ကံကောင်းခြင်းစုဝေးရာ ရုံချန်း! ၂
Vol. 80 Ch. 1186
မော်တော်ဘုတ်ပေါ်တွင် ရဲဝတ်စုံယူနီဖောင်းနှင့် လက်န*က်ကိုင်ထားသူများပါသည်။
အများစုက ငါးဖမ်းပိုက်ပစ်သောလက်န*က်များဖြစ်၏။
သဘာဝဘေးမဲ့တောကိုကာကွယ်ရန် ရုံချန်းမှလွှတ်ထားသူများဖြစ်သည်။ ကိစ္စကြီးမဟုတ်သော်လည်း ရှေ့လျှောက်ဒီလူတွေက သဘာဝဘေးမဲ့တောကိုပတ္တရောင်လှည့်သောအဖွဲ့ဖြစ်လာမည်။
နောက်ပြီး ပတ္တရောင်အဖွဲ့တွင်ဒရုန်းများလည်းပါမည်ဖြစ်၍ ပတ္တရောင်လှည့်သောအခါ အနီးအနားပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
မြစ်ဝှမ်းတဖက်စီတွင်ကင်မရာများတပ်ဆင်ဖို့တောင် ရုံချန်းကလူလွှတ်ထားပြီးဖြစ်သည်။
အန္တလန္တိတ်ငါးကိုကြံစည်ရဲသူရှိရင် အပ်ချုပ်စက်စာမိသွားမည်။
ချန်လီက ချီခိုင်ရုံကိုအဖော်ပြုပြီးလမ်းလျှောက်နေသည်။ တချို့နေရာများတွင် ရေမျက်နှာပြင်တည့်တည့်ကင်မရာများတပ်ဆင်ပြီးဖြစ်သည်။ ငါးဓာတ်ပုံရိုက်ကူးရေးဝါသနာရှင်များမှာ အန္တလန္တိတ်ငါးအတွက်ရောက်နေကြပြီ။
ချင်းလင်စံအိမ်ရေပေါ်တံတားမှာလည်း ဒီအတောအတွင်းပြည့်နေသည်။
အန္တလန္တိတ်ငါးကြည့်ရန်အကောင်းဆုံးနေရာမှာ ချင်းလင်စံအိမ်ရေပေါ်တံတားဖြစ်သည်။
တချို့အန္တလန္တိတ်ငါးများက ထိုနေရာကိုကပ်နေကြသည်။ အစာကျွေးသူရှိမှန်းသိ၍ ပတ်သွားနေ၏။ အချိန်နှင့်အမျှ အသံပေးပြီး ခရီးသည်များကိုခေါင်းပြူပြသည်။
ထိုအချိန်တွင် ခရီးသည်များကလည်း အထူးငါးစာကိုအကုန်အကျခံဝယ်ကြသည်။
ဒီနေရာတွင် အဆင်းအာနိသင်က အလွန်ကောင်းသည်ဟုဆိုရမည်။
ရေပေါ်တံတားတွင် ခရီးသည်အရေအတွက်ကန့်သတ်ထားတာနှမြောစရာ။ ရေပေါ်တံတားရှုခင်းကြည့်ရန် ခရီးသည်အများစုကတန်းစီရသည်။
တလောကလုံးမှာ အန္တလန္တိတ်ငါးရုတ်တရက်ပေါ်လာခြင်းကြောင့်အရှိန်ရနေစဉ် ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်းထဲ၌ ချင်လင်မှာသူ့စိတ်ထဲမှအသိပေးစာကိုဖတ်ပြီး အလန့်တကြားမတ်တပ်ထရပ်လိုက်သည်။
(ဂုဏ်ယူပါတယ်... ရေယက်ဖြူလင်းပိုင်ကိုဖမ်းမိပါတယ်!)
ရေယက်ဖြူလင်းပိုင်?
ဂိမ်းဇာတ်ကောင်အား မြစ်တဖက်ကမ်းလမ်းလျှောက်စေရင်း ဒါမျိုးရလာမည်ဟု ချင်လင်မထင်မိ။
ဂိမ်းထဲတွင် မြစ်က စိုက်ပျိုးရေးခြံထဲဖြတ်စီးဆင်းပြီး သတ္တုမြို့တော်အပြင်ဘက်ဝိုက်သွားသည်။
ဂိမ်းထဲတွင် မြစ်ဘယ်နေရာမဆိုငါးမျှားနိုင်သည်။
အရင်က ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံနားမှာသာ ငါးမျှားခိုင်းလေ့ရှိသည်။
ဒီတစ်ခါ ဂိမ်းဇာတ်ကောင်ကို မြစ်တဖက်ကမ်းသွားမျှားစေသည်။
အစက ရေယက်ဖြူလင်းပိုင်အကြောင်း သူမသိ။
အန္တလန္တိတ်ငါးအကြောင်းရှာဖတ်ဖူး၍ ထိုငါးအကြောင်းသိလာသည်။
ရေယက်ဖြူလင်းပိုင်မှာ လင်းပိုင်မျိုးကွဲဖြစ်သည်။
ရေယက်ဖြူလင်းပိုင်ကို ပိုင်ကျီလင်းပိုင်၊ ဝေလငါးဖြူ စသည်ဖြင့်လည်းသိကြသည်။ တရုတ်ပြည်မှာသာရှိပြီး တရုတ်တွင်ပြိုင်စံရှားရေချိုငါးဖြစ်သည်။
ပိုင်ကျီမှာ လွန်ခဲ့သောနှစ် ၂၅ သန်းကတည်းက ချန်ခုံးမှာရှိခဲ့ပြီး သက်ရှိရုပ်ကြွင်းအဖြစ်သိကြသည်။
တနည်းဆိုသော် ပိုင်ကျီနှင့်ပိုင်ရွှင်မှာ နေရပ်တူပြီး တနယ်တည်းသားဟုဆိုနိုင်သည်။
သို့ရာတွင် ပိုင်ကျီက ပိုင်ရွှင်ထက်သက်တမ်းပိုရင့်၊တန်ဖိုးပိုရှိပြီး နိုင်ငံ့ရတနာနှင့်ပိုတူသည်။
ပိုင်ရွှင်ကိုနိုင်ငံ့ရတနာအဖြစ်သတ်မှတ်နိုင်ခြင်းမှာ လွန်ခဲ့သောနှစ် ၂၀ ကတည်းက အန္တလန္တိတ်ငါးတစ်မျိုး မျိုးတုံးသွားသောကြောင့်ပင်။
အဲဒီအချိန်က ပိုင်ကျီမှာ ရေထဲတွင်နံပါတ်တစ်နိုင်ငံ့ရတနာဖြစ်ပြီး ပိုင်ရွှင်က နောက်ကလိုက်သည်။
ရွှေရောင်ငါးမျှားတံနှင့် ဒီငါးမျိုးဖမ်းနိုင်မည်ဟု ချင်လင်မထင်မိ။
သူကချက်ချင်း ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်ခိုင်းပြီး ပိုင်ကျီကိုရေကန်ထဲထည့်စေသည်။
ထို့နောက် ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ပိုင်ကျီမှာ အလွန်ကြီးပြီးနှစ်မီတာလောက်ရှိမည်။ တကိုယ်လုံးဖြူဆွတ်နေ၏။ လင်းပိုင်လိုချစ်စရာကောင်းပြီး ဝေလငါးလိုကောက်ကြောင်းမျိုးနှင့်ပြီးပြည့်စုံသောခန္ဓာကိုယ်ရှိသည်။
(အလှကြည့်သဘာဝပိုင်ကျီငါး: အထူး)
(ကုန်းတွင်းမြစ်များတွင်နေတတ်သော အလွန်ရှေးကျသည့်လင်းပိုင်ငါးဖြစ်သည်။ တစ်နေရာတွင်အသားကျပြီးနောက် တခြားနေရာများကိုမှီခိုတတ်သည်။ ရွှေရောင်နှင့်အထက်ငါးမျှားတံသာ ဖမ်းမိနိုင်သည်:
အဆင်း +၂၊ ပျော်စရာကောင်းခြင်း +၂၊ လူနှင့်အနေနီးခြင်း +၃၊ ချစ်စရာကောင်းခြင်း +၃၊ အသက်ကယ်ခြင်း +၂၊ အရသာ -၂၊ စားကောင်းခြင်း -၂!)
ချင်လင်လည်း ပိုင်ကျီအရည်အသွေးများကိုဖတ်လိုက်သည်။
အဆင်း +၂၊ ပျော်စရာကောင်းခြင်း +၂ က ပိုင်ရွှင်နှင့်ဆင်သည်။ လူနှင့်အနေနီးခြင်း +၃၊ ချစ်စရာကောင်းခြင်း +၃ က မတူ။
ပိုင်ကျီမှာ အသက်ကယ်ခြင်း +၂ လည်းပါသည်။
ထိုအရည်အသွေးကို အလိုလိုသိနိုင်သည်။ လင်းပိုင်တွေမှာ ဒီလိုအကျင့်ရှိသည်။ အထူးသဖြင့် ပိုင်ကျီပင်။
ပိုင်ကျီမှာ အသက်ကယ်ခြင်း +၂ ရှိမည်ဟုမထင်မိ။
တဖက်တွင် ပိုင်ကျီမှာ စားကောင်းခြင်းနှင့်အရသာနှစ်ခုလုံး -၂ ရှိသည်။
ထူးဆန်းသည်။
အန္တလန္တိတ်ငါးမျိုးတုံးရခြင်းမှာ စားကောင်းခြင်း +၂ နှင့် အရသာ +၂ ကြောင့်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ရှေးလူတွေအကုန်ကြိုက်ကြသည်။
သို့ရာတွင် ပိုင်ကျီအရသာနှင့်အတွေ့အထိက -၂ ရှိသည်။ အစားခံရမည့်ကံကြမ္မာမျိုးမရှိသော်လည်း မျိုးတုံးခဲ့သည်။ ပိုင်ရွှင်ထက်တောင် နှစ် ၂၀ ကျော်စောပြီး မျိုးတုံးခဲ့၏။
ဒါကိုရှင်းပြနိုင်စွမ်းမရှိ။
ချင်လင်ကချက်ချင်း တစ်ခုခုတွေးမိသည်။ ရုံချန်းမှာ ပိုင်ရွှင်ထွက်လာပြီး အုတ်အော်သောင်းတင်းဖြစ်ခဲ့သည်။
အခုရုံချန်းမှာ အန္တလန္တိတ်သဘာဝဘေးမဲ့တောဆောက်နေဆဲရှိသေးသည်။
ရုတ်တရက် ရေယက်ဖြူလင်းပိုင်ထွက်လာရင် ဘယ်လိုဖြစ်မလဲ? ဘယ်လောက်အံ့ဩစရာကောင်းမလဲ?
အဲဒီကျရင် လူတိုင်းအံ့အားသင့်ကုန်မယ်မလား? ဒီနိုင်ငံ့ရတနာတွေ ရုံချန်းကိုဘာလို့သဘောကျလဲ? နောက်ပြီး မျိုးတုံးပြီလို့ကြေညာထားတဲ့နိုင်ငံ့ရတနာဖြစ်နေသည်။
အန္တလန္တိတ်ငါးမျိုးတုံးတာမကြာသေးသော်လည်း ရေယက်ဖြူလင်းပိုင်မျိုးတုံးတာ နှစ် ၂၀ ကျော်ကြာခဲ့ပြီ။
ဒါက ပိုလန့်စရာကောင်းသည်။
ပိုင်ရွှင်က ရုံချန်းရာသီဥတုကြောင့်ရောက်လာတာဆိုရင် ပိုင်ကျီကရော?
ရုံချန်းမှာလေ့လာချင်သူပညာရှင်များထွက်လာမည်။ ရှေးက ရုတ်တရက်ကံကောင်းသလိုပင်။
ကံကောင်းသောအခါ အဖော်အပေါင်းပါတတ်သည်။
အဲဒီအချိန်ကျ မင်မြစ်ထဲမဝင်ဖို့တားမြစ်ကောင်းတားမြစ်ကြမည်။
နောက်ပြီး ရှေ့လျှောက် မျိုးတုံးငါးဖမ်းမိတိုင်းလွှတ်ပေးမယ်ဆိုရင် မဖြေရှင်းနိုင်တဲ့ထူးဆန်းထွေလာတွေဖြစ်လာပါ့မလား?
ချင်လင်ကစဉ်းစားကြည့်ပြီး အတွေးနှင့်ဂိမ်းထဲမှပြန်ထွက်လိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်အား စောစောကငါးမျှားခဲ့သောမြစ်နေရာသွားပြီး ငါးစာတပ်ကာငါးမျှားချိတ်ချစေသည်။
?…?
…
(ဂုဏ်ယူပါတယ်... အထူးရေယက်ဖြူလင်းပိုင်ဖမ်းမိပါတယ်!)
…
?…?
(ဂုဏ်ယူပါတယ်... အထူးရေယက်ဖြူလင်းပိုင်ဖမ်းမိပါတယ်!)
…
သူငါးဆက်မျှားသည်။
ဒီနေ့ငါးမျှားရမည့်အကြိမ်ရေကုန်သည်အထိ ရေယက်ဖြူလင်းပိုင်စုစုပေါင်း ၄ ကောင်ဖမ်းမိသည်။
သူကအလောတကြီးဘာမှမလုပ်ဘဲ နောက်နေ့ငါးဆက်မျှားသည်။
နောက်ရက်များတွင် ရေယက်ဖြူလင်းပိုင်အကောင် ၂၀ ကောင်ထပ်မိသည်။
ထိုအချိန်တွင် အချိန်တန်ပြီဟုသူလည်းထင်သည်။ ဘာပဲဖြစ်ဖြစ် ပိုင်ရွှင်နဲ့ပိုင်ကျီငါး အရေအတွက်ချင်းတူစရာမလို။
ထို့ကြောင့် ကြယ်မမြင်၊လမမြင်ညတွင် ချင်လင်ကရေလှောင်တမံလမ်းအတိုင်းလျှောက်သွားပြီး ကုန်းပေါ်တစ်နေရာ၌အင်္ကျီချွတ်ကာ ရေထဲခုန်ချလိုက်သည်။
ရေထဲရောက်သောခဏတွင် Kappa ၏ +၃ အရည်အသွေးက အစွမ်းပြလာသည်။
ရေထဲဒိုင်ဗင်ထိုးပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ လုံးဝလူမမြင်နိုင်။
ဂိမ်းစိုက်ပျိုးရေးခြံတွင် ရေကန်ဆီသွားကာ ပိုင်ကျီကိုထုတ်သည်။
ပိုင်ကျီက ပိုင်ရွှင်ထက်ပိုသေးသွယ်သောကြောင့် ချက်ချင်းအတွေးနှင့်ဂိမ်းထဲမှထွက်ပြီး ပိုင်ကျီကိုရေထဲထည့်လိုက်သည်။
ထို့နောက် ဂိမ်းထဲအကြိမ်ကြိမ်ဝင်ကာ ပိုင်ကျီများဆက်ထုတ်သည်။
အချိန်အတော်ကြာကြာလျှောက်ကြည့်ပြီးနောက် ချင်လင်ကဘာမှမဖြစ်ခဲ့သလိုအပန်းဖြေစံအိမ်ပြန်လာပြီး ကျောက်မိုချင်းကိုကလေးကူသိပ်ပေးသည်။
ချင်ဖုန်းလေးအိပ်ပျော်ပြီးနောက် ချင်လင်ကကျောက်မိုချင်းကိုကောက်ချီကာ အားတက်သရောနှင့်_
"ကောင်ဆိုးလေး နောက်ဆုံးတော့အိပ်သွားပြီ... ကိုယ်စောင့်နေတာ''
ကျောက်မိုချင်းက ရှက်ပြီး_
"ရှင်.. ရှက်လဲမရှက်ဘူး.. လူလိုမပြောတတ်ဘူးလား?''
"ချင်ဖုန်းလေးက ညီမလေးလိုချင်မှာပေါ့''
ချင်လင်၏ဂုဏ်ဆာသံနောက်တွင် ဆွဲဖြဲသံများထွက်လာသည်။
ထို့နောက် တဖြည်းဖြည်း အသံများတိတ်သွားလေသည်!
…
ညပိုင်းကုန်လွန်သွားသည်။
နေမြင့်သည်ထက်မြင့်လာပြီး ကမ္ဘာပေါ်အလင်းပေးပြန်သည်။ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ စည်ကားနေသည်။
မနက်အစောကြီး ချန်လီက ချီခိုင်ရုံနှင့်အတူ မြစ်ထဲရောက်နေသည်။ မော်တော်ဘုတ်နှင့်မြစ်အလယ်ရောက်နေ၏။
ဒီနေ့ ရေအရည်အသွေးစစ်ဆေးရန် ချီခိုင်ရုံကလူတချို့ခေါ်လာသည်။ ပိုင်ရွှင်ရုတ်တရက်ထွက်လာ၍ ရေအရည်အသွေးကြောင့် ပိုင်ရွှင်နေမကောင်းဖြစ်မှာသူတို့စိတ်ပူသည်။
"အာ.. မစ္စတာချီ.. ဟိုမှာ ပိုင်ရွှင်နှစ်ကောင်... ပုံမှန်မဟုတ်ဘူး''
ရုတ်တရက် ပညာရှင်တစ်ဦးက ခပ်လှမ်းလှမ်းမှရေလှိုင်းများကိုညွှန်ပြရင်း အော်ပြောသည်။
ချီခိုင်ရုံကလှမ်းကြည့်လိုက်ရာ ဖြူဖြူအကောင်ကြီးနှစ်ကောင်က ရေလှိုင်းထအောင်လုပ်နေသည်။ အန္တလန္တိတ်ငါးများပင်။ ရုတ်တရက် ငါးနှစ်ကောင်က ရေအပြင်ခုန်ထွက်လာသည်။
ထိုမြင်ကွင်းကြောင့် သူတို့ပညာရှင်များအံ့အားသင့်သွားသည်။
အန္တလန္တိတ်ငါးက ဒီလိုမလုပ်တတ်သောကြောင့်ပင်။ သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဒီလိုလုပ်နိုင်စွမ်းမရှိ။
“အန္တလန္တိတ်ငါးမဟုတ်ဘူး… ဒါပေမဲ့ ဘာကြီးလဲ?’’
ချီခိုင်ရုံက အလန့်တကြားပြောသည်။