← Chapters

အခန်း (၁၁၄) (ဇာတ်သိမ်း)

Vol. 9 Ch. 114

အခန်း (၁၁၄) (ဇာတ်သိမ်း)

Vol. 9 Ch. 114

ကျန်းထျန်၏ နိုင်ငံခြား ပညာသင်ခြင်းက မချောမွေ့ခဲ့ပေ။

သူမက တရုတ်လူမျိုး ဖြစ်ပြီး လမ်းပေါ်တွင် နိုင်ငံခြားသားများနှင့် တွေ့ရသည်က သာမန်ဖြစ်သည်။ထိုအချိန်က လူမျိုးခွဲခြားမှုက အတော် ပြင်းထန်သေးသည်။

အတန်းထဲတွင် စုဝေးရသည့် ကိစ္စများကို ဦးဆောင်ရသော ကျောင်းသားများရှိပြီး ကျန်းထျန်က ဖိတ်ခေါ်ခံရသည်မှာ ရှားပါးသော်လည်း သူမက ဂရုမစိုက်ပေ။ သူမက နိုင်ငံခြားကို လာသည်မှာ စာသင်ရန် ဖြစ်ပြီး စုဝေးခြင်း၏ ရည်ရွယ်ချက်က အချိတ်အဆက်မိရန် ဖြစ်သည်။ သူမက အနာဂတ်တွင် ဒီနေရာတွင် နေမည် မဟုတ်သည့်အတွက် အချိတ်အဆက်မိခြင်းက သူမအတွက် အသုံးမလိုပေ။

ဒါပေမယ့် ကျန်းထျန် စိတ်ပူသည်က သင်ကြားရေးတွင် အဖွဲ့လိုက် စာတမ်းတင်ရခြင်းများ ရှိသည်။ အချို့ဆရာများက ကျောင်းသားများကို အဖွဲ့ခွဲပေးကာ လုပ်ရမည့်စာများ ကြိုတင် ပေးထားလေ့ရှိပြီး အချို့က အဖွဲ့သားများကို စိတ်တိုင်းကျ ရွေးချယ်ခွင့် ပေးထားသည်။

ကျန်းထျန်က တရုတ်လူမျိုး ဖြစ်နေသည့်အတွက် ဆယ်ခါလျှင် ကိုးခါ ကျန်ခဲ့ရသည်။ ပါမောက္ခက လူခွဲပေးပြီး စာတင်ခိုင်းလျှင်တောင် ကျန်းထျန်က ထားခဲ့ခြင်း ခံရသည်။

ကျန်းထျန်က အလွန်ဒေါသထွက်ကာ အိမ်တွင် ခေါင်းအုံးက်ို လက်သီးနှင့် ထိုးမိသည်။

သူမက လုဖန်ဝေ့၏ အခြေအနေကို မေးကြည့်သည်။ မထင်ထားသည်များ ဖြစ်လာလျှင် လုဖန်ဝေ့က သူ့ဖခင်၏ ခြေရာအတိုင်း လိုက်ကာ သီးသန့်နေတတ်သော ကျန်းထျန်ကဲ့သို့ မဟုတ်ဘဲ လူမှူဆက်ဆံရေးကို အဓိက ဂရုစိုက်သည်။ ဒါပေမယ့် လုဖန်ဝေ့၏ လုပ်ငန်းစဉ်က ကျန်းထျန်ထက် အနည်းငယ်သာ သာလွန်သည်။

ဒါက လုဖန်ဝေ့က ယောက်ျားလေး ဖြစ်သောကြောင့် ဖြစ်သည်။

ကျန်းထျန် - "...."

သူမက သည်းမခံနိုင်တော့ပေ။ အဖွဲ့သားများထံမှ မကြာခဏ စွန့်ပစ်ခံရပြီးနောက် သူမက ပါမောက္ခကို တစ်ဦးထဲအဖွဲ့ဖွဲ့ရန် တောင်းဆိုခဲ့သည်။ ဘယ်လိုဖြစ်ဖြစ် သူမက တာဝန်များကို သူမဘာသာ ကောင်းကောင်း လုပ်နိုင်သည်။

ဒါကြောင့် နောက်ဆုံး စာတမ်းတင်ခြင်းကို အဆင့်ကောင်းကောင်းနှင့် အောင်မြင်ပြီးနောက်မှာ ကျန်းထျန်က စင်ပေါ်သို့ ပြုံး၍တက်ကာ အဖွဲ့ထံမှ စွန့်ပစ်ခံရပြီး တစ်ယောက်ထဲ အောင်မြင်သူ တစ်ယောက်အနေနှင့် မိုက်ကိုကိုင်ကာ သူမပြင်ထားသော စာလုံးရေ၈၀၀ပါသည့် စာကို ဖတ်ပြလိုက်သည်။

ဒါတင်မက နောက်နေ့အတန်းတွင် ကျန်းထျန်က သူမ၏ သိုသိပ်စွာနေတတ်သော အကျင့်ကို ပြောင်းကာ ပထမဆုံးအနေနှင့် အလွန်စျေးကြီးသော ဆောင်းတွင်း ဝတ်စုံများနှင့် လက်ကိုင်အိတ်ကိုကိုင်ကာ ခေါင်းမော့ပြီး စာသင်ခန်းထဲ ဝင်လာခဲ့သည်။

သူမက ဒီလူများ၏ သဘောသဘာဝကို နားလည်ပြီး ဖြစ်သည်။ အားလုံးက ငွေမက်သူများ ဖြစ်ကြသည်။ သူတို့က ငွေရှိသူနှင့် အတူ သွားလာကြသည်။ သူမက နောက်ထပ် အာရှမှလာသော ကျောင်းသားတစ်ယောက် အဆင်ပြေနေသည်ကို မြင်ရသည် မဟုတ်လား?

သူတို့က သူ့ကို ကပ်ထားကာ သူက အမြဲ ကုန်ကျစရိတ်များ ရှင်းရသည်။

လဝက်လောက်ထိ ကျန်းထျန်၏ အဝတ်များနှင့် အိတ်များက မပြောင်းလဲပေ။ အားလုံးက တံဆိပ်ပေါင်းစုံမှ နောက်ဆုံးပေါ်များ ဖြစ်သဖြင့် ယခင်က သူမကို လစ်လျူရှုခဲ့သော အတန်းဖော်များကို နောင်တရစေသည်။

တစ်လလောက် ပြသပြီးချိန်တွင် ကျန်းထျန်က လမ်းပေါ်မှ အိမ်ခြေရာမဲ့များ၏ ပစ်မှတ်ထားမှု မခံရခင် ယခင် ပုံစံအတိုင်း ပြန်နေလိုက်သည်။

ထို့နောက်တွင် အတန်းဖော်များက တစ်ယောက်ပြီးတစ်ယောက် ကျန်းထျန်နှင့် စကားလာပြောကြသည်။ သူမက ယဉ်ကျေးစွာ ပြန်ပြောပေမယ့် ထို့ထက်မပိုပေ။

သူမက ဂုတ်သွေးစုပ်ခံရသူ မဖြစ်လိုပေ။

ရှန်းမိသားစု တိုက်ခန်းတွင် လုဖန်ဝေ့က ကျန်းထျန်၏ နည်းလမ်းက အဆင်ပြေသည်ကို မြင်ရသဖြင့် လိုက်အတုခိုးခဲ့သည်။ ဒါပေမယ့် သူ့တွင် ငွေအများကြီး မရှိသည့်အတွက် အချိန်မရွေး ပြန်ပေး၍ ရစေရန် တံဆိပ်များ မဖြုတ်ခဲ့ပေ။

ကျန်းထျန်က မတူပေ။ သူမက နိုင်ငံခြားဘဏ်မှ ရှန်းရှိူ့ဟွိုင်၏ ငွေများကို သုံးနိုင်သည်။

အတော်ကြာတော့ လုဖန်ဝေ့က အတန်းသားများနှင့် အဆင်ပြေလာသည်။ ကံကောင်းစွာနှင့် သူ့အပြုအမူ အပြောအဆိုများက ဂုဏ်သရေရှိသူတစ်ယောက်အဖြစ် ကိုက်ညီသည်။ သူက အဝတ်ကောင်းများ မဝတ်တော့သည့်တိုင်အောင် သံသယ အဝင်မခံရပေ။ ထိုအစား သိုသိပ်စွာ နေတတ်သည့်အတွက် ချိီးကျူးခံရသည်။

ထပ်ပြောရလျှင် ကျန်းထျန်က တက္ကသ်ိုလ်တွင် နာမည်ကြီးသွားပြီးနောက် အချို့လူများက ကျန်းထျန်သွားခဲ့သော ဆိုင်များတွင် တိတ်တဆိတ် သွားစုံစမ်းရာ သူမ ဝယ်ယူခဲ့သည်မှာ အမှန်ဖြစ်ကြောင်း သိရသည်။

ဒါတင်မက သူတို့နှစ်ယောက် ယခုနေသော မြို့လယ်မှ တိုက်ခန်း၏ ပိုင်ရှင်က သူမ ပညာသင်နေချိန် သုံးသော ရှန်းထျန်ဟူသော နာမည်နှင့် မျိုးရိုးတူနေသည်။

ထို့အပြင် သူတို့နှစ်ဦး လေယာဉ်ပေါ်မှဆင်းချိန် ပြည်တွင်းဘဏ်တစ်ခုမှ ဥက္ကဌနှင့် သူ့ဇနီးက လာကြိုသည်ကိုလည်း သိခဲ့ရသည်။

တစ်နည်းပြောရလျှင် ထိုနှစ်ယောက်က တကယ်ချမ်းသာသော်လည်း သိုသိပ်စွာ နေတတ်ခြင်း ဖြစ်သည်။

သတင်းရသူများ - "..."

ဒါပေမယ့်လည်း ကျန်းထျန်က ထို့နောက် မည်သည့်ပြသနာမှ မကြုံခဲ့ရပေ။ ထိုအစား အတန်းဖော်များက သူမနှင့် တစ်ဖွဲ့ထဲနေရန် မကြာခဏ လာမေးကြသည်။ တစ်ဖက်တွင် သူမ၏ လုပ်နိုင်စွမ်းကြောင့် အထင်ကြီးကျကာ သူမနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုကြသည်။ အတော်ကြာ ငြင်းပြီးနောက် ကျန်းထျန်က အသင့်တော်ဆုံး အဖွဲ့က်ို ရွေးလိုက်သည်။

တကယ်တော့ သူမက အားလုံးကို ငြင်းချင်ပေမယ့် အဖွဲ့လိုက်အလုပ်က အကျိုးအမြတ်ရှိပြီး ယခု သူမက နိုင်ငံရပ်ခြားတွင် တစ်ယောက်ထဲ ဖြစ်သည်။ သူမတွင် သူငယ်ချင်းမရှိလျှင် တရုတ်လူမျိုးများက ပေါင်းသင်းရခက်သည်ဟု ပြောကြလိမ့်မည်။

လုဖန်ဝေ့၏ လူမှုဆက်ဆံရေး လမ်းကြောင်းက အလွန်ချောမွေ့သည်။

တစ်ခါတစ်လေ လုဖန်ဝေ့က ပွဲတက်ရန် အမျ်ိုးသမီး အဖော် လိုအပ်လျှင် ချမ်းသာသော ကျန်းထျန်က ဝင်ပါပေးရပြီး တန်ဖိုးအနေနှင့် လုဖန်ဝေ့က တစ်လ ချက်ပြုတ်ရသည်။

ကျန်းထျန်က ပေကျင်းကို တစ်လတစ်ခါ အမြဲခေါ်ပေမယ့် ယခုအခါ ပြည်ပ ခေါ်ဆိုစရိတ်များ မြင့်လာသည့်အတွက် သူမက ပြောချင်သည်များကို စာရွက်တွင် ချရေးကာ ဖုန်းခေါ်ပြီးသည်နှင့် ဖတ်ပြလိုက်ပြီး ချက်ချင်း ဖုန်းချလိုက်သည်။

တရုတ်နှစ်သစ်ကူး မတိုင်ခင် ကျန်းထျန်က ဖုန်းခေါ်ရန် ငွေအများသုံးကာ တစ်ဖက်လူနှင့် နှစ်မိနစ် ဖုန်းပြောခဲ့သည်။

ဒီနှစ်တွင် သူနှင့် ကုလျန်ရွှမ်က တက္ကသိုလ် တတိယနှစ် ဖြစ်သည်။

ဒီနှစ်၏ နွေရာသီ ပိတ်ရက်တွင် ကုလျန်ရွှမ်က ရှန်ဟိုင်းကို သွားကာ သူ့တတိယညီနှင့်အတူ ရှန်းကျန်းမြို့ကို သွားခဲ့သည်။ နိုင်ငံတွင် စည်းမျဉ်းအသစ် ချမှတ်ထားသည့်အတွက် ရှန်းကျန်းမြို့က စမ်းသပ်ရေးနယ်မြေ ဖြစ်လာကာ ဆောက်လုပ်လက်စ စက်ရုံများ ရှိသည်။

လူလေးယောက်က ပစ္စည်းအချို့ယူကာ နှစ်လကျော်လောက် ရှန်းကျန်းမြို့နှင့် ရွှီကျန်းမြို့ရှ်ိရာ ခရိုင်မြို့ ရှန်ဟိုင်းနှင့် ပေကျင်းကို ပစ္စည်းများ အရောင်းအဝယ် လုပ်ရန် အသွားအပြန် လုပ်နေသည်။

နှစ်လကျော်အတွင်း ခရီးစရိတ်များ ဖယ်ပြီးနောက်မှာ ကုလျန်ရွှမ်က ယွမ်၇၀၀၀ ကျော် ၈၀၀၀လောက် ရခဲ့သည်။ထိုငွေများနှင့် သူစုထားသော ငွေများဖြင့် ရှန်းမိသားစု အိမ်အနီးတွင် မြေကွက် ဝယ်လိုက်သည်။

ထိုမြေနေရာက နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရကာ ဧရိယာက အတော်ကြီးသည်။ ဒါပေမယ့် ယခင်နှစ်များ၏ စည်းမျဉ်းများနှင့် ချမ်းသာသူများက သူတို့၏ အိမ်အသုံးအဆောင်များ ဝယ်နေကြချိန် ဆင်းရဲသားများက အိမ်ငှားရသည်ကိုပင် ခက်ခဲနေသောကြောင့် မြေဝယ်ရန် မဖြစ်နိုင်ပေ။

ထိုမြေကွက်က တက္ကသိုလ်နှစ်ခုနှင့် နီးသောကြောင့် စျေးအတော်မြင့်သည်။ တစ်ချိန်ထဲမှာပဲ သူနှင့် ကျန်းထျန်၏ အနာဂတ် အလုပ်အတွက် စဉ်းစားကာ ကုလျန်ရွှမ်က မြို့လယ်တွင် ဧက၃၀၀ကျော်သော အိမ်နှစ်လုံး ဝယ်လိုက်သည်။

မပြင်ဆင်ရသေးသော အိမ်က ပြသနာ မဟုတ်ပေ။ကုလျန်ရွှမ်က ဖုန်းဆက်ကာ ကျန်းထျန်၏ ထင်မြင်ချက်ကို မေးသည်။ သူတို့အားလုံးက အိမ်က ပြန်ပြင်ဆင်ပြီး စိတ်တိုင်းကျ ပြန်တည်ဆောက်ကာ အိမ်အသစ်တွင် နေနိုင်ကြောင်း တွေးမိကြသည်။

နောက်ဆုံးနှစ် ပထမနှစ်ဝက်တွင် ကျန်းထျန်က စာတမ်းကို အောင်မြင်စွာ လုပ်ပြီးကာ ထိုအတွက် တစ်နှစ်လောက် ပြင်ဆင်ခဲ့ရသည်။ ထို့နောက် သူက ဘွဲ့ရရန် အတန်းအချ်ို့တက်ပြီး ရမှတ်ယူရန် လိုအပ်သည်။

ငွေကြေး အထောက်အပံ့ဖြင့် တက်နေသော လုဖန်ဝေ့က ကျန်းထျန်နှင့်အတူ အိမ်ပြန်ရမည် ဖြစ်သော်လည်း သူက စာတမ်းတင်ရန် မလိုအပ်ပေ။

ကျန်းထျန်က တရုတ်ပြည်မှ ပညာရေးက်ို ခွင့်ယူထားကာ အိမ်ပြန်ရောက်လျှင် ဆက်လုပ်ရမည် ဖြစ်သည်။

ပေကျင်းမှ သတင်းများအရ ကုလျန်မင်က နောက်ဆုံးနှစ် အစောပိုင်းတွင် ပါမောက္ခ၏ ရုံးခန်းထဲ ဝင်ရသည်ဟု ကျန်းထျန် သိရသည်။ ကုလျန်မင်က ငယ်ရွယ်ပြီး အရည်အချင်းရှ်ိသည့်အတွက် သူမက ပါမောက္ခ၏ ရွေးချယ်မှု ခံရသည်။ ကုလျန်မင်နှင့် ပါမောက္ခက စာဆက်လုပ်မည့်အကြောင်း ဆွေးနွေးဖြစ်သော်လည်း နိုင်ငံခြား သွားမည်လား တရုတ်ပြည်တွင် ဆက်လုပ်မည်လားက မသေချာသေးပေ။

ကုလျန်မင်က ဖုန်းဆက်မေးလိုက်သည်။ "ယောက်မ ပြန်လာရင် နိုင်ငံခြားမှာ စာသင်ခဲ့ရတာနဲ့ နေထိုင်ခဲ့ပုံအကြောင်း ပြောပြပါ ဒါမှ ကျွန်မ ဆက်နေရမလား သွားသင့်လား ဆုံးဖြတ်လို့ရမှာ"

အမှန်အတိုင်း ပြောရလျှင် ကုလျန်မင်က ငယ်သေးသည့်အတွက် သူမ၏ ဆရာများက သူမကို ဆက်နေခိုင်းခြင်း ဖြစ်သည်။ သူမက ဆယ့်ကိုးနှစ်သာ ရှိသေးသည်။စိတ်ဓာတ် ပွင့်လင်းသော ရွှီကျင်းဖန်ကပင် ကုလျန်မင်ကို နိုင်ငံခြား မလွှတ်ရဲပေ။

အိမ်မပြန်ခင် ကျန်းထျန်က စီးပွားရေးလမ်းကြောင်းမှ ပစ္စည်းဝယ်ကာ သုံးမျိူးခွဲပြီး မိသားစုထံ ပို့လိုက်သည်။နှစ်ခုက ပေကျင်းကို ဖြစ်၍ တစ်ခုက ရှန်ဟိုင်းကို ဖြစ်သည်။

ပစ္စည်းများက ကျန်းထျန်ထက်အရင် တရုတ်ပြည်ကို ရောက်သည်။ ကုလျန်ရုန်က ပစ္စည်းကိုရသည်နှင့် ဝယ်သူအချ်ို့ကို ဆက်သွယ်ကာ ရောင်းချလိုက်ပြီး ငွေရရှိခဲ့သည်။

ကုလျန်ရွှမ်ကလည်း ထိုအတိုင်းပင် ဖြစ်သည်။ သူက ကုလျန်မင်နှင့် ရွှီကျင်းယောင်ကို ပစ္စည်းများ ဝယ်ရန် ကူညီလိုက်သည်။ ငွေရပြီးနောက် သူတို့နှစ်ယောက်က ကုလျန်ရွှမ်၏ နည်းအရ သူဝယ်ထားသော အိမ်နှင့် အနီးအနားတွင် အိမ်နှစ်အိမ် ဝယ်ခဲ့သည်။

မိသားစုမှ လူကြီးလူငယ်မရွေး အိမ်ဝယ်နိုင်သည်ကို တွေ့ရတော့ ရှန်းဝေ့ချင်က အားကျလာသည်။ သူကလည်း ငယ်စဉ်ကပဲ စုထားသည်များကို ရေတွက်ကာ အိမ်ဝယ်လိုက်သည်။

ကျန်းထျန်က ရှုပ်ထွေးသော ဘွဲ့ယူရမည့် ကိစ္စကြောင့် နှစ်သစ်မတိုင်မီ ပြန်မရောက်ခဲ့ပေ။ အတော်ကြာ သိထားသော အတန်းဖော်များက ကျန်းထျန် ဘွဲ့ယူပြီးသည်နှင့် ပြန်မည်က်ို သိသည့်အတွက် ယခင် အဆင်မပြေမှုများကို ဖယ်ချကာ သူမနှင့် လုဖန်ဝေ့ကို နှုတ်ဆက်ပွဲ လုပ်ပေးရန် ပြောကြသည်။ ရှန်းရှိူ့ဟွိုင်နှင့် အဒေါ်ရှန်းကလည်း သူငယ်ချင်းဟောင်းများနှင့် ဆုံရန် ပြောထားသည်။

လအနည်းငယ်ကြာသည်အထိ သူတို့က ပွဲများနှင့် စားသောက်ပွဲများတွင် အလုပ်ရှုပ်နေသည်။

ပြန်မည့်နေ့ကို ဆုံးဖြတ်ပြီးချိန်တွင် နောက်နှစ် မတ်လ ဖြစ်သည်။

ရွှီကျင်းဖန်က ကျန်းထျန်ကို မတွေ့ရသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သည့်အတွက် ကလေးများကို ခေါ်ကာ ပေကျင်းတွင် ကြိုရန် လာခဲ့သည်။ တတိယအဒေါ်နှင့် ကုပေါင်ကောက ရွှီကျင်းဖန်ကို တစ်ယောက်ထဲ ကလေးမထိန်းစေလိုသည့်အတွက် သူတို့ပါ လိုက်လာသည်။

ပေကျင်းရောက်ပြီးနောက် ရွှီကျင်းဖန်က ကျန်းထျန်၏ အဘိုးနှင့် မိသားစုများကို လူချင်းတွေ့ဆုံခဲ့သည်။

ကုလျန်ရုန်က လာချင်ပေမယ့် အရေးပေါ်ကိစ္စ ပေါ်လာသည့်အတွက် ဘွဲ့ရပြီးမှ ပေကျင်း လာနိုင်မည်ဟု ပြောလိုက်သည်။

ကုလျန်ရွှမ်က ဖုန်းချလိုက်ပြီး အတော်ကြာ တွေးမရ ဖြစ်နေသည်။ တတိယကလေးက ရှန့်ကျန်းကို သွားနေသည်ဟုလည်း မကြားမိပေ။ သူ့တွင် ရောင်းစရာ မရှိသလို အတန်းလည်း မရှိပေ။ ဘယ်လို အရေးကြီးကိစ္စ ရှိနေတာလဲ?

ရွှီကျင်းဖန်က နားထောင်နေရင်း ပြောလိုက်သည်။ "တကယ်ကို အရေးကြီးတယ်"

ကုလျန်ရွှမ် - "...?" သူက ရွှီကျင်းဖန်ကို မေးလိုက်သည်။ "အမေ သိတာလား?"

ရွှီကျင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "အရင်လက အမေ ကလေးတွေခေါ်ပြီး ရှန်ဟိုင်းကို သွားနေခဲ့တယ်မလား? တတိယကလေးက လက်တွဲဖော် ရှာတွေ့ထားပုံပဲ"

ကုလျန်ရွှမ်က အံ့သြသွားသည်။ "မဖြစ်နိုင်ပါဘူး။ ကျွန်တော် မကြာခင်ကမှ ရှန်ဟိုင်းက်ို သွားထားတာ ဘာမှ ထူးဆန်းတာ မရှိပါဘူး"

ရွှီကျင်းဖန်က သူ့ကိုကြည့်ကာ အလိုမကျစွာ ပြောလိုက်သည်။ "မင်းလား?"

သူမက နှုတ်ခမ်းတွန့်လိုက်သည်။ "တော်စမ်းပါ မင်းသာ သိခဲ့ရင် ငါ့နောက်ဆုံးနာမည် ပေးလိုက်မယ်"

ကုလျန်ရွှမ် - "..." မဖြစ်နိုင်ဘူး။

ရွှီကျင်းဖန်က ဆက်ပြောလိုက်သည်။ "တတ်ိယကလေးကို မမေးရသေးလို့ အမှန် ဟုတ်မဟုတ် မသိဘူး။ ရှန်းလီက တစ်ခါက သူအတန်းဖော်ကို ပစ္စည်းသွားပို့တယ်လို့ ပါးစပ်က ပြောမိသွားပြီး နာမည်က မိန်းကလေး နာမည်ပဲ။ ဒါကြောင့် တတိယအဒေါ်က ရှန်းလီကို မေးတော့ သူက ဖြစ်နိုင်တယ် ပြောတယ်"

"ပြီးတော့ အမေ အဲ့ဒီ အမျိုးသမီး ရဲဘော်ကို သိတယ်။သူက နယ်မှာနေတုန်းက ရှင်းချန်ရွာကို လာတဲ့ အမျိူးသမီး ပညာတတ်လူငယ်ပဲ။ သူက ထျန်ထျန်နဲ့ ဖန်ဝေ့နဲ့အတူ သင်ပုန်းကြေငြာ ရေးတဲ့သူပဲ။ နာမည်က ရှောင်မင်ယွဲ့ ပဲ။

"ရှောင်မင်ယွဲ့ကလည်း ပေကျင်းကလို့ ကြားပေမယ့် ဘာလို့ ရှန်ဟိုင်းက တက္ကသိုလ်ကို လျှောက်တာလဲတော့ မသိဘူး"

ဘယ်လိုဖြစ်ဖြစ် ကုလျန်ရုန်က သူ့ချစ်သူ ကိစ္စကြောင့် ပေကျင်းကို မလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းထျန် ပြန်ရောက်သည့်နေ့တွင် ကုလျန်ရုန်မှလွဲ၍ အားလုံး ရှိသည်။

စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီးနောက် ကျန်းထျန်က သူမကို လာကြိုသော မိသားစုနှင့် မိတ်ဆွေများကို တွေ့လိုက်ရသည်။ "ကျွန်မ ဒီမှာ!"

သူ့အနောက်မှ လုဖန်ဝေ့ကို မစောင့်ဘဲ ကျန်းထျန်က ပြေးသွားပြီး ပြောလိုက်သည်။ "ကျွန်မ ပြန်ရောက်ပြီ!"

All Chapters