အခန်း (၁၁၆) (extra 2) end
Vol. 9 Ch. 116
ဘွဲ့ရပြီးနောက် ကျန်းထျန်က ပေကျင်းမြို့ရှိ ပြတိုက်တွင် အလုပ်ဝင်လုပ်သည်။.အလုပ်က သက်တောင့်သက်သာ ရှိသလို သူမ၏ အနေအထားနှင့်လည်း သင့်တော်ပြီး သူမက လူမြင်ကွင်းတွင် ချပြထားလေ့မရှိသော ရှားပါးသည့် စာအုပ်များကိုလည်း မြင်ရသည်။
ကုလျန်ရွှမ်နှင့် အခြားသူများ ခေါင်းဆောင်သော အဝတ်အထည်လုပ်ငန်းက လမ်းမှန်အပေါ် ရောက်နေပြီ ဖြစ်သလို လတိုင်း ပစ္စည်းသစ်များ ထုတ်နိုင်သည်။ နှစ်နှစ် အတွင်းတွင် အလွန် လူသိများလာကာ ရှန့်ကျန်းနှင့် ရှန်ဟိုင်း ပတ်ဝန်းကျင်တွင် လူသ်ိများလာသည်။
ကုလျန်ရွှမ်က နောက်ဆုံးမှာတော့ ပေကျင်းပြန်လာကာ ကျန်းထျန်အတွက် ချက်ပြုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပြီး သူက ပေကျင်း-ထျန်ကျင်း-ဟဲပိုင် စျေးကွက်ကို ဖွင့်လှစ်ရန် တာဝန်ရှိသူ ဖြစ်လာခဲ့သည်။
ကုလျန်မင်က လုပ်ငန်းတစ်ခုတွင် ပါဝင်နေပြီး အိမ်တွင် မြင်ရရန် ခက်သည်။ ကျန်းထျန်က သူမနောက်ကွယ်တွင် တိတ်တဆိတ် ပြောနေသည်။ "သူက အခု ကျောက်ပေါင်ပီလိုပဲ။ သူ့နာမည်က ကုပေါင်ပီလေ သူက ထမင်းသုံးနပ်နဲ့ စာအုပ်တစ်အုပ်ပဲ"
ရှန်းရှို့ဟွိုင်အပါအဝင် ရွှီကျင်းယောင်နှင့် ကုလျန်မင် ကျန်းထျန်နှင့် ရှန်းဝေ့ချင်တို့ကလည်း မီးဖိုချောင် ကြိုက်နှစ်သက်သူများ ဖြစ်ကြသည်။ ပေကျင်းတက္ကသိုလ်မှ ပါမောက္ခတစ်ယောက် အနေနှင့် ရှန်းရှ်ို့ဟွိုင်က လုပ်ငန်းစဉ်ကို ဦးဆောင်ရန် လိုအပ်ကာ စီးပွားရေး ဌာန၏ အကြံပေးလည်း ဖြစ်သည်။ သူက မကြာခဏ စီးပွားရေး ခရီးများ ထွက်ရသည်။ ရွှီကျင်းယောင် ဘွဲ့ရပြီးနောက် ရွှီကျန်းမြို့ကို ပြန်သွားသဖြင့် ဟင်းချက်နိုင်သော ကုလျန်မင်သာ ကျန်ခဲ့သည်။
ရှန်းမိသားစုက ငွေမရှိသူများ မဟုတ်သည့်အတွက် သူတို့က ဟင်းချက်ရန် အဒေါ်တစ်ယောက် ငှားသည်။ ဒါပေမယ့် ဟင်းပွဲများက ပေကျင်းလက်ရာများ ဖြစ်သည့်အတွက် ကျန်းထျန် အကြိုက်ဆုံးဖြစ်သော ချိုချဉ်အရသာနှင့် ကွဲထွက်နေသည်။
ဒါကြောင့် ကုလျန်မင်က ဒါကို အခွင့်ကောင်းယူကာ ကျန်းထျန်ကို သူမ၏ ဘာသာရပ်ဆိုင်ရာ စာအုပ်ကို ကျန်းထျန်အား ဘာသာပြန်ခိုင်းသည်။
ကျန်းထျန်က သူမ၏ အစားစားချင်စိတ်အတွက် အများကြီး ပေးဆပ်ထားသည်။
"ကုလျန်ရွှမ် ရှင် ကျွန်မကို ပြန်ပေးဖို့ ကူညီရမယ်" ကျန်းထျန်က တင်ပါးပေါ် လက်တင်လိုက်သည်။
ကုလျန်ရွှမ်က ရေချ်ိုးပြီးနောက် ဆိုဖာတွင် ထိုင်လိုက်သည်။ သူက ခေါင်းလှည့်ကာ သူမကို မေးလိုက်သည်။
"ဘာလို့လဲ?"
ဘယ်လို ပြန်ပေးရမှာလဲ? ဒီမေးခွန်းက ကျန်းထျန်ကို ခေါင်းရှုပ်သွားစေသည်။
သူမက မေးစေ့ကို ပွတ်ကာ သေချာ တွေးလိုက်သည်။ "သူ့ကို ရှင်ဝယ်လာတဲ့ ပစ္စည်းတွေ မပေးရင်ရော?"
ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပါပြီ" ဟူသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဟုတ်ပါပြီ" ဒီအရာက အနည်းငယ် သတ္တိရှိပုံ ပေါ်သည်။
ဒါကြောင့် ကုလျန်မင်က အိမ်ကို ပြန်လာပြီး သူမအစ်ကိုကြီးကို အိမ်တွင် တွေ့ရသော်လည်း အတော်ကြာ စောင့်ပေမယ့် ဘာလက်ဆောင်မှ မရပေ။သူက သူမကို ပြောလိုက်သည်။
"မင်း ယောက်မက မင်း သူ့ကို အလုပ်တွေ ခိုင်းထားတဲ့အတွက် မင်းပစ္စည်းတွေကို သိမ်းလိုက်တယ်"
ကုလျန်ရွှမ်က သူ ဘာမှ မလုပ်နိုင်ဘူးဟူသော ပုံစံဖြင့် လက်ဖြန်ပြလိုက်သည်။
ကုလျန်မင် - "..." သူမ၏ အကြည့်များက ဒေါသဖြင့် တောက်လောင်လာကာ မျက်နှာမှ နာကျင်မှုကို ဖုံးကွယ်ထားသည်။
"ဒါဆို ကျွန်မက အသားလုံးတွေ၊ပန်ကိတ်တွေနဲ့ ကြက်ဥပေါင်းတွေကို ဘေးအိမ်က ဝမ်ချိုင်ကို ကျွေးလိုက်တာလား?"
ဝမ်ချိုင်က ဘေးအိမ်တွင် မွေးထားသော ခွေးလေး ဖြစ်သည်။
ကုလျန်ရွှမ်ကး တိတ်ဆိတ်သွားသည်။
ကျန်းထျန် ပြန်ရောက်လာတော့ သူတို့နှစ်ယောက်က ရန်ဖြစ်ခဲ့သည်။ တစ်ယောက်က ကုလျန်မင်အတွက် ဘာသာပြန်ပေးထားသော စာအုပ်ကို စီနေကာ နောက်တစ်ယောက်က သူပြောထားသည်ထက် ပိုကောင်းသော ဟင်းလျာများ ချက်ကျွေးသည်ဟု ပြောနေသည်။
တရားမျှတမှု ရစေရန် သူတို့က ရှန်းဝေ့ချင်နှင့် ကုလျန်ရွှမ်ကိုပါ သက်သေခံရန် ခေါ်နေသည်။
ကျန်းထျန်က သူမ၏ လှည့်ကွက်ကို သုံးလိုက်သည်။ သူမက ကုလျန်မင် သူမကို ဘာသာပြန်ရန် ပေးထားသော စာအုပ်များကို ချရေးထားသည့် စာရွက်ကို အိတ်ထဲမှ ထုတ်လိုက်သည်။
"ဒီမှာကြည့် စာအုပ်တွေ အများကြီးပဲ။ ဒါတွေ အကုန် ဘာသာပြန်ရရင် ကျွန်မလည်း သူ့လို ပညာရှင်အဆင့် ဖြစ်တော့မှာပဲ"
ကုလျန်မင် - "..." သူမက အမှားကို သိပေမယ့် သူမက နိုင်ငံခြား ဘာသာရပ်ကို နားလည်နိုင်ရန် ခက်နေသည့်အတွက် သူမတွင် ရွေးချယ်စရာ မရှိပေ။
ကုလျန်ရွှမ်က အိမ်ရောက်သည်နှင့် ဒီလို ပြသနာကို မြင်ရသည့်အတွက် တကယ်ကို ဒုက္ခရောက်ရသည်။ "ထျန်ထျန် သူ့ကို ဂရုမစိုက်တော့ရင်ရော?"
ကုလျန်မင်က သူမအစ်ကိုကို အံ့သြစွာ ကြည့်လိုက်သည်။ သူက လူလား?သူတို့က မောင်နှမတွေလေ!
ကျန်းထျန် - "..ကျွန်မ ပြောချင်တာက ဒီလို မဟုတ်ဘူး"
ကုလျန်မင်က ရင်ထဲ ထိသွားကာ မျက်ရည်ဝဲလာသည်။
"မရီး!" သူမယောက်မက အကောင်းဆုံးလူအဖြစ် ပြောင်းလဲသွားသည်။
ကုလျန်ရွှမ် - ဒါဆ်ို သူက ဘာလို့ ဝင်ပါနေရတာလဲ?
ထို့နောက် ကျန်းထျန်က လုဖန်ဝေ့ကို ကုလျန်မင်အတွက် ဘာသာပြန်ပေးစေရန် အတန်းသားတစ်ယောက် ရှာခိုင်းကာ ကုလျန်မင်၏ နိုင်ငံခြား ဘာသာ ဆရာအဖြစ်ထားခဲ့သည်။
ထိုအခါမှ ကျန်းထျန် စိတ်ချနိုင်သည်။
ကုလျန်ရွှမ်က ဒီတစ်ခါ ပြန်လာချိန်တွင် ကြေငြာစရာ တစ်ခု ရှိနေသည်။ သူက နေသာသည့်နေ့ကို ရွေးကာ လူငါးယောက် ဆုံချိန် စကား ပြောလိုက်သည်။ "အစ်ကိုတို့မှာ အဖေ ရလာနိုင်တယ်"
ရှန်းရှိူ့ဟွိုင်က တွေးမရ ဖြစ်သွားသည်။ သူ အမြဲတမ်း ဒီမှာ ရှိနေခဲ့တာ မဟုတ်ဘူးလား?
အခြားသူတွေကလည်း တွေးမရ ဖြစ်နေသည်။
ကုလျန်ရွှမ်က ရှင်းပြလိုက်သည်။ "အဲ့လို မဟုတ်ဘူး။ အဖေလေ ရှောင်းမင်"
ရှန်းဝေ့ချင်က ချက်ချင်း နားလည်သွားကာ သူ့ကိစ္စ မရှိတော့သည့်အတွက် ဆက်စားလိုက်သည်။
ကုလျန်မင်က ထမင်းစားနေရင်း ရေခွက်ကို ယူကာ ရေသောက်လိုက်ပြီး ပြောလိုက်သည်။ "ဘာပြောချင်တာလဲ အစ်ကို?"
ကျန်းထျန်က တစ်ခုခုကို တွေးမိသွားကာ ရုတ်တရက် နားလည်သွားသည်။ "အမေနဲ့ ပတ်သက်တာလား?"
ကုလျန်ရွှမ်က သူမကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်"
ရွှီကျင်းဖန်က ထိုနှစ်များတွင် ရှန်ဟိုင်းတွင် အခြေချနေသည်။ ရှန်ဟိုင်း၏ ပညာရေးက ရွှီကျန်းမြို့ထက် ပိုသာလွန်ပြီး ရှောင်းဝူနှင့် ရှောင်းလျိုက ပိုမို ကောင်းမွန်သော ပညာရေး ရနိုင်သလို ကုလျန်ရုန်နှင့် ရှောင်မင်ယွဲ့က လက်ထပ်ပြီး တစ်နှစ်အတွင်း ကလေးမွေးခဲ့သည်။ ရွှီကျင်းဖန်က ကလေး နှစ်ယောက် သုံးယောက် ထိန်းရသည်က အတူတူပဲဟု ထင်ကာ ရှန်ဟိုင်းသို့ ပြောင်းလာခဲ့သည်။
"ဒါပေမယ့် အမေနဲ့ ဖုန်းပြောတုန်းက ဘာလို့ မပြောတာလဲ?" ကျန်းထျန်နှင့် ရွှီကျင်းဖန်က မကြာခဏ ဖုန်းပြောဖြစ်သော်လည်း ဒီအကြောင်း တစ်ခါမှ မကြားဖူးပေ။
ကုလျန်ရွှမ်က အတော်ကြာ တိတ်နေပြီးနောက် ပြောလိုက်သည်။ "ကိုယ်လည်း မလာခင်ကမှ ဒီကိစ္စကို သိတာ"
ကျန်းထျန်က ပြောလိုက်သည်။ "အမေက လျှို့ဝှက်ချက်ကို ထိန်းထားတာပဲ"
"မဟုတ်ဘူး" သူ့အမေက ဘယ်တုန်းကမှ ဖုံးကွယ် မထားပေမယ့် သူကသာ မတွေးခဲ့နိုင်ခြင်း ဖြစ်သည်။
နောက်ဆုံးမှာ ရွှီကျင်းဖန်က သည်းမခံနိုင်တော့ဘဲ တတိယကလေးအား ကုလျန်ရွှမ်ကို ပြောခိုင်းရသည်။
ကျန်းထျန်က မျက်တောင်ခတ်လိုက်သည်။ "သူက မဖုံးထားဘူး။ ဘာလို့ ရှင့်မိသားစုကို မပြောထားတာလဲ?"
ကုလျန်ရွှမ် - "..."
ရှန်းရှို့ဟွိုင်က နားလည်သွားကာ သူ့ကို မျက်နှာသာမပေးဘဲ ပြောလိုက်သည်။ "ဒါက သူ မမြင်ခဲ့လို့ပေါ့"
ကျန်းထျန်၊ ကုလျန်မင်နှင့် ရှန်းဝေ့ချင် - "..." လူလိမ္မာလေးက ခေါင်းခေါက် ခံလိုက်ရပြီ။
ရွှီကျင်းဖန်က လက်တွဲဖော် ရှာတွေ့ထားကာ ကျန်းထျန်နှင့် ကုလျန်မင်က ဘာမှမသိရဘဲ အဖေသစ် ရတော့မည် ဖြစ်သည်။
ကုလျန်ရွှမ်ထံမှ ကျန်းထျန် ကြားရသည်မှာ ထိုလူ၏ မျိုးရိုးနာမည်က ရှဲ့ဖြစ်ပြီး ရှဲ့ဝမ်တင်းဟု သိရသည်။
ရွှီကျင်းဖန်နှင့် ရှဲ့ဝမ်တင်းက ကျန်းရှို့ရှန်၏ အဖေကြောင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ နောက်တော့ သားအဖနှစ်ယောက်က သူတို့အိမ်ဘေး ပြောင်းလာသည်။ သူတို့က ရှဲ့ဝမ်တင်းနှင့် သူ့သားငယ် ဖြစ်သည်။
အိမ်နီးချင်း ဖြစ်လာပြီး အဆက်အသွယ် ရှိလာကာ သူတို့က အချင်းချင်း ချစ်မိသွားကြသည်။ ညှ်ိနှိုင်းပြီးနောက် သူတ်ို့က အချစ်ရေးက်ို ဖုံးကွယ်ထားရန် မသင့်တော်သည့်အရွယ် ဖြစ်သည့်အတွက် ကလေးများကို ပြောပြကာ နှစ်ဖက်လုံးက မငြင်းကြပေ။
သေချာပေါက် ကုလျန်ရွှမ်ကတော့ ရွှီကျင်းဖန်၏ အရိပ်အကဲကို နားမလည်သည့်အတွက် မပါခဲ့ပေ။
ကုလျန်ရွှမ်က ပြောလိုက်သည်။ "ဒါပေမယ့် အမေက လက်ထပ်မယ့် အစီအစဉ်တော့ မရှိဘူး ပြောတယ်။ ဒီနှစ် နှစ်သစ်ကူးကို ရွှီကျန်းမြို့မှာ လုပ်မှာ ဖြစ်လို့ သူက ဦးလေးရှဲ့ကို အားလုံးနဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာမယ်ပြောတယ်"
ကုလျန်မင်က လက်ကို ပွတ်ကာ ပြောလိုက်သည်။ "အစ်ကို ဦးလေးရှဲ့က ဘယ်လိုပုံလဲ? အပြုအမူကရော ကောင်းရဲ့လား? အမေ့ကို ရိုက်နိုင်လား?"
ကျန်းထျန်က သူမကိုကြည့်၍ ပြောလိုက်သည်။ "ညီမလေး ဘာလို့ ပထမနှစ်ခုကို မေးတယ်ဆိုတာ သိပေမယ့် နောက်ဆုံး တစ်ခုကိုတော့ ဘာလို့မေးတာလဲ?"
ကုလျန်ရွှမ် - "..." သူက လူကြီးနှစ်ယောက်၏ ဆက်ဆံရေးမှ အဓိက အချက်ကို မှတ်မိသည်။ သူ့အမေက သူခိုးများကို နှစ်ချက်ထိုးကာ ဦးလေးရှဲ့၏ ပိုက်ဆံအိတ်ကို ယူပေးခဲ့သည်။ ထို့နောက် ဦးလေးရှဲ့က သူ့အမေနောက် လိုက်ခဲ့သည်။
"မပူပါနဲ့ သူ မရိုက်ပါဘူး"
သူက လုပ်ရန်ပင် တွေးမိမည် မဟုတ်ပေ။
ကုလျန်မင်က စိတ်သက်သာရာ ရသွားသည်။ "ကောင်းပါတယ်။ ဒါပေမယ့် ဦးလေးရော သိရဲ့လား?"
ကုလျန်ရွှမ်က ခေါင်းခါလိုက်သည်။ "အမေက ဦးလေးကို အံ့သြအောင် လုပ်မယ်လို့ ပြောတယ်"
ကျန်းထျန်က ဦးလေးအတွက် မျက်ရည် ကျမိသည်။
ကုလျန်မင်က အံ့သြစရာ မဟုတ်ပေမယ့် သူ့ဦးလေး မလန့်သွားစေရန်သာ မျှော်လင့်နေသည်။
ကုလျန်ရွှမ်ကလည်း ဒီလို တွေးမိသည်။ "အစ်ကို အ်ိမ်မလာခင်က ဦးလေးကို ဖုန်းခေါ်ပြီး ပြောခဲ့တယ်" ဒါမှ အချိန်တန်လျှင် သူက သင့်တော်စွာ ပြုမူနိုင်မည် ဖြစ်သည်။
ရွှီကျင်းယောင်က မောင်နှမနှစ်ယောက်၏ ခံစားချက်က အစစ်အမှန်မလို့ ဟန်ဆောင်မရဟု ပြောခဲ့သည်။
နှစ်သစ်မတိုင်မီ မောင်နှမနှစ်ယောက်၏ ဇာတ်လမ်းကိုကြည့်ရန် ရှန်းရှို့ဟွိုင်က သူငယ်ချင်းနှင့် တွေ့မည့်အစီအစဉ်ကို ဖျက်ကာ တစ်မိသားစုလုံး ရွှီကျန်းမြို့သို့သွားခဲ့သည်။
ရွှီကျန်းမြို့က ဒီနှစ်များတွင် တိုးတက်လာပြီ ဖြစ်သည်။လမ်းပေါ်တွင် တည်းခိုခန်းငယ်လေးများသာ မရှိနေတော့ဘဲ နှစ်ထပ် သုံးထပ် အဆောက်အဦးများ ရှိလာကာ လမ်းဘေးများတွင်လည်း စျေးဆိုင်များ ရှိနေပြီ ဖြစ်သည်။
ကုပေါင်ကောနှင့် တတိယအဒေါ်က ဘူတာမှ လာကြိုကာ ထွန်စက်မောင်းပြီး ရှင်းချန်ရွာ တပ်မဟာသို့ ပြန်ခေါ်သွားခဲ့သည်။
တတိယအဒေါ်တွင် ကုအိမ်၏ သော့ရှိသည့်အတွက် သူတို့မလာမီ ရှင်းလင်းကာ စောင့်နေသည်။
ကုပေါင်ကောက နောက်နှစ်နှစ်တွင် အနားယူမည် တွေးထားကာ တတိယအဒေါ်ကို အသက်ကြီးသည်အထိ ရွှီကျင်းဖန်နှင့် အတူနေနိုင်ရန် ရှန်ဟိုင်းသို့ ပြောင်းမည် ဖြစ်သည်။
ရွှီကျင်းယောင် ဘွဲ့ရကာ ရွှီကျန်းမြို့သို့ ပြန်ရောက်ချိန်တွင် အမှတ်၁ အလယ်တန်းကျောင်းမှ ကျောင်းအုပ်က ပြောင်းမည့်အချိန် ဖြစ်သည်။ ကောလိပ် ကျောင်းသားများကို အလျင်စလို အစားထိုးခဲ့ပေမယ့် နှစ်ဝက်ကျော် ကြာပြီးနောက် ရွှီကျင်းယောင်က ကျောင်းအုပ် ဖြစ်သွားသည်။
ပြန်လာသည့်လမ်းတွင် ကုလျန်ရွှမ်က ကျောင်းသို့ သတင်းသွားပို့ပြီး ရွှီကျင်းယောင်က ညနေခင်း ရွာသို့ လာခဲ့မည်ဟု ပြောသည်။
ရှန်ဟိုင်းမှ လူများ ပြန်မရောက်ခင် ရွှီကျင်းဖန်က ကုလျန်ရွှမ်ကို ပစ္စည်းများ ဝယ်ခိုင်းကာ ရွာထဲမှ လူကြီးသူမများနှင့် ဆွေမျိုးများထံ သွားလည်ရန် ပြောခဲ့သည်။
နှစ်ကုန် ရောက်တော့မည်ဖြစ်၍ ကျန်းထျန်နှင့် အခြားသူများက နှစ်သစ်အကြိုကို အိမ်တွင် ကျင်းပသည်။ထို့နောက် သူတို့ နှစ်သစ်ကူးပြီးလျှင် ပြန်လာမည်ဟု ရှန်ဟိုင်းကို စာပ်ို့ထားသည်။
ရွှီကျင်းယောင် ရွှီကျင်းဖန်နှင့် သူမချစ်သူ ရှဲ့ဝမ်တင်းတို့ ဆုံကြသည်။
သူတို့သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။
ရွှီကျင်းယောင်က အထူးတလည် စောင့်နေခြင်း ဖြစ်သည်။
ရွှီကျင်းဖန်က သူမအစ်ကိုကြီး အိမ်တွင် ရှိနေမည်ဟု မထင်မိသလို ရှဲ့ဝမ်တင်းကလည်း ရွှီကျင်းယောင်၏ ကြောက်စရာအကြည့်က သူ့ကိုကြည့်နေမည်ဟု မထင်ထားပေ။
ရှန်းရှို့ဟွိုင်က တစ်ဖက်တွင် ရေနွေးကြမ်း သောက်လိုက်သည်။
သူ့မျက်လုံးမှ အကြည့်ကို မြင်ကာ ကျန်းထျန်က သူ့တွင် အတွေးတစ်ခု ရှိမည်ထင်ပြီး မေးလိုက်သည်။ "အဖေလည်း ကျွန်မနဲ့ အစ်ကို့အတွက် အဒေါ်တစ်ယောက် ရှာပေးမှာလား?"
"ဖူး..." ရှန်းရှို့ဟွိုင်က သူသောက်နေသော ရေနွေးကြမ်းများကို မှုတ်ထုတ်မိကာ နစ်နာသူက သူ့ဘေးမှ ရွှီကျင်းယောင် ဖြစ်သည်။
ရွှီကျင်းယောင် - "..."
အနားရှိ လူများ - "..."
ဘယ်လိုဖြစ်ဖြစ် ရှန်ရှို့ဟွိုင်က အဆုံးမှာ ဇာတ်လမ်းကောင်း မကြည့်ခဲ့ရပေမယ့် ရွှီကျင်းယောင်ထံမှ အပြစ်တင်ခံခဲ့ရသည်။ နောက်တော့ သူက ညှိနှ်ိုင်းရန် ကိတ်အချို့ ပေးလိုက်ရသည်။
ရှဲ့ဝမ်တင်းက ယခုမှ ကောလိပ်တက်မည်ဖြစ်သော သူ့သားနှင့်အတူ လာခြင်း ဖြစ်သည်။ ယခုက နှစ်သစ်တွင် လူအများကြီး မြင်ရသည်မှာ ပထမအကြိမ် ဖြစ်သည့်အတွက် သူက ဘာလုပ်ရမည်ကို မသိဖြစ်နေသည်။
ရွှီကျင်းဖန်က ရှောင်းဝူနှင့် ရှောင်းလျိုကို သူနှင့်အတူ အပြင်ဘက် လမ်းလျှောက်ရန် ပြောချိန်မှသာ သူက စိတ်ပေါ့သွားသည်။
ဒီနှစ်သစ်က ကြီးမားသော ပြန်လည်တွေ့ဆုံပွဲ ဖြစ်သည်။ကုမိသားစု၊ ရွှီမိသားစုနှင့် ရှန်းမိသားစုမှ လူအများကြီးက နှစ်သစ်အကြို စားသောက်ပွဲကို အတူကျင်းပခဲ့ကြသည်။
စားနေချိန်တွင် ကုလျန်ရုန်က သူငှားလာသော ကင်မရာကို ထုတ်ကာ လှပသော အမှတ်တရတစ်ခုအဖြစ် ချန်ထားရန် ခြံထဲမှ လူများကို ပုံအချို့ ရိုက်ခဲ့သည်။
နှစ်တွေ ကြာပြီးနောက်မှာ အဖြူအနက် ဓာတ်ပုံများက အဝါရောင် ပြောင်းသွားသလို ပုံထဲမှ လူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာ သွားကြပြီ ဆိုပေမယ့် သူတ်ို့၏ ပုံကို လက်ဖြင့်ထိလိုက်တိုင်း မနေ့တစ်နေ့ကလို ပျော်ရွှင်မှုကို ခံစားရသည်။
ပြီးပါပြီ