← Chapters

သခင်မ မက်မွန့်ပွင့်၏ ဖမ်းဆီးမှုကိုခံရခြင်း၊ မက်မွန်ပွင့်ကျွန်းသို့ ခေါ်ဆောင်ခံရခြင်း(၂)။

Vol. 24 Ch. 287

သခင်မ မက်မွန့်ပွင့်၏ ဖမ်းဆီးမှုကိုခံရခြင်း၊ မက်မွန်ပွင့်ကျွန်းသို့ ခေါ်ဆောင်ခံရခြင်း(၂)။

Vol. 24 Ch. 287

"တောင်းပန်ပါတယ်… သခင်မ မက်မွန်ပွင့်"

"သခင်မ ဒီအနီးအနားမှာ ရှိနေတာကို ကျွန်တော် မသိလိုက်ပါဘူး…"

"စောစောကတည်းက သိခဲ့ရင်… ကျွန်တော် ထွက်သွားပြီးပါပြီ…"

ဤအခိုက်အတန့်တွင် ရှန်ကွမ်းရွှီသည် သူ၏ ယခင် နာကျင်ဖွယ်ရာ အမှတ်တရများကို ပြန်လည် သတိရလိုက်ပုံ ရသည်။

သူသည် ယခုအခါ မိစ္ဆာမျိုးစေ့၏ ထိန်းချုပ်မှုအောက်ရှိ ရုပ်သေးရုပ် ဖြစ်နေသော်လည်း၊ သူ၏ အတိတ် အတွေ့အကြုံများကို ပြန်ပြောင်း သတိရခြင်းသည် သူ့အား ကြောက်ရွံ့မှုများ သွတ်သွင်းပေးဆဲ ဖြစ်ပြီး၊ သူ့ကို နေရာမှာတင် တုန်ရီသွားစေသည်။

မည်သို့ပင်ဖြစ်စေ၊ သူမက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး တစ်ပါးပင် မဟုတ်ပါလော။

ဖခင်ဖြစ်သူ၏ ဂုဏ်သတင်း ရှိနေလျှင်ပင်၊ သူ၏လုံခြုံရေးကို အာမခံနိုင်ချင်မှ အာမခံနိုင်ပေမည်။

"ဒါဆို… ဘာ စောင့်နေတာလဲ… အခုချက်ချင်း ထွက်သွားစမ်း"

သခင်မ မက်မွန်ပွင့်သည် သူမ၏ စိတ်တွင်းမှ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားပုံ ရသည်။

သူမ သူ့ကို ရိုက်သတ်ပစ်ချင်သော်လည်း၊ သူသည် ရှန်ကွမ်းချင်၏ သား ဖြစ်ကြောင်းနှင့် ဝူကျိမဟာမိတ်အဖွဲ့ ရင်ဆိုင်နေရသော ပင်လယ်မျိုးနွယ်စုထံမှ ခြိမ်းခြောက်မှုများကို သတိရလိုက်သောကြောင့်…။

သူမ စိတ်လိုက်မာန်ပါ မလုပ်ဆောင်နိုင်ဘဲ ဝူကျိမဟာမိတ်အဖွဲ့၏ အလုံးစုံ အခြေအနေအတွက် အလျှော့ပေးလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူမ ဘိုးဘေး ရှန်ကွမ်းကို ဒေါသထွက်အောင် လုပ်မိပါက၊ ဘာဖြစ်လာနိုင်သည်ကို ခန့်မှန်းရန် ခက်ခဲသောကြောင့် ဖြစ်သည်။

"ဟုတ်ကဲ့... ဟုတ်... ဟုတ်ကဲ့ပါ.. ကျွန်တော် အခုပဲ သွားပါတော့မယ်…"

ရှန်ကွမ်းရွှီ အချိန် ထပ်မဖြုန်းတော့ဘဲ၊ သူ၏ ရွှေအမြုတေ အစောင့်နှစ်ဦးကို ခေါ်ဆောင်ကာ နေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ရှန်ကွမ်းရွှီနှင့် သူ့လူများ ထွက်ခွာသွားပြီးနောက်၊ သခင်မ မက်မွန်ပွင့်၏ လှပသော မျက်လုံးများသည် ကျိုးစွေ့ပေါ်သို့ ကျရောက်လာပြီး၊ သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။

"ငါ မှတ်မိတာ မှန်မယ်ဆိုရင်… ရှင်က ပြီးခဲ့တဲ့အခေါက် ဝူကျိမဟာမိတ်အဖွဲ့ကို ဝင်ရောက်ခဲ့တဲ့ အင်မော်တယ်ရှားဂိုဏ်းက အခြေတည်အဆင့် အကြီးအကဲပဲ… ရှင် ဘယ်လိုလုပ် ရှန်ကွမ်းရွှီနဲ့ အတူ ရှိနေရတာလဲ… ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးဆီ ရောက်ဖို့ ဒီကောင်လေးကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေတာလား…"

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက်၊ သူမ၏ မှတ်ဉာဏ်သည် အလွန် ထက်မြက်ပြီး၊ မည်သည့် တွေ့ဆုံမှုကိုမျှ မမေ့နိုင်သော အဆင့်သို့ ရောက်ရှိနေသည်။

တစ်ကြိမ်သာ တွေ့ဆုံဖူးလျှင်ပင်၊ သူမ ရှင်းလင်းစွာ မှတ်မိနိုင်သည်။

ကျိုးစွေ့သည် ပြည်နှင်ဒဏ်သင့်သော အင်မော်တယ်တစ်ပါးအလား၊ သဘာဝအလျောက် ချောမောပြီး ထူးကဲနေသည်ကို ထည့်ပြောစရာပင် မလိုပေ။

ဤအချက်က သူ့ကို ပို၍ပင် မှတ်မိလွယ်စေသည်။

ပုံမှန်အားဖြင့်၊ သူမသည် မျက်နှာလိုမျက်နှာရ လုပ်တတ်သော ယောက်ျားများကို မုန်းတီးသည်။

သို့သော် ကျိုးစွေ့၏ မျက်နှာကို ကြည့်လိုက်ပြီးနောက်၊ သူမ၏ နဂိုဗီဇ မထီမဲ့မြင်ပြုမှုသည် သိသိသာသာ ပျော့ပြောင်းသွားပြီး၊ ကိစ္စရပ်များသည် သူမ မူလက ထင်ထားသကဲ့သို့ ရိုးရှင်းချင်မှ ရိုးရှင်းမည်ဟု ခံစားလိုက်ရသည်။

‘ရှန်ကွမ်းရွှီလို အမှိုက်ကောင်နဲ့ အတူ ရှိနေရတဲ့ အကြောင်းရင်းတွေ ရှိကောင်း ရှိနိုင်တာပေါ့လေ…’

‘သူ့မှာ ကိုယ်ပိုင် အခက်အခဲတွေ ရှိနေလို့… ရှန်ကွမ်းရွှီနဲ့အတူ ဆန္ဒမရှိဘဲ နေနေရတာလည်း ဖြစ်နိုင်တယ်မလား…’

"သခင်မ မက်မွန်ပွင့်... သခင်မရဲ့ ပိုင်းခြားသိမြင်မှုက တကယ်ကို ထူးခြားပါတယ်…"

"ကျွန်တော်က ရှန်ကွမ်းရွှီကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး… တကယ်တော့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါဗျာ…"

"သူ သစ်သားကြယ်ကျွန်းကို လာပြီး ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်ကို သဘောကျသွားတယ်…"

"ဒါပေမဲ့ သူက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးရဲ့ သားလေ… ကျွန်တော် သူ့ကို ဘယ်လိုသွား ပြစ်မှားနိုင်မှာလဲဗျာ… ဒါကြောင့် သူ့ဆန္ဒကို လိုက်လျောရုံပဲ တတ်နိုင်တော့တယ်လေ…ဟူး.."

ကျိုးစွေ့ မျက်တောင်ခတ်လိုက်ပြီး၊ ကိစ္စရပ်၏ အမှန်တရားကို မချိတင်ကဲ ထုတ်ဖော် ပြောကြားလိုက်သည်။

မှန်ပေသည်၊ ဤဖြစ်ရပ်၏ (၈၀)ရာခိုင်နှုန်းသည်သာ အမှန်ဖြစ်ပြီး၊ အခြား (၂၀)ရာခိုင်နှုန်းသည်မူ… လုပ်ကြံဖန်တီးထားခြင်းပင်။

အတိတ်တုန်းက ရှန်ကွမ်းရွှီတွင် အမှန်တကယ် ထိုသို့သော အတွေးများ ရှိခဲ့ဖူးသော်လည်း၊ ယခုအခါ သူသည် ကျိုးစွေ့၏ ရုပ်သေးရုပ်အဖြစ် သန့်စင်ခံလိုက်ရပြီဖြစ်ရာ၊ သူသည် သေလူနှင့် အတူတူပင် ဖြစ်ချေသည်။

"အဲ့ဒီကောင်က တကယ့်ကို တဏှာရူးကောင်ပဲ…"

"ကောလာဟလတွေအရ သူက သူများရဲ့ တာအိုလက်တွဲဖော်တွေကို အထူး တပ်မက်တဲ့ အကျင့်ရှိတယ်တဲ့… ထင်ထားတာထက် ပိုယုတ်ညံ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး…"

"ငါ သူ့ကို အစောကြီးကတည်းက ရိုက်သတ်ပစ်ခဲ့သင့်တာ…"

ဤသည်ကို ကြားလိုက်ရသောအခါ၊ သခင်မ မက်မွန်ပွင့်၏ မျက်နှာပေါ်တွင် ဒေါသများ အထင်အရှား ပေါ်လာသည်။

ကျိုးစွေ့ကို ကြည့်လိုက်ရာ၊ သူမ၏ အမူအရာ များစွာ ပျော့ပြောင်းသွားသည်။

သူမ စောစောက သံသယ ဝင်ခဲ့သလိုပင်၊ သူကဲ့သို့သော ယောက်ျားတစ်ယောက်သည် ထိုကဲ့သို့သော အမှိုက်ကောင်နှင့် လိုလိုလားလား ပေါင်းသင်းမည် မဟုတ်ပေ။

ပထမဆုံး တစ်ချက် ကြည့်လိုက်ရုံဖြင့်၊ သူသည် တရားမျှတသော၊ ကိုယ်ကျိုးမငဲ့သော၊ သတ္တိရှိပြီး ကြင်နာတတ်သော နှလုံးသား ပိုင်ရှင် ဖြစ်ကြောင်း သူမ ကောင်းစွာသိသည်။

ရှန်ကွမ်းရွှီလို အမှိုက်ကောင်နှင့် နှိုင်းယှဉ်လိုက်ပါက၊ သူက အဆပေါင်းများစွာ ပိုကောင်းသည် မဟုတ်ပါလော။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မ မက်မွန်ပွင့်..."

သခင်မ မက်မွန်ပွင့်ကို ကြည့်ရင်း ကျိုးစွေ့တစ်ယောက် စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ပေ။

ပြီးခဲ့သောအကြိမ် သူ ဤဝိညာဉ်သန္ဓေသား အမျိုးသမီး ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့စဉ်က၊ သူတို့၏ တွေ့ဆုံမှုသည် တိုတောင်းလွန်းလှသည်။ ယခုမှသာ သူတို့ အမှန်တကယ် နှစ်ယောက်တည်း ရှိနေခြင်း ဖြစ်သည်။

သူမသည် အမှန်တကယ်ပင် ဝူကျိမဟာမိတ်အဖွဲ့၏ နံပတ်တစ် အလှပဂေး ဖြစ်ထိုက်ပေသည်။

သူမ၏ ရုပ်ရည်ဖြစ်စေ၊ ကိုယ်လုံးကိုယ်ပေါက် ဖြစ်စေ၊ နှစ်ခုစလုံးသည် အညီအမျှ ပြီးပြည့်စုံပြီး၊ ဤလောကတွင် အလွန်တရာ ရှားပါးလှချေသည်။

အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်မှ ပျံ့လွင့်နေသော ထူးခြားသည့် ရနံ့…

သူမတွင် အထူး ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံ တစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ပင် ထင်ရပေသည်။

သူမသည် ယောက်ျားတိုင်းကို ပြုစားနိုင်ပြီး ပြန်လမ်းမရှိသော နေရာသို့ ဦးဆောင်သွားနိုင်သည်။

‘ငါသာ ဒီ ဝိညာဉ်သန္ဓေသား အမျိုးသမီး ကျင့်ကြံသူကို ယူလိုက်နိုင်လို့ကတော့… အဟင်း.. ငါ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက စိတ်ကူးကြည့်လို့ မရနိုင်အောင်ကို နေမှာပဲ…’

‘အဲ့ဒီအချိန်ကျရင်.. ငါ့မှာ မှီခိုအားထားစရာ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ရှိလာမယ့်အပြင်...’

‘ဝိညာဉ်သန္ဓေသား အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကိုလည်း ငါ့ရဲ့ တာအိုလက်တွဲဖော် အဖြစ် ရရှိနိုင်မှာပဲ…’

‘အဆင့်အတန်း… ရာထူး.. ဒါမှမဟုတ် အရင်းအမြစ်တွေပဲ ဖြစ်ဖြစ်… အကုန်လုံး အကြီးအကျယ် မြင့်တက်လာလိမ့်မယ်..’

‘ဒါ အမှန်ပဲ.. ငါ့ဆီမှာ ‘ချစ်ခြင်းမေတ္တာကူ’ရဲ့ သားလောင်းလေး ရှိနေသေးတာပဲ…’

‘ဒါ့အပြင်… ‘ချစ်ခြင်းမေတ္တာကူ’က အဆင့်လေးကို တက်လှမ်းထားပြီးပြီ… ဝိညာဉ်သန္ဓေသား အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကို လွှမ်းမိုးဖို့ လုံလောက်တယ်..’

‘ဒါ တကယ့် ရွှေအခွင့်အရေးပဲ…’

ကျိုးစွေ့၏ ကိုယ်ပွားတွင် အတွေးတစ်ခု ပေါ်လာသည်။ အမှန်တကယ်တွင် ဤကိုယ်ပွား တစ်ခုတည်းက ‘ချစ်ခြင်းမေတ္တာကူ’၏ သားလောင်းကို သယ်ဆောင်ထားသည် မဟုတ်ဘဲ၊ ကိုယ်ပွား တိုင်းသည် ‘ချစ်ခြင်းမေတ္တာကူ’မှ မွေးမြူထားသော သားလောင်းများကို သယ်ဆောင်ထားကြသည်။

မည်သို့ပင်ဖြစ်စေ၊ ကူပိုး ဖြန့်ကျက်ရန် မူရင်း ခန္ဓာကိုယ်၏ လုပ်ဆောင်မှု မလိုအပ်ချေ။ သားလောင်းပိုးကောင်ကို အသုံးပြုခြင်းကပင် လုံးဝ လုံလောက်ပေသည်။

ကိုယ်ပွားတိုင်း သားလောင်းပိုးကောင်ကို သယ်ဆောင်ထားရသည့် အကြောင်းရင်းမှာ သဘာဝအတိုင်း အရန်အစီအမံ အနေဖြင့်သာ ဖြစ်သည်။

အကယ်၍ နှစ်သက်သော ဝိညာဉ်သန္ဓေသား အမျိုးသမီး ကျင့်ကြံသူတစ်ဦးနှင့် တွေ့ဆုံရန် အခွင့်အရေး ရှိပါက၊ အရေးယူ လှုပ်ရှားနိုင်ရန် အခွင့်အရေး ပေါ်လာနိုင်သည် မဟုတ်ပါလော။

ယခုအခါ၊ ထိုကဲ့သို့သော အခွင့်အရေးမျိုး အမှန်တကယ် ပေါ်ပေါက်လာပုံ ရသည်။

လွဲချော်သွားသည်နှင့်၊ နောက်တစ်ကြိမ် ရှိတော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ ဝိညာဉ်သန္ဓေသား အမျိုးသမီး ကျင့်ကြံသူ တစ်ဦးနှင့် တွေ့ဆုံရန်မှာ မလွယ်ကူပေ။

သူတို့သည် များသောအားဖြင့် အလုပ်ရှုပ်နေတတ်ပြီး၊ မကြာခဏဆိုသလို သီးခြားခွဲကာ ကျင့်ကြံနေတတ်ကြသည်။

တစ်ယောက်ယောက်နဲ့ မတော်တဆ တွေ့ဆုံရလျှင်ပင်၊ အလွန်တရာ ကံကောင်းသည်ဟု သတ်မှတ်၍ ရချေသည်။

ဟူးလား…။

ဤအတွေးဖြင့် ကျိုးစွေ့၏ ကိုယ်ပွားသည် သိမ်မွေ့စွာ လှုပ်ရှားလိုက်ပြီး၊ ချက်ချင်းပင် သားလောင်းပိုးကောင်သည် မမြင်နိုင်သော စွမ်းအားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ၊ လေဟာနယ်ထဲသို့ တိတ်တဆိတ် ပေါင်းစပ်သွားသည်။

ထို့နောက် သခင်မ မက်မွန်ပွင့်၏ အကာအကွယ် အားလုံးကို ထိုးဖောက်ကာ ဝင်ရောက်သွားတော့သည်။

အချိန်တိုအတွင်းမှာပင်၊ သားလောင်းပိုးကောင်သည် သခင်မ မက်မွန်ပွင့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

သခင်မ မက်မွန်ပွင့်ခမျာ ဘာကိုမျှ သတိမထားမိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားသည် သာမန်လူများ အာရုံခံနိုင်သော အရာ မဟုတ်ချေ။

"ရှင်ရဲ့ တာအိုလက်တွဲဖော် ဟုတ်လား… ပြီးခဲ့တဲ့ တစ်ခေါက်က ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူတွေလား…"

"သူတို့ထဲက ဘယ်တစ်ယောက်က ရှင့်ရဲ့ တာအိုလက်တွဲဖော်လဲ…"

ဤအချိန်တွင် သခင်မ မက်မွန်ပွင့်သည် စဉ်းစားမရ ဖြစ်နေပြီး၊ ပြီးခဲ့သောအခေါက်က သူမ စုဆောင်းရန် ကြိုးပမ်းခဲ့သည့် လှပသော ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးဦးကို ပြန်လည် သတိရမိလိုက်သည်။

သူတို့၏ ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်နှင့် စိတ်နေသဘောထားများသည် သူမနှင့် တန်းတူ ဖြစ်ကြသည်။

သူတို့ သူမ၏ ဖိတ်ကြားချက်ကို လက်မခံခဲ့ကြသည်မှာ နှမြောစရာကောင်းလှသည်။ သို့မဟုတ်ပါက သူတို့ ယခုအချိန်တွင် မက်မွန်ပွင့်ကျွန်းသို့ သူမနောက်မှ လိုက်ပါလာခဲ့ကြပြီ ဖြစ်သည်။

"တကယ်တော့… သူတို့အားလုံး ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်တွေပါ…"

ကျိုးစွေ့ ရိုးသားစွာ ဖြေလိုက်သည်။

"ဟင်... သူတို့အားလုံး ရှင့်ရဲ့ တာအိုလက်တွဲဖော်တွေ ဟုတ်လား…"

"အဲ့ဒီလို အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်က ရှင့်ကို အဖက်လုပ်ပြီး ပြန်ကြည့်ရင်တောင် တော်တော်ဟုတ်နေပြီ…"

"ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်က… အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်တဲ့ ရှင့်ကို ယူမတဲ့လား… ရှင်တော့ လာနောက်နေတာပဲ…"

သခင်မ မက်မွန်ပွင့် မှင်တက်သွားသည်။

သူမ ကြားလိုက်ရသည်ကို ရိုးရှင်းစွာ မယုံကြည်နိုင် ဖြစ်နေသည်။ ကျိုးစွေ့တစ်ယောက် အဓိပ္ပာယ်မရှိသည်များအား ပြောနေသည်ဟုပင် ထင်မိလိုက်သည်။

ဤချာတိတ်လေးတွင် မည်သို့သော အားကိုးဖြင့် ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက်ကို ဆွဲဆောင်နိုင်ပြီး၊ သုံးယောက်စလုံးက သူတစ်ဦးတည်းကို ပြုစုပေးရန် မည်သို့ လုပ်နိုင်ပါမည်နည်း။

မှန်ပေသည်၊ ကျိုးစွေ့၏ ကျင့်ကြံမှုသာ သန်မာခဲ့လျှင်မူ ကျိုးစွေ့သည် အမျိုးသမီး ကျင့်ကြံသူ သုံးဦးကို သူ့အား လက်ထပ်ရန် အတင်းအကျပ် ပြုလုပ်နိုင်သော အထူး နည်းလမ်းအချို့ကို အသုံးပြုခဲ့သည်ဟု သူမ ယုံကြည်မိပေမည်။

သို့သော် ယခုအခါ၊ ကျိုးစွေ့၏ ကျင့်ကြံမှုသည် အခြေတည်အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ရာ ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူများကို မည်သို့ အတင်းအကျပ် ခိုင်းစေနိုင်ပါမည်နည်း။

ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို အကျပ်ကိုင်ဖို့ ကြိုးစားနေသလိုပင်၊ လုံးဝ မဖြစ်နိုင်ချေ။

တစ်ခုတည်းသော ဖြေရှင်းချက်မှာ၊ ဤချာတိတ်တွင် ထူးခြားသော ဆွဲဆောင်မှု တစ်စုံတစ်ရာရှိပြီး၊ သူ့ကို ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးဦးက တစ်ပြိုင်နက်တည်း နှစ်သက်သဘောကျစေကာ၊ သူ့တစ်ယောက်တည်းကို လိုလိုလားလား ပြုစုစေခြင်းသာ ဖြစ်ရပေမည်။

"သခင်မ မက်မွန်ပွင့်… အခြေတည်အဆင့်ဆိုတာ အတိတ်က အကြောင်းအရာ တစ်ခုပါပဲ…"

"နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးတဲ့နောက်… ကျွန်တော် ရွှေအမြုတေ နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ပါပြီ…"

ထို့နောက် ကျိုးစွေ့သည် နတ်ဆိုးအသွင်ပြောင်း ပညာရပ်ကို အနည်းငယ် ဖယ်ရှားလိုက်ပြီး၊ သူ၏ ရွှေအမြုတေ နယ်ပယ် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

All Chapters