← Chapters

တိတ်ဆိတ်စွာ အဖော်ပြုပေးခြင်း

Vol. 152 Ch. 2236

တိတ်ဆိတ်စွာ အဖော်ပြုပေးခြင်း

Vol. 152 Ch. 2236

ညနေခင်း သုံးနာရီတွင် လျိုဟုန်ထံက ဖုန်းဝင်လာခဲ့၏။ စစ်တပ်လေယာဉ်က ဖန့်ချိန်မြို့ လေဆိပ်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့ကို အချိန်မရွေး ခေါ်သွားဖို့အသင့်ပင်။

လင်းရီလည်း ဆေးရုံနှင့် တိုင်ပင်ဆေးနွေး၍ သူတို့နှစ်ယောက်၏ အခြေအနေကို စစ်ဆေးစမ်းသပ်မှုတို့ ပြုလုပ်သည်။ အားလုံး ကောင်းမွန်နေကြောင်း ပြသတော့မှ လွှဲပြောင်းဖို့ စီစဉ်လိုက်၏။

ထို့နောက် တက္ကစီငှား၍ ဟိုတယ်သို့ ပြန်လာသည်။

လမ်းတွင် ကတိအတိုင်း ကျီချင်းရန်အတွက် ကောက်ညှင်းလုံးနှင့် မစ်တီး တစ်ခွက် ဝယ်ယူလိုက်၏။

သို့သော် ဟိုတယ်သို့ ပြန်ရောက်လာသည်တွင် ကျီချင်းရန်က နေရာ၌ ရှိမနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူ ဖုန်းဆက်ကြည့်လိုက်တော့ သူမက ဈေးဝယ်ထွက်နေကြောင်း သိရှိလိုက်ရသည်။

လင်းရီလည်း ဟိုတယ်ထဲက နောက်တစ်ကြိမ် ပြန်ထွက်ခွာ၍ မောလ်သို့ တက္ကစီစီးကာ ကျီချင်းရန်နှင့် တွေ့ဆုံသည်။

သို့ပါသော်လည်း သူမလက်ထဲတွင် မည်သည့် အိတ်အထုပ်တို့မျှ ရှိမနေချေ။ ကြည့်ရသည်မှာတော့ သူမက ဤအတိုင်း လျှောက်ပတ်ကြည့်ရုံ မျှသာ ဖြစ်ပုံရ၏။

သူမ၏ ဟန်ပန်ကလည်း နဂိုပုံစံ အတိုင်းပဲ ရှိကာ လက်ထပ်ပြီးခါစ သတို့သမီးလေးကဲ့သို့ ရှက်ကိုးရှက်ကန်း ဖြစ်နေခြင်း ၊ ဒါမှမဟုတ် ရှက်ရွံ့မှုတို့ကို မြင်တွေ့မနေရချေ။

ယင်းက လင်းရီကို အတော်လေး စိတ်သက်သာ ရသွားစေခဲ့သည်။

ဘာကြောင့်ဆိုတော့ ကျီချင်းရန်အတွက် ရှေ့သို့ ခြေတစ်လှမ်းတိုးဖို့က မည်မျှ ခက်ခဲကြောင်းကို သိနားလည်နေသောကြောင့်ပင်။

ဆိုလိုသည်မှာ သူမက သူ့အပေါ်ကို အရာအားလုံး ပုံအော၍ ယုံကြည်နေကြောင်း ပြသနေသည်။

“ ဆေးရုံမှာ အခြေအနေ ဘယ်လိုလဲ … အားလုံး စိတ်ချရပြီလား …”

“ ထွေထူး ပြဿနာတွေတော့ မရှိတော့ပါဘူး … တစ်လ ၊ နှစ်လလောက် နားလိုက်ရင် ပုံမှန်အတိုင်း ပြန်သက်သာပါပြီ … အခု ကျိုးဟိုင်ပြန်ပြီး ကျန်တဲ့ကိစ္စတွေ ဖြည်းဖြည်းမှ စကားပြောကြတာပေါ့ …”

“ အိုကေလေ …”

ကျီချင်းရန်ကို ကြိုပြီးနောက် နှစ်ယောက်သား လေဆိပ်သို့ အတူထွက်လာခဲ့ကာ စစ်တပ်လေယာဉ်နှင့်အတူ ကျိုးဟိုင်သို့ ပျံသန်းလာခဲ့သည်။

ထိုအချိန်တွင် နင်ချဲ့က ဖုန်းခေါ်လာသည်။ သူမ၏ လေသံက သိပ်ပြီးမှတော့ ကောင်းမွန်မနေခဲ့ချေ။

“ ငါတို့ ခြေတစ်လှမ်း နောက်ကျသွားတယ် … ဓာတ်ခွဲခန်းထဲက အရေးကြီးတဲ့ ဒေတာတွေ အကုန် ယူသွားခဲ့ပြီ … ဝန်ထမ်းတွေလည်း ထွက်သွားကုန်ကြပြီ … ငါတို့ ဘာမှ ရှာမတွေ့ခဲ့ဘူး …”

“ လီကျန်းချွမ်ရော …” လင်းရီ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ သူနဲ့ သူ့သားလည်း မရှိတော့ဘူး … ပြီးတော့ သူတို့ အကောင့်ထဲက ပိုက်ဆံတွေလည်း အကုန်ထုတ်သွားကြတယ် …” နင်ချဲ့က ဆံပင်ကို လက်ဖြင့် ပင့်သပ်၍ ပြောလိုက်ပြီး “ ကြည့်ရတာတော့ ထွက်ပြေးသွားကြပုံပါပဲ …”

“ လူအိုကြီးက တော်တော်အကင်းပါးတာပဲ … ကြည့်ရတာ ဒီလိုဖြစ်မယ်ဆိုတာကို ကြိုပြီး သိနေတဲ့ပုံပဲ …”

“ အခုတော့ သူတို့ကို ရှာတွေ့ဖို့က မလွယ်တော့ဘူးလေ …”

လင်းရီ၏ မျက်လုံးတို့ တဖျတ်ဖျတ် လှုပ်ရှားသွားခဲ့ပြီး “ လီကျန်းချွမ်က ထွက်ပြေးသွားခဲ့ပြီ ဆိုရင်တောင် ငါတို့တွေ ဟုန်မန်ဂိုဏ်းနဲ့ ပတ်သက်ပြီး စာရင်းရှင်းဖို့ လိုနေတုန်းပဲ … သူတို့ကို သမိုင်းထဲက နာမည်မှတ်တမ်း တစ်ခု ဖြစ်ပါစေ‌ပေါ့ …”

“ အဲ့တာက လွယ်ပါတယ် … နောက်ဆုံး စစ်ဆင်ရေးပြီးကတည်းက ဟုန်မန်ဂိုဏ်းဆိုတာလည်း နာမည်ပဲ ကျန်တော့တယ် … လူနည်းနည်း လွှတ်လိုက်ရင်ကို အဆင်ပြေပြီ …”

ချိုးယွီလော့ ပြောလိုက်သည်။

“ ဒါပေမယ့် လီကျန်းချွမ်ကို တစ်နည်းနည်းနဲ့ ကိုင်တွယ်ဖို့တော့ လိုအပ်နေသေးတုန်းပဲ … ငါ ပြန်ရောက်ရင် နည်းလမ်းရှာကြည့်လိုက်ဦးမယ် … ခြေရာခံလို့ ရမရပေါ့ …”

“ အင်း … ကောင်းတယ် …”

လေယာဉ်ဖြင့် နှစ်နာရီကျော်ကြာအောင် ပျံသန်းပြီးနောက်တွင် ကျိုးဟိုင်သို့ ရောက်ရှိလာသည်။

“ နင် ဆေးရုံကို သွားတော့မလို့လား …” သူတို့ လေယာဉ်ပေါ်က ဆင်းပြီးနောက် ကျီချင်းရန် မေးမြန်းလာသည်။

ကျီချင်းရန်၏ ခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးရင်း လင်းရီ ပြုံးလျက် ဆိုလိုက်၏။ “ သူတို့ကိစ္စကို သေချာစောင့်ကြည့်ဖို့ လိုသေးလို့လေ … ၂၄ နာရီလောက် စောင့်ကြည့်ပြီးမှပဲ တကယ် ဘေးကင်းပြီလို့ ကောက်ချချလို့ရမှာ … မင်း အရင်ပြန်နှင့် … ပင်ပန်းထားတယ်မလား … ငါနဲ့ လိုက်ခဲ့ဖို့ မလိုဘူး …”

“ အွန်း …”

ကျီချင်းရန်က လက်ကို နားအနားကပ်၍ ဖုန်းခေါ်သည့် လက်ဟန်ပြုလိုက်၏။ “ နင် ပြီးရင် ဖုန်းခေါ်လိုက်နော်…”

“ အိုကေ …”

“ ပြီးတော့ ………..” ကျီချင်းရန် တုံ့ဆိုင်းသွားခဲ့သည်။

“ ပြီးတော့ ဘာလဲ ….”

“ ငါ သူတို့ကို တောင်းပန်တယ်လို့လည်း ပြောပေးဦး ….”

“ တောင်းပန်တယ် ဟုတ်လား ….”

ကျီချင်းရန် ဘာမျှမဆိုဘဲ လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။

ကျီချင်းရန်၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ဖို့အတွက် လင်းရီ အချိန်အနည်းငယ်ခန့် ပေးလိုက်ရ၏။

သူ မပြုံးဘဲ မနေနိုင်ချေ။ ထို့နောက် ဟွာရှန်းဆေးရုံသို့ ဦးတည်လိုက်သည်။

ထိုနေရာတွင် အချိန်အတော်ကြာပြီ ဖြစ်အောင် မတွေ့ဖြစ်သည့် လီချူးဟန်ကို မြင်တွေ့လိုက်ရ၏။

“ နင် ခွဲစိတ်ခဲ့တာမလား …” လီချူးဟန် မေးလာသည်။

“ မင်း ဘယ်လိုလုပ်ပြီး သိတာ …” လင်းရီ ပြုံးလျက် မေးလိုက်၏။

“ ချုပ်ရိုးလေ … လူတိုင်း နင့်လို ချုပ်တတ်တာမှ မဟုတ်တာ …” လီချူးဟန် ညင်သာသည့် လေသံဖြင့် ပြော၏။

“ ငါတော့ ဒီနည်းလမ်းကို ဆေးဂျာနယ်ထဲ ထည့်ရေးသင့်တယ်လို့တောင် ထင်တယ် …”

“ ငါတော့ အဲ့လို တစ်ခါမှ မစဉ်းစားဖူးဘူး … ပြီးတော့ နာမည်လည်း မကြီးချင်ဘူး … မင်း လုပ်တတ်တယ်ဆိုရင်ကို လုံလောက်ပြီ … ကျန်တဲ့လူတွေကို ငါ မသင်ပေးဘူး …..”

“ နင်က စိတ်ဓာတ်အရမ်း သေးသိမ်တာပဲ … ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဒီလိုအရာမျိုးတွေကို စေးနည်းနေရလားဟယ် …” လီချူးဟန် အရွှန်းဖောက်သည့် လေသံဖြင့် ပြော၏။

လင်းရီ ရယ်မောလျက် လီချူးဟန်၏ ပခုံးကို ဆိတ်လိုက်သည်။ “ နောက်ကျနေပြီကို ဆေးရုံမှာပဲဆိုတော့ ဒီနေ့က ဂျူတီလား ..”

လီချူးဟန် ခေါင်းညိတ်လိုက်သည်။ “ ညဘက်မှာ အရေးပေါ် လူနာတွေကို ကိုင်တွယ်ဖို့ ရှိတယ်လေ … ဒါပေမယ့် ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး … နင့်ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို ငါ သေချာ စောင့်ကြည့်ပေးထားမယ် … နင်လည်း နားလို့ရတာပေါ့ …”

“ ငါ သူတို့ အခြေအနေကို စစ်ဆေးပြီးပြီ … နှစ်ယောက်လုံးက ကောင်းကောင်းမွန်မွန် သက်သာစ ပြုနေကြပြီ … ဒီတော့ စိတ်မပူနဲ့ …” လင်းရီ ပြောလိုက်၏။

“ ငါလည်း အားနေမယ့်အတူတူ မင်း ဂျူတီကျတာကို အဖော်လုပ်ပေးမယ်လေ … ဘယ်လိုလဲ …”

“ အားလုံး အဆင်ပြေတာ သေချာလို့လား … သူတို့တွေ နင့်အကြောင်း အတင်းတုပ်နေကြဦးမယ်နော်…”

“ သူတို့ လုပ်ရဲလား …” လင်းရီ ပြောလိုက်ပြီး “ သူတို့က ရေသာခိုတဲ့နေရာမှာ ငါ့ထက်တောင် တော်သေးတယ် …”

လီချူးဟန် ပြုံးလိုက်ပြီး အခြား ဘာမှ မပြောတော့ချေ။ လင်းရီနှင့်အတူ မြေညီထပ်ရှိ အရေးပေါ်ဌာနသို့ ရောက်ရှိလာသည်။

အရေးပေါ် ဌာနရှီ ဒေါက်တာများက လင်းရီကို မြင်တော့ သူတို့အားလုံး ရောက်လာပြီး နှုတ်ဆက်ကြသည်။ အရေးပေါ် တာဝန်များကို သူတို့ဘာသူတို့ ယူပြီး လင်းရီနှင့် လီချူးဟန်ကို နှစ်ယောက်တည်း အတူရှိနိုင်ဖို့အတွက် အခွင့်အရေး ဖန်တီးပေးနေသည်။

လင်းရီလည်း တုံ့ဆိုင်းမနေဘဲ တိုင်ပင်ဆွေးနွေးသည့် အခန်းထဲသို့ ဝင်ကာ တံခါးကို သော့ခတ်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ လဲလျောင်းလိုက်၏။

“ ပင်ပန်းနေတယ်ပေါ့ … ငါ နင့်ကို နှိပ်ပေးမယ် …”

လင်းရီ ကိုယ်ကို မှောက်လိုက်ပြီး သူ့ကိုယ်သူ သက်တောင့်သက်သာ ဖြစ်အောင် နေလိုက်သည်။

“ ငါ မြောင်ကော်ဖုန်းဆီက ကြားတာ သူ မင်းကို လက်ထောက် ဒါရိုက်တာ ရာထူး တိုးပေးမယ်ဆို … အဲ့ကိစ္စ အတည်ဖြစ်သွားပြီလား …”

“ ဒါရိုက်တာမြောင် ငါ့ကို ပြောလာသေးတယ် … ဒါပေမယ့် ငါငြင်းလိုက်တယ် …” လီချူးဟန် ပြောလိုက်သည်။ “ တကယ်လို့ ငါ့အသက်အရွယ်နဲ့ ဆေးရုံရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်လာရင် လူပြောချင်စရာတွေ ဖြစ်လာနိုင်တယ်လေ …. နောက် နှစ်နည်းနည်းလောက် စောင့်လိုက်တာက ပိုကောင်းတယ် … ပြီးတော့ နှလုံးခွဲစိတ် ဌာနမှာ အလုပ်လုပ်ရတာလည်း အတော်လေး ကောင်းတယ်လို့ ထင်တယ် … ငါက စီမံခန့်ခွဲတဲ့ အလုပ်တွေ အပိုင်းမှာ မတော်ဘူး … ပြီးတော့ နောက်ကျော ဓားနဲ့ထိုးရတာတွေလည်း စိတ်မဝင်စားဘူး … ကိုယ့်ဌာနလေးမှာပဲ နေတာကောင်းပါတယ် …”

“ ဌာနမှာ နေရတာ သိပ်ပင်ပန်းလွန်းတာပေါ့ … စီမံရေး အလုပ်တွေလောက်တော့ ဘယ်သက်သာမှာ .... “ လင်းရီ ပြောလိုက်သည်။ “ မင်းက အခု ငယ်ရွယ်သေးတော့ မင်းရဲ့ ခန္ဓာကိုယ်က ကိုင်တွယ်နိုင်သေးတယ် … ဒါပေမယ့် နောက်နှစ်နည်းနည်းနေရင် ဘယ်လိုလုပ်မှာ …”

“ အဲ့ခါကျမှပဲ မီးစင်ကြည့်ကတာပေါ့ … နင် ငါ့ကိစ္စ ပူစရာ မလိုပါဘူး …” လီချူးဟန်က နွေးထွေးသည့် လေသံဖြင့် ပြောလိုက်ပြီး “ နင်လည်း အလုပ်များတယ်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးကိုယ်လည်း ဂရုစိုက်ဖို့လိုတယ်နော် …”

“ ဟုတ် ဒေါက်တာ …”

ထို့နောက်… နှစ်ဦးလုံး စကားမပြောကြတော့ပေ။ သူတို့အတွက် တိတ်ဆိတ်ခြင်းက အကောင်းမွန်ဆုံးသော ဆက်သွယ်နည်းလမ်းပင်။

တစ်ဦးနှင့် တစ်ဦး စကားတွေ အများကြီး ပြောဖို့ရာ မလိုအပ်ပေ။ အတူရှိနေပြီး တစ်ယောက်ကိုယ်တစ်ယောက် တိတ်တိတ်လေး နှစ်သိမ့်ပေးနေသည်က အချင်းချင်း ပေးစွမ်းနိုင်သည့် အကောင်းမွန်ဆုံးသော နှစ်သိမ့်မှုပင်။

လီချူးဟန်၏ နှိပ်နယ်ပေးမှုအောက်တွင် လင်းရီ အများအပြား သက်တောင့်သက်သာ ဖြစ်လာခဲ့ပြီး လီကျန်းချွမ်အကြောင်း စတင် တွေးတောတော့၏။

ဟုန်မန်ဂိုဏ်း၏ သုတေသန ရလဒ်များအကြောင်း သူ ဂရုမစိုက်။ လီကျန်းချွမ်ကို သတ်ချင်တာပဲ သူသိသည်။

သို့သော် လီကျန်းချွမ်က ထွက်ပြေးသွားခဲ့ပြီး သူ့ကို ရှာတွေ့ဖို့က မလွယ်ကူချေ။

သူ့ အထောက်အထားနှင့်ဆိုပါက သူ ပုန်းကွယ်နိုင်သည့် နေရာကလည်း များများစားစား ရှိမှာ မဟုတ်ချေ။

အဖြစ်နိုင်ဆုံးကတော့ ဖရီးမေဆင် ဌာနချုပ်ဖြစ်၏။

အကယ်၍ သူသာ တကယ်ကြီး ထိုနေရာသို့ ထွက်ပြေးသွားခဲ့သည်ဆိုပါက အခြေအနေ၏ ခက်ခဲမှုကလည်း ဒရာမာဆန်ဆန် ချဲ့ကားသွားနိုင်သည်။

တန်ပြန် လက်စားချေဖို့က အင်မတန် ခက်ခဲသည့် တာဝန်တစ်ရပ် ဖြစ်သွားလိမ့်မည်။

ထို့ပြင် လက်ရှိ စနစ်၏ တာဝန်ကလည်း ရှိနေသေး၏။

ယခုအချိန်ထိတိုင် သူ့မှာ မည်သည့်ဘက်ကို ဦးတည်ရမှန်း မသိဘဲ လမ်းပျောက်နေသည်က လင်းရီကို အတော်လေး မခံမရပ်နိုင်ဖြစ်အောင် ပြုလုပ်နေသည်။

“ သွားစို့ … ဒီမှာမနေနဲ့ … ပြန်ပြီး နည်းနည်းလောက် သွားအိပ်လိုက် …”

“ ငါ ဂျူတီ ရှိသေးတယ် …” လီချူးဟန် ပြောလိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိ၏။

“ ငါ အခု ဒီရောက်နေပြီလေ … အဲ့တာကို ဂျူတီတွေ လုပ်နေသေးတာလား … ငြင်းဆန်ရဲတဲ့ကောင်ရှိရင် ရှိတဲ့ကောင် ဆေးရုံမှာ အလုပ်လုပ်စရာ မလိုဘူး …”

“ အင်းပါ …” လီချူးဟန် ညင်သာစွာ ပြောလိုက်၏။ မည်သည့် ငြင်းခုန်မှုတို့မျှ မရှိပါဘဲ သူမ၏ လေသံက လရောင်နှယ် သိမ်မွေ့နူးညံ့လှ၏။

All Chapters