← Chapters

မင်းကို မျက်နှာသာ ပေးထားပြီးသား

Vol. 152 Ch. 2237

မင်းကို မျက်နှာသာ ပေးထားပြီးသား

Vol. 152 Ch. 2237

လင်းရီနှင့် လီချူးဟန်တို့နှစ်ယောက် နှလုံးခွဲစိတ် ဌာနသို့ ပြန်လာခဲ့ကြပြီး နှစ်သက်ဖွယ် တစ်ညတာကို အတူ အိပ်စက်လိုက်ကြသည်။

သို့သော် နောက်တစ်နေ့ နံနက်ခင်း ခြောက်နာရီတွင် လင်းရီ အိပ်ရာနိုးလာသည်။ ဤသည်က သူ့အိပ်ရာ မဟုတ်သည့် အတွက် သူ့မှာ ကောင်းကောင်းအိပ်မပျော်နိုင်ချေ။

" အပေါ်ထပ်က နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သွားကြည့်လိုက်ဦး ... ငါ အရေးပေါ်ဌာနကို သွားကြည့်လိုက်ဦးမယ်... " လီချူးဟန် ထပြီးနောက် ပြောလိုက်၏။

လင်းရီ ခေါင်းညိတ်လိုက်၏။ “ ခဏနေကျရင် ငါ မင်းဆီ လာခဲ့မယ် … စားပြီးရင် ပြန်ကြတာပေါ့ …”

“ အွန်း - အွန်း …”

အဝတ်စားလဲပြီးနောက် နှစ်ယောက်မှာ ကိုယ်စီ လမ်းခွဲလိုက်ကြသည်။

ထိုအချိန်၌ ရှောင်းကျန်းဖုန်းမှာ အိပ်ရာက နိုးနေချေပြီ။ သူ့ ဒဏ်ရာတို့က အသေးမွှားဆုံး ဖြစ်သဖြင့် ဒဏ်ရာ ချုပ်ပြီးနောက် လှုပ်လှုပ်ရှားရှား မလုပ်သ၍ အဆင်ပြေသည်။

“ အခြေအနေ ဘယ်လိုလဲ ..” ရှောင်းကျန်းဖုန်းကို ကြည့်လျက် လင်းရီ အပြုံးဖြင့် မေးလိုက်သည်။

“ ထုံဆေး ပြယ်သွားပြီဆိုတော့ အခု နည်းနည်းနာတယ် … ဒါပေမယ့် အဆင်ပြေပါတယ် …” ရှောင်းကျန်းဖုန်း ပြောလိုက်ပြီး သိချင်စိတ် ပြင်းပြစွာဖြင့် “ ဘော့စ် … မင်း အရင်တုန်းက ပနားမားမှာ ဖောက်ခွဲ ခံလိုက်ရတာမလား … အဲ့တုန်းက ဘယ်လိုများ တောင့်ခံခဲ့ပါလိမ့် …”

“ မသိဘူး … ငါ သတိလစ်သွားတော့ နာကျင်မှုက ဘယ်လိုမှန်းတောင် မခံစားလိုက်ရဘူး …” လင်းရီ ရယ်မောလျက် ပြောလိုက်သည်။ “ ကျိုးဟိုင်မှာပဲ ခဏလောက်နေဦး … ဘာပဲပြောပြော မစ်ရှင်မှ မရှိတာ … သက်သာလာပြီဆိုမှ ပြန်တော့ …”

“ ကျုပ်လည်း ပြန်ဖို့ စိတ်ကူးမရှိပါဘူး … ဒီမှာဆို နေစာရိတ်လည်း မပေးရ၊ စားစာရိတ်လည်း မပေးရ… ဘာလို့ ပြန်ရမှာ … မပြန်ပါဘူး …”

“ ငိုးမကောင် … တော်တော် တတ်နေတယ် ဟုတ်လား …”

ခေတ္တမျှ စကားပြောဆိုပြီးနောက် လင်းရီသည် ယွီစီယင်နှင့် အခြားနှစ်ယောက်ကို သွားပြီး စစ်ဆေးသည်။

ရှောင်ပင်း၏ အခြေအနေက အသက်သာဆုံးပင်။ သူမက ဝမ်းဗိုက်သို့ ဓားထိုးခံလိုက်ရသည်ဆိုသော်လည်း ဂရုတစိုက်နှင့် အနားယူအားမွေးသ၍ အဆင်ပြေသည်။

လင်းရီ စိုးရိမ်မိဆုံးကတော့ ကျောက်ယွင်ဟူ ဖြစ်သည်။ ထင်မှတ်မထားသည့် ပြဿနာတို့ ရှိလာနိုင်သဖြင့် သူ့ကိုတော့ သေချာလေး စောင့်ကြည့်လေ့လာဖို့လိုသည်။

“ အစ်ကိုရီ …”

သူတို့ လင်းရီကို မြင်တော့ သုံးယောက်က နှုတ်ဆက်လိုက်ကြသည်။

“ ရတယ် … မထနဲ့ …” လင်းရီ လက်ကာပြ၍ ပြောလိုက်ပြီး “ ဘော့စ်လျိုပြောတာ မင်းတို့တွေ ဒုတိယအဆင့် သူရတ္တိတံဆိပ်တွေ ရဖို့ရှိတယ်ဆိုပဲ … ဒီဒဏ်ရာတွေက ထိုက်တန်တယ် …”

“ ထားလိုက်ပါတော့ အစ်ကိုရီ … ကျွန်မတို့က ငါးဖယ်ဖြစ်အောင် ထုခံထားရတာ အဲ့ဒီတံဆိပ်ကို ဘယ်မျက်နှာနဲ့ လက်ခံရမှာလဲ …” ရှောင်ပင်းက ပြောလိုက်သည်။

“ သူတို့ဘက်ခြမ်းမှာ စီ အဆင့် တစ်ယောက်ပါတယ် … ပြီးတော့ မင်းတို့ကောင်တွေက ဒီ အဆင့်ရောက်တာတောင် မကြာသေးတာ အထောင်းခံရတာက သာမန်ပါပဲ … ဘာ ရှက်နေစရာ အကြောင်းမှ မရှိဘူး …”

“ ဒါပေမယ့် မစ်ရှင် ကျရှုံးသွားခဲ့တယ်လေ … ပြီးတော့ လီကျန်းချွမ်လည်း ထွက်ပြေးသွားတယ် … နောက်ပိုင်း သူ့ကိုဖမ်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ..”

“ မဖြစ်နိုင်တာ မရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ သူသာ ဖရီးမေဆင်ဌာနချုပ်ကို မပြေးသွားသေးသရွေ့ ငါတို့မှာ အခွင့်အရေးရှိသေးတယ် …. အဲ့ကိစ္စ မပူနဲ့ … ငါ ကိုင်တွယ်လိုက်မယ် … မင်းတို့က ဒီမှာ ကောင်းကောင်းမွန်မွန် ပြန်သက်သာလာနိုင်ဖို့ကိုပဲ ဂရုစိုက် ….”

“ ဟုတ် …”

လူနာခန်းထဲတွင် သူတို့သုံးယောက်နှင့် ခေတ္တ စကားပြောနေစဉ်တွင် ချိုးယွီလော့နှင့် နင်ချဲ့တို့ ရောက်လာခဲ့ကြသည်။

သုံးယောက်မှာ လှေကားခွင်တွင် စုဝေးလိုက်ကြပြီး နင်ချဲ့ မေးလာခဲ့၏။

“ နင် ဒီမှာ တခြားလုပ်စရာတွေ ရှိသေးလား … မရှိဘူးဆို ရန်ကျင်းထွက်ဖို့ အသင့်ပြင်ထားတော့ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ တကယ်လို့ တခြား မရှိဘူးဆိုရင် မင်းတို့လည်း ပြန်သင့်ပြီ … သူတို့ရဲ့ အခြေအနေတွေကလည်း တည်ငြိမ်သွားပြီ .. တကယ်လို့ အချိန်ရတယ်ဆိုရင် ငါ့ကို ကူပြီး လီကျန်းချွမ်ရဲ့ အခြေအနေကို တစ်ချက် စုံစမ်းထားပေး …. သူတို့မှာ E အဆင့် ဗီဇဆေးရည်ရဲ့ သတင်းအချက်အလက်တွေ ရှိနေတယ် …. အဲ့တာက ငါ့ကို အတော်လေး မသက်မသာ ဖြစ်အောင် လုပ်နေတယ် ..”

“ ဒါပေမယ့် အဲ့ဒါတွေက အစကတည်းကနေ ဖရီးမေဆင်ရဲ့ အပိုင်ပဲဟာ … နင်က ဘာတွေ ဖြစ်လို့ မသက်မသာ ဖြစ်နေတာ …”

နင်ချဲ့၏ မျက်လုံးတို့ ဂနာမငြိမ်ဖြစ်သွားခဲ့ပြီး သူမ ပြောလိုက်၏။ “ နင်က သူတို့တွေ အဲ့ဒီ ဒေတာတွေနဲ့ ထွက်ပြေးသွားပြီး ခိုလှုံဖို့ သူများကို ပေးလိုက်မှာ စိုးရိမ်နေတာလား …”

“ အဲ့လိုက တကယ်ပဲ ဖြစ်နိုင်ချေများတယ် …” လင်းရီ တည်ကြည်လေးနက်စွာ ပြောလိုက်ပြီး “ ငါ မနေ့ညက စဉ်းစားသုံးသပ်ကြည့်တာ ဟုန်မန်ဂိုဏ်းရဲ့ အခြေအနေက ရှုပ်ထွေးနေသေးတုန်းပဲလို့ ခံစားနေရတယ် ….”

“ ပထမ တစ်ချက် … ငါတို့နဲ့ ဖရီးမေဆင်က အကြီးကြီး ကွဲပြဲထားတယ် … သူတို့ဘက်က လူတွေ စေလွှတ်ပြီး အသင်း ၁ ကို သုတ်သင်ဖို့ အကြောင်းအရင်းတွေ ပေါပေါသောသော ရှိတယ် …”

“ ဒုတိယ တစ်ချက်က ဟုန်မန်ဂိုဏ်းအပေါ် သူတို့ရဲ့ သဘောထားက သိပ် အေးတိအေးစက် နိုင်လွန်းတယ် … အဲ့တာက သူတို့တွေ ဟောင်ကောင်က အခြေအနေ ကိစ္စတွေကို အဲ့လောက်ထိ ခေါင်းထဲထားမနေဘူးလို့ ငါ့ကို ခံစားနေရစေတယ် .. သူတို့ကြည့်ရတာ နည်းဗျူဟာကျကျ စွန့်ပစ်သွားခဲ့သလိုပဲ ..”

“ နည်းဗျူဟာ ကျကျ စွန့်ပစ်သွားတယ် ဟုတ်လား …” ချိုးယွီလော့ နားရှုပ်စွာ မေးမြန်းလိုက်၏။

“ ဟုန်မန်ဂိုဏ်း ဩဇာလွှမ်းမိုးမှု အကောင်းဆုံး အချိန်က ဖန်းတောက်ဇူ ပလ္လင်ပေါ် ထိုင်တဲ့ အချိန်မှာပဲ … သူ့ရဲ့ နည်းပရိယာယ်နဲ့ သူ့လူတွေက ကျုံးဝေ့တပ်ဖွဲ့နဲ့ ဇယားလာရှုပ်ဖို့အထိ လုံလောက်အောင် အားကောင်းတယ် … ဒါပေမယ့် အခု အဲ့ဒီ လူတွေ အကုန် သေပြီ … အဲ့နောက်မှာ လီကျန်းချွမ်က ရာထူးတက်တယ် … သူက သူ့ခြေထောက်နှစ်ချောင်းနဲ့သူ မရပ်တည်နိုင်တဲ့ အရှုံးသမား တစ်ယောက်ထက် မပိုဘူး …. ငါတို့အားလုံးလည်း မြင်နိုင်တယ် … ဖရီးမေဆင်လည်း အဲ့တာကို မြင်တယ် … သူတို့မှာ တခြား ရွေးချယ်စရာ မရှိလို့သာ ပလ္လင်ပေါ် နေရာပေးထားတာ … “ လင်းရီ ပြောလိုက်ပြီး “ သူက ဖရီးမေဆင် အဖွဲ့သားတစ်ယောက် … ပြီးတော့ သူ့ကို ကာကွယ်နိုင်တဲ့ အစွမ်းအစ သူတို့မှာ ရှိတယ် … ဒါပေမယ့် ဖရီးမေဆင်က သူတို့ရဲ့ အားစိုက်ထုတ်မှုတွေကို အသုံးမဝင်တဲ့လူအပေါ် ဖြုန်းတီးပါ့မလား … ပြီးတော့ သူတို့က အလျင်စလို ထွက်ပြေးသွားခဲ့တယ် … ပိုက်ဆံ တစ်ခုတည်း ယူသွားပြီးတော့ တခြား ပစ္စည်းတွေကို နောက်မှာ ချန်ရစ်ထားတယ် … တစ်ခုခုတော့ လွဲနေသလိုပဲ …”

“ ဒီတော့ နင့်ရဲ့ အမြင်မှာ ဖရီးမေဆင်က ဟုန်မန်ဂိုဏ်းကို လက်လျှော့သွားပြီး သူတို့ကို ဆက်ပြီး ကာကွယ်မပေးတော့ဘူးပေါ့ အဲ့လိုလား …”

“ အမှန်ပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒါက ဒီတိုင်း ငါ့မှန်းဆချက် သပ်သပ်ပါပဲ … အသေးစိတ် အတိအကျတော့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး … တကယ်လို့ မင်းမှာ အချိန်ရှိတယ်ဆိုရင် တစ်ချက် စုံစမ်းကြည့်ထားဦး …. ထင်မထားတာတွေ တွေ့ရင် တွေ့နိုင်လောက်တယ် …”

“ ကောင်းပြီလေ … ငါ ပြန်ရောက်ရင် တစ်ချက် အာရုံစိုက်ကြည့်လိုက်မယ် …” ချိုးယွီလော့ ပြောလိုက်သည်။ “ ဒါနဲ့ စကားမစပ် နင် ဒီရောက်တုန်း ရောက်ခိုက် မာတဲ့ဟုန် ထူးထူးဆန်းဆန်း သေသွားတဲ့ကိစ္စကို တစ်ချက် စုံစမ်းကြည့်ဦး … တစ်ခုခု မူမမှန်တာတွေ ရှိနေပုံရတယ် …”

“ မပူနဲ့ … ငါ စိတ်ကူးထားတယ် …”

စကားခေတ္တ ပြောဆိုပြီးနောက် အမျိုးသမီး နှစ်ယောက်မှာ ထွက်ခွာသွားခဲ့သည်။ လင်းရီက လူနာခန်းထဲသို့ ပြန်သွားပြီး အသင်း ၁ ရှိ လူတိုင်းကို နှုတ်ဆက်လိုက်၏။ ထို့နောက် အရေးပေါ်ဌာနသို့ ဦးတည်ကာ လီချူးဟန်ကို သူမ၏ ဂျူတီမှ ကြို၍ အပြင်သို့ ထမင်းအတူ ထွက်စားဖို့ရာ ဟန်ပြင်သည်။

ဟွာရှန်း ဆေးရုံ၏ အရေးပေါ်ဌာနမှာ အမြဲတစေ အလုပ်များနေလျက်ပင်။

လူတစ်ချို့က စောင့်ဆိုင်းရသည့် ကြာချိန်ကို လျှော့ချနိုင်ဖို့အတွက် အရေးပေါ် ဂရုစိုက်ပေးမှုအတွက် မှတ်ပုံတင်ထားကြသည်။ ၎င်းကြောင့်ပဲ ဆေးဝန်ထမ်းတို့မှာ အလုပ်က တောင်ပုံယာပုံ ဖြစ်လာသည်။

လင်းရီ အရေးပေါ်ဌာနကို ရောက်လာတော့ များပြားလှသည့် ဒေါက်တာနှင့် နာ့စ်များမှာ သူ့ကို မှတ်မိကြပြီး လာရောက်နှုတ်ဆက်ကြသည်။

ထိုအချိန်တွင် လီချူးဟန်က သတင်းအချက်အလက် စုံစမ်းသည့် ကောင်တာတွင် တာဝန်ကျ နာ့စ်တစ်ဦးနှင့် စကားပြောနေသည်။

ထိုအချိန်မှာပဲ ဝင်ပေါက်မှနေ၍ အော်ဟစ်သံတို့ ထွက်ပေါ်လာသည်။

“ ဖယ်ကြစမ်း … ဖယ်ကြစမ်း ..”

အသံလားရာကို ကြည့်လိုက်တော့ အရေးပေါ် ဒေါက်တာနှစ်ဦးနှင့် သက်လတ်ပိုင်း စုံတွဲနှစ်ဦးက လူနာတစ်ဦးနှင့်အတူ ပြေးဝင်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

လီချူးဟန် မြင်တော့ သူမ အလျင်စလို ပြေးပြီး မေးမြန်းလိုက်၏။

“ ဘာဖြစ်တာလဲ …”

“ ငါ တစ်ချက် အမြန်ကြည့်လိုက်တာတော့ အန်နျူရစ်ဆင် ဖြစ်တဲ့ပုံပဲ … ဒီရဲ့ ဓာတ်ပုံတွေက လူနာ တခြား‌ဆေးရုံကနေ ရိုက်လာတဲ့ ပုံတွေ ..”

လီချူးဟန် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “ အတော်လေး ပြင်းထန်နေပြီပဲ … ရှင်တို့ ဘာလို့ စောစီး မလာတာလဲ …”

“ အဲ့တာက ….”

မိသားစုဝင်များမှာ တုံ့ဆိုင်းနေကြပြီး မည်သို့ ဆင်ခြေပေးရကောင်းနိုးနိုး ဖြစ်နေကြသည်။

“ လူနာက အမြန် ခွဲစိတ်ဖို့လိုတယ် … ခွဲစိတ်ခ ယွမ် တစ်သိန်း သွင်းရမယ် … အခုချက်ချင်း အဆင်သင့် လုပ်ထားတော့ … ပြီးရင် ဆေးရုံတင်ဖို့ လုပ်ပေးမယ် …”

“ မြန်မြန် … မြန်မြန်လေး ငါ့အမေကို ခွဲစိတ်ပေးပါ …” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

လီချူးဟန် ခေါင်းညိတ်လိုက်သည်။ “ ရှင်တို့ ပိုက်ဆံ အရင် သွားရှင်းလိုက် …”

“ ဒီလောက် အရေးတကြီး ဖြစ်နေတာတောင် နင်တို့တွေက အဲ့သောက် ပိုက်ဆံလောက်ပဲ ဂရုစိုက်နေရလား …” သက်လတ်ပိုင်း အမျိုးသားက ကျိန်ဆဲလိုက်ပြီး “ ငါ့အမေ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ …”

“ မပူနဲ့ … ကျွန်မတို့က လူနာကို အချိန်တစ်ခုလောက်အထိ သက်သာရုံ ကုသပေးထားမယ် … လူနာက အဆင်ပြေတယ် … ဒါပေမယ့် ရှင်တို့မှာ တစ်နာရီပဲ အချိန်ရမယ် … မဟုတ်ရင် နောက်ကျသွားလိမ့်မယ် …”

“ ဒါဆိုလည်း နင့်ခြေထောက်ကို ကြွပြီး ခွဲစိတ်ပေးဖို့ သွားလုပ်တော့လေ … ငါတို့ ခဏနေ ပိုက်ဆံပေးမယ် …” သက်လတ်ပိုင်း အမျိုးသားက အော်ဟစ်လိုက်သည်။

“ ကျွန်မ ပြောနေတာကို ရှင်နားမလည်ဘူးလား … ပိုက်ဆံ အရင်သွင်းရမယ်လို့ … ဒါ ဆေးရုံရဲ့ စည်းကမ်းပဲ … “ လီချူးဟန် ပြောလိုက်ပြီး “ တကယ်လို့ ရှင်တို့မှာ အခုလောလောဆယ် အပြည့်မရှိသေးဘူးဆိုရင် တစ်သောင်းက‌နေ အရင်စသွင်းထားလိုက် … မဟုတ်ရင် ဆေးရုံရဲ့ ပေါ်လစီအရ ကျွန်မတို့ ခွဲစိတ်ပေးလို့ ရမှာ မဟုတ်ဘူး ….”

“ နင်တို့ လူသားချင်း စာနာစိတ် မရှိကြဘူးလား … သူများတွေ ပြောကြတာ နင်တို့ ဆရာဝန်တွေက အဖြူရောင် နတ်သားတွေတဲ့ … အခုတော့ ဒီလိုမျိုး လူတစ်ယောက် သေခါနီးဆဲဆဲ ဖြစ်နေတာတောင် နင်တို့က ငွေတစ်မျိုးတည်း ကြည့်ပြီး မျက်ကွယ်ပြုထားကြတယ် … နင်တို့မှာ ဆရာဝန်ကျင့်ဝတ် ….”

ဘုတ် …

သက်လတ်ပိုင်း အမျိုးသားက လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျိန်ဆဲနေစဉ် လင်းရီ ရှေ့သို့ တက်ပြီး သူ့အား ကန်ကျောက်လိုက်သည်။

“ ခင်များ ဆေးမကုချင်ဘူးဆိုလည်း ဒီကနေ ထွက်သွားလိုက် … အပိုစကားတွေ မပြောနဲ့ … လူလို ပြောနေတာကို လူလို နားမလည်ဘူးလား … လက်ထဲ အပြည့်မရှိသေးရင် တစ်သောင်း အရင်သွင်းလို့ ပြောနေတာကို မသွင်းဘဲ ဘာစောက်စကားတွေ များနေတာ … ကျုပ်တို့ဘက်က ခင်များကို မျက်နှာသာ ပေးထားပြီးပြီ …”

All Chapters