← Chapters

မာတဲ့ဟုန် သေသွားရခြင်း အကြောင်းအရင်း

Vol. 152 Ch. 2239

မာတဲ့ဟုန် သေသွားရခြင်း အကြောင်းအရင်း

Vol. 152 Ch. 2239

“ အန်နျူရစ်ဆင် ဖြစ်တဲ့ လူနာလား …”

“ ဟုတ်တယ် … သူပဲ …” ချောင်ရှင်း ပြောလိုက်ပြီး “ ဆေးဖိုးက အခုဆို ယွမ် ခုနစ်သောင်းတောင် ကျော်သွားပြီ … ပြီးတော့ သက်သာလို့ ဆေးရုံဆင်းတဲ့အထိ နေမယ်ဆိုရင် အနည်းဆုံး ယွမ်တစ်သိန်းပဲ … လူနာမိသားစုက တစ်သောင်းပဲ ပေးပြီး ဝှစ်ခနဲ ပျောက်သွားတော့တာပဲ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ မပူနဲ့ … မင်းတို့ လူနာမိသားစုကို ဆက်သွယ်နိုင်အောင် တောက်လျှောက် ကြိုးစားနေ … ဒီညအထိ နေလို့မှ ဆက်သွယ်လို့ မရဘူးဆိုရင်တော့ သူတို့ ပေးသွားတဲ့ ဖုန်းနံပါတ် ငါ့ကို ပေးလိုက် … ငါကိုင်တွယ်ပေးမယ် …”

“ အိုကေ …”

ချောင်ရှင်းနှင့် ခေတ္တစကားပြောပြီးနောက် လင်းရီ သူ့ အရင် ဌာနသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် လီချူးဟန်နှင့် ခဏအတူနေပြီး ထိုလူနာနှင့် မိသားစု အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ထို့နောက် ရှင်းရှန်း ရဲစခန်းသို့ ထွက်လာခဲ့လေသည်။

“ အစ်ကိုကျူး … အစ်ကိုဟွေ့ … ခင်များတို့နှစ်ယောက် ကြည့်ရတာ အတော်လေး ပင်ပန်းနေသလိုပဲ … မျက်ကွင်းကြီးတွေဆိုလည်း မည်းတူးလို့ … ဘာလဲ … ဒီလောက်ထိ ကြိုးစားပြပြီး အစိုးရ ရန်ပုံငွေတွေ အတိုးချပြီး တောင်းချင်နေတာလား …”

“ ပြောမနေစမ်းနဲ့ကွာ …. မင်း စီစဉ်ပေးတဲ့ အခန်း အကောင်းစားကြီးကြောင့်လေ …”

“ အာ…. ဘယ်လိုလုပ် ရုတ်တရက်ကြီး ကျုပ် အပြစ် ဖြစ်ရတာလဲ …”

“ မင်းရဲ့ မရီးက အပျော်တွေလွန်ပြီး စိတ်လှုပ်ရှားသွားတယ်လေ … ခံရတော့ ငါပဲ ခံရတာပေါ့ ….” ကျန်းဟွေ့က ပြောလိုက်သည်။

“ ဟာ … မဟုတ်သေးပါဘူး … ခင်များတို့နှစ်ယောက်က လေးဆယ်တောင် မရောက်သေးဘူး တစ်ညလေးတည်းနဲ့တင် အဲ့လောက် ပြိုင်းသွားရတယ်ပေါ့ …”

“ ချီးကို တစ်ညတည်းလား … တစ်ညတည်း မကဘူး … အဲ့ဒီ မျိုးရိုးနာမည်ဝမ်နဲ့ မန်နေဂျာက ငါတို့နှစ်ယောက်ကို မင်းရဲ့ မိတ်ဆွေတွေမှန်း သိလည်းသိရော နောက်တစ်နေ့ ထပ်ပေးတယ်လေ … အခု ငါ မိန်းမ မြင်ရင်ကို လန့်နေပြီ …”

“ ဟားဟား … အဲ့ဒီပြဿနာက ဖြေရှင်းလို့ လွယ်ပါတယ် … ဒီည ကျုပ် ခင်များတို့နှစ်ယောက်ကို မာဆတ်ကောင်းကောင်း ခေါ်သွားပေးမယ် … သက်တောင့်သက်သာ နားပေါ့ …”

“ စဉ်းတောင် မစဉ်းစားနဲ့ … မင့် မရီးသိသွားခဲ့လို့ကတော့ ငါ့ကို အရှင်လတ်လတ် အရေခွံနွှာမှာ …”

“ တော်ပြီ တော်ပြီ … အဲ့ကိစ္စ မပြောနဲ့တော့ …” ကျူးကျွင်းချီက ပြောလိုက်ပြီး “ လင်းရီ … စုန့်ကျန်း ရဲစခန်းက ဒီကို အမှုတစ်ခု လက်လွှဲလာတယ် … သူတို့ပြောတာတော့ သူတို့က မင်းကို ကိုင်တွယ်စေချင်တယ်ဆိုပဲ …”

ကျူးကျွင်းချီက စာရွက်စာတမ်းဖိုင် တစ်ထပ်ကို စားပွဲပေါ် ကောက်တင်လိုက်ပြီး “ ဒါ ဖိုင်ပဲ … တစ်ချက် ကြည့်လိုက် … ငါတို့ အကူအညီလိုတယ်ဆိုလည်း ပြော ….”

“ အိုကေ …”

လင်းရီ အံ့အားသင့်သွားခြင်း မရှိခဲ့ပေ။ မာတဲ့ဟုန် အမှု ဖြစ်မည်မှာ သေချာသည်။

အရေးမပါသည့်အရာဟု ထင်ရကောင်း ထင်ရနိုင်သော်လည်းပဲ နက်နက်ရှိုင်းရှိင်း တူးဆွကြည့်မည်ဆိုပါက မရိုးရှင်းသည့် ကိစ္စရပ်များကို တွေ့ရှိနိုင်လိမ့်မည်။

သူ၏ သေဆုံးမှုက စုန့်ကျန်းရဲစခန်းထဲတွင် အတွင်းသူလျှို တစ်ဦး ရှိနေကြောင်း ဖော်ပြနေသည်။ ဖရီးမေဆင်၏ လွှမ်းမိုးမှုက ကြောက်ဖို့ကောင်းလောက်အောင်ကို စုန့်ကျန်း ရဲစခန်းအထဲထိပါ ရောနှောဝင်ရောက်နေလျက် ရှိသည်။

အကယ်၍ ယင်းကိစ္စကို မကိုင်တွယ်ဘူးဆိုပါက နောင်တွင် ဖြစ်ပျက်လာနိုင်သည့် အကျိုးဆက်တို့က ခန့်မှန်း မရနိုင်အောင်ကိုပင်။

လင်းရီ ဖိုင်တွဲကို ဖွင့်ပြီး သေချာ တစ်ချက် ကြည့်လိုက်သည်။ ကြည့်ရသည်မှာတော့ သူ မရှိသည့် အချိန်အတွင်း စုန့်ကျန်း ရဲစခန်းက စုံစမ်းစစ်ဆေးမှုတို့ ပြုလုပ်ထားသည့်ပုံပင်။

စုံစမ်းစစ်ဆေးမှုကြောင့် အလောင်းက မသဂြိုဟ်ရသေးပေ။ အချိန်တစ်ခု ကြာသည်အထိတော့ မာတဲ့ဟုန်၏ အလောင်းက ကောင်းမွန်သည့် သက်သေ အထောက်အထား တစ်ခု ဖြစ်၏။

သူ၏ သေမှုသေခင်း အကြောင်းအရင်း အမှန်ကို ရှာဖွေရန်အတွက် ရုပ်အလောင်းမှ စတင်ရမှာ ဖြစ်သည်။

ဤကိစ္စနှင့် စပ်လျဉ်း၍ကတော့ လင်းရီသည် အရည်အချင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ မလိုသည့် စုန့်ကန်း အမည်ရသည့် မှုခင်းဆရာဝန်တစ်ဦးအား ဆက်သွယ်လိုက်သည်။ အကယ်၍ စုန့်ကန်းက ဤတာဝန်ကို ယူမည်ဆိုပါက ရလဒ်မှာ ကျိန်းသေပေါက် ကောင်းမွန်နိုင်သည်။

ကလင် ကလင် ကလင် …

ဖိုင်တွဲကို ဖတ်ရှုနေစဉ်တွင် ချိုးယွီလော့ထံက ဖုန်းဝင်လာခဲ့သည်။

“ ဘာကိစ္စလဲ …”

“ နင့်ရဲ့ အသင်း ၁ က ဟောင်ကောင်ကနေ E အဆင့် ဗီဇဆေးရည် ပုလင်း သုံးဆယ် ယူလာနိုင်ခဲ့တယ်မလား .. အခု သုတေသန ဌာနဘက်က ရလဒ်ထွက်လာပြီ … ပေါင်းစပ်ဖွဲ့စည်းပုံတွေက မစ်ဆူမိသားစုရဲ့ ဆေးရည်နဲ့ ကွဲတယ် … ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိရပြီ …”

“ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတာလားဟ …”

“ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တာတော့ အသုံးပြုတဲ့လူက တစ်ပတ်လောက် ဖျားမယ်၊ နာမယ်၊ မူးဝေ အော့အန်မယ် ၊ တခြား လက္ခာရပ်တွေ ဖြစ်မယ် … လူအပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုးက တစ်လမပြည့်ခင် အချိန်အတွင်းမှာပဲ ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ် …”

လင်းရီ ယခင်က ဤကိစ္စကို အာယာနဲ မစ်ဆူနှင့် ဆွေးနွေးခဲ့ဖူးပြီး သူမမှာ ယုံကြည်ချက်အပြည့်နှင့် သူမတို့ မစ်ဆူမိသားစု၏ ဗီဇဆေးရည်သည် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိကြောင်း အာမခံခဲ့သည်.

ကြည့်ရသည်မှာတော့ ဟုန်မန်ဂိုဏ်း၏ ထုတ်ကုန်က အရည်အသွေး မပြည့်မီသည့်ပုံပင်။

“ အဲ့တာတွေက သာမန်ပါပဲ … တခြား ဘေးထွက်ဆိုးကျိုးတွေရော ရှိသေးလား …” လင်းရီ မေးမြန်းလိုက်ပြီး “ စီ အဆင့် ဆေးရည်လိုမျိုး အသုံးပြုသူရဲ့ သက်တမ်းကိုလည်း လျှော့ချသေးလား …”

“ အဲ့အချက်ကို သက်သေပြနိုင်ဖို့ကတော့ ငါတို့ဘက်က စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ လိုသေးတယ် …” ချိုးယွီလော့ ပြောလိုက်ပြီး “ ဒါပေမယ့် ငါလည်း တူညီတဲ့ မေးခွန်းကို မေးကြည့်ခဲ့တယ် … အုပ်စု ခေါင်းဆောင် တော်တော်များများကတော့ မဖြစ်နိုင်ဘူးလို့ ပြောတာပဲ … ဘာကြောင့်ဆိုတော့ E အဆင့် ဆေးရည်ရဲ့ နည်းပညာက တစ်ကမ္ဘာလုံးအနှံ့မှာ လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလို့ရတဲ့အထိ ကောင်းမွန်နေပြီလေ … ဒီတော့ စီအဆင့် ဆေးရည်လိုမျိုး ဘေးထွက်ဆိုးကျိုးတော့ ရှိမယ် မထင်ဘူး …”

“ အိုကေ … ငါ သဘောပေါက်ပြီ …” လင်းရီ ပြောလိုက်ပြီး “ ငါ အခု မာတဲ့ဟုန် အမှုကို ကိုင်တွယ်တော့မလို့ … တကယ်လို့ တစ်ခုခုဆိုရင် ငါ့ဆီ ဆက်သွယ်လိုက် …”

“ အိုကေ …”

ချိုးယွီလော့နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ဗီဇဆေးရည် ကိစ္စနှင့် ပတ်သက်၍ ဦးနှောက်ခြောက်ခံမနေတော့ချေ။

မည်သို့ပင်ဆိုစေ ထိုအရာက သူ့အရေးကိစ္စမဟုတ်။ သူ့ဘက်က သတင်းကို သိထားဖို့သာလိုသည်။

ထို့နောက် မာတဲ့ဟုန် ကိစ္စနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို စတင်စီစဉ်ပြီး သေသွားရခြင်း အကြောင်းအရင်းကို စတင် စုံစမ်းသည်။

နောက်ပိုင်း၌ လင်းရီသည် စုန့်ကန်းကို ဆကသွယ်၍ အမှုအကြောင်း ဆွေးနွေးခဲ့ပြီး တစ်ဖက်ကလည်း သူ့ကို မကြာမီ ရလဒ်တစ်ခု ရလာစေရမည်ဟု ကတိပေးခဲ့သည်။

သူ့လက်ရှိ အလုပ်တာဝန်နှင့် ပတ်သက်၍ကတော့ လင်းရီသည် ချိန်ပင်းချန်ထံ ဖုန်းခေါ်၍ အလယ်မှနေပြီး အနည်းငယ် ညှိနှိုင်းခိုင်းခြင်းဖြင့် လွယ်လင့်တကူပဲ ဖြေရှင်းလိုက်နိုင်သည်။

ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲခန်း ဝင်ရမည့် အလုပ်ကိုတော့ စုန့်ကန်းနှင့်သာ လွှဲထားလိုက်၏။

သူ စုံစမ်းဖို့လိုအပ်သည်က အချုပ်ထဲသို့ ထည့်ခံရပြီးနောက် မာတဲ့ဟုန်၏ လှုပ်ရှားမှုတိုင်းပင်။

ထို အချင်းအရာကို သူ တစ်ခါက စစ်ဆေးခဲ့ဖူးသော်လည်းပဲ မည်သည့် သဲလွန်စတို့မျှ မတွေ့ခဲ့ရချေ။ စစ်ဆေးသည့် သူ့နယ်ပယ်အတိုင်းအတာကို ချဲ့ထွင်ဖို့တော့ လိုနေလေပြီ။

လင်းရီ ဖုန်းကို ပွတ်ဆွဲရင်း ယခင်က သူ့ကို စုန့်ကျန်း ရဲစခန်းတွင် ကူညီပေးခဲ့ဖူးသည့် စွန်းနင်၏ နံပါတ်ကို တွေ့ရှိသွားခဲ့၏။

မာတဲ့ဟုန်နှင့် ပတ်သက်သည့် စောင့်ကြည့်ကင်မရာ မြင်ကွင်များအားလုံးကို သူ့ထံ ပို့ပေးဖို့ တောင်းဆိုလိုက်ပြီး အရာအားလုံးကို အစမှနေ၍ သေချာ စုံစမ်းစစ်ဆေးဖို့ ဟန်ပြင်လိုက်၏။

တစ်နေရာရာတွင် ပြဿနာ ရှိနေကြောင်းကို လင်းရီ ယုံကြည်သည်။ အကယ်၍ သူသာ ဂရုတစိုက်နှင့် လေ့လာစောင့်ကြည့်မည်ဆိုပါက သဲလွန်စတစ်ခုခုကို ကျိန်းသေပေါက် ရှာတွေ့နိုင်သည်။

တာဝန်များအားလုံးကို ခွဲဝေအပ်နှင်းပြီး ၊ နောက်ဆုံးတွင် လင်းရီထံ၌ အားလပ်ချိန် တစ်ချို့ ထွက်လာခဲ့၏။

ထိုင်ခုံကို မှီ၍ လက်ကို ခေါင်းအုံးလုပ်လိုက်ပြီး မာတဲ့ဟုန်၏ အမှုအကြောင်း စတင် တွေးတောသည်။

ယခုလို ကျယ်ပြန်နှေးကွေးပြီး လေးတိလေးကန်နိုင်သည့် စုံစမ်းစစ်ဆေးမှုအပြင် ရိုးရှင်းသည့် အခြားနည်းလမ်း တစ်ခုလည်း ရှိ၏။ ယင်းကတော့ ဤကိစ္စအကြောင်း သိထားသည့် ဟုန်မန်ဂိုဏ်း ရာထူးအထက်ပိုင်း လူတစ်ချို့ကို ဖမ်းဆီးမေးမြန်းဖို့ပင်။

သူ တစ်ယောက်တစ်လေ ဖမ်းဆီးနိုင်မလား ဆိုတာကတော့ သူ့ကံအပေါ်မှာပဲ မူတည်သည်။

ချိုးယွီလော့နှင့် နင်ချဲ့တို့ဘက်က တစ်ခုခု အကြောင်းထူးလာဖို့ မျှော်လင့်ရ၏။ သို့မှသာ သူလည်း အချိန်ကုန် သက်သာနိုင်လိမ့်မည်။

ကလင် ကလင် ကလင် …

လင်းရီ အတွေး ရေယာဉ်ကြောထဲ နစ်မြောနေစဉ် အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။ ချောင်ရှင်းထံက ဖြစ်၏။

“ ဟယ်လို အစ်ကိုရီ … အလုပ်ရှုပ်နေလား…”

“ မရှုပ်ပါဘူး … ဘာလို့ …”

" ညီမ အခုလေးတင် လူနာမိသားစုနဲ့ အဆက်အသွယ်ရတယ် … ပြီးတော့ သူတို့ရဲ့ သဘောထားက သိပ်ပြီးမှတော့ မကောင်းဘူး … သူတို့ပြောတာ သူတို့မှာ အခုလောလောဆယ် ပိုက်ဆံ မရှိသေးဘူး … ရှာနေတုန်းပဲတဲ့ … ဆေးရုံကို ဆက်ပြီး ကုထားပေးလို့ပြောတယ် … သက်သာလာပြီးရင် သူတို့ နည်းလမ်းရှာပြီး လာပေးမယ်ဆိုပဲ …”

“ တကယ် … သူတို့ တကယ်ပဲ အဲ့လိုပြောလာတယ်ပေါ့ …”

“ အွန်း … အဲ့အတိုင်း အတိအကျပဲ … လူကို ဆဲတောင် ဆဲလိုက်သေးတယ် .. အရမ်း စိတ်တိုဖို့ ကောင်းတာပဲ … “ချောင်ရှင်းက ဒေါသတကြီးနှင့် တိုင်တန်းလာခဲ့၏။

“ အစ်မလီက အစ်ကိုရီရဲ့ အချိန်ကို မဖြုန်းတီးချင်လို့ ညီမကို မပြောဖို့ ပြောတယ် ... ဒါပေမယ့် အစ်မလီလည်း ဒီကိစ္စ မကိုင်တွယ်နိုင်လောက်ဘူးထင်လို့ အစ်ကိုရီကို ဖုန်းဆက်လိုက်တာ …”

“ သူပြောတာ နားထောင်မနေနဲ့ … ငါနဲ့ အပ်ထားလိုက် …” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်သည်။ “ သူတို့ ဖုန်းနံပါတ် ပို့ပေးခဲ့ … ငါကိုင်တွယ်လိုက်မယ် …”

“ အိုကေ …”

ချောင်ရှင်း သဘောတူလိုက်ပြီး လင်းရီထံသို့ လူနာမိသားစု၏ ဖုန်းနံပါတ်ကို ပို့ပေးလာခဲ့သည်။

ဖုန်းနံပါတ် တစ်ခုနှင့် အိုင်ဒီ နံပါတ်မျှပင်။ ယင်းတို့ကလွဲပြီး အခြား အသုံးဝင်သည့် မည်သည့်အရာတို့မျှ ပေးမသွားခဲ့ချေ။

သို့သော် လင်းရီအဖို့ကတော့ … ဤမျှနှင့်တင် လုံလောက်နေချေပြီ။

All Chapters