ပညာရှင်ခန့်မှန်းချက်!
Vol. 80 Ch. 1189
ပြီးခဲ့တဲ့ ၂ ရက်အတွင်း ချီခိုင်ရုံအလုပ်ရှုပ်နေသည်။ ပိုင်ရွှင်ပေါ်ရုံသာမက ပိုင်ကျီတောင်ပြန်ပေါ်လာသည်။
မျိုးတုံးနိုင်ငံ့ရတနာနှစ်မျိုးဖြစ်နေသည်။ အခုပြန်ပေါ်လာသောကြောင့် ထပ်ပြီးမျိုးတုံးမသွားအောင် ပြီးပြည့်စုံသောကာကွယ်နည်းစနစ်များတည်ဆောက်ရမည်။
သူအိပ်ရာနိုးသည်နှင့် ရုံချန်းကစီစဉ်ပေးထားသောသုတေသနဌာနသွားသည်။
သူဝင်လိုက်သောအခါ ပါမောက္ခလင်းကခပ်သုတ်သုတ်ရောက်လာပြီး_
"မစ္စတာချီ.. ဒီပိုင်ရွှင်နဲ့ပိုင်ကျီမျိုးစိတ်စမ်းသပ်ချက်ကိုကြည့်လိုက်ပါဦး''
"ပိုင်ကျီမျိုးစိတ်စမ်းသပ်ချက်က ထွက်ပြီလား?''
ချီခိုင်ရုံကအံ့ဩပုံနှင့် စမ်းသပ်ချက်များကိုယူကြည့်လိုက်သည်။
ခဏအကြာ သူမျက်လုံးကျယ်သွားပြီး_
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ပိုင်ကျီနဲ့ပိုင်ရွှင်မျိုးစိတ်က ဘာလို့ဒီလောက်တူတာလဲ?''
အချက်အလက်ကြည့်ပြီး တစ်ခုခုမဟုတ်သလိုခံစားမိသည်။
လိုင်းပေါ်မှာ ပိုင်ရွှင်ကလူကယ်နိုင်လို့ဟာသလုပ်နေကြတာမလား? ပိုင်ရွှင်နဲ့ပိုင်ကျီက မတော်တဆမျိုးစပ်မိတာလား?
သူတို့လိုပညာရှင်များအဖို့ လုံးဝအဓိပ္ပါယ်မရှိသောအရာပင်။
ဥကပေါက်တဲ့ကောင်က နို့တိုက်သတ္တဝါမဖြစ်နိုင်။
ဥကပေါက်တဲ့ကောင်နဲ့နို့တိုက်သတ္တဝါ ဘာမှမဆိုင်ပေမဲ့ မျိုးစိတ်တူတာရှိနေသတဲ့။
"ခင်ဗျား မမှားပါဘူးနော်?''
ချီခိုင်ရုံက မသေချာသလိုမေးသည်။
"အစက ကျုပ်လည်းမှားတယ်ထင်နေတာ''
ပါမောက္ခလင်းကတန်းရှင်းပြသည်_
"ထပ်စစ်ကြည့်ပြီးပြီ... အဲဒါအမှန်ပဲ''
"ဒါ...''
ချီခိုင်ရုံ ငြိမ်မနေနိုင်တော့_
"ကြည့်ရတာ ပိုင်ရွှင်နဲ့ပိုင်ကျီကာကွယ်နည်းတင်မကဘူး... ဘာကြောင့်မျိုးပြောင်းသွားသလဲဆိုတာပါ လေ့လာရတော့မယ်ထင်တယ်''
မျိုးမတူတဲ့နှစ်ကောင်မှာ မျိုးစိတ်တူရှိနေသည်။ မျိုးစပ်တာပဲဖြစ်မလား၊ မျိုးရိုးပြန်ပေါ်တာပဲဖြစ်မလား?
နောက်ပြီး မျိုးစပ်ဖို့များနေသည်။
ဘာပဲဖြစ်ဖြစ် လူရောတိရစ္ဆာန်ပါ မျိုးစပ်နိုင်သည်။ ပါပါရာဇီနှင့်ကိုယ်ဝန်ရပြီး အမှန်တရားပေါ်မည်စိုးသည့်အတွက် ကိုယ့်ကိုယ်ကိုယ်စွန့်လွှတ်ခဲ့သူကို သူမမေ့သေး။
သန်မာသောခွေးတစ်ကောင်ကလည်း သုတေသနအတွက်ထိထိရောက်ရောက်အကူအညီဖြစ်နိုင်သည်။
အဲဒီအပြင် အလားတူမျိုးစိတ်ဖြစ်ရပ်မျိုး တူညီသောပတ်ဝန်းကျင်တွင်ဖြစ်နိုင်သလို ပုံမှန်မဟုတ်သောပတ်ဝန်းကျင်ကြောင့်လည်း မျိုးစိတ်ပြောင်းနိုင်သည်။
ဒီလိုပတ်ဝန်းကျင်ပြောင်းလဲမှုကလည်း ဆင်တူသောမျိုးစိတ်များဖြစ်လာနိုင်သည်။
ပိုင်ရွှင်နှင့်ပိုင်ကျီမျိုးစပ်ဖို့မဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ် မျိုးမတူသောတိရစ္ဆာန်များဖြစ်၍ ဥဥရန်၊နို့တိုက်ရန်မဖြစ်နိုင်။
ထို့ကြောင့် ပတ်ဝန်းကျင်ပြောင်းလဲ၍သာဖြစ်ရမည်။
ဒီပိုင်ရွှင်နှင့်ပိုင်ကျီက တခြားပတ်ဝန်းကျင်မှာနေခဲ့သော်လည်း ရုံချန်းရာသီဥတုပြောင်းလဲခြင်းကြောင့်သာရောက်လာတာဖြစ်မည်။
ဒီမတိုင်ခင် မျိုးပြောင်းပြီးလောက်ပြီ။
ဒီတော့ သူအဖြေရှာနိုင်ရင် ပိုင်ရွှင်နှင့်ပိုင်ကျီနေခဲ့သောပတ်ဝန်းကျင်ကိုရှာကောင်းရှာနိုင်မည်။
တိရစ္ဆာန်ကာကွယ်ရေးဌာန၏ဂေဟစနစ်သုတေသနအဖွဲ့အတွက်အကျိုးများမည်။
ချီခိုင်ရုံကတွေးကြည့်ပြီး ပါမောက္ခလင်းအား_
"ပါမောက္ခလင်း.. ရုံချန်းရာသီဥတုပြောင်းတာက တခြားငါးတွေကိုပါခေါ်နိုင်မယ်လို့ထင်တယ်... ပိုင်ကျီပေါ်လာတာ ကျုပ်ခန့်မှန်းချက်ကိုအတည်ပြုပေးလိုက်တာပဲ... ကျုပ်ထင်တဲ့အတိုင်းဆို ရှေ့လျှောက် တခြားမျိုးတုံးငါးတွေရောက်လာလိမ့်ဦးမယ်''
ပါမောက္ခလင်းက အံ့ဩသံနှင့်_
"မစ္စတာချီ.. ပတ်ဝန်းကျင်အခြေအနေက ပိုင်ရွှင်နဲ့ပိုင်ကျီကိုမျိုးပြောင်းစေတယ်ထင်လား? အဲဒီတော့ ဒီထူးခြားတဲ့ပတ်ဝန်းကျင်မှာ တခြားမျိုးတုံးငါးတွေရှိလာနိုင်တယ်ပေါ့?''
"အင်း.. ကျုပ်ခန့်မှန်းချက်ပါ... ဒါကိုစစ်ဆေးဖို့ ပတ်ဝန်းကျင်ပညာရှင်တွေရှာရဦးမယ်''
ချီခိုင်ရုံကပြုံးပြီးခေါင်းညိမ့်သည်။
ဉာဏ်ရည်တူသူချင်းစကားပြောရတာ အဆင်ပြေသည်။
သူဆိုလိုတဲ့အဓိပ္ပါယ်ကို ပါမောက္ခလင်းတန်းသဘောပေါက်သည်။
"အဲဒါအဖြစ်နိုင်ဆုံးပဲ''
ပါမောက္ခလင်းက ခေါင်းတညိမ့်ညိမ့်နှင့်ပြောသည်။
နှစ်ယောက်သား ထိုအငြင်းပွားဖွယ်ရာကိုအတည်ပြုပြီးနောက် ထိုအတိုင်းလေ့လာစစ်ဆေးကြသည်။
…
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က သူ့စိတ်ထဲမှဂိမ်းကိုအာရုံစိုက်နေသည်။
သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်အပြင်ဘက်မြစ်နားသွားစေသည်။
မြစ်တခြားဘက်တွင် ထူးထူးခြားခြားငါးရသောကြောင့် သူ့ဂိမ်းဇာတ်ကောင်အား တခြားနေရာများတွင်ငါးလိုက်မျှားစေသည်။
(ဂုဏ်ယူပါတယ်... အရည်အသွေး ၂ သဘာဝငါးကြင်းနက်ဖမ်းမိပါတယ်!)
?…?
(ဂုဏ်ယူပါတယ်... အရည်အသွေး ၂ သဘာဝငါးကြင်းစိမ်းဖမ်းမိပါတယ်!)
မြစ်နေရာအသီးသီးတွင်မိသောငါးအများစုမှာ ငါးကြင်းစိမ်း၊ငါးကြင်းနက်များဖြစ်နေသည်။
သို့ရာတွင် ၇ ကောင်၊ ၈ ကောင်ဆက်တိုက်မိပြီး အသိပေးစာတစ်မျိုးတက်လာသည်။
(ဂုဏ်ယူပါတယ်... အထူးခြေနှစ်ချောင်းငါးဖမ်းမိပါတယ်!)
ခြေနှစ်ချောင်းငါး?
ဘာလဲဟ?
ငါးမှာ ခြေနှစ်ချောင်းရှိနိုင်လို့လား?
ဒီငါးမျိုး အရင်ကချင်လင်မကြားဖူး။ သူ့အာရုံပြန်ရုတ်ပြီး ကွန်ပျူတာတွင်ရှာကြည့်သည်။
အချက်အလက်များဖတ်ပြီး သူမယုံနိုင်ဖြစ်သွားသည်။
အမှန်ပင် ခြေနှစ်ချောင်းငါးရှိနေသည်။
ငါးလေးအမျိုးအစားပင်။ ခြေထောက်အစစ်မဟုတ်သော်လည်း သူ့ရေယက်နှစ်ခုက မျိုးပြောင်းထားသည်။ ရေယက်ကပိုရှည်ပြီး ကွေးညွတ်နိုင်သည်။ ထိုရေယက်နှင့် မြစ်ကမ်းခြေရှိသဲထဲထိုးဆွပြီး အင်းဆက်ပိုးမွှားရှာစားတတ်သည်။
ရေယက်များကိုခြေထောက်အဖြစ်လည်းအသုံးပြုသည်။
ဒါကြောင့် 'ခြေနှစ်ချောင်းငါး'ဟုနာမည်တွင်လာခြင်းပင်။
ကုန်းတွင်းမြစ်ခြေနှစ်ချောင်းငါးနာမည်ကတင် ထူးဆန်းတာမဟုတ်၊ ကုန်းတွင်းမြစ်ငါးမျိုးတုံးတာ နှစ် ၃၀ နီးပါးရှိနေပြီဖြစ်သည်။
ခြေနှစ်ချောင်းငါးမိပြီး ချင်လင်မှန်းကြည့်သည်။
နတ်ဘုရားမတောင်မှ စိုက်ပျိုးရေးခြံ၊သစ်တောနှင့်သတ္တုမြို့တော်တလျှောက် မြစ််ဘယ်နေရာမဆို အထူးငါးဖမ်းမိနိုင်သလားဟု သူသံသယဝင်လာသည်။
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား သစ်တောဘက်မြစ်နားသွားပြီး ငါးစာချစေသည်။
(ဂုဏ်ယူပါတယ်... အထူးမေးရိုးရှည်မြောက်ပိုင်းဆာမွန်ငါးဖမ်းမိပါတယ်!)
'အထူး'ဟူသောစာလုံးမြင်ပြီး ချင်လင်ကချက်ချင်း ကွန်ပျူတာတွင်ရှာကြည့်လိုက်သည်။
အမှန်ပင်။ ၁၉၆၀ ခုနှစ်များက ပြည်တွင်းမှာမျိုးတုံးသွားသောငါးတစ်မျိုးဖြစ်နေသည်။
သူထင်တာ မှန်ပြီ။