← Chapters

မျိုးတုံးတာနှစ် ၂၀ ကျော်တဲ့နိုင်ငံ့ရတနာ! ၂

Vol. 80 Ch. 1188

မျိုးတုံးတာနှစ် ၂၀ ကျော်တဲ့နိုင်ငံ့ရတနာ! ၂

Vol. 80 Ch. 1188

တလောက ရုံချန်းရာသီဥတုပြောင်းခဲ့သည်။ နွေမှာအေးပြီး ဆောင်းမှာနွေးသည်။ ခရီးထွက်ရန်အသင့်တော်ဆုံးရာသီဥတုပင်။

ရုံချန်းရာသီဥတုကို ဘုရားကကောင်းချီးပေးလိုက်သည်နှင့်တူသည်။

နောက်ဆက်ဖြစ်လာသောအရာက ပိုအံ့ဩစရာကောင်းသေးသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မကြာသေးခင်က မျိုးတုံးပြီဟုကြေညာထားသောအန္တလန္တိတ်ငါးရောက်လာသည်။

ထို့ကြောင့် ရုံချန်းတွင် ဂုဏ်သတင်းရောကံကြမ္မာပါဆောင်ကျဉ်းပေးမည့် အန္တလန္တိတ်ငါးသဘာဝဘေးမဲ့တောဆောက်ရတော့မည်။

သဘာဝဘေးမဲ့တောနှင့်ဆက်စပ်သောစာဖိုင်များကိုလည်း အမြန်ဆုံးကြည့်ရသည်။

သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ ချန်လီဖြစ်နေ၍ ချက်ချင်းကိုင်လိုက်သည်။

စိတ်လှုပ်ရှားနေသောချန်လီအသံကိုတန်းကြားရသည်_

"စွန်းရှန်.. ခင်ဗျားယုံမှာမဟုတ်ဘူး... ဒါပေမဲ့ မစ္စတာချီနဲ့ကျုပ်လေ ရေယက်ဖြူလင်းပိုင်ဆိုတဲ့မျိုးတုံးတိရစ္ဆာန်ထပ်တွေ့တယ်... မျိုးတုံးတာ နှစ် ၂၀ ကျော်ကြာပြီတဲ့... သူ့က အန္တလန္တိတ်ငါးထက်နာမည်ပိုကြီးတယ်''

"တကယ်လား?''

စွန်းရှန် မတ်တပ်ထရပ်လိုက်သည်။

အန္တလန္တိတ်ငါးက ရုံချန်းကို ဂုဏ်သတင်းနဲ့ကံကြမ္မာဆောင်ကျဉ်းပေးတယ်ဆိုရင် အခုမျိုးတုံးတာနှစ် ၂၀ ကျော်ကြာပြီဆိုတဲ့ရေယက်ဖြူလင်းပိုင်က အန္တလန္တိတ်ငါးထက်ဂုဏ်သတင်းပိုကြီးမယ်မလား?

ရုံချန်းကို ကောင်းကင်ဘုံကကောင်းချီးပေးတာလား?

ချန်လီအသံထွက်လာပြန်သည်_

"စွန်းရှန်.. မစ္စတာချီတို့အတည်ပြုထားပြီးပြီ... ပြီးတော့ ရေယက်ဖြူလင်းပိုင်နဲ့အန္တလန္တိတ်ငါးက လူနဲ့လည်းအရမ်းအနေနီးတယ်... လူတွေရေထဲကျရင်လည်းကယ်နိုင်တယ်... အန္တလန္တိတ်ငါးထက်တောင်ပိုမြန်တယ်... အထူးသဖြင့် အဲဒီရေယက်ဖြူလင်းပိုင်တွေက အရမ်းလှပြီး အရမ်းကြည့်ကောင်းတာပဲ... အဲဒါကြောင့် ရုံချန်းမှာနိုင်ငံတော်အဆင့်ကာကွယ်ပေးတဲ့တိရစ္ဆာန်နှစ်မျိုးရှိတော့မယ်''

"နိုင်ငံတော်အဆင့်ကာကွယ်ပေးတဲ့နိုင်ငံ့ရတနာနှစ်မျိုး''

စွန်းရှန်လည်းစိတ်လှုပ်ရှားပြီး သူ့ဘာသာရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ အန္တလန္တိတ်ငါးသဘာဝဘေးမဲ့တောစာဖိုင်ကို အမှတ်တမဲ့ကြည့်လိုက်သည်။

ဒါကိုအန္တလန္တိတ်ငါးသဘာဝဘေးမဲ့တောလို့ မခေါ်သင့်တော့ဘူးမလား?

…

ထိုအတောအတွင်း ချင်းလင်စံအိမ်၊ရေပေါ်တံတားမှခရီးသည်အားလုံးမှာ လက်ရန်းများကိုကပ်ပြီး ရေထဲမှထွက်လာသောအန္တလန္တိတ်ငါးများကိုဓာတ်ပုံရိုက်နေကြသည်။

ဒီရက်ပိုင်း အင်တာနက်တစ်ခုလုံးလိုလို သတင်းခေါင်းစဉ်က အန္တလန္တိတ်ငါးဖြစ်နေသည်။ နိုင်ငံ့ရတနာပြန်လာခြင်းအတွက် အားလုံးကကြိုဆိုခြင်းပင်။ ဒီလိုအာရုံစိုက်ခံရခြင်းက ရှေ့လျှောက် သူတို့ကိုလူသားတွေတန်ဖိုးထားမည့်သဘောလည်းသက်ရောက်သည်။

ဆုံးရှုံးပြီးမှရတဲ့နိုင်ငံ့ရတနာကို တန်ဖိုးမထားဘဲနေမလား?

နောက်ပြီး ဒီတလော Wechat အခိုက်အတန့်များတွင် ပိုင်ရွှင်အကြောင်းဓာတ်ပုံ၊ဗီဒီယိုများတင်တာခေတ်စားနေသည်။

တစ်ယောက်က အန္တလန္တိတ်ငါးအကြောင်းဗီဒီယိုတင်သည်နှင့် ချင်းလင်စံအိမ်နှင့်အန္တလန္တိတ်ငါးကိုနာမည်တွဲဖော်ပြကြသောကြောင့် နာမည်ကြီးလွယ်၊ လူဝင်ကြည့်လွယ်၊ Like နှင့်မှတ်ချက်များရလွယ်နေသည်။

ရေပေါ်တံတားကိုခရီးသည်များသွားချင်ရသော အကြောင်းရင်းတစ်ခုရှိသေးသည်။

ဝမ်ချန်လည်း ဒီလိုခရီးသည်တစ်ဦးပင်။ သူက Wechat အခိုက်အတန့်များတွင် ဗီဒီယိုများ၊သီချင်းများတင်သည်။

သို့ရာတွင် သူ့အလုပ်က ဓာတ်ပုံပညာနှင့်ဆက်စပ်နေသောကြောင့်လည်း ဓာတ်ပုံရိုက်ပြီးအစီအစဉ်နှင့်ဗီဒီယိုများတင်ခြင်းဖြစ်သည်။ စိတ်ကူးပေါက်တိုင်းဓာတ်ပုံရိုက်သောတခြားခရီးသည်များနှင့်မတူ။

ဝမ်ချန်က သူ့ကင်မရာကိုချိန်လိုက်သည်။ မြန်မြန်ဆန်ဆန်နှင့်ကြည်ကြည်လင်လင်ပုံများရိုက်နိုင်သော စမတ်ကင်မရာလေးဖြစ်သည်။

သူက ရေမျက်နှာပြင်ပေါ်တွင်ထလာသောလှိုင်းလေးကိုစိုက်ကြည့်နေသည်။ အန္တလန္တိတ်ငါးပေါ်လာမည်မှန်းသိ၍ သူကကင်မရာကိုရွှေ့လိုက်သည်။

မကြာခင် ပေါ်လာတော့မည်။

ရေမျက်နှာပြင်ပေါ်ရေပူဖောင်းများတက်လာသောအခါ ချက်ချင်းဗီဒီယိုစင်တာချိန်ပြီး ငါးပေါ်လာမည့်အခိုက်အတန့်ကိုရိုက်ရန်ပြင်လိုက်သည်။

နောက်ခဏတွင် ငါးကတဖျတ်ဖျတ်ရိုက်ခတ်လာသည်။ အဲဒါ အန္တလန္တိတ်ငါးမလား?

ဝမ်ချန်မျက်လုံးပြူးသွားသည်။

ရေထဲမှဖြူဖြူအကောင်ကြီး ဗွမ်းခနဲတက်လာသည်။ အမြင့်ကရေပေါ်တံတားကိုကျော်လုနီးနီးရှိပြီး အံ့ဖွယ်အင်အားကိုပြနေ၏။

"အဲဒါဘာလဲ?''

တခဏအတွင်း အံ့ဩသံများညံသွားသည်။

"အန္တလန္တိတ်ငါးမဟုတ်ဘူး... သူပျံတာအမြင့်ကြီး''

တစ်ယောက်ကအော်သည်။

"လင်းပိုင်နဲ့တူတယ်!''

"မဖြစ်နိုင်တာ... လင်းပိုင်က ဒီရေထဲနေပါ့မလား''

“……”

ခရီးသည်အားလုံးအံ့ဩပြီး စိတ်ဝင်စားနေသည်။

ဝမ်ချန်လည်း အတူတူပင်။ အံ့ဩလွန်း၍ ရေထဲမှထွက်လာသောအရာကိုဓာတ်ပုံရိုက်ဖို့တောင်မေ့နေသည်။

ထို့နောက် လင်းပိုင်နှင့်တူသောဖြူဖြူအကောင်က အန္တလန္တိတ်ငါးများဆီကူးသွားပြီး ထိုငါးများနှင့်ပတ်လည်လှည့်ကစားနေ၏။ ပျော်မြူးနေကြသလိုအသံများလည်းထွက်သည်။

ထိုမြင်ကွင်းက အံ့အားသင့်စရာ။

သို့သော် ဖြူဖြူအကောင်က ဘာကောင်လဲ ဘယ်သူမှမသိ။

နောက်ပြီး ဖြူဖြူအကောင်က တစ်ကောင်မက။ ထိုအကောင်ထွက်ပြီး အများကြီးထပ်ထွက်လာသည်။ ရေထဲမှတစ်ကောင်ပြီးတစ်ကောင်ခုန်ထွက်ကာ အားလုံးအာရုံကိုဖမ်းစားနိုင်သောမြင်ကွင်းဖြစ်လာသည်။

ခရီးသည်များ ဓာတ်ပုံစရိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် ဗီဒီယိုအရင်ရိုက်တင်ရမည်။

ထိုခရီးသည်များ၏ဗီဒီယိုမှာ ရေပန်းစားလာပြီး စိတ်ဝင်စားသူပိုများလာသည်။

ငါးသုတေသီကြီးတစ်ဦးက ထိုဗီဒီယိုများကိုမြင်ပြီး အားလုံးစိတ်ဝင်စားမည့်ဗီဒီယိုတစ်ပုဒ်တင်လိုက်သည်။

"ငါးသုတေသီတစ်ဦးအနေနဲ့ ဒီအလုပ်ကိုဆယ်စုနှစ်ချီလုပ်ခဲ့ဖူးတယ်... အဲဒါကြောင့် ပြီးခဲ့တဲ့လဝက်က အန္တလန္တိတ်ငါးပေါ်လာတဲ့သတင်းကြားတော့ အရမ်းစိတ်လှုပ်ရှားမိပါတယ်''

"အဲဒါ ကျုပ်တို့ရဲ့နိုင်ငံ့ရတနာ.. ဆုံးရှုံးပြီးမှတန်ဖိုးထားရကောင်းမှန်းသိကြတာ... တကယ်တော့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကတည်းက ဒါမျိုးကျုပ်ကြုံဖူးပါတယ်''

"အဲဒီတုန်းက ပိုင်ကျီဆိုတဲ့နိုင်ငံ့ရတနာတစ်မျိုးရှိတယ်... သူ့သက်တမ်း တန်ဖိုး နာမည်က ဒီအန္တလန္တိတ်ငါးထက်သာတယ်... ပိုင်ကျီနိုင်ငံ့ရတနာဖြစ်တုန်းက အန္တလန္တိတ်ငါးဆိုတာ ဒုတိယနေရာပဲရှိသေးတယ်''

"ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် ၂၀ က ပိုင်ကျီမျိုးတုံးပြီလို့ကြေညာခဲ့တယ်... ကျုပ်ကိုယ်တိုင်ကြုံခဲ့ရတာ... အရမ်းရင်နာစရာကောင်းတယ်... ဒီနှစ် ၂၀ လုံးလုံး ကျုပ်ဟာအတိတ်ကိုသတိရလို့ ပိုင်ကျီပုံရိပ်တွေကိုအချိန်နဲ့အမျှလိုက်ရှာနေခဲ့တာ''

"မထင်မိဘူး.. အံ့ဖွယ်နေရာလို့ခေါ်နေကြတဲ့ရုံချန်းက မျိုးတုံးသွားတဲ့အန္တလန္တိတ်ငါးအပြင် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကလင်းပိုင်ကိုပါပြန်ခေါ်ပေးနိုင်မယ်လို့... ဒီအကြောင်းပြောနေရင်း လေယာဉ်လက်မှတ်ဖြတ်ထားပြီ... ကျုပ်မိတ်ဆွေဟောင်းတွေရှိတဲ့နေရာကို အမြန်ဆုံးသွားချင်တယ်... မယုံနိုင်စရာပဲ''

ထိုပညာရှင်စကားက လိုင်းပေါ်မှာချက်ချင်းလှုံ့ဆော်လိုက်သလိုပင်။

စောစောကရုံချန်းမှာပေါ်လာတဲ့ လင်းပိုင်နဲ့တူတဲ့အကောင်က လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကမျိုးတုံးသွားတဲ့ပိုင်ကျီဆိုပါလား?

အတော်များများ ပိုင်ကျီကိုကြားဖူးတာ ဒါပထမဆုံးဖြစ်ရင်ဖြစ်မည်။

နှစ်ပေါင်း ၂၅ သန်းက သမိုင်းကြောင်းဖြစ်ဖြစ်ဘာဖြစ်ဖြစ် အားလုံးက ပိုင်ကျီကိုစရှာကြသည်။ အားလုံး အံ့အားသင့်သွား၏။

တကယ် အန္တလန္တိတ်ငါးထက်တန်ဖိုးရှိတဲ့နိုင်ငံ့ရတနာပါလား။

အခု နိုင်ငံ့ရတနာနှစ်ခုလုံးက ရုံချန်းမှာတချိန်တည်းပေါ်လာပြီ။ လန့်စရာတောင်ကောင်းသည်။

ဒါမှမဟုတ် ပညာရှင်ကြီးပြောသလို ရုံချန်းကအံ့ဖွယ်နေရာဖြစ်ပေမည်။

နောက်တစ်နေ့_

တိရစ္ဆာန်ကာကွယ်ရေးဌာနကလည်း သတင်းထပ်ကြေညာသည်။ ရုံချန်းမှာ အန္တလန္တိတ်ငါးအပြင် လွန်ခဲ့သောနှစ် ၂၀ ကျော်ကမျိုးတုံးသွားသောပိုင်ကျီပါထွက်လာကြောင်းအတည်ပြုထားသည်။

ထိုသတင်းက လိုင်းပေါ်ပေါက်သွား၏။

လိုင်းပေါ်တွင် အန္တလန္တိတ်ငါးခေါင်းစဉ်အပြင် ရေယက်ဖြူလင်းပိုင်သတင်းပါတက်လာသည်။ ဘယ်ဆယ်လီ၊အင်တာနက်ဆယ်လီမှ ဒီရေပန်းစားခေါင်းစဉ်ကိုမကျော်နိုင်။ တောင်တစ်တောင်ပေါ်တွင်ဖြစ်သောလူသေမှုသတင်းတက်မလာခင်အထိပင်။

မှန်သည်။ မိုးကြိုးပစ်ပြီး လူသေဆုံးမှုများဆက်တိုက်ဖြစ်ခဲ့သည်။

ထိုတောင်က တကယ်လန့်စရာ။

ရုံချန်းတွင် ချန်လီနှင့်ချီခိုင်ရုံမှာ စက်မှုဇုံအဆောက်အဦးတစ်ခုရှေ့ရောက်နေသည်။

သဘာဝဘေးမဲ့တောတည်ထောင်ပြီး ပေါ်လာသောအန္တလန္တိတ်ငါးကို ရှေ့လျှောက်အကောင်းဆုံးကာကွယ်နိုင်ရန် သူတို့လေ့လာရဦးမည်။ ထို့ကြောင့် ချီခိုင်ရုံတို့ပညာရှင်များက ချက်ချင်းမပြန်။ ထိုအဆောက်အဦတွင်နေထိုင်ရန် ရုံချန်းကအထူးစီစဉ်ပေးထားသည်။

ချီခိုင်ရုံက သူ့လူများကိုခေါ်လာပြီး အခန်းတစ်ခန်းထဲ ခပ်သုတ်သုတ်ဝင်ကြသည်။

ထိုအခန်းထဲတွင် ကိရိယာ၊တန်ဆာပလာမျိုးစုံရှိသည်။

ကိရိယာတချို့နှင့်အလုပ်ရှုပ်နေသော ပညာရှင်များလည်းရှိသည်။

ချီခိုင်ရုံပြန်လာသောအခါ ပညာရှင်တစ်ဦးက_

"မစ္စတာချီ.. အန္တလန္တိတ်ငါးမျိုးစိတ်ကိုလေ့လာကြည့်ပြီးပြီ... ဒီမျိုးစိတ်နဲ့ အရင်ကကျုပ်တို့လေ့လာဖူးတဲ့မျိုးစိတ်က နည်းနည်းကွာတယ်... အန္တလန္တိတ်ငါးတွေထူးခြားတာ ဒီမျိုးပြောင်းတွေကြောင့်ဖြစ်မယ်''

ချီခိုင်ရုံကခေါင်းညိမ့်ပြီး ထိုပညာရှင်ကိုပြွန်တစ်ခုလှမ်းပေးကာ_

"အဲဒါပိုင်ကျီအရေပြား... ပါမောက္ခလင်း.. အတတ်နိုင်ဆုံးစမ်းသပ်ပေးပါ... ကျုပ်တို့မှာရှိတဲ့ပိုင်ကျီအချက်အလက်က လွန်ခဲ့တဲ့နှစ် ၂၀ က''

ပါမောက္ခလင်းကခေါင်းညိမ့်ပြီး ပြွန်ကိုယူကာအလုပ်စသည်။

နောက်ရက်များတွင် အိပ်ချိန်စားချိန်မှလွဲ၍ စမ်းသပ်ပြီးအချိန်ကုန်နေသည်ကများသည်။

သို့ရာတွင် စမ်းသပ်ရင်း သူမယုံနိုင်အောင်ဖြစ်လာသည်။

"ဒါ.. ဒါ မဖြစ်နိုင်...''

ပါမောက္ခလင်းမျက်လုံးမှာ အံ့ဩမှုကအတိုင်းသား။

ပိုင်ကျီနှင့်ပိုင်ရွှင်မျိုးစိတ်တွင် ဆင်တူသောမျိုးစိတ်တချို့တွေ့သောကြောင့်ပင်။

ဘယ်လိုဟာသလဲ?

ဥကပေါက်တဲ့ကောင်နဲ့နို့တိုက်သတ္တဝါ။

မျိုးစိတ်က ဘာကြောင့်ဆင်တူရတာလဲ?

All Chapters