သူ အာကာသယာဉ် ဆောက်မလို့လား
Vol. 152 Ch. 2245
“ မင်း အစ်မကျီကို ဖုန်းဆက်ပြီးပြီလား …”
“ ဟင့်အင်း …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒီလို ရွံဖို့ကောင်းတဲ့ ကိစ္စတွေကို အစ်မကျီက ကိုင်တွယ်တာ မကျွမ်းဘူးလေ … သူ့ကို ခေါ်ရင်လည်း ပြဿနာကို ရှင်းရမယ့်သူက ကျွန်မပဲ ဖြစ်မှာ … သူ့ကို ခေါ်မယ့် အစား အေးအေးဆေးဆေး နေခိုင်းတာကပဲ ကောင်းပါတယ် …”
“ အင်း … ဒီလိုအရာကြီးကို ငါ့ခေါင်းပေါ် လာတင်ပေးလို့ မင်း ဘိုးဘေးတွေကို ကျေးဇူးတင်တယ် သိလား …”
“ ကျွန်မရဲ့ ဘိုးဘေး ရှစ်ဆက်လုံးက မြေကြီးထဲ ရောက်နေပြီ … ရှင် သူတို့ကို ကျေးဇူးတင်ချင်တယ်ဆိုလည်း သင်္ချိုင်းငွေလေး နည်းနည်းပါးပါး ဝယ်ရှို့ပေးလိုက်ပေါ့ ….”
“ မစ်ဆူ အုပ်စုက လူတွေ ရောက်မလာသေးဘူးမလား …”
“ အရင်က စကားပြောထားတဲ့အတိုင်းဆိုရင် မနက်ဖြန် ရောက်လာလောက်တယ် … ပြီးတော့ ပရောဂျက်က သန်ဘက်ခါဆို စမှာ … ဆမ်ဆောင်းရဲ့ လူတွေက အစောကြီး ရောက်လာပြီး ဒီလိုမျိုး လာတောင်းဆိုလာလိမ့်မယ်လို့ ဘယ်ထင်ထားမှာ … အတော်လေး ဇဝေဇဝါ ဖြစ်စရာပဲ ….”
လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်သွားခဲ့သည်။
“ အဲ့တုန်း သူတို့ရဲ့ မျက်နှာ အမူအရာ လေသံ သဘောထားကရော ဘယ်လိုလဲ …”
“ အတော်လေး ကောင်းပါတယ် … စိတ်ရင်းပါတယ် …. အနည်းဆုံးတော့ ကျွန်မနဲ့ အစ်ကိုချီတို့ နှစ်ယောက်လုံး မူမမှန်တာ ဘာတစ်ခုမှ သတိမထားမိဘူး … ဒါပေမယ့် စီးပွားရေးကိစ္စမှာကျ ဘယ်သူက တပ်အပ်ကြီး ပြောနိုင်မှာ … ဒါကြောင့်မို့ သူဌေးဆီ ဖုန်းဆက်လိုက်ရတာပဲ …”
“ ကောင်းပြီ … ငါ ကိုင်တွယ်လိုက်မယ် …” လင်းရီ ပြောလိုက်ပြီး “ ဘာတွေ ဖြစ်နေလဲ သိရအောင် ငါ ဖုန်းဆက်ကြည့်လိုက်မယ် …”
“ အိုကေ … ပြီးရင် မက်ဆေ့ချ်ပို့လိုက်ဦးနော်…”
“ ငါ ခေါ်လာမှာကို စောင့်နေလိုက် …”
ဟော်ယွမ်ယွမ်နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ဖုန်းကိုကိုင်၍ အပြင်သို့ ထွက်သွားပြီး လီရုံဂျင်းထံ ဖုန်းဆက်လိုက်သည်။
“ ဒါရိုက်တာလင်း …”
“ မင်းတို့ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ … အချိန်စောရောက်လာပြီး နှစ်ဝက်လောက် ဆိုင်းထားချင်တယ်ဆို ….”
ဖုန်းတစ်ဖက်ခြမ်းရှိ လီရုံဂျင်းမှာ အချိန်အတော်ကြာသည်ထိအောင် တိတ်ဆိတ်သွားခဲ့၏။
“ ဒီကိစ္စက တကယ်လည်း ငါတို့ဘက်က ပြဿနာ တက်နေတာ … ကိုယ်က ပူးပေါင်းဖို့ အရင်တောင်းဆိုပြီး အခု ဒီလိုတွေ ဖြစ်လာတယ်ဆိုတော့ ဥက္ကဌကျီနဲ့ ဒါရိုက်တာလင်းကို ဒီစကားမျိုး ပြောရမှာ ရှက်တော့ရှက်စရာပဲ … ဒါကြောင့်မို့ ငါတို့ဘက်က ဘဏ္ဍာရေး ဒါရိုက်တာကို စကားပြောဖို့ လွှတ်လိုက်တာ …”
လီရုံဂျင်း၏ လေသံက အတော်လေး စိတ်ရင်းစစ်မှန်လှပြီး မည်သည့် ဇာတ်လမ်းဖန်တီးမှုကိုမျှ မခံစားမိချေ။
“ တကယ်လို့ သာမန် ကုမ္ပဏီသေးသေးလေးသာဆိုရင်တော့ ငါ ယုံမိမှာပဲ … ဒါပေမယ့် လီမိသားစုရဲ့ အဆင့်အတန်း ၊ ကိုးရီးယားထဲ လွှမ်းမိုးမှုနဲ့ ကမ္ဘာအပေါ်မှာ ဩဇာညောင်းမှုတွေကိုပါ ကြည့်ရင် ဒီလို ငွေနည်းနည်းလေးက မင်းတို့အတွက် ကြီးကြီးမားမား ပြဿနာ မဟုတ်သင့်ဘူးနော်…”
“ အမှန်ပါပဲ … ထွေထူးပြဿနာမဟုတ်ဘူး … ဒါပေမယ့် ငါတို့ အုပ်စုက အခုတလော ပရောဂျက် အသစ်ကို လက်ခံထားပြီး ဖြစ်နေလို့ … သိပ်လည်း အရေးကြီးတယ် … ငွေကြေး အရင်းမြစ်တွေ အကုန်လုံးက အဲ့အပေါ်မှာ သွားစုပြုံနေတာ .. ဘဏ်တွေကနေတောင် ငွေထုတ်ချေးရသေးတယ် … တခြား ပရောဂျက်တွေလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ကို အဲ့လို လုပ်ရတော့တာပဲ … မတတ်နိုင်ဘူး … မဟုတ်ရင် ငါလည်း နင်တို့နဲ့ မျက်နှာပူစရာတွေ မဖြစ်ချင်ပါဘူး …”
“ မင်းအဲ့လို ပြောလာတော့ ငါတောင် အတော်လေး သိချင်မိသွားပြီ … ပရောဂျက်က ဘယ်လောက်တောင် ကြီးမားနေလို့ လီမိသားစုကို ဒီလိုမျိုး ဘဏ္ဍာရေး ကြပ်တည်းသွားအောင် လုပ်နိုင်နေတာ …”
“ ပရောဂျက်က မကြီးဘူး … ဒီတိုင်း အရေးကြီးတဲ့ ဆုံမှတ်နေရာမှာ ပိတ်မိနေလို့ … ဒါကြောင့်မို့ ငါ့ဘက်က နည်းနည်းစောင့်ချင်တာ … ဒါရိုက်တာလင်း … နင် ငါ့ကို ကူညီပေးပါလားဟင် …”
“ မင်းသာ ငါးနှစ်လောက် ပိုငယ်ခဲ့မယ်ဆိုရင် ငါ ကူညီပေးမိမှာပဲ … ဒါပေမယ့် အခုတော့ ဆောရီးပဲ …”
လီရုံဂျင်းမှာ စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
“ ဒါဆိုလည်း ငါတို့ကို အချိန်နည်းနည်းလောက် ပိုပေးနိုင်မလား .. ငါတို့ ငွေကာမိအောင် နည်းလမ်းရှာလိုက်မယ် …”
“ တစ်လ … ငါ့ကို နှလုံးသားမရှိဘူးလို့တော့ မပြောနဲ့ … ဘာပဲဆိုဆို မစ်ဆူ အုပ်စုက ကြည့်နေတယ်လေ … ဒါရိုက်တာ လင်းရဲ့ မျက်နှာက သုံးလို့ ဘယ်လွယ်မှာ …”
“ နားလည်ပါတယ် … ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း ….”
စီးပွားရေး ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။
သူ မည်သို့ပင် ကြည့်စေကာမူ အခြေအနေက အတော်လေး ထူးဆန်းနေတာကို မြင်နေရ၏။
ကုမ္ပဏီ သုံးခု ပူးပေါင်းဖန်တီးမည့် semiconductor ပရောဂျက်၏ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ဘီလီယမ် ၃၀၀ ကျော်သည်။
ကနေဦးပိုင်းတွင် ကုမ္ပဏီတစ်ခုချင်းစီတိုင်း ၁၈ ဘီလီယမ် ရင်းနှီးမြုပ်နှံမှာ ဖြစ်၏။ အုပ်စု သုံးခုအတွက် ဤသည်က သမုဒ္ဒရာထဲရှိ ရေတစ်စက်မျှသာ ရှိသည်။
သို့တိုင် ဆမ်ဆောင်းဘက်က ယခုလို ရွေ့ကွက်မျိုး လှုပ်ရှားလာသဖြင့် လူကို တကယ်ပဲ သိချင်အောင် လာဆွနေသည်။
ဂုဏ်သိမ်ကြီးမားတဲ့ ဆမ်ဆောင်းက ဘဏ္ဍာရေး ကြပ်တည်းနေတယ်ဆိုပါလား … ဒီ လီရုံဂျင်းက အာကာသယာဉ်များ ဆောက်နေလား မသိဘူး …
ကလင် ကလင် ကလင် …
လီရုံဂျင်းအကြောင်း ဟော်ယွမ်ယွမ်ထံ မက်ဆေ့ချ်ပို့ပြီသည့် အချိန်မှာပဲ ဖုန်းက တစ်ဖန် ထပ်မြည်လာသည်။
ရင်းနှီးနေသည့် အမည်မသိ နံပါတ် တစ်ခု ဖြစ်၏။
“ လူကြီးမင်း လင်း …”
ဖုန်းချိတ်ဆက်သွားသည်နှင့် အာယာနဲ မစ်ဆူ၏ ညင်သာသည့် အသံက ဖုန်းထဲမှ တစ်ဆင့် ထွက်ပေါ်လာသည်။
“ ဒီအချိန်ကြီး ဖုန်းဆက်လာတယ်ဆိုတော့ ပရောဂျက် ကိစ္စ ဆွေးနွေးမလို့တော့ မဟုတ်ဘူးလား ….”
“ ကျွန်မ အခု ဟွာရှကို ရောက်နေပြီ … တွေ့ဖို့ အချိန်ရလား …”
“ မင်း ဟွာရှရောက်နေတယ် ဟုတ်လား …”
“ ကော်ပိုရေးရှင်းအတွက် ရောက်လာခဲ့တာလေ … “ အာယာနဲ မစ်ဆူက ရယ်သွမ်းလျက် ပြောလိုက်၏။
“ ရှင်နဲ့ စကားပြောရတာက အမှုဆောင် အဖွဲ့၀င်တွေကို စကားပြောရထက် ပိုပြီး အဓိပ္ပာယ် ရှိမယ်ထင်လို့ ... ဘယ်လိုလဲ … လူကြီးမင်းလင်းမှာ တွေ့ဖို့ အချိန်ရှိရဲ့လား မသိဘူး …”
လင်းရီ နာရီကို တစ်ချက် ကြည့်လိုက်တော့ မွန်းလွဲပိုင်း နှစ်နာရီကျော် ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
“ မင်း အခု ဘယ်မှာလဲ … ငါ မင်းဆီ လာခဲ့မယ် …”
အာယာနဲ မစ်ဆူက ဟွာရှသို့ ရောက်လာပြီ ဖြစ်သဖြင့် မည်သို့သော အချိန်မှာပဲ ဆက်သွယ်လာပါစေ၊ သူ သွားမှာ ဖြစ်သည်။ သူတို့နှစ်ဦး၏ ရင်းနှီးပတ်သက်မှုက ချစ်သူရည်းစား မကျ၊ သူငယ်ချင်း မကျ ၊ နည်းနည်းတော့ ထူးခြား၏။
တောင်းဆိုမှုက တရားလွန် ဖြစ်မလာသရွေ့ လင်းရီသည် အာယာနဲ မစ်ဆူကို ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ချေ။
ဘာကြောင့်ဆိုတော့ သူမက လင်းရီ အတူအိပ်ခဲ့ဖူးသည့် တစ်ဦးတည်းသော B cup နှင့် အမျိုးသမီး ဖြစ်နေသောကြောင့်ပင်။
“ ဝမ်ကျန်း ဟိုတယ်က အခန်း 1708 မှာ …”
“ စောင့်နေ … ငါ အခု လာနေပြီ …”
“ အိုကေ …”
ဖုန်းချပြီးနောက် လင်းရီ ဝမ်ကျန်းဟိုတယ်သို့ မောင်းထွက်လာခဲ့လိုက်သည်။
ထို့နောက် အခန်း 1708 ၏ တံခါးကို ခေါက်လိုက်၏။
တံခါး ပွင့်ဟလာသည်နှင့် အနက်ရောင် ညအိပ် ဇာဂါဝန်ဝတ်စုံကို ဝတ်ဆင်ထားသည့် အာယာနဲ မစ်ဆူက လင်းရီ၏ မြင်ကွင်းထဲ ရောက်ရှိလာသည်။ ဂါဝန်က တိုသပ်လွန်း၍ အောက်ပိုင်းကို မလှုံ့တလုံသာ ဖုံးထားပေးနိုင်သည်။ ရင်ဘက်တွင်လည်း ငေးကြည့်ရလောက်အောင် ဖြူဖွေးနေသည့် ရင်သားကို အနည်းငယ် လှစ်ဟာပြထား၏။
“ လူကြီးမင်းလင်း .. ရှင် ရောက်လာပြီပဲ …”
လင်းရီ အထဲသို့ ဝင်ပြီ ခြေထောက်နှင့် တံခါး ပိတ်လိုက်သည်။ ထို့နောက် အာယာနဲမစ်ဆူကို ခါးမှ ပွေ့ချီပြီး မည်သည့် စကားတို့မျှ မဆိုပါဘဲ အိပ်ရာပေါ် ပစ်တင်လိုက်၏။
သံစဉ်ညည်းသံတို့ ထွက်ပေါ်လာခဲ့ပြီး အိပ်ခန်းထဲတွင် လေးလံသည့် ရင်ဖိုလှိုက်မောသံတို့ စည်းချက်ညီညီ ထွက်ပေါ်လာနေသည်။
နှစ်နာရီခန့် ကြာပြီးနောက် ပြင်းထန်သည့် ကိုယ်လက်လေ့ကျင့်မှုလည်း ပြီးဆုံးသွားခဲ့သည်။
ပြန်လည် အားပြည့်လာရန်အတွက် အာယာနဲမစ်ဆူ မိနစ် နှစ်ဆယ်ခန့်မျှ အနားယူလိုက်ရပြီး ကုတင်ပေါ်တွင် ပျင်းရိစွာ ထထိုင်လိုက်၏။ ထို့နောက် ရေချိုးကာ တဘက်ပတ်လျက်သားဖြင့် လင်ရီ နံဘေးတွင် ထိုင်နေသည်။
“ မင်းက အသေးအမွှားကိစ္စလေးအတွက်နဲ့ ဒီအထိ ရောက်လာတယ်ပေါ့ … မင်း စိတ်ဆန္ဒတွေ သိပ်ပြင်းပြနေတာကြောင့်လို့တော့ ငါ့ မပြောနဲ့နော်….”
“ ကျွန်မ လွမ်းလို့လေ … အဲ့တာကြောင့် လာခဲ့လိုက်တာ …”
လင်းရီ၏ ကြီးမားသည့် လက်ဖဝါးကြီးက အာယာနဲ မစ်ဆူ၏ အောက်ပိုင်းကို ဖျစ်ညှစ်လိုက်သည်။
“ ဒီတော့ … နောက်တခြား ဘာတွေ ရှိသေးလဲ ….”
အာယာနဲ မစ်ဆူက ကျီစယ်မြူးတူးစွာဖြင့် အဆိုပြုလာသည်။ “ ဟောင်ကောင်က အခြေအနေကိုလည်း ရှင်နဲ့အတူတူ စူးစမ်းလေ့လာချင်သေးတယ် …”
“ ဟင် … မင်း ဘာလို့ ရုတ်တရက်ကြီး သူတို့ အကြောင်း မေးလာခဲ့တာ …”
“ သတင်းက မှောင်ခိုမားကတ်ကပဲ …” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ အာရှမှာ ကျွန်မတို့ မိသားစုရဲ့ E အဆင့် ဗီဇဆေးရည်အပြင် ဆေးရည်ကို ထုတ်လုပ်နိုင်နေတဲ့ တခြား တစ်အုပ်စုလည်း ရှိနေတယ်… ကျွန်မကတော့ ဟောင်ကောင်က ဖြစ်မယ်လို့ ထင်တယ် …”
လင်းရီ စက္ကန့်အနည်းငယ်ကြာ တွေးတောလိုက်ပြီး “ မင်းမှန်းတာ မှန်တယ် .. ဟောင်ကောင်က ဟုန်မန်ဂိုဏ်းပဲ … ဒါပေမယ့် အခုတော့ ပြိုလဲလို့ အခွံပဲ ကျန်တော့တယ် …”
“ တကယ်ပဲ သူတို့ကိုး ….” အာယာနဲ မစ်ဆူ အံ့အားမသင့်သွားခဲ့ချေ။ သူမ ခန့်မှန်းထားသည့် အတိုင်းအတာအတွင်းမှာ ရှိနေဟန်ရသည်။
“ မင်း သိထားပြီးပြီပေါ့ …”
“ တကယ်တော့ ခန့်မှန်းရ လွယ်ပါတယ် ….”
“ အာရှတစ်ခွင်မှာ အဲ့လို ပစ္စည်းမျိုး ထုတ်နိုင်တဲ့ အင်အားရှိတာဆိုလို့ ကျွန်မတို့ မစ်ဆူမိသားစုရယ် ၊ ကိုးရီးယားက လီမိသားစုရယ် ၊ ပြီးတော့ ဟွာရှနဲ့ ဟောင်ကောင်ရယ်ပဲ …” အာယာနဲ မစ်ဆူ ပြေလိုက်ပြီး “ နိုင်ငံတကာ ရေးရာ အခြေအနေကြောင့် ပြည်မကြီးက ဒီလို ကိစ္စမျိုးတွေနဲ့ မပတ်သက်ဘူး … လီမိသားစုကလည်း နှစ်ပေါင်းများစွာ ကြိုးစားနေပေမယ့် အခုထက်ထိ အရာမထင်သေးဘူး … ဒီတော့ ဟောင်ကောင်တစ်ခုတည်း ဖြစ်နိုင်ချေရှိတော့တယ် … ဟောင်ကောင်မှာ အင်အားအကြီးဆုံးက ဟုန်မန်ဂိုဏ်းလေ … ဒီတော့ သူတို့ဖြစ်မယ်လို့ ခန့်မှန်းမိတာတော့ ကြာပါပြီ …”
“ ဒါပေမယ့် ပြဿနာက ဟုန်မန်ဂိုဏ်းခေါင်းဆောင် လီကျန်းချွမ်နဲ့ သူ့သား လီယင်ဟုန်တို့က ဆေးရည်ရဲ့ ဒေတာ အချက်အလက်တွေနဲ့ ပျောက်သွားခဲ့ကြတာပဲ … အခုချိန်ထိ ဘာသတင်းမှ မကြားမိသေးဘူး …”
“ ပျောက်သွားတယ် ဟုတ်လား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါ သူတို့ကို ရှာနေတာ …”
“ ဒါပေမယ့် သူတို့ တကယ်ပဲ ထွက်ပြေးနိုင်မှာမို့လို့လား … အဲ့လိုလုပ်တာက ကျိုးကြောင်း မညီဘူးလေ …”
စာစဉ် (၁၅၂)ပြီး၏။