အခန်း(၁၁၅) (extra 1)
Vol. 9 Ch. 115
တရုတ်ပြည်သို့ ပြန်ရောက်ပြီးနောက် ကျန်းထျန်က သူမ၏ စာလေ့လာမှူများကို ပီကင်းတက္ကသိုလ်တွင် ဆက်လုပ်သည်။ တစ်နှစ်ကျော်ကြာတော့ သူမ အတန်းဖော်များက ဘွဲ့ယူရန် စီစဉ်နေကြသော်လည်း သူမက နောက်ဆုံးစာမေးပွဲအတွက် ပြင်နေရသေးသည်။
ကျန်းထျန်က စာအုပ်ကို ပစ်လိုက်ပြီး အော်လိုက်သည်။
"ကျွန်မ မလုပ်နိုင်တော့ဘူး"
ကုလျန်ရွှမ်က ခေါင်းမော့ကာ ကြည့်လိုက်သည်။ "ဒါဆို ညစာစားပြီးမှ ဆက်လုပ်ကြတာပေါ့"
ကျန်းထျန် - "မလုပ်လို့ ရမလား?"
ကုလျန်ရွှမ် - "..." သူက သူမကို ဘယ်လိုထင်လဲ ဆိုသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းငုံ့လိုက်သည်။
ကျန်းထျန်က သူ့ဘေးမှ လူ၏ လက်မောင်းကို ဘောပင်ဖြင့် ထိုးလိုက်သည်။ "ကုလျန်ရွှမ် ရှင့်ရဲ့ မဟာတန်းကိစ္စကရော?"
စာမေးပွဲနှင့် ပတ်သက်လျှင် ဘယ်သူမှ အနားမရှိတာတောင် ဘာလို့ စာလုပ်ချင်စိတ် ပြည့်နေရတာလဲ?
ကုလျန်ရွှမ်က ဒီတစ်ခါ ခေါင်းပင် ထောင်မလာခဲ့ပေ။ "ပါမောက္ခက ကိုယ့်ကို ပြောပေမယ့် ကိုယ်ငြင်းလိုက်တယ်"
ကျန်းထျန်က စိတ်ဝင်စားစွာ မေးလိုက်သည်။ "ဘာလို့လဲ? ဒီဘာသာရပ်ကို ဆက်လေ့လာတာက ရှင့်အတွက် အဆင်မပြေဘူးလား?"
"ဘာမှ မဟုတ်ပါဘူး။ ကိုယ် တတိယကလေးနဲ့အတူ ဘွဲ့ယူပြီးရင် ရှန်းကျန်းမှာ အလုပ်အကိုင် အခွင့်အရေး သွားရှာမယ် ပြောထားလို့ပါ"
ကုလျန်ရွှမ်က စာအုပ်ပိတ်ကာ ကျန်းထျန်ကို ပြောလိုက်သည်။ "နောက်ကနေ ချောင်းရိုက်မလို့လား?"
ကျန်းထျန် ပြောလိုက်သည်။ "မကောင်းတဲ့သူ!"
ကုလျန်ရွှမ်၏ ဘွဲ့ယူသည့်ပွဲနေ့တွင် ကျန်းထျန်တွင် စာမေးပွဲ ရှိသည့်အတွက် ဘွဲ့ဝတ်စုံ ဝတ်ထားသူကို မမြင်လိုက်ရပေ။
ထိုအချိန်က ဖုန်းများ မရှိသေးသည့်အတွက် အဖြူအမဲ ကင်မရာများသာ ရှိပြီး မှုန်ဝါးဝါး ဖြစ်နေသဖြင့် ကျန်းထျန်က ပုံထဲမှ ကုလျန်ရွှမ်၏ မျက်နှာကို မြင်ရရန် အတော် ရှာလိုက်ရသည်။
သူမ မပြောနှင့် အမေရင်း ရွှီကျင်းဖန်တောင် မမှတ်မိပေ။
ကုလျန်ရွှမ်က အဖြူအနက် ပုံထဲမှ အမဲရောင် အစက်လေးကို ပြလိုက်သည်။ "ဒီမှာ"
ကျန်းထျန်နှင့် ရွှီကျင်းဖန်က ချက်ချင်း ကြည့်လိုက်သော်လည်း မယုံကြည်နိုင်ပေ။
ကျန်းထျန်က ဒါကို ကမ္ဘာပေါ်တွင် အသန်မာဆုံး အမဲစက်ဟုသာ ပြောချင်သည်။
သူမက ပြောလိုက်သည်။ "ကုလျန်ရွှမ် ရှင်သာ ကြိုးစားပြီး များများ စားခဲ့ရင် အမေနဲ့ ကျွန်မ ဒီလို ခက်ခက်ခဲခဲ ရှာရမှာ မဟုတ်ဘူး"
ကုလျန်ရွှမ် - "..."
သူ ကျန်းထျန်၏ လက်ထဲမှ ပုံကို ယူလိုက်သည်။ "ဒါဆို မကြည့်နဲ့တော့"
ကျန်းထျန်က ခေတ္တ တိတ်ဆိတ်သွားပြီး သူ့အကြည့်များက အောက်မှ ဓာတ်ပုံအချို့အပေါ် ရောက်သွားသည်။ ထိုခေတ်က ဓာတ်ပုံရိုက်ခြင်းက စျေးကြီးသလို ဓာတ်ပုံ ထုတ်ခြင်းကလည်း စျေးကြီးသည်။ ကုလျန်ရွှမ်နှင့် ကုလျန်မင်က တစ်ချိန်ထဲ ဘွဲ့ရသည့်အတွက် ပုံ ၂၀လောက် ထပ်ရိုက်ထားသည်။
ကျန်းထျန်က ကုလျန်ရွှမ်၏ တစ်ယောက်ထဲ ပုံကိုယူကာ ပြောလိုက်သည်။ "ဒီတစ်ခု ကောင်းတယ်" သူမ ဘွဲ့ယူလျှင် တစ်ယောက်ထဲ ပုံရိုက်ကာ ညှပ်လိုက်ပြီး အတူ ထားမည်။
ဘွဲ့ယူပြီးနောက် ကုလျန်ရွှမ်က ကျောင်းမှ ပေးသော အလုပ်ကို လက်မခံဘဲ ထိုအစား တတိယအဒေါ်နှင့် ရွှီကျင်းဖန်နှင့်အတူ ရှန်ဟိုင်းသို့ ထွက်သွားခဲ့သည်။
ရှန်ဟိုင်းတွင် ကုလျန်ရွှမ် ကုလျန်ရုန်နှင့် အခြားသူများက အဝတ်အစား ရောင်းဝယ်ရေး စက်ရုံနှင့် စာချုပ်ချုပ်ဆိုထားသည်။
အစမှာတော့ သူတို့က ရှန့်ကျန်းမြို့ကိုသွားကာ ကုန်ဝယ်ပြီး ရှန်ဟိုင်းတွင် ပြန်ရောင်းရန် ဖြစ်သည်။ ဒါပေမယ့် ရှန်ဟိုင်း၏ ဖက်ရှင်လောကက တိုးတက်လာကာ လဝက်အတွင်း ဒီဇိုင်းအစုံ တွေ့ရသည်။
ပြီးတော့ သူတို့က ရှန်ဟိုင်းမှ အဝတ်အထည် ရောင်းချသူများ မဟုတ်ပေ။ တကယ်တော့ အခြား ရောင်းချသူများလည်း ရှန်းကျန်းသို့ ကုန်သွားဝယ်ကာ ရှန်ဟိုင်းတွင် ပြန်ရောင်းချပေမယ့် စျေးမလျော့ပေးလျှင် သူတို့ပစ္စည်းက အပြိုင်အဆိုင် မဖြစ်ပေ။
ဒါပေမယ့် စျေးလျှော့ပေးခြင်းက ရေရှည်အတွက် အဆင်မပြေပေ။ ငွေများက လေနှင့် ပါလာမည် မဟုတ်ပေ။ သူတို့က စျေးလျှော့ချကာ စက်ရုံ နှစ်ခုလောက်ကို ပြိုင်နိုင်သော်လည်း နောက်တွင် အများကြီး ရှိသေးသည်။
ကုလျန်ရွှမ်က ကျန်းထျန်အကြောင်း တွေးမိသည်။ သူတို့ ရွှီကျန်းမြို့တွင် ရှိစဉ်က ကျန်းထျန် ချုပ်သော အဝတ်များက တစ်မူထူးခြား လှပသည်။ နောက်ပိုင်းတွင် ကျန်းထျန်က ထိုပညာကို နိုင်ငံခြားတွင် သွားသင်ထားသည့်အတွက် အကြံကောင်းများ ပေးနိုင်လိမ့်မည်။
မဟုတ်လျှင် သူတို့က အစားအသောက်ဘက်သို့ ပြောင်းမည် ဖြစ်သည်။ ကျန်းရှို့ရှန်က သူ့ဆရာထံမှ သင်ထားသော လျှ်ို့ဝှက် နည်းစနစ်တစ်ခု ရှိသည့်အတွက် သူက အဆာပြေမုန့်ဆိုင် ဖွင့်၍ ရသည်။
ကျန်းထျန်က ယာယီ ဘာသာပြန်သော အလုပ်ကို လုပ်နေပြီး ကုလျန်မင်၏ ပါမောက္ခက ချိတိဆက်ပေးထားခြင်း ဖြစ်သည်။ သူ ကျန်းထျန်ကို ထမင်းသုံးနပ် ကျွေးကာ ငှားထားခြင်း ဖြစ်သည်။
ကျန်းထျန်က ကုလျန်ရွှမ်ထံမှ ဖုန်းရသောအခါ စာပေအသုံးအနှုန်းများနှင့် ရှုပ်နေချိန် ဖြစ်သည်။ ဖုန်းမြည်သံက ထိုအချိန်တွင် သူမအတွက် ကယ်တင်ရှင် ဖြစ်သည်။
သူမက ဖုန်းကိုင်ကာ ပျော်ရွှင်စွာပြောလိုက်သည်။ "ဟယ်လို ဒါက ကုလျန်ရွှမ်လား?"
ကုလျန်ရွှမ်က ပြုံးလိုက်ကာ အနားမှ လူများကို ထွက်သွားရန် အချက်ပြလိုက်သည်။ "ဟုတ်တယ် ကိုယ်ပါ"
"ဘာလို့ ကျွန်မကို ခေါ်တာလဲ?" ကျန်းထျန်က ကုလျန်မင်ကို ကြည့်လိုက်သည်။ ကုလျန်မင်က သူမကို မြန်မြန်ပြောရန် ပြောလိုက်သည်။ ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။။"ရှင် ကျွန်မကို လက်ဆောင် ပို့လိုက်တာလား?"
ကုလျန်ရွှမ်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "ကိုယ် အပေါ်ဝတ် အင်္ကျီတွေ ပို့ပေးလိုက်တာ။ အနက်ရောင်နဲ့ မင်းကြိုက်တဲ့ ခရင်မ်ရောင်တွေပဲ"
ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။ သူမက ကုလျန်မင် လက်ပြနေသည်ကို မြင်သော်လည်း မမြင်ချင်ယောင်ဆောင်ကာ သူမကို ကျောပေးလိုက်သည်။
"ထျန်ထျန် တတိယကလေးနဲ့ ကိုယ်က အဝတ်အထည်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ အချို့ ရှိနေလို့ မင်းရဲ့ အပြံတောင်းတာပါ"
ကုလျန်ရွှမ်က အနီးမှ လူများကို ထွက်သွားခိုင်းသော်လည်း သူတို့က သူ့အနားတွင် ဝန်းရံနေကြသည်။သူတို့က "အစ်ကို မြန်မြန်မေးပါ ဒါမှ မနှောင့်ယှက်မိတော့မှာ"ဟု ပြောနေပုံ ပေါ်နေသည်။ ကုလျန်ရွှမ်က ရွေးစရာ မရှိဘဲ အရင်မေးလိုက်ရသည်။
ကျန်းထျန်က ဆိုဖာပေါ် လှဲလိုက်သည်။ "ဘာပြဿနာလဲ?"
ကုလျန်ရွှမ်က အကြမ်းဖျင်း ရှင်းပြလိုက်ပြီး ကျန်းထျန်က တွေးလိုက်သည်။ "ပြောရမယ်ဆိုရင် ဒါက ယှဉ်ပြိုင်မှု မရှိတာပဲ"
"စျေးကွက်က သေးသလို အားလုံး၏ ဝတ်စားပုံနဲ့ ရတဲ့နေရာ စျေးတွေက အတူတူပဲမလို့ ဒါက အခုအချိန်ရဲ့ ဝယ်သူ စျေးကွက်ပဲ"
"ကျွန်မ ရှင့်ကို ကိုယ်ပိုင် ပစ္စည်း ဖန်တီးစေချင်တယ်"
ကျန်းထျန်က စျေးကွက် အသစ်အကြောင်းကို အကျဉ်းချုံး ပြောလိုက်သည်။ "ရှင် ကိုယ်ပိုင် အဝတ်အစားတံဆိပ် ဖန်တီးနိုင်ရင် အကောင်းဆုံးပဲ။အခြားသူတွေနဲ့ အဝတ်တွေကို ပြန်ရောင်းတာက တစ်ဆင့်ခံ ရောင်းတာပဲ"
ကုလျန်ရွှမ်က မေးလိုက်သည်။ "ကိုယ်ပိုင် တံဆိပ်လား?"
လူသုံးယောက်က ဒါကိုကြားတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ ဘာအဓိပ္ပါယ်လဲ?
ကျန်းထျန်က ဥပမာ ပေးလိုက်သည်။ "ဒီလို တွေးကြည့်ရအောင်။ ရှင် ပေကျင်းမြို့လို့ ပြောရင် ဘာကို တွေးမိလဲ?"
ဖုန်းထဲမှ အသံအချို့ ထွက်လာသည်။ "မဟာ တံတိုင်း"
"ဘဲကင်!"
"ဟွာတ ကျင်းတ!"
ကျန်းထျန်က ပြောလိုက်သည်။ "ဒီ နည်းအတိုင်းပဲ။ ဥပမာ နှင်းခရင်မ်နဲ့ ယုန်ဖြူ နို့ချိုချဉ် အကြောင်း ပြောရင် တွေးမိတဲ့ တံဆိပ် အချို့ရှိတယ်မလား?"
လူသုံးယောက်၏ ညီညာသောအသံ ထွက်လာသည်။ "ဟုတ်တယ်!"
ကျန်းထျန်က ပြောလိုက်သည်။ "ဒါဆို ရှင်လည်း ကိုယ်ပိုင် အမှတ်တံဆိပ် ရှိဖို့လိုတယ်"
ကုလျန်ရွှမ်က ချရေးလိုက်သည်။
ကျန်းထျန်က မေးလိုက်ပြန်သည်။ "ရှင့် စက်ရုံနာမည်က ဘာလဲ?"
ကုလျန်ရွှမ်က ဖြေရန် လုပ်နေစဉ် အခြားတစ်ယောက်က ဖြေလိုက်သည်။ "ကျားယီ"
"ကျားယီ"
ကျန်းထျန်က ခေါင်းခါလိုက်သည်။ "ဒီနာမည်က အသံထွက်ရခက်တယ်။ လွယ်လွယ်နဲ့ အာရုံစိုက်မိစေမယ့် နာမည် ထားသင့်တယ်"
"ကိုယ်ပိုင် အမှတ်တံဆိပ် ထုတ်လုပ်တယ် ဆိုတာက လူတွေ အဝတ်ဝယ်ချင်လာတိုင်း ရှင့်တံဆိပ်က ပေါ်လာရမယ် ဆိုတဲ့ သဘောပဲ"
"ဒါက တကယ်ကို အရေးကြီးပေမယ့် အခု ပိုအရေးကြီးတာက ရှင့်ရဲ့ အဝတ်အထည် ဒီဇိုင်းတွေရဲ့ ပြဿနာကို ရှင်းရမှာပဲ"
ကျန်းထျန်က အကြံပေးလိုက်သည်။ "ရှင် နေရာတစ်ခု ငှားပြီး ဒီနယ်ပယ်က ကျောင်းသားတွေကို အလုပ်ခန့်ပြီး ဒီဇိုင်းအသစ်တွေ လုပ်သင့်တယ်။ ဒီဇိုင်းတွေက အခြားသူတွေနဲ့ ကွဲထွက်နေအောင် ရှင့်မှာပဲ ရှိတဲ့အရာတွေ ဖြစ်ရမယ်"
ကျန်းထျန်က အခြားအကြံများ ပေးလိုက်သေးပြီး တစ်ဖက်လူများက နားထောင်ကာ အတော်သိသွားသလို ခံစားရသည်။
ဖုန်းပြောချိန်က နာရီဝက်ကျော် ကြာသွားသည်။ ကျန်းထျန်က ဖုန်းချချိန်တွင် ကုလျန်မင်၏ အလိုမကျသော အမူအရာကို မြင်လိုက်ရသည်။
ကုလျန်မင် - "ယောက်မ အချ်ိန်ဆွဲနေလို့ ကျွန်မ ထမင်းတစ်နပ် လျှော့ရမယ်"
ကျန်းထျန် - "..." ယောက်ျားက အနားမှာမရှိတာနဲ့ ချက်ပေးမယ့်လူ မရှိလို့ အခု ထမင်းစားဖို့ လုပ်အားခနဲ့ လဲရမှာလား?
"မရပါဘူး!အစ်မ အလုပ်ချိန် တိုးလိုက်မယ်"
ကျန်းထျန်ထံမှ လျှို့ဝှက်ချက်များ ကြားရတော့ ရှန်ဟိုင်းမှ တွဲဖက်လေးယောက်က မြန်မြန် အကောင်အထည် ဖော်လိုက်သည်။ သူတို့၏ ယခင် အဝတ်အထည်များကို ပြန်ရောင်းနေစဉ် သူတို့က အလုပ်သမားများ ငှားကဒီဇိုင်းအဖွဲ့ လုပ်လိုက်သည်။
ထိုအချိန်များတွင် ကောလိပ်ကျောင်းသားများ ရှားပါးသည်။ အဝတ်အထည်နှင့် ဒီဇိုင်းအနုပညာဘက်ကို လေ့လာကြသော ကောလိပ်ကျောင်းသားများက ချမ်းသာသော မိသားစုမှ လာသူများ မဟုတ်လျှင် ထိုပညာဘက်ကို အခြေခံ ရှိထားသူများ ဖြစ်ကြသည်။ သူတို့က ဘွဲ့ရပြီးလျှင် အလုပ်ခွင်ကောင်းကောင်း ဝင်ကြမည် ဖြစ်ပြီး ဒီလို ယခုမှ စထောင်သော လုပ်ငန်းတွင် နေလိုသူ မရှိပေ။
ကံကောင်းစွာနဲ့ ကုလျန်ရုန်က အဓိက ဇာတ်ဆောင် ဖြစ်သည့်အတွက် ယခင်နှစ်များက ရှန်ဟိုင်းတွင် ပညာရေး တော်သော ကျောင်းသားများနှင့် အဆက်အသွယ်ရှိသည်။ တစ်ဖက်လူများက တစ်ကြိမ်လျှင် အရည်အသွေးမြင့်သော ဒီဇိုင်းပုံ ဆယ်ခု ပေးမည်ဟု သဘောတူသည်။ အဝတ်အထည် ရောင်းအား ကောင်းလျှင် လခအဖြစ် ပြောင်းသွားမည်။
ကုလျန်ရုန်၏ ကမ်းလှမ်းချက်က ကြီးမားသည့်အတွက် လူချမ်းသာ မိသားစုမှ ကျောင်းသားများကပင် လက်ခံကြသည်။ သူတို့က တစ်ချိန်ထဲမှာပဲ အလေ့အကျင့်ရကာ ငွေလည်း ရမည်။
စာချုပ်တွင် လက်မှတ်မထိုးခင် ကျောင်းသားအချို့က ကုလျန်ရုန်ကို သူတို့ ဆွဲထားသော ဒီဇိုင်းပုံများ ပြကြသည်။
ကုလျန်ရုန်က ထိုပုံများကို မြင်ပြီးနောက် ပြောစရာ ပျောက်သွားသည်။
ကုလျန်ရုန် - "..." သူက သူ့မရီး၏ ပုံများကို သူမြင်ဖူးပေမယ့် ဘာလို့ မတူတဲ့ ကျောင်းတွေကလို ကွဲထွက်နေတာလဲ?
မရီး၏ ဒီဇိုင်းများက ဖက်ရှင်ကျကာ မြင်လိုက်သည်နှင့် ဝယ်ချင်သည်။ ယခု ကျောင်းသားများ ပေးသောပုံနှင့် လမ်းမှ လူများ ဝတ်သော အဝတ်များတွင် ဘာခြားနားချက် ရှိလို့လဲ?
ကုလျန်ရုန်က စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ သူက ယခင်က အဝတ်အထည် အမြောက်အများ ထုတ်ရန် စာချုပ်ချုပ်မည် ပြောထားသော်လည်း အဆုံးမှာ ကျေနပ်စရာ ဒီဇိုင်းများ မရသေးပေ။
ဒါကြောင့် ရက်အတော်ကြာတော့ ကျန်းထျန်က ဖုန်းရခဲ့ပြန်သည်။
သူမက ဖက်စ် ပို့သည့်စက်ရှေ့တွင် ရပ်နေကာ ကုလျန်ရုန်က ဆိုးသည်ဟု ပြောသော ပုံက်ိကြည့်ပြီး ငြိမ်သက်သွားသည်။
"အတုခိုးခြင်းက တီထွင်ခြင်းရဲ့ အစဖြစ်ရမယ်"
ကျန်းထျန်က အလွန်ပုံမှန် ဖြစ်နေသော ပုံကိုကြည့်လိုက်သည်။သူမက ပြင်ချင်လျှင်တောင် ပြင်စရာနေရာ မရှိပေ။
ကုလျန်ရုန်က မေးလိုက်သည်။ "မရီး ကျွန်တော်တို့ ဘာလုပ်ရမလဲ? အစ်ကိုကြီးက အစ်မ စာမေးပွဲနီးနေပြီမလို့ မမေးခိုင်းဘူး"
ကျန်းထျန် ရယ်လိုက်သည်။
"လုပ်န်ိုင်တာ မရှိဘူး။ ကျောင်းသားတွေက ဘာသာရပ်မှာသာ အမှတ်ကောင်းပေမယ့် အခြေခံ မရှ်ိဘူး"
ကျန်းထျန်က မျက်ခုံးကို ဖိလိုက်သည်။ "အစ်မရဲ့ အိမ်စာအချို့ကို မင်းကို ပေးပြီး သူတို့ကို ပြရင်ရော?"
ကုလျန်ရုန်က ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ"
ကျန်းထျန်က နိုင်ငံခြားတွင် တစ်နှစ်စာ ပညာသင်ချိန်က ပုံများကို စုထားသည်။ သူက အထဲမှ နှစ်ခုကို ရွေးကာ ပို့လိုက်သည်။
ကုလျန်ရုန်က ဒီဇိုင်းပုံများကို ရပြီးနောက် ကျောင်းမှ အတန်းဖော်များကို ခေါ်ကာ ပြလိုက်သည်။ "ကြည့်လိုက် ဒါက ကျွမ်းကျင်တဲ့လူ ဆွဲထားတာပဲ"
ကျောင်းသားများက စိတ်ရှုပ်ထွေးနေသည်။ သူတို့က ဒီဘာသာကို လေ့လာနေသည်ကို ဘယ်သူက သူတို့ထက် ပိုကျွမ်းကျင်တာလဲ?
ဒါပေမယ် ထိုအရာများကို ကြည့်ပြီးနောက်မှာ ကျောင်းသားအချို့က ကွာဟချက်ရှိသည်ကို လက်ခံကြသည်။
ဒီ ဒီဇိုင်းပုံများက သူတ်ို့ လုပ်ဖူးသည်နှင့် တူသော်လည်း ပုံစံက ရှေးဆန်သည်။ ဒါပေမယ့် ဒီ ဒီဇိုင်းပုံများကို ကြည့်ကာ သူတို့၏ ကိုယ်ထည်ပိုင်းနှင့် ပုံစံလိုင်းများကို ကြည့်လိုက်သည်။
ချက်ချင်းပဲ အတွေးသစ်များ ပေါ်လာသည် မလား?
အတန်းဖော်အချို့က လက်ထဲတွင် စာရွက် ရှိသည့်အတွက် စတင်၍ ဆွဲလိုက်သည်။ ဆွဲထားသော ပုံများက ဘေးသို့ ရောက်သွားသည်။ ကုလျန်ရုန်က ယူကြည့်လိုက်ရာ မျက်လုံးပြူးသွားရသည်။
ဘုရားသခင် ဒါက အနုပညာ ကူးပြောင်းပုံလား?
ကုလျန်ရုန်က ကျောင်းသားအချို့ကို တိတ်ဆိတ်စွာ ကြည့်လ်ိုက်သည်။ သူတို့၏ ပုံနှင့် မရီး၏ ပုံတွင် ကွာဟချက်များ ရှိသေးသော်လည်း သူတို့က အတော်အဆင်ပြေသည်။
ကျန်းထျန်က နောက်ပိုင်း သူတို့၏ ဒီဇိုင်းပုံများကို မြင်ရသည်။ သူတို့က အခြေခံ ရှိသော်လည်း အတွေ့အကြုံ မရှိခြင်း ဖြစ်မည်။ သူတို့အားလုံးက သူမ၏ ဒီဇိုင်းပုံမှ အတုယူထားခြင်း ဖြစ်သည်။
သေချာပေါက် သူတို့က သူတို့၏ ကိုယ်ပိုင်ပုံစံအဖြစ် ပြောင်းလဲကြပြီး ကျောင်းသားတစ်ယောက်၏ ဒီဇိုင်းက အလွန်ကောင်းမွန်သည်။
လက်ခံနိုင်သော ပုံစံအချ်ို့ ရွေးကာ ကျန်းထျန်က သူမ၏ ထင်မြင်ချက်နှင့်အတူ ကုလျန်ရွှမ်ထံ ပို့လိုက်သည်။
ပုံစံအသစ်များ လက်ခံပြီးနောက်မှာ သူတို့က စက်ရုံနှင့် စာချုပ်ချုပ်ကာ တရုတ်နှစ်သစ်ကူး မတိုင်ခင် လဝက်အလိုတွင် အလျင်စလို လုပ်လိုက်သည်။ နှစ်သစ်အပြီး တစ်လနှင့် မတိုင်ခင် တစ်လအတွင်း အထည်များ ရောင်းကုန်သွားသည်။
သူတို့ဆိုင်မှ အဝတ်များက ရိုးရှင်းလှပသည့်အတွက် အခြားဆိုင်များမှ မြင်နေကြ ပုံများကို မြင်နေသော ဝယ်သူများကို စိတ်ဝင်စားလာစေသည်။ ဝန်ဆောင်မှုလည်း ကောင်းမွန်သောကြောင့် သူတို့က မဝယ်ချင်ဘဲ နေပါ့မလား?
ကုလျန်ရွှမ်နှင့် အပေါင်းအဖော်များ၏ အဝတ်အစား တံဆိပ်အသစ်က ချက်ချင်း နာမည်ရလာပြီး သူတို့က တစ်လလျှင် တစ်ခါ ဆိုင်သို့ လာကြည့်ကြသည်။ ဆိုင်၏ ရမှတ်နှင့် လျှော့စျေးကတ်နှင့် ကူပွန်များပါ ရှိသည့်အတွက် လတိုင်း ရောင်းအား တက်လာကာ ရှန်ဟိုင်းတွင် အောင်မြင်စွာ နာမည်တစ်ခု ရလာသည်။