← Chapters

ခပ်လွယ်လွယ်ရနိုင်သော ယောက်ျားများကို မိန်းမများ တန်ဖိုးမထားကြပါ(၂)။

Vol. 24 Ch. 290

ခပ်လွယ်လွယ်ရနိုင်သော ယောက်ျားများကို မိန်းမများ တန်ဖိုးမထားကြပါ(၂)။

Vol. 24 Ch. 290

ဤအခိုက်အတန့်တွင် မက်မွန်ပွင့်နန်းတော်၏ အဓိက အိပ်ခန်းဆောင် အတွင်း၌...။

ကျိုးစွေ့သည် ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရပြီး၊ တင်းကြပ်စွာ ချည်နှောင်ခံထားရကာ မလှုပ်ရှားနိုင်သလောက် ဖြစ်နေသည်။

မှန်ပေသည်၊ ဤသည်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။

မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့လျှင်ပင်၊ ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည် မဟုတ်ပေ။ သူ အလွန် တည်ငြိမ်နေသည်။

"သခင်မ မက်မွန်ပွင့်... ဘာ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ချည်နှောင်ပြီး မက်မွန်ပွင့်ကျွန်းကို ခေါ်လာရတာလဲ…"

ကျိုးစွေ့ အကူအညီမဲ့စွာ မေးလိုက်သည်။

"ရှင်းရှင်းလေးပါပဲ.. မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လို့ပေါ့…"

"ငါ မင်းကို သုံးလေးကြိမ် ဖိတ်ခေါ်ပြီးတဲ့နောက်မှာတောင်.. မင်း ငါ့ကို ငြင်းဆန်ရဲသေးတယ်…"

"ဟမ့်… ငါ့မှာ ဒေါသ မရှိဘူးလို့ မင်း တကယ် ထင်နေတာလား…"

သခင်မ မက်မွန်ပွင့်သည် တင်းမာသော မျက်နှာထားဖြင့် ယုတ္တိရှိရှိ ပြောလိုက်သည်။

သို့သော် သူမ အတွင်းစိတ်ထဲတွင် အနည်းငယ် ဂနာမငြိမ် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ ဤယောက်ျားကို မက်မွန်ပွင့်ကျွန်းသို့ ဘာကြောင့် ပြန်ခေါ်လာမိသည်ကို သူမကိုယ်တိုင်ပင် သေချာ မသိသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤကျွန်းပေါ်တွင် ယောက်ျားများကို ခွင့်ပြုမထားချေ။

သို့တိုင်၊ သူမကိုယ်တိုင် ကိုယ်ပိုင်စည်းကမ်းကို ချိုးဖောက်ပြီး၊ ဤယောက်ျားကို ပြန်ခေါ်လာရန် ရွေးချယ်ခဲ့မိသည်။

ဤယောက်ျား၏ ငြင်းပယ်မှုက သူမကို အလွန် ဒေါသထွက်စေခဲ့သည် ဆိုလျှင်ပင်၊ သူမ ဤသို့သော ရွေးချယ်မှုမျိုး မလုပ်ခဲ့သင့်ချေ။

သို့သော် စောစောက သူမ အမှန်တကယ် စိတ်လွတ်သွားခဲ့သည်။

ယခုအခါ၊ နောက်တစ်ဆင့်အနေဖြင့် ဘာဆက်လုပ်ရမည်ဆိုသည်အား သူမ မသိတော့ချေ။

ဤကောင်လေးကို လွှတ်ပေးလိုက်ရမည်လော….။ ထိုအခါ သူ့ကို ဖမ်းခေါ်လာသည့် သူမ၏လုပ်ရပ်များက အလဟဿ ဖြစ်သွားရပေမည်။

သို့သော်ငြား၊ ဤယောက်ျားကို မက်မွန်ပွင့်ကျွန်းပေါ်တွင် ထားရန်မှာလည်း လက်သင့်ခံနိုင်စရာ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ သူတစ်ယောက်ကလွဲ၍ ကျွန်းပေါ်ရှိ လူကုန်မှာ မိန်းမသားများသာ မဟုတ်လော။

ထိန်းချုပ်မရနိုင်သော ဤယောက်ျားက ထိုမျှများပြားသော အမျိုးသမီးကျင့်ကြံသူများကြား ပြဿနာရှာလျှင်မူ၊ မည်သို့ လုပ်ရပါမည်နည်း။

သိုးအုပ်ထဲသို့ ဝံပုလွေတစ်ကောင်အား ခေါ်သွင်းလိုက်သကဲ့သို့ ဖြစ်နေချေရော့မည်။

မည်သို့ပင်ဖြစ်စေ၊ ယခုအခါ သူမ ဆုပ်လည်းစူး၊ စားလည်းရူး ဟူသော အခြေအနေသို့ ရောက်နေသည့်အလား ခံစားနေရတော့သည်။

"သခင်မ မက်မွန်ပွင့်... ခင်ဗျား စိတ်ကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ…"

ကျိုးစွေ့ မေးလိုက်သည်။

"မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်လိုက်ပါ…"

သခင်မ မက်မွန်ပွင့် ဒဲ့တိုးသာ ဖြေကြားလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်မယ် ကြယ်သုံးပွင့်ကျွန်းစုမှာ ဇနီးမယားတွေ ရှိတယ်လေ…"

ကျိုးစွေ့ တွန့်ဆုတ်နေမိသည်။

"ပြဿနာ မရှိဘူး… မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်တာက မင်း ဒီမှာ နေရမယ်လို့ မဆိုလိုပါဘူး…"

"မင်း ငါ့ကို အလုပ်အကျွေး ပြုနေသရွေ့… အဲ့ဒါဆို လုံလောက်ပြီ…"

"မင်း ကြယ်သုံးပွင့်ကျွန်းစုကို အမြဲတမ်း ပြန်သွားလို့ ရတယ်… မင်း မက်မွန်ပွင့်ကျွန်းမှာ အချိန်တိုင်း နေစရာ မလိုဘူး…"

သခင်မ မက်မွန်ပွင့်လည်း သူမ၏ တောင်းဆိုချက်များကို လျှော့ချလိုက်ရသည်။

ဘာကြောင့်မှန်း မသိသော်လည်း ဤယောက်ျား၏ မျက်နှာကို မြင်လိုက်ရတိုင်း၊ သူမ၏ နောက်ဆုံးအကန့်အသတ် စည်းကမ်းချက်များ ဆက်လက် လျော့ကျသွားပုံ ရသည်။

"သခင်မ မက်မွန်ပွင့်က အဲ့ဒီလောက်ထိ ပြောလာမှတော့… ကျွန်တော် ကျေးဇူးမသိတတ်လို့ ဘယ်ဖြစ်ပါတော့မလဲဗျာ.."

"ကျွန်တော် မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်ဖို့ သဘောတူပါတယ်…"

ကျိုးစွေ့သည် သခင်မ မက်မွန်ပွင့်၏ ဖိတ်ကြားချက်ကို လက်ခံရန် မဆုံးဖြတ်မီ၊ ခေတ္တမျှ စဉ်းစားဟန် ပြုလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ ယင်းသည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ တစ်ဦးရဲ့ အကာအကွယ်ကို ရယူလိုက်ခြင်းနှင့် အတူတူပင်။ အကျိုးကျေးဇူးများက များပြားလှသည်၊ လူမိုက်မှသာ ငြင်းပယ်ပေလိမ့်မည်။

မှန်ပေသည်၊ သို့တိုင် သူ ဟန်ဆောင်ဖို့ရန်တော့ လိုသေးသည်။

ယောက်ျားကောင်းဟူသည် အထိန်းအကွပ် ရှိရပေမည်။ အမျိုးသမီးများသည် အလွယ်တကူ ရနိုင်သော ယောက်ျားများကို တန်ဖိုးထားမည် မဟုတ်ပေ။

"ကောင်းတယ်.."

ထိုစကားများကို ကြားလိုက်ရသောအခါ၊ သခင်မ မက်မွန်ပွင့်သည် ဆွဲဆောင်မှု ရှိသော အပြုံးတစ်ခုကို ပြသလိုက်ပြီး၊ လက်ဝှေ့ယမ်းကာ ကျိုးစွေ့ကို အင်မော်တယ်ချုပ်ကြိုးမှ ချက်ချင်း လွှတ်ပေးလိုက်သည်။

ဤသည်မှာ ကျိုးစွေ့ကို ယာယီ လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်။

"မင်း မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်လာပြီ ဆိုတော့… မင်းက အခု ငါတို့ထဲက တစ်ယောက် ဖြစ်သွားပြီ"

"ဒါက မက်မွန်ပွင့်ကျွန်းရဲ့ တံဆိပ်ပြားပဲ… အဲ့ဒါနဲ့ဆိုရင်… မင်းက မက်မွန်ပွင့်ကျွန်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး… မင်း သဘောရှိ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်… ဘယ်သူမှ မင်းကို တားဆီးမှာ မဟုတ်ဘူး…"

"ပြီးတော့ ဒါက စတုတ္ထအဆင့် အေးခဲအဆောင်ပဲ… အပြည့်အဝ အသက်သွင်းလိုက်ရင် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ တစ်ဦးရဲ့ တိုက်ခိုက်မှုကို ယှဉ်ပြိုင်နိုင်တယ်… အဲ့ဒါက မိုင်တစ်ထောင်ကို ချက်ချင်း အေးခဲသွားစေနိုင်ပြီး… မင်းရဲ့ လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုနိုင်တယ်…"

"ဒါက အဆင့်မြင့် ကာကွယ်ရေး မှော်ရတနာ.. လေးလံရေဝတ်ရုံပဲ… ဝတ်ဆင်ထားရင်… ရန်သူတွေရဲ့ တိုက်ခိုက်မှု စွမ်းအားကို လျှော့ချပေးနိုင်ပြီး… အတတ်အမျိုးမျိုးရဲ့ စွမ်းအားကို ခုခံနိုင်တယ်… မင်းရဲ့ ကာကွယ်ရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်…"

"ပြီးတော့ ဒါတွေက သွေးကြာပန်း ဆေးလုံး ဆယ်ပုလင်း… ရွှေအမြုတေနယ်ပယ်မှာ မင်းရဲ့ မှော်စွမ်းအားကို အလျင်အမြန် တိုးတက်စေနိုင်ပြီး မင်းရဲ့ ကျင့်ကြံမှုကို ရွှေအမြုတေ အလယ်အလတ်အဆင့်ထိ မြန်မြန် မြှင့်တင်ပေးနိုင်တဲ့ တတိယအဆင့် ဆေးဝါးတွေပဲ…"

သခင်မ မက်မွန်ပွင့်က လက်ဝှေ့ယမ်းလိုက်ပြီး၊ ရတနာ အမြောက်အမြားကို သူမ၏ ကိုယ်ပေါ်မှ ချက်ချင်း ထုတ်ယူကာ ကျိုးစွေ့အား ပေးအပ်လိုက်သည်။

ဘာ..။

ကျိုးစွေ့တစ်ယောက် မှင်တက်သွားသည်။

မက်မွန်ပွင့်ကျွန်းသို့ ဝင်ရောက်ခြင်းက အကျိုးကျေးဇူး များစွာ ယူဆောင်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ယင်းက အလွန်ပင် ဇိမ်ကျလွန်းချေသည်။

ပစ္စည်း တစ်ခုစီတိုင်းသည် သိသာထင်ရှားသော တန်ဖိုး ရှိ၏။

စတုတ္ထအဆင့် အဆောင်တစ်ခုသည် လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သည်။

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင်၊ ၎င်းသည် သူ့အတွက် အချိန်အနည်းငယ် ဝယ်ယူပေးနိုင်သည်။

ရွှေအမြုတေ ကျင့်ကြံသူ တစ်ဦးသာ ဆိုလျှင်၊ ၎င်းသည် ရန်သူကို ချက်ချင်း သုတ်သင်နိုင်ပြီး မည်သူ့ကိုမဆို ရန်စခြင်းမှ ဟန့်တားနိုင်သည်။

အဆင့်မြင့် ကာကွယ်ရေး မှော်ရတနာသည်လည်း ထပ်တူ တန်ဖိုးရှိသည်၊ ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူ၍ပင် ရနိုင်ချင်မှ ရနိုင်ပေမည်။

အချို့သော ဆင်းရဲသည့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများပင်လျှင် အဆင့်မြင့် ကာကွယ်ရေး မှော်ရတနာကို ရှာဖွေနိုင်မည် မဟုတ်ပေ။

သို့သော် ယခု၊ သခင်မ မက်မွန်ပွင့်သည် ထိုကဲ့သို့သော ရတနာများကို ကျိုးစွေ့အား ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးနေသည်။

ဤအမျိုးသမီးသည် သေချာပေါက် အလွန် ချမ်းသာကြွယ်ဝသူ ဖြစ်သည်ဟုသာ ကောက်ချက်ချနိုင်သည်။

များပြားလှသော ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ကြားတွင်ပင်၊ သူမသည် ထူးကဲစွာ ချမ်းသာကြွယ်ဝသော တည်ရှိမှု တစ်ခု ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် အလိုလိုက် အကြိုက်ဆောင်ခံရခြင်း ဟူသော ကြာမြင့်စွာ မေ့ပျောက်နေသည့် ခံစားချက်ကို တဖန် ပြန်လည် ခံစားလိုက်ရသည်။

အမှန်အတိုင်း ဆိုရလျှင်၊ သူသည် မူလက လက်ခံရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် သူမသည် လွန်ကဲစွာ ရက်ရောလွန်းလှသည် မဟုတ်လော။

သူ ငြင်းပယ်ချင်လျှင်ပင်၊ ငြင်းပယ်နိုင်မည့်နည်းလမ်း မရှိတော့ချေ။

"သခင်မ မက်မွန်ပွင့်... မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အမြဲတမ်း ဒီလောက်တောင် ကောင်းတာလား…" ကျိုးစွေ့ မမေးဘဲ မနေနိုင်တော့ပေ။

"ဒါပေါ့.. မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်တဲ့ ကျင့်ကြံသူတိုင်း ဆုလာဘ်တွေ အများကြီး ရရှိကြတယ်.."

"ပြီးတော့ မင်း တခြား တစ်ခုခု လိုချင်ရင်… မင်းရဲ့ ကိုယ်ပိုင် လိုအပ်ချက်တွေကိုလည်း တင်ပြလို့ ရတယ်…"

"အလွန်အကျွံ မဖြစ်သရွေ့… အားလုံး ဖြည့်ဆည်းပေးလို့ ရတယ်.."

သခင်မ မက်မွန်ပွင့်သည် အနည်းငယ် အပြစ်ရှိသလို၊ မလုံမလဲ ပြောလိုက်သည်။

မှန်ပေသည်၊ မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်သည့် ကျင့်ကြံသူတိုင်း ဤမျှများပြားသော ရတနာများ ရရှိနိုင်သည် မဟုတ်ပေ။ လက်ရှိ ပမာဏ၏ ဆယ်ပုံတစ်ပုံ ရရှိလျှင်ပင် အတော်လေး များနေပြီဟု ဆိုနိုင်သည်။ ဤအရာများသည် သူမ၏ ကိုယ်ပိုင်စုဆောင်းမှုများထဲမှာသာ ဖြစ်လေသည်။

သူမ ကိုယ်တိုင်လည်း ဤကောင်လေးကို အဘယ်ကြောင့် ဤကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံမိနေသည်အား မသိတော့ချေ။

သို့သော်၊ သူမ ဤယောက်ျား၏ အကျိုးအတွက် သူမကိုယ်ပိုင် ရတနာများကို စွန့်လွှတ်ချင်စိတ် အလိုလို ဖြစ်ပေါ်နေသည်ကို အမြဲတမ်း တွေ့နေရတော့သည်။

"ဒီလိုဆိုရင်… ကျွန်တော် စတုတ္ထအဆင့် အစီအရင်ပညာရဲ့ အမွေအနှစ်ကို လိုချင်တယ်… မက်မွန်ပွင့်ကျွန်းမှာ အဲ့ဒီလို အမွေအနှစ်မျိုး ရှိလား…"

ကျိုးစွေ့ သူ၏ လိုအပ်ချက်များကို ထုတ်ဖော်ပြောဆိုရန် မရှက်ရွံ့ပေ။

စတုတ္ထအဆင့် အစီအရင်၏ အမွေအနှစ်သည် အမှန်တကယ်ပင် အလွန် တန်ဖိုးရှိလှသည်။

ချင်မုဂိုဏ်း၊ အင်မော်တယ်ရှားဂိုဏ်းနှင့် တန်တိန်ဂိုဏ်းတို့တွင်ပင် ထိုကဲ့သို့သော အမွေအနှစ် မရှိပေ။

ဝိညာဉ်သန္ဓေသား အဆင့်များကြားရှိ ထိပ်တန်း အင်အားစု တစ်ခုသာလျှင် ထိုကဲ့သို့သော တန်ဖိုးရှိသည့် အမွေအနှစ်ကို ပိုင်ဆိုင်ထားနိုင်သည်။

မည်သူကမျှ ထိုအရာမျိုးကို လေလံပွဲများတွင် လေလံတင်မည် မဟုတ်ချေ။ ရိုးရှင်းစွာပင်၊ ရယူနိုင်မည့် လမ်းကြောင်းများမှာ မလွယ်ကူပေ။

သို့သော် သခင်မ မက်မွန်ပွင့်ကဲ့သို့သော ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး၏ အကူအညီဖြင့်၊ ၎င်းသည် မရနိုင်သော အရာ မဟုတ်တော့ပေ။

သူ ချက်ချင်း မရယူနိုင်သေးပင်လျှင်၊ ဝင်ရောက် ရယူရန် သေချာပေါက် ခက်ခဲလွန်းမည် မဟုတ်ပေ။

"စတုတ္ထအဆင့် အစီအရင် အမွေအနှစ် ဟုတ်လား… ဒါပေါ့.. ငါတို့ မက်မွန်ပွင့်ကျွန်းမှာ အစီအရင် အမွေအနှစ် ရှိပါတယ်…"

"ဒါပေမဲ့ မင်းက စတုတ္ထအဆင့် အစီအရင်ပညာရှင်အဆင့်ကို ရောက်နေပြီလား…"

သခင်မ မက်မွန်ပွင့်က စူးစမ်းစွာ မေးလိုက်သည်။

"ကျွန်တော် စတုတ္ထအဆင့် မရောက်သေးပါဘူး… တတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိပါသေးတယ်…"

"ဒါပေမဲ့.. ကျွန်တော် မကြာခင် စတုတ္ထအဆင့် အစီအရင်ပညာရှင် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်…"

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။

ပြီးခဲ့သည့် ကာလအတွင်း၊ သူ၏ ‘အစီအရင်နှလုံးသားကူ’သည် ရှန်ကွမ်းရွှီ၏ နောက်သို့ လိုက်ပါကာ ဝူကျိမဟာမိတ်အဖွဲ့၏ ဌာနချုပ် အတွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ ဝူကျိနန်းတော် အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့သည်။

'အစီအရင်နှလုံးသားကူ'သည် အဆင့်မြင့် ကာကွယ်ရေး စတုတ္ထအဆင့် အစီအရင်ကိုလည်း စတင် ကျူးကျော်နေပြီ ဖြစ်သည်။

အချိန်တိုအတွင်း၊ သူသည် စတုတ္ထအဆင့် အစီအရင်ပညာကို သေချာပေါက် နားလည်သဘောပေါက်လိမ့်မည်ဟု သူ ယုံကြည်သည်။

အဲ့ဒီအချိန်ကျလျှင်၊ သူ စတုတ္ထအဆင့် အစီအရင်ပညာရှင် ဖြစ်လာရန်အတွက် တားဆီးထားသည့်အရာ ဘာမှ ရှိတော့မည် မဟုတ်ပေ။

"ငါ့ရဲ့ ဆုံးဖြတ်ချက် တကယ် မှန်ကန်ခဲ့ပုံရတယ်…"

"အနာဂတ် စတုတ္ထအဆင့် အစီအရင်ပညာရှင် တစ်ယောက်ကို ငါ အမှန်တကယ် စုဆောင်းနိုင်ခဲ့ပြီ…"

သခင်မ မက်မွန်ပွင့်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေပြီး၊ သူမ ရင်ထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

သူမ၏ ဆုံးဖြတ်ချက် အမှန်တကယ် မှန်ကန်ခဲ့သည်။

ဤသည်မှာ၊ အချစ်တော်ကောင်လေးတစ်ယောက် လက်သပ်မွေးခြင်းနှင့် တခြားစီပင်။ ယင်းသည် စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်ကို ပေးသော အကူအညီ အသေးစားလေးသာ ဖြစ်သည်။

ထို့အပြင်၊ စတုတ္ထအဆင့် အစီအရင်ပညာရှင် တစ်ဦးကို ပြုစုပျိုးထောင်ခြင်းသည် ဝူကျိမဟာမိတ်အဖွဲ့အတွက် အလွန် အကျိုးရှိစေမည် ဖြစ်သည်။

သူမ လုပ်သမျှ အရာအားလုံးသည် ဝူကျိမဟာမိတ်အဖွဲ့၏ အနာဂတ်အတွက်သာ ဖြစ်သည်။

ယင်းသည် ယောက်ျားတစ်ယောက် ရှာဖွေခြင်းနှင့် သေချာပေါက် မသက်ဆိုင်ပါချေ။

သခင်မ မက်မွန်ပွင့် ချက်ချင်းဆိုသလိုပင် တရားမျှတသည်ဟု ခံစားလိုက်ရပြီး စိတ်ငြိမ်းချမ်းသွားသည်။

ထို့နောက် ကျိုးစွေ့သည် မက်မွန်ပွင့်ကျွန်းတွင် ရက်သတ္တပတ် တစ်ပတ်အပြည့် နေထိုင်ခဲ့ပြီး၊ စတုတ္ထအဆင့် အစီအရင် အမွေအနှစ်နှင့် ရတနာ အမြောက်အမြားကို ရယူကာ၊ နောက်ဆုံးတွင်မူ ကြယ်သုံးပွင့်ကျွန်းစုသို့ ပြန်လည် ရောက်ရှိလာခဲ့တော့သည်။

All Chapters