← Chapters

မျိုးတုံးတာ နှစ် ၂၀ ကျော်တဲ့နိုင်ငံ့ရတနာ!

Vol. 80 Ch. 1187

မျိုးတုံးတာ နှစ် ၂၀ ကျော်တဲ့နိုင်ငံ့ရတနာ!

Vol. 80 Ch. 1187

ချီခိုင်ရုံသာမက တခြားပညာရှင်များကလည်း အန္တလန္တိတ်ငါးမဟုတ်မှန်းသိကြသည်။

အပြင်လူချန်လီတောင် နားလည်သည်။

ဒါပေမဲ့ အန္တလန္တိတ်ငါးမဟုတ်ရင် ဘာလဲ?

ရေလှောင်တမံထဲမှာ တခြားငါးတွေက ဒီလောက်ကြီးလို့လား?

"မြန်မြန်သွားကြည့်ရအောင်''

ချီခိုင်ရုံက အလောတကြီးအော်သည်။

အန္တလန္တိတ်ငါးက ရုံချန်းရာသီဥတုကြောင့်ရောက်လာတာဆိုရင် တခြားငါးတွေရောရောက်မလာနိုင်ဘူးလား?

ဒါရောက်လာတဲ့ငါးတွေဖြစ်မည်။

ဒါပေမဲ့ ဘယ်လိုငါးမျိုးက ဒီလောက်ကြီးတာလဲ?

မော်တော်ဘုတ်ကို ချီခိုင်ရုံကဖြည်းဖြည်းမောင်းခိုင်းသည်။ စောစောကပေါ်လာသောငါးများ လန့်သွားမည်စိုးသောကြောင့်ပင်။

သို့ရာတွင် သူတို့ချည်းကပ်လာသည်ကို ငါးကသတိထားမိပုံရသောကြောင့် သူအံ့ဩသွားသည်။ သူတို့ဆီအမြန်ကူးခတ်လာပြီး သူတို့မော်တော်ဘုတ်ကိုတောင်ပတ်နေသည်။

ချီခိုင်ရုံလည်း မော်တော်ဘုတ်ရပ်ခိုင်းလိုက်သည်။ ထို့နောက် ဗွမ်းခနဲအသံကြားရပြီး သူတို့မျက်စိရှေ့တွင် ဖြူဖြူအကောင်ကြီးပေါ်လာသည်။

နောက်တစ်ကောင်ကလည်း ရေထဲမှထွက်လာသည်။

နှစ်ကောင်သား ပြီးပြည့်စုံသောအဝိုင်းတစ်ခုဖန်တီးပြီး ရေထဲပြန်ဝင်သွားသည်။ အလွန်ကြည့်ကောင်းသည်။

ဖြူဖြူအကောင်ကြီးများမြင်ပြီး ချီခိုင်ရုံတို့လည်းလန့်သွားသည်။

ငါးမဟုတ်ဘူး။

"ပင်လယ်လင်းပိုင်လား? ပိုင်..လား?''

ပညာရှင်တစ်ဦးက အမှတ်တမဲ့ပြောသည်။

ပေါ်လာပုံနှင့်အလုံးအထည်က လင်းပိုင်နှင့်တူသောကြောင့်ပင်။

"လင်းပိုင်မဟုတ်ဘူး''

နောက်တစ်ယောက်ကချက်ချင်းခေါင်းခါသည်။

"လင်းပိုင်က ဘယ်လိုလုပ်ကုန်းတွင်းမြစ်ထဲပေါ်လာမှာလဲ? ရုံချန်းရာသီဥတုပြောင်းတာကိုထည့်မတွက်ရင်ပေါ့''

သူ့ခန့်မှန်းချက် မမှန်။

"ရေယက်ဖြူလင်းပိုင်! ရေယက်ဖြူလင်းပိုင်ဖြစ်မယ်!''

ရုတ်တရက် ချီခိုင်ရုံကနာမည်တစ်ခုရေရွတ်ပြီး သူ့ဘာသာသူတောင်အံ့ဩသွားသည်။

တခြားသူများလည်း 'ရေယက်ဖြူလင်းပိုင်'ဆိုသောစကားကြားပြီး အံ့အားသင့်ကုန်သည်။

ရေယက်ဖြူလင်းပိုင်ကို သူတို့အားလုံးသိသည်။ စာအုပ်ထဲမှာပါပြီး ဌာနထဲအချက်အလက်တွေသိမ်းထားတာ နှစ် ၂၀ ကျော်ကြာခဲ့ပြီ။

မျိုးတုံးတာ နှစ် ၂၀ ကျော်ကြာပြီဖြစ်သောကြောင့်ပင်။

အခု မျိုးတုံးတာ နှစ် ၂၀ ကျော်တဲ့ရေယက်ဖြူလင်းပိုင်က သူတို့ရှေ့ပေါ်လာတာလား?

ရုံချန်းမှာပိုင်ရွှင်ပေါ်လာတာထက်ပိုပြီး မယုံချင်စရာကောင်းနေသေးတော့။

နောက်ပြီး ဒီရေယက်ဖြူလင်းပိုင်က စာအုပ်တွေ၊ဗီဒီယိုတွေထဲမှာမှတ်တမ်းတင်ထားတာထက်ပိုလှသည်။ အလှအပအဆင့်ပိုမြင့်နေသလိုပင်။

ထိုနှစ်ကောင်မှာ ချင်လင်လွှတ်ထားသောရေယက်ဖြူလင်းပိုင်နှစ်ကောင်ဖြစ်သည်။ အဆင်း +၂ အရည်အသွေးကြောင့် ချီခိုင်ရုံတို့ချက်ချင်းအာရုံစိုက်မိသည်။

သူတို့မျက်စိထဲတွင် ရေယက်ဖြူလင်းပိုင်ဆိုတာ ဒီလိုဖြစ်မည်ဟူ၍။

စာအုပ်၊ဗီဒီယိုများထဲတွင်မှတ်တမ်းတင်ထားသည်မှာ လွန်ခဲ့သောနှစ် ၂၀ ကျော်ကဖြစ်သောကြောင့် နည်းပညာအကန့်အသတ်ရှိနေသည်။ ရေယက်ဖြူလင်းပိုင်၏အလှကိုအမိအရရိုက်ဖို့မဖြစ်နိုင်။

ဥပမာ လွန်ခဲ့သောနှစ် ၂၀ ကျော်က ဆေးဘက်ဆိုင်ရာပုံရိပ်များကိုပြန်ကြည့်ရင် အလွန်ဝါးပြီးရှေးကျနေသည်။

အဓိကက သွားကြည့်စရာရေယက်ဖြူလင်းပိုင်လည်းမရှိ။

ဒီတော့ ရေယက်ဖြူလင်းပိုင်ဆိုတာ ဒီလိုပုံဖြစ်မယ်ဟုတ်လား?

သူတို့မျက်နှာထူးဆန်းနေသောကြောင့် ချန်လီကကြည့်ရင်းမေးသည်_

"အားလုံးပဲ.. ရေယက်ဖြူလင်းပိုင်ဆိုတာ ဘာလဲ?''

ချီခိုင်ရုံကတန်းရှင်းပြသည်_

"လက်ထောက်ချန်.. ရုံချန်းအတွက်ဂုဏ်ယူပါတယ်.. အဲဒါရေယက်ဖြူလင်းပိုင်ပဲ... မျိုးတုံးတာ နှစ် ၂၀ ကျော်သွားပြီဖြစ်တဲ့နိုင်ငံ့ရတနာပေါ့''

"??? ဘယ်လို? "

ချန်လီကကြောင်သွားပြီးမှ_

"မျိုးတုံးတာ နှစ် ၂၀ ကျော်ပြီ... အခုဘယ်လိုလုပ်ပေါ်လာတာလဲ?''

ချီခိုင်ရုံက ခေါင်းယမ်းလိုက်ပြီ_

"မသေချာဘူး... ရေယက်ဖြူလင်းပိုင်မျိုးတုံးပြီလို့ကြေညာတဲ့အချိန်မှာ မင်စီရင်စုထဲ ရေယက်ဖြူလင်းပိုင်မတွေ့မိဘူးလို့ပဲခန့်မှန်းရမယ်... အဲဒါကြောင့် ရုံချန်းရာသီဥတုပြောင်းတော့ရောက်လာတာဖြစ်မယ်''

လောလောဆယ် သူဒီလိုပဲတွေးမိသည်။ သူ သုတေသနဆက်လုပ်ရဦးမည်။

ရေယက်ဖြူလင်းပိုင်က ဘယ်ကပေါက်လို့ပေါက်လာမှန်းမသိ။ အကြောင်းရင်းမှာ အကွက်ရွှေ့နေသောယောက်ျားတစ်ယောက်ကြောင့်ပင်။

ရေယက်ဖြူလင်းပိုင်နှစ်ကောင်ကိုလေ့လာရန် ချီခိုင်ရုံကပညာရှင်များကိုဦးဆောင်သည်။

ရေယက်ဖြူလင်းပိုင်နှစ်ကောင်မှာ အန္တလန္တိတ်ငါးလိုရင်းနှီးနေသောကြောင့် သူတို့အံ့ဩသွားသည်။ တကယ်တော့ သူတို့ကပိုရင်းနှီးပြီး ပိုချစ်စရာကောင်းအောင်လုပ်နေသည်။

ကလေးဆိုးလိုပင်။

ချီခိုင်ရုံက ရေထဲကျဟန်ဆောင်လိုက်သော်လည်း ရေယက်ဖြူလင်းပိုင်ကရောက်လာပြီးကယ်သည်။ အန္တလန္တိတ်ငါးထက်ပိုမြန်ပြီး အချိန်ပိုကိုက်သည်။

ဘာရယ်မဟုတ် ရေယက်ဖြူလင်းပိုင်နှစ်ကောင်မှာ အန္တလန္တိတ်ငါးနှင့်ဆင်တူသည်ဟု ချီခိုင်ရုံထင်မိသည်။

သို့သော် တစ်မျိုးကဥမှပေါက်ပြီး နောက်တစ်မျိုးကနို့တိုက်သတ္တဝါဖြစ်နေသည်။

ချီခိုင်ရုံတို့ ရေယက်ဖြူလင်းပိုင်နှစ်ကောင်ကိုလေ့လာနေစဉ် ချန်လီကစွန်းရှန်ကိုအစီရင်ခံသည်။

"အန္တလန္တိတ်ငါးအကြောင်းထားလိုက်တော့... အခု မျိုးတုံးတာ နှစ် ၂၀ ကျော်တဲ့ကောင်တောင်ပေါ်လာပြီ... ရုံချန်းရာသီဥတုပြောင်းတဲ့အကျိုးဆက်က အပေါ်ယံတင်မဟုတ်ဘူးထင်တယ်''

စီရင်စုတွင်_

စွန်းရှန်မှာ အန္တလန္တိတ်ငါးသဘာဝဘေးမဲ့တောတည်ဆောက်ရေးအကြောင်းဖတ်နေသည်။

သူတကယ်ကံကောင်းသည်ဟုထင်မိသည်။

ရုံချန်းကိုရောက်ခါစက ရှုပ်ပွနေသည်။

ထို့ကြောင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်ကိုလည်း သူအားထုတ်ခဲ့သည်။

ဒီအားထုတ်မှုကထိရောက်သော်လည်း အစပိုင်းမှာအလွန်သေးငယ်ခဲ့သည်။ ရုံချန်းနောက်ခံအခြေအနေတိုးတက်အောင် ငါးနှစ်လုံးလုံးအချိန်ယူခဲ့ရသည်။

သို့ရာတွင် လွန်ခဲ့သော ၂ နှစ်က စံအိမ်ငယ်လေးတစ်ခုကို သူဌေးချင်လေလံဆွဲပြီးနောက်ပိုင်း အားလုံးပြောင်းလဲခဲ့သည်။

ချင်းလင်တောင်တန်းစံအိမ်၊ ချင်းလင်မွေးမြူရေးခြံ၊ ချင်းလင်ကုမ္ပဏီ၊ ချင်းလင်ဓာတ်ခွဲခန်း တစ်ခုပြီးတစ်ခုထွက်လာသည်။ တချိန်တည်းမှာ ရုံချန်းခရီးသွားလုပ်ငန်းကိုလည်းအရှိန်တက်စေပြီး ရုံချန်းတစ်ခုလုံးအကျိုးအမြတ်ရစေသည်။

၂ နှစ်အတွင်း ရုံချန်းက အရည်အသွေးပိုင်းဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ဖွံ့ဖြိုးမှုအရှိန်က အပြင်လူများမယုံနိုင်လောက်အောင်ပင်။

ရုံချန်းရောက်ခါစက စိတ်မကူးဝံ့သောအရာဖြစ်ပြီး ဒေသဆိုင်ရာခရီးသွားအစီအစဉ်တောင်ဆွဲနိုင်ခဲ့သည်။

သူ့နေရာမှာတခြားလူဆိုရင် ဒါမျိုးလုပ်ဖို့စိတ်ကူးရဲမည်မဟုတ်။

ဒီတော့ သူအရမ်းကံကောင်းလို့။

သူ့ကိုမနာလိုသူတွေများမှာပဲဟုတ်လား?

All Chapters