← Chapters

နေရာတွင် မျက်နှာဖြတ်ရိုက်ခံရခြင်း

Vol. 152 Ch. 2240

နေရာတွင် မျက်နှာဖြတ်ရိုက်ခံရခြင်း

Vol. 152 Ch. 2240

ချောင်ရှင်း‌ဘက်က အချက်အလက်များကို ပို့ပေးလာတော့ လင်းရီလည်း ရဲစခန်း၏ အတွင်း စစ်စတမ်ထဲ တစ်ချက် စစ်ဆေးကြည့်လိုက်သည်။

မိနစ် ၂၀ နီးပါးခန့် ကြာပြီးနောက် သူ့အပျော်လေးများ ကွဲကြေသွားခဲ့ရသည်။

သူ မစစ်ဆေးကြည့်ခင် အချိန်အထိ ဤလူက ဤမျှ အကြွေးပေးစရာ များပြားနေသည့်လူ ဖြစ်နေလိမ့်မည်ဟူ၍ ထင်မှတ်မထားခဲ့ချေ။

သူ့နာမည်က လီတုန်း ဖြစ်ပြီး လွန်ခဲ့သော (၂) နှစ်ခန့်မှ စတင်ပြီး ခရစ်ဒစ်ကတ် အကြွေးများ အချိန်မီ ပေးဆပ်ရန် ပျက်ကွက်မှုဖြင့် မယုံကြည်ထိုက်သူ တစ်ဦး ဖြစ်လာသည်။

လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း အရက်မူးပြီး ကားမောင်းသည့် ပြစ်မှုကို ကျူးလွန်ခဲ့သေး၏။ မည်သို့ပင် ကြည့်ကြည့် ၊ သူ့လုပ်ရပ်တို့က လူကောင်းတစ်ဦး ပုံစံနှင့် မတူညီချေ။

သတင်းအချက်အလက်များ အားလုံးကို တူးဆွကြည့်ပြီးနောက် လင်းရီသည် ထွက်ခွာရန် အလျင်မလိုသေးဘဲ တရားရုံးက သူ့ မိတ်ဆွေတစ်ဦးကို ဖုန်းဆက်ပြီး အတူသွားဖို့ ဟန်ပြင်လိုက်သည်။

မည်သို့ပင်ဆိုစေ လူတစ်ဦး၏ အဆင့်အတန်းက သာမန်ကိစ္စရပ်တစ်ခု မဟုတ်၊ ထို့ပြင် ပြဿနာရပ်များကိုလည်း စကားချည်းသပ်သပ်ဖြင့် ဖြေရှင်း၍ ရနိုင်မှာ မဟုတ်ချေ။

….

ရှင်းရုံ ခရိုင်သည် ကျိုးဟိုင်၏ အလယ်ဧရိယာတွင် တည်ရှိသော်လည်း မပြောင်းလဲသေးသည့် ခရိုင်ဟောင်းတစ်ခုဟု ဆို၍ရသည်။

အတိအကျ တွက်ချက်ကြည့်မည်ဆိုပါက သူ့တွင် နှစ် သုံးဆယ်ကြာ သက်တမ်းသမိုင်းတို့ရှိသည်။

ရှင်းရုံခရိုင်၊ အဆောက်အဦး နံပါတ် ၃ ၊ ယူနစ် 1 ၊ အခန်း ၄၀၁။

လီတုန်း၏ တိုက်ခန်းက ကြီးမားသည်တော့ မဟုတ်။ အိပ်ခန်း တစ်ခန်း ၊ ဧည့်ခန်း တစ်ခန်း အပြင်အဆင်နှင့် ၄၀ စတုရန်းမီတာပတ်လည်မျှသာ ကျယ်ဝန်းသည်။

ထိုအချိန်၌ ရှုပ်ပွနေသည့် အခန်းထဲတွင် အမျိုးသား ငါးယောက် ၊ ခြောက်ယောက်ခန့်က ထိုင်နေပြီး လီတုန်း၏ ဇနီးကလွဲ၍ ကျန်သူများက အပေါ်ပိုင်း ကိုယ်ဗလာနှင့် ဖြစ်နေကြသည်။ စားပွဲပေါ်တွင် ဘီယာပုလင်းများကို ဖာလိုက် တင်ထားပြီး ကြမ်းပြင်တွင်လည်း သောက်ထားပြီးသည့် ပုလင်းခွံများ၊ အမြည်းလုပ်ထားသည့် ဘူးခွံ ဘူးစတို့ ပျံ့ကျဲ့နေသည်။ လေထု အငွေ့အသက်ကတော့ အတော်လေး သက်ဝင်လှုပ်ရှားနေလျက် ရှိ၏။

“ ငါ့ညီဟျောင့် … မင်း အိမ်ကို ဖြိုဖျက်ဖို့အတွက် ပြောင်းရွှေ့ခိုင်းနေတဲ့ လျော်ကြေးကိစ္စကို ငါနဲ့လွှဲထားလိုက် …”

စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ရင်း လီတုန်းက မောက်မာမှု အပြည့်ဖြင့် ဆိုလိုက်သည်။

“ ဒီလို ကိစ္စမျိုးတွေ အထူးကိုင်တွယ်ပေးနေတဲ့ အိမ်နဲ့ ဆောက်လုပ်ရေးဌာနက လူတွေထဲ ငါ့ချိတ်တွေ ရှိတယ် … ငါ မနက်ဖြန် သူတို့ကို တစ်ချက် သွားနှုတ်ဆက်လိုက်မယ် … မင်းအိမ် နေရာပြန်ချရမယ့် အချိန်ရောက်ရင် မင်း သည့်ထက်ပိုပြီး လျော်ကြေးငွေရအောင် ငါလုပ်ပေးမယ် …”

“ ဒါဆိုလည်း ကျုပ် ကျေးဇူးတင်တယ် အစ်ကိုတုန်းရာ ….” ကတုံးနှင့် လူက ပြောလိုက်သည်။

“ ဟေ့ကောင် … မင်းက ငါ့ကို ကျေးဇူးတင်စကားတွေပြောပြီး ယဉ်ကျေးပြနေတာလား … ငါတို့ချင်း ရင်းနှီးလာတာ ဒီလောက်နှစ်တွေ ကြာနေပြီကို ဒါလေးလောက်ကတော့ ငါ့အတွက် ဘာမှဟုတ်တာ မဟုတ်ဘူး … ငါ့ဆီက သတင်းကောင်းကိုပဲ စောင့်နေလိုက် … မနက်ဖြန် ငါ မင်းဖို့ ပြီးအောင် လုပ်ပေးမယ် …”

“ ကောင်းပြီဗျာ … လာ အစ်ကိုတုန်း … ခွက်ချင်း တိုက်ရအောင် …. “

“ စကားမစပ် အစ်ကိုတုန်း … မွေးစားအမေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ …” ကတုံးပေါက်ကေနှင့် အမျိုးသားကမေးလိုက်သည်။

“ မပူနဲ့ … ခွဲစိတ်တာကလည်း အဆင်ပြေတယ် …. ဘာပြဿနာမှ မရှိဘူး …” လီတုန်း ပြောလိုက်သည်။

“ ခွဲစိတ်ရတယ်ဆိုတော့ အတော်လေး ကုန်ကျသွားမှာပေါ့ … ကျုပ်လည်း မနက်ဖြန် အားတာနဲ့ အတော်ပဲ … ဆေးရုံကို တစ်ချက် သွားကြည့်လိုက်ဦးမယ် …”

“ ပိုက်ဆံ ကုန်တယ် ဟုတ်လား …” လီတုန်းက တဟားဟား အော်ရယ်လိုက်ပြီး “ ခွဲစိတ်တာကို ပိုက်ဆံပေးစရာ လိုလို့လားကွ ….”

“ ဟင် … ပိုက်ဆံ မပေးရဘူးပေါ့ …”

“ အမှန်ပဲ … ပိုက်ဆံ ပေးဖို့ မလိုဘူး …” လီတုန်းက စီးကရက်တစ်လိပ်ကို မီးညှိပြီး ကြွားဝါလိုက်သည်။ “ ငါ့ဘက်က ယွမ်တစ်သောင်းပဲ ပေးရတယ် … ကျန်တာ သူတို့နဲ့ အပ်ထားရုံပဲ …”

“ မဖြစ်နိုင်ဘူးနော်…. အူအတက်ရောင်လို့ ခွဲစိတ်တာလေးတောင် သုံးသောင်းလောက် ကုန်တယ် … မွေးစားအမေရဲ့ နှလုံးရောဂါဆိုရင် တစ်သောင်းနဲ့ ဘယ်လိုမှ ကာမိမှာ မဟုတ်ဘူး ..”

“ မလောက်ဘူးဆိုတာက ဘာသဘောလဲ …” လီတုန်းပြောလိုက်ပြီး “ ဆေးရုံတွေကိုက လူနာတွေ အပေါ် ရိတ်လွန်းနေတာ … ခွဲစိတ်ခက တကယ်တမ်း တွက်ကြည့်ရင် ၂,၀၀၀ ဆိုရင်တောင် များလှပြီ … ကျန်တာက သူတို့ဘာသူတို့ လောဘကြီးပြီး ပိုတောင်းနေတာတွေချည်းပဲ … ပိုက်ဆံအများကြီးတော့ ငါလည်း ပေးဖို့ မတတ်နိုင်ဘူး …”

“ ဒါပေမယ့် အဲ့လိုလုပ်လို့က မသင့်ဘူးလေ အစ်ကိုကြီးရာ ….”

“ ဘာမသင့်စရာ အကြောင်းရှိလို့ … မဟုတ်တော့ သူတို့က ငါ့အမေကို ဆေးရုံကနေ ကန်ချမှာလား ဟုတ်လား …” လီတုန်းက အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်ပြီး “ အဲ့လိုလုပ်လို့ကတော့ ငါဒီကောင်တွေကို တရားတောင် စွဲပစ်လိုက်ဦးမယ် … တစ်ယောက်ကို ယွမ်သိန်းဂဏန်း မပေးလို့ကတော့ တစ်ကောင်မှ လွယ်မယ် မထင်နဲ့ ….”

“ အစ်ကိုတုန်း ကြည့်ရတာ ဆေးရုံကိုပဲ လုံးဝ တာဝန်ယူခိုင်းဖို့ လွှဲထားပြီနဲ့တူတယ် …”

“ အဲ့လိုပဲလေ … အဲ့ကောင်တွေ ငါ့အမေကို ခွဲစိတ်ပေးရုံတင် မကဘူး … သူ့ကိုလည်း ကောင်းကောင်းမွန်မွန် ပြုစုပေးရမယ် …” လီတုန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပြီး “ ငါ့အမေသာ တစ်ခုခု ဖြစ်လို့ကတော့ အဲ့ကောင်တွေ အကုန်လုံး ငါနဲ့ တွေ့ပြီသာမှတ် … ငါ … လီတုန်းက မြေအောက်လောကမှာ နှစ်တွေ အကြာကြီး ကျင်လည်လာခဲ့တာ ငါ့ကို လွယ်တဲ့ကောင်လို့များ ထင်နေလား ….”

“ ဆေးရုံက အစ်ကိုကြီးကို လာရှာခဲ့ရင် ဘယ်လိုလုပ်မှာ …”

“ ငါ အဲ့တုန်းက နေရပ်လိပ်စာ မပေးခဲ့ဘူး … ဆေးရုံက ဘောလိုလုပ်လို့ ငါ့လာရှာနိုင်မှာလား …” လီတုန်းက ဆေးလိပ်ပြာကို တောက်ချလိုက်ပြီး “ ပြီးတော့ ငါ ထွက်လာခဲ့တုန်းက ငါ့အမေကို ငါနေတဲ့ လိပ်စာ မပြောဖို့လည်း ပြောထားခဲ့သေးတယ် … သူလည်း ဘာမှ မသိဘူး … ဒီတော့ ဆေးရုံကလည်း ငါ့ကို ရှာမတွေ့တော့ဘူး …”

“ ဟားဟား … အစ်ကိုတုန်းကတော့ အစ်ကိုတုန်းပါပဲဗျာ … ယုတ်မာချက်ကတော့ လေးစားမိပါတယ် … ဒီညီလေးရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါဦး …..”

ကတုံးနှင့်လူက လီတုန်းကို ခွက်ထဲသို့ ဘီယာငှဲ့ပေးရင်း အပြုံးဖြင့် ပြောလိုက်၏။ “ ဒီနေ့တော့ ကျုပ် နည်းလမ်းအသစ်တစ်ခုကို သင်ယူနိုင်လိုက်တာပဲ … နောက်တစ်ခါကျ ဆေးရုံသွားရင် ကျုပ်လည်း ပိုက်ဆံ မပေးတော့ဘူး …”

“ အေး … လုပ်ကြည့် … ဒီနည်းက သောက်ရမ်း သုံးလို့ကောင်းတာ …”

လီတုန်း ပြောလိုက်ပြီး “ အဲ့ဒီ ဆေးရုံလို နေရာမျိုးတွေက လူသာမန်တွေအပေါ် ကြက်သွန်မြိတ်လှီးသလို ပါးပါးလှီးနိုင်တာကလွဲရင် ကျန်တာ ဘာသောက် အရည်အချင်းမှ ရှိတဲ့ဟာတွေ မဟုတ်ဘူး …. အဲ့တော့ အဲ့လိုကောင်တွေကို ဘာမှယဉ်ကျေးပြမနေနဲ့ … ငါ့လိုပဲ မာရည်ကြောရည် နိုင်ပြရတယ်… မင်းဆေးရုံရောက်တာနဲ့ တွေ့တဲ့ ဆရာဝန် ၊ နာ့စ်တွေကို တွန်းထုတ်ပစ် ၊ ပြဿနာရှာပစ် … ဒီကောင်တွေ မင်းကို ရှိန်သွားရင် မင်းလည်း ငါ့လို လုပ်လို့ရပြီ … ဘာစောက်ပိုက်ဆံမှ ပေးဖို့ မလိုတော့ဘူး …”

“ အိုကေဗျာ … ကျုပ် အခုစကပြီး အဲ့လိုပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ …”

ဒေါက် ဒေါက် ဒေါက် …

လီတုန်း လေကောင်းနေချိန်မှာပဲ တံခါးခေါက်သံက အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။

“ အရက်မှာထားတာ လာပို့ပြီ ထင်တယ် … ကျုပ် တံခါး သွားဖွင့်လိုက်မယ် …” ကတုံးနှင့်လူက ပြောပြီး မတ်တပ်ရပ်၍ တံခါးသွားဖွင့်လိုက်သည်။

သို့သော် သူ တံခါးဖွင့်သည်နှင့် ကတုံးနှင့်လူမှာ ကြက်သေသေသွားခဲ့ရသည်။

အပြင်တွင် မတ်တပ်ရပ်နေသည့် လူနှစ်ယောက်က အရက်လာပို့သူနှင့်လည်း မတူချေ။ သူတို့နှစ်ဦး လက်ထဲတွင် မည်သည့်အရာတို့မျှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း ဟန်ပန်အမူအရာက အင်မတန် လေးနက်တည်ကြည်လှသည်။

“ မင်းတို့က ဘာကောင်တွေလဲ ….”

ဤနှစ်ယောက်က အရက်လာပို့တဲ့လူ မဟုတ်တာကို မြင်တော့ ကတုံးနှင့်လူက အာကျယ်ကျယ်နှင့် အော်လိုက်၏။

ထိုအချိန်မှာပဲ လီတုန်းက တံခါးဝတွင် ရပ်နေသည့် လင်းရီကို မထင်မှတ်ဘဲ မြင်တွေ့သွားခဲ့၏။ သူ့ မျက်နှာအရောင် ချက်ချင်း ပြောင်းသွားခဲ့သည်။

“ ငိုးမသားလေး … မင်းက ငါ့အိမ်ထိတောင် လိုက်လာရဲနေတယ်ပေါ့လေ ….”

လီတုန်းက စားပွဲကို လက်ဝါးဖြင့် ဗြန်းခနဲ ရိုက်ပြီး မတ်တပ်ရပ်လိုက်၏။ ဒေါသဆိုသည့် စကားလုံးက သူ့မျက်နှာထက်တွင် ရှင်းရှင်းလင်းလင်းကြီး ရေးထိုးထားသည်။

“ အစ်ကိုတုန်း … အဲ့ငနဲက ဘယ်သူမို့လို့ …” ကတုံးပေါက်ကေနှင့် အမျိုးသားက မေးလိုက်၏။

“ ငါလည်း မသိဘူး … ဒါပေမယ့် သူ့ကြည့်ရတာ ဆေးရုံ လုံခြုံရေး အစောင့်ဖြစ်မယ် ထင်တာပဲ … မနေ့တုန်းက ဆေးရုံမှာ စောက်ကလေးက ငါ့ကို -ီး-ီးလားလားတွေ ပြောပြီး လူကို‌တောင် ကန်သွားခဲ့သေးတယ် …” လီတုန်းက ဆဲရေးတိုင်းထွာရင်း ဆေးလိပ်တိုကို ကောက်ပေါက်လိုက်သည်။

“ ဒင်းကို ရှာမတွေ့မှာ စိတ်ပူနေတာ ဒင်းက ငါ့အိမ်ထိ ရောက်လာတယ်ဆိုတော့ သေချာလေး ဆုံးမပေးရတော့မှာပေါ့ ….”

“ ငိုးမသားလေးက သိပ်သတ္တိကောင်းနေတာပဲ … ငါ့ အစ်ကိုတုန်းကိုတောင် ထိပါးရဲနေတယ်ဆိုတော့ မင်းက သေလမ်းရှာနေတာပဲ …”

အခန်းတွင်းရှိ လူများ လင်းရီထံသို့ စားမည့် ၊ ဝါးမည့် မျက်နှာကြီးများဖြင့် လျှောက်လှမ်းလာနေစဉ် လင်းရီ ပြုံးလျက် ဆိုလိုက်၏။

“ လူတိုင်းပဲ … စိတ်ငြိမ်ငြိမ်ထားကြပါ … ပြည်သူ့ အရာရှိတစ်ယောက်ကို ကိုယ်ထိလိုက်ရောက် စော်ကားတာက ရာဇဝတ်မှုမြောက်တယ်နော်….”

ပြောရင်းဖြင့် လင်းရီ သူ့အိုင်ဒီကို ထုတ်ပြပြီး လီတုန်းနှင့် အခြားသူများရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ချက်ချင်း ဆိုသလို သူတို့အားလုံး တောင့်တင်းကုန်ကြသည်။ ဤလူက ရဲအရာရှိ တစ်ဦး ဖြစ်နေလိမ့်မည်ဟူ၍ သူတို့ထဲ မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

“ ဒါဆိုလည်း အရာရှိကြီး … မင်းတို့က ဒီကို ဘာလာလုပ်တာလဲ …”

“ ကျုပ် ဘာလာလုပ်တာလဲ ခင်များကပဲ မေးရတယ်ရှိသေး ….” လင်းရီ ပြောလိုက်ပြီး “ ခင်များက ယွမ်တစ်သိန်းကျော် ဆေးဖိုး အကြွေးတင်ထားတယ် … ဖုန်းခေါ်တော့လည်း ဖုန်းမကိုင်ဘူး … အိမ်မှာကျတော့ အလျှံပယ် သောက်စားနေတယ် … ပြောစမ်းပါဦး … ကျုပ် ဘာလို့ ရောက်လာတယ်ထင်လဲ …”

အခန်းထဲရှိ လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း၏ မျက်လုံးက လီတုန်းအပေါ်တွင် ကျရောက်နေသည်။

ကြည့်ရသည်မှာတော့ အခြေအနေက ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားသည့်ပုံပင်။

“ ငါ … ငါ ဆေးဖိုး မပေးဘဲ မနေပါဘူး … ဒီတိုင်း ပိုက်ဆံပြည့်အောင် စုနေလို့ …”

“ ခင်များတို့ မြည်းနေတဲ့ အမြည်းတွေ ကြည့်ရတာတော့ ငွေစုနေတဲ့ပုံလည်း မပေါ်ဘူးနော်…”

“ ပြီးတော့ တစ်နေ့လုံး ဖုန်းဆက်တိုက် ခေါ်နေတာကို မကိုင်တာကရော ဘာသဘောလဲ …”

“ အဲ့ဒါက ….”

“ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် ခင်များ တစ်လအတွင်း ဆေးဖိုးအကြွေးကို မချေဘူးဆိုရင် ဘဏ်က ခင်များအခု နေနေတဲ့ အိမ်ကို အကြွေးအဖြစ် သိမ်းမယ် …”

ထိုသို့ ပြောပြီးနောက် လင်းရီ ဘေးသို့ တစ်လှမ်းရွေ့လိုက်၏။

“ သူက တရားရုံးကပဲ .. ကျုပ်တို့ဘက်က အသိလာပေးတာ … နောက် ဘာဆက်လုပ်မလဲဆိုတာကတော့ ခင်များရဲ့ ရွေးချယ်မှုပဲ … ခင်များမှာ ၂၄ နာရီ အချိန်ရတယ် ….”

ပြောဆိုပြီးနောက် လင်းရီနှင့် သူ့မိတ်ဆွေတို့ ထွက်သွားခဲ့ကြသည်။ လီတုန်းမှာတော့ နေရာတွင် ကိုးရို့ကားယား နိုင်စွာ မတ်တပ်ရပ်နေရင်း တစ်ဖက်က သူ့မျက်နှာအပေါ် လက်မတင်ခဲ့သော်လည်း သူ့မျက်နှာတစ်ခုလုံး စပ်ဖျင်းဖျင်း ဖြစ်နေသယောင် ခံစားနေရသည်။

ဤသည်က တကယ့်ကို မျက်နှာဖြတ်ရိုက်ခံရခြင်း ဖြစ်၏။

All Chapters