← Chapters

အချိန်အတော်ကြာပြီးနောက်တွင် စောင်တစ်ခုတည်း၌ အတူတူပြန်အိပ်ခြင်း

Vol. 152 Ch. 2238

အချိန်အတော်ကြာပြီးနောက်တွင် စောင်တစ်ခုတည်း၌ အတူတူပြန်အိပ်ခြင်း

Vol. 152 Ch. 2238

သက်လတ်ပိုင်း အမျိုးသားမှာ ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး နာကျင်စွာ တစ်ချက် ညည်းညူမိသွားခဲ့သည်။

“ ဟယ် ... ယောက်ျား …”

သက်လတ်ပိုင်း အမျိုးသမီးက ပြေးသွားပြီး သူ့ယောက်ျားကို မတ်တပ်ရပ်ဖို့ ကူညီပေးလိုက်၏။

“ ငိုးမသားလေး … မင်းငါ့ကို ကန်တယ် … ငါ မင်းကို သတ်ပစ်မယ်ဆိုတာ ယုံလား ..”

သက်လတ်ပိုင်း အမျိုးသားမှာ မတ်တပ်ရပ်နိုင်သည်နှင့် လင်းရီကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျိန်ဆဲလိုက်သည်။

“ ခင်များ ကျုပ်ကို ထပ်ပြီး ကျိန်ဆဲနေမယ်ဆို ကျုပ် ခင်များကို တစ်ခါတည်း သေအောင် ရိုက်သတ်ပစ်လိုက်မယ် … ခင်များရော ယုံလား …. ကြိုးစားကြည့်လိုက် …”

သက်လတ်ပိုင်း အမျိုးသားမှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့သည်။ လင်းရီ၏ အေးစက်စက်အကြည့်နှင့် ထုတ်လွှင့်နေသည့် အရှိန်အဝါတို့က သူ့ကို တုန်လှုပ်သွားစေသည်။

“ ခင်များ အမေကို ဆေးကုစေချင်ရင် ပိုက်ဆံ အမြန်ပေး … မဟုတ်ဘူးဆို လူနာကို‌ ခေါ်ပြီး ထွက်သွားလိုက်တော့ …”

စုံတွဲမှာ တောင့်တင်းသွားခဲ့ပြီး တွန့်ဆုတ်စွာဖြင့် ယွမ်တစ်သောင်း ထုတ်ပေးလိုက်သည်။ ပြီးနောက် လီချူးဟန်လည်း လူနာကို ခွဲစိတ်ဖို့အတွက် ပြင်ဆင်သည်။

ခွဲစိတ်မှုက အလျင်လိုသော်လည်း ခက်ခဲသည့် အရာတော့ မဟုတ်လှပေ။ လီချူးဟန် ကိုယ်တိုင် မလုပ်ဆောင်ပါဘဲ အခြား ဌာနရှိ ဒေါက်တာများက ကိုင်တွယ်ကြမှာ ဖြစ်၏။

အရာအားလုံး ကိုင်တွယ် စီစဉ်ပြီးနောက် နှစ်ယောက်မှာ ဆေးရုံထဲက ထွက်လာခဲ့ကြပြီး အပြင်တွင် မနက်စာ အတူစားကြသည်။ ထို့နောက် လင်းရီ သူမကို ပြန်ပြီး လိုက်ပို့ပေး၏။

“ နင် ခဏလေးစောင့်ဦး …”

လင်းရီ သူမကို အိမ်ရှေ့တွင် ချပေးပြီးသည့် အခိုက်အတန့်မှာပဲ ထွက်သွားဖို့ ဟန်ပြင်နေသည့် သူ့ကို လှမ်းခေါ်လာသည်။

“ ဘာဖြစ်လို့ …”

“ ငါ နင့်ကို တစ်ခု ပေးချင်လို့ …”

လီချူးဟန်က သူမ၏ အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက် လက်ထဲတွင် လက်ဆောင်ဘူး သေးသေးလေး တစ်ခု ပြန်ပါလာသည်။

“ ခရစ်စမတ်တုန်းက နင်ကျိုးဟိုင်မှာ ရှိမနေဘူးလေ .. ဒါကြောင့်မို့ ငါ နင့်ဖို့ ဒီဥစ္စာ ပြင်ဆင်ထားပေးတယ် ..”

ဤသည်ကို ကြားတော့ လင်းရီလည်း ခရစ်စမတ်က ကျော်သွားပြီ ဖြစ်ကြောင်းကို အမှတ်ရလိုက်သည်။

ထို့ပြင် သူ့ဘက်ကလည်း မည်သည့်အရာကိုမျှ မပြင်ဆင်လိုက်ရချေ။

သို့ပါသော်လည်း ကိစ္စမရှိ။ သူ အောင်အောင်မြင်မြင်နှင့် ကျော်ဖြတ်နိုင်ခဲ့လေသည်။

လင်းရီ ဘူးလေးကို ဖွင့်လိုက်တော့ အပြာရင့်ရောင် နက်ခ်တိုင် တစ်ခုကို မြင်တွေ့လိုက်ရသည်။ မည်သည့် ဘရန်းလဲဆိုတာကိုတော့ ပြောပြဖို့ ခက်ခဲလှ၏။ သို့ပေမယ့် လက်ရာက အတော်လေး သေသပ်ကောင်းမွန်သောကြောင့် ဈေးမပေါသည်ကတော့ ကျိန်းသေသည်။

ဤလက်ဆောင်က လီချူးဟန်၏ စရိုက်နှင့် ကိုက်ညီသည့် အတိုင်းအတာအတွင်းမှာပဲ ရှိသည်။

အကယ်၍ သူမကသာ လက်ဖြင့် ခေါက်ထားသည့် ကြယ်ဗူးလေးများ၊ သို့မဟုတ် ကြိုးကြာရုပ်များ ပေးလာခဲ့မှသာ ထူးဆန်းနေပေလိမ့်မည်။

လင်းရီကတော့ ပထမဦးဆုံး ခရစ်စမတ်ကကဲ့သို့ တူညီသည့် ခါးပတ်များ လက်ဆောင်မရလျှင် ဘာပဲဖြစ်ဖြစ် အဆင်ပြေသည်။ ချစ်ရသူက ပေးသည့် အရာဖြစ်၍ ဘာပဲ ဖြစ်ဖြစ် သူ တန်ဖိုးထားသည်။

“ ငါ အခု တလော အလုပ်တွေ ရှုပ်နေလို့ မင်းဖို့ လက်ဆောင်တော့ မပြင်လိုက်ရဘူး … “

“ ရတယ် …” လီချူးဟန် ပြောလိုက်ပြီး “ ငါလည်း ဒါတွေ လိုက်ပြီး ဂရုစိုက်နေတာမှ မဟုတ်တာ … ဒီတိုင်း ပွဲတော် အငွေ့အသက်အတွက်ပဲလေ … လူတိုင်းကလည်း ဝယ်နေကြတာ ဆိုတော့ ငါလည်း ဒီတိုင်း အသုံးဝင်မယ့်ဟာ တစ်ခုလောက် ကောက်ဝယ်ခဲ့ရုံပါပဲ …”

လင်းရီ ပြုံးလိုက်သည်။ လီချူးဟန်က ဤသို့သော နည်းလမ်းများနှင့် သူမ၏ ညင်သာမှုနှင့် ရိုမန်တစ်ဆန်မှုကို ဖော်ပြလေ့မရှိပေ။

“ ငါ အရင် သွားနှင့်တော့မယ်… တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို လှမ်းခေါ်လိုက် …”

လင်းရီ တက္ကစီ ပြန်စီး၍ ကျိုကျုံးဗီလာသို့ ထွက်လာခဲ့သည်။ ရေချိုး အဝတ်အစားလဲပြီးနောက် ကျီချင်းရန်ထံသို့ ဖုန်းဆက်လိုက်၏။

“ ရုံးမှာလား …”

“ မဟုတ်ဘူး … အပြင်မှာ ဈေးဝယ်ထွက်နေတာ …”

“ ဈေးဝယ်ထွက်နေတယ် ဟုတ်လား …”

“ နှစ်သစ်ကူး နီးလာပြီလေ …. မေမေဝမ်ဖို့ ပစ္စည်း‌လေး နည်းနည်း ဝယ်နေလို့ … ဒီတိုင်း လက်ဗလာနဲ့ သွားလို့ ကောင်းမှ မကောင်းတာ …”

လင်းရီ 'သိနေပါတယ်' ဟူသော အပြုံးမျိုး ပြုံးလိုက်သည်။ သူမက ထိုသို့သော ကိစ္စများကို အမြဲတမ်း ကြိုပြီး စီစဉ်ထားတတ်၏။

“ ငါလည်း အခုအားနေတာနဲ့ အတော်ပဲ … လာခဲ့လိုက်မယ်လေ …”

“ ဒါဆို မြန်မြန်လာခဲ့ … ငါ ဝယ်ထားတာတွေက နည်းနည်းများတယ် … “

“ အိုကေ …”

နေရာကို သိရှိပြီးနောက် လင်းရီ တက္ကစီ ပြန်ငှားလိုက်သည်။ ကျီချင်းရန်တွင် ကားပါပြီး ဖြစ်သဖြင့် သူ့ကား မောင်းဖို့ မလိုချေ။

မိနစ် လေးဆယ်ခန့် ကြာပြီးနောက် ဟိန်းလုံ ပလာဇာ စတားဘက်ခ်တွင် လင်းရီနှင့် ကျီချင်းရန်တို့ တွေ့ဆုံသည်။ သူမ ဝယ်ထားသည့် အိတ်များက ဒါဇင်ကျော်ခန့် ရှိနေပြီး ကားထဲတွင်လည်း ပစ္စည်းတို့က နည်းနည်းနောနော မဟုတ်ပေ။

“ နှစ်သစ်ကူးကျင်းပရုံလေးပဲကို ဒီလောက် အများကြီး ဝယ်ဖို့ မလိုပါဘူးကွာ ….”

“ မေမေ၀မ်တို့ဆီ မရောက်ဖြစ်တာ ကြာပြီကို ကျိန်းသေပေါက် အများကြီး ဝယ်သွားပေးရမှာပေါ့ …” ကျီချင်းရန် ပြောလိုက်၏။ “ ပြီးတော့ ကလေးတွေ အတွက်လည်း ငါ အထည်စက်ရုံကို အဝတ်တွေ အများကြီး မှာထားတယ် ..”

“ ဥက္ကဌကျီဆိုတဲ့ အတိုင်းပါပဲ …. သိပ် တွေးပေးတတ်လွန်းတယ် …”

လင်းရီ ကျီချင်းရန်၏ အိတ်ထောင်သို့ လှမ်းကြည့်လိုက်ပြီး “ ဒါပေမယ့် အဲ့ဒီ ‘ ကိုယ်ဝန်ဆောင် မေမေ’ ဆိုတဲ့ စာအုပ်ကြီးက ဘာကြီးလဲ …. ငါတို့ မနေ့ကမှပဲ ကိစ္စတွေ ပြီးခဲ့တာကို ဒီလောက် အမြန်ကြီး အစွမ်းပြနေတာကတော့ မဖြစ်နိုင်ဘူးမလား …”

ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့၏။

“ ပေါက်ကရတွေ မပြောနဲ့ …” ကျီချင်းရန် ပြန်ပက်လိုက်ပြီး “ နင်ယွဲ့က ရှေ့ရက်တုန်းက သူ ကိုယ်ဝန်ရှိနေပြီလား မသိဘူးဆိုပြီး မက်ဆေ့ချ်ပို့လာလို့ … သူ့ဖို့ ကိုယ်ဝန်ဆောင် မိခင်တွေ ဝတ်တဲ့ အင်္ကျီနဲ့ အလှကုန် ပစ္စည်းတွေ ဝယ်ပေးနေတာ … နှစ်သစ်ကူးအတွက် ကြိုဝယ်ထားတာလေ …”

“ ကိုယ်ဝန် ရနေတယ် …”

လင်းရီ အံ့အားသင့်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် အပြုံးအကြီးကြီး တစ်ခု ဖြစ်ပေါ်လာသည်။ “ ငါတောင် မသိရပါလား … နောက် လနည်းနည်းလောက် ကြာပြီးရင် ဦးလေး ဖြစ်တော့မှာဆိုတော့ … နေဦး မဟုတ်သေးဘူး .. ရန်မြို့(ရန်ချိန်)ရဲ့ ဆေးရုံတွေက သိပ်ကောင်းတာ မဟုတ်ဘူး … သူ့ကို ကျိုးဟိုင် ခေါ်ရမယ် … ဟွာရှန်းဆေးရုံရဲ့ သားဖွားမီးယပ်ဌာနက ပြည်ထောင်စု ဆေးရုံလောက်တော့ မကောင်းဘူးဆိုပေမယ့် လုံလောက်တာထက် ပိုနေပြီ … သူ့ကို ဒီမှာ မွေးခိုင်းရမယ် …”

ဟင် …

တက်ကြွနေသည့် လင်းရီ၏ ပုံစံကို မြင်တော့ ကျီချင်းရန်မှာ အတော်လေး အံ့အားသင့်သွားခဲ့သည်။

လင်းရီက ထွေထူးတုံ့ပြန်မှုတို့ ပေးနေမှာ မဟုတ်ပါဘူးလို့ ထင်မှတ်ထားသော်လည်းပဲ တကယ့်လက်တွေ့ကျတော့ လင်းရီက အတော်လေး စိတ်လှုပ်ရှားနေသည်။

သို့တိုင် နင်ယွဲ့မှာ သူနှင့် သွေးသားဆက်နွယ်သည့် ညီမအရင်းခေါက်ခေါက် မဟုတ်သေးပေ။

အကယ်၍များ …

အကယ်၍များ တစ်နေ့ … သူမမှာ ကိုယ်ဝန်ရှိလာခဲ့ရင် သူ ဘယ်လောက်များ ဝမ်းသာနေလိမ့်မလဲ …

ကြည့်ရတာ သူ တကယ်ပဲ ကလေးချစ်တာထင်တယ် …

လင်းရီကတော့ ကျီချင်းရန်၏ အတွေးများကို သိရှိခြင်း မရှိပေ။ ဦးလေး ဖြစ်တော့မည်ဆိုသည့် အတွေးနှင့် အူမြူးနေရင်း ဖုန်းထုတ်ပြီး နင်ယွဲ့ထံသို့ ဖုန်းဆက်လိုက်၏။

ထို့နောက် သူမ ကိုယ်ဝန်ရှိနေပြီဆိုသည့် အကြောင်းကို သူ့အား မပြောရကောင်းလားဟူ၍ ကြိမ်းမောင်းလိုက်သည်။

ကျီချင်းရန်မှာ ဘေးက ကြည့်နေရင်း ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းချုပ်နေရ၏။ ယောက်ျားများက သေခါနီးထိတိုင် ကလေးဆိုးကြီးများ ဖြစ်သည်ဟူသည့် စကားမှာ တကယ် မှန်နေပုံပင်။

နင်ယွဲ့ကို ကြိမ်းမောင်းပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့မှာ မွန်းလွဲတစ်နာရီအထိ ဈေးဝယ်ထွက်နေခဲ့ကြပြီး ထို့နောက်တွင်မှ ပြန်လာခဲ့ကြ၏။

လင်းရီ အခြား မည်သည့် နေရာမျှ မသွားဘဲ ကျီချင်းရန်နှင့်အတူ သူ့အမေအိမ်သို့ ပြန်လာသည်။

ထုံးစံအတိုင်း … သူတို့ ရောက်လာသည်နှင့် စုန့်လန်က သူ့အား သားအရင်း တစ်ယောက်နှယ် နွေးထွေးစွာ ကြိုဆိုလာသည်။

ကျီချင်းရန်ကတော့ မွေးစား သမီးဖြစ်သွားခဲ့၏။

ကျီချင်းရန် ဝယ်လာသည့် အရာများကို တစ်ချက်ကြည့်ပြီးနောက် စုန့်လန်က အတွန့်တက်လိုက်၏။

“ ဘာလို့ အင်္ကျီတွေချည်းပဲလဲ … တခြား တစ်ကိုယ်ရေသုံး ပစ္စည်းတွေရော မပါဘူးလား …”

“ မပူနဲ့ အမေ … ပါတယ် … သမီး အကုန်စီစဉ်ထားပြီးသား … သူတို့ မနက်ဖြန် လာပို့ပေးလိမ့်မယ် …”

“ ကောင်းတယ် ကောင်းတယ် …” စုန့်လန် ပြောလိုက်ပြီး “ မနှစ်တုန်းက နင် အိမ်မှာ နေတယ် … ဒီနှစ်တော့ လင်းရီနဲ့ ရန်မြို့ကို လိုက်သွား … နှစ်ဖက် မိသားစုကို တစ်လှည့်စီပေါ့ …”

“ အွန်း …”

နှစ်သစ်ကူးတွင် လင်းရီနှင့်အတူ လိုက်ပါသွားမည့် အစီအစဉ်ကို ကျီချင်းရန် မငြင်းဆန်ခဲ့ပေ။ သူမ အတွက် ဤသည်က ဖြစ်သင့်သည့် အရာသာ ဖြစ်၏။ သို့ပေမယ့်လည်း လင်းရီအတွက်ကတော့ ယင်းက သူတို့နှစ်ဦး၏ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည့် လက္ခဏာ ဖြစ်သည်။ ကိစ္စရပ်များက ရှိနေသင့်သည့် ဦးတည်ရာလမ်းကြောင်းဘက်သို့ ဖြည်းဖြည်းချင်း ဦးတည်နေသည်။

ညဘက် အိပ်ရာဝင်သည့် အချိန်၌ ကျီချင်းရန်က လင်းရီကို ကြမ်းပြင်ပေါ်တွင် အိပ်ဖို့ မပြောတော့ချေ။ ဆိုလိုသည်မှာတော့ သူ ဒီည အိပ်ရာထက်တွင် အိပ်နိုင်သည်။

လင်းရီ အကြံဆိုးကြီး တွေးနေသည့် အပြုံးမျိုး ပြုံးလိုက်၏။

……

နောက်တစ်နေ့ နံနက်ခင်း အစောပိုင်းတွင် ထုံးစံအတိုင်း ဝေယျာဝစ္စများ ပြုလုပ်ပြီးနောက် သူမကို ကုမ္ပဏီတွင် ချထားပေးလိုက်သည်။

ထို့နောက် ဆေးရုံသို့ ဦးတည်လိုက်၏။

အသင်း ၁ အဖွဲ့ဝင်များ၏ အခြေအနေက သိသိသာသာ တိုးတက်ကောင်းမွန်လာနေပြီး ... အထူးသဖြင့် ယွီစီယင်နှင့် ရှောင်ပင်းတို့ပင်။ သူမတို့နှစ်ဦးမှာ ဘယ်ညာ အနည်းငယ် လှည့်နိုင်နေပြီ ဖြစ်၏။

သို့သော် ကျောက်ယွင်ဟူကတော့ အနားယူဖို့ လိုအပ်နေသေးဆဲ ဖြစ်ပြီး လှုပ်ရှား၍ မရနိုင်သေးချေ။

လူနာခန်းများထဲသို့ လိုက်လံလည်ပတ်ပြီးနောက် လင်းရီသည် လီချူးဟန်နှင့် တွေ့ရန်အတွက် ပြင်ပလူနာဆောင် အမှတ် ၈ ဌာနသို့ ဦးတည်လိုက်သည်။ သူ ရှစ်လွှာသို့ ရောက်သည့် အချိန်မှာပဲ ချောင်ရှင်းက နာ့စ်ကောင်တာတွေ ထိုင်နေပြီး အခက်တွေ့ နေသည့် အမူအရာဖြင့် တစ်စုံတစ်ရာကို ခက်ခက်ခဲခဲ ရေးနေသည်။

“ ဘာတွေ ဝမ်းနည်းနေတာ … စုံထောက်ကိုနန် ဇာတ်လမ်းက ပြီးသွားလို့လား …”

“ အစ်ကိုရီ … “

လင်းရီကို မြင်တော့ ချောင်ရှင်း၏ မျက်နှာက တောက်ပသွားခဲ့၏။

“ မင်းကြည့်ရတာ ဝမ်းနည်းနေသလိုပဲ … ဘာတွေ ဖြစ်နေတာ …”

“ ဟွန့် … မပြောစမ်းပါနဲ့ … မနေ့တုန်းက လူနာကို ခွဲစိတ်ပြီးတော့ လူနာရဲ့ မိသားစုနဲ့ ဆက်သွယ်လို့ မရတော့ဘူး … အဲ့ဒီတော့ ကုန်ကျစရိတ်ကို ညီမတို့ ဌာနကပဲ ပေးလိုက်ရတယ် …”

All Chapters