့် ဖွင့်ချိန်မတူသလို ကျောင်းအပ်ကိစ္စ လုပ်ရဦးမည့်အတွက် နှစ်ဆုံးထိ မစောင့်ဘဲ ဆရာမများကို ပြောကာ စာမေးပွဲ စောစောဖြေပြီး လုဖန်ဝေ့နှင့်အတူ နိုင်ငံခြားသွားရန် ပြင်ခဲ့သည်။

သူတို့နှစ်ယောက်က တစ်မြို့ထဲမှ သိပ်မဝေးသော ကျောင်းများတွင် တက်ကြရသည်။ အဒေါ်ရှန်းက ထိုမြို့မှ သူမသူငယ်ချင်းများနှင့် မိတ်ဆက်ပေးကာ ကလေးများ နေထိုင်ရန် ကူညီပေးရန် တောင်းဆိုခဲ့သည်။

မသွားခင်တွင် ကျန်းထျန်က ရွှီကျန်းမြို့မှ အဘိုးကျန်းနှင့် အဘွားကျောက်၏ အုတ်ဂူများကို သွားတွေ့ကာ အိမ်တွင် ရွှီကျင်းဖန်နှင့် ညစာစားခဲ့သည်။

ထို့နောက် သူမက ပေကျင်းပြန်ကာ လုဖန်ဝေ့နှင့်အတူ တရုတ်ပြည်မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

ထိုခေတ်တွင် လေယာဉ် မတော်တဆမှုက အဖြစ်များသည်။ ကျန်းထျန်က နိုင်ငံခြားသွားရန် ဆုံးဖြတ်ပြီးချိန်ကပဲ ကုလျန်ရွှမ်က သူမလျှောက်ထားသော ကျောင်း၏ နိုင်ငံ ရာဇဝင်နှင့် နိုင်ငံ ယဉ်ကျေးမှုတို့ကို လေ့လာထားသည်။ သူက ကျန်းထျန်ထက် ပိုသိနေသည်။

ကျန်းထျန်က နိုင်ငံခြားသွားလျှင် ရှက်နေမည်ကို စိုးရိမ်သည့်အတွက် ကုလျန်ရွှမ်က သူစုထားသော အရာများကို စာအုပ်ထဲ ထည့်ကာ သူမအိတ်ထဲ ထည့်လိုက်သည်။

လေယာဉ်စီးနေသော နေ့များတွင် ကုလျန်ရွှမ်က ရွှီကျန်းမြို့ ပြန်သွားကာ အိပ်မပျော်နိုင် ဖြစ်နေသည်။

ရှန်းရှို့ဟွိုင်ကလည်း အိပ်မရ ဖြစ်နေသည်။ သူက တစ်ညလုံး ကောင်းကင်ကို ကြည့်နေသည်။

ယခု အတန်းမရှိသည်က တော်သေးသည်။ မဟုတ်လျှင် တစ်ယောက်မှ စာကို အာရုံစိုက်နိုင်မည် မဟုတ်ပေ။

ရက်အနည်းငယ်အကြာတွင် ကျန်းထျန်က လေယာဉ်မှ ဆင်းရချိန်တွင် ညလယ်တွင် ရှန်းအိမ်၏ ဧည့်ခန်းမှ ဖုန်းသံ မြည်လာကာ သူတ်ို့နှစ်ယောက်က တစ်ချိန်ထဲတွင် ပြေးလာကြသည်။

သူတို့က အချင်းချင်း၏ မျက်ကွင်းညိုများကို မြင်လိုက်ရတော့ တိတ်ဆိတ် သွားကြသည်။

ကုလျန်ရွှမ်က ပြောလိုက်သည်။ "အဖေ အရင်ပြောပါ"

ရှန်းရှိူ့ဟွိုင်က စိတ်လျှော့ကာ တည်ငြိမ်သော မျက်နှာနှင့် ဖုန်းကိုင်လိုက်ပေမယ့် လက်က တုန်နေသည်။ "အဖေ သမီးနဲ့ ဝမ်းကွဲ မောင်လေးနဲ့ ရောက်ပြီနော်။ အခု ရှန်းမိသားစု တိုက်ခန်းမှာ။ လာခေါ်တဲ့ စုံတွဲက ညစာ အရင်စားပြီးရင် အခန်းကို ပတ်ပြမယ် ပြောတယ်"

ရှန်းရှိူ့ဟွိုင်က ဖုန်းကို လက်နှစ်ဖက်နှင့် ကိုင်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ။ အဲ့ဒီမှာ စာကိုပဲ အာရုံစိုက်ပါ။အချိန်မှန်စား၊ လေ့ကျင့်ခန်းလုပ်၊ အပြင်ကို တစ်ယောက်ထဲ မသွားနဲ့နော် ဟုတ်ပြီလား? အတန်းနောက်ကျရင် ဖန်ဝေ့ကို လာခေါ်ခိုင်း"

ကျန်းထျန် - "..." သူမက လုဖန်ဝေ့က သူမလောက် မကောင်းဘူးဟု စိတ်ထဲမှ တွေးလိုက်သည်။ "ဟုတ်ကဲ့ သိပါတယ်"

ရှန်းရှိူ့ဟွိုင်က ကုလျန်ရွှမ်ကို ဖုန်းပေးလိုက်သည်။ အဖေတစ်ယောက်အနေနှင့် သူက ကျန်းထျန်ကို ဆန္ဒရှိသမျှ လုပ်ခွင့်ပေးသော သူ့သားမက် ကုလျန်ရွှမ်ကို အလွန်သဘောကျသည်။

တစ်ဖက်လူက ဖုန်းလွှဲပေးလိုက်သည်နှင့် အသက်ရှူသံအရ တစ်ဖက်လူက ကုလျန်ရွှမ်ဖြစ်သည်ကို ကျန်းထျန်က သိလိုက်သည်။

သူတို့နှစ်ယောက်က တိတ်နေကာ ကျန်းထျန်ကလည်း ဘာပြောရမည် မသိပေ။

လုဖန်ဝေ့က ကျန်းထျန်ကို သတိပေးလိုက်သည်။ "အစ်မ မြန်မြန်လုပ်။ ပြည်ပဖုန်းတွေက စျေးကြီးတယ်"

ကျန်းထျန် - "..." သူမ၏ ငွေကြေးချွေတာစိတ်က ချက်ချင်း ပေါ်လာကာ အမြန် ပြောလိုက်သည်။

"မပူပါနဲ့။ကျွန်မ အတန်း မြန်မြန် တက်လိုက်ပြီး နှစ်ဝက်ကျော်အတွင်း တရုတ်ပြည်က်ို ပြန်လာဖို့ ကြိုးစားလိုက်မယ်" ထို့နောက် သူမက ဖုန်းချလိုက်သည်။

ကုလျန်ရွှမ် - "..." သူတို့၏ အမျိုးဗီဇက ပြောင်းလဲသွားသည်ဟု ကုလျန်ရွှမ် ခံစားရသည်။

All Chapters