← Chapters

ပညာရှင်ခန့်မှန်းချက်! ၂

Vol. 80 Ch. 1190

ပညာရှင်ခန့်မှန်းချက်! ၂

Vol. 80 Ch. 1190

သူ့ဂိမ်းဇာတ်ကောင်အား မြစ်နေရာအသီးသီးတွင်ငါးမျှားစေရာ အထူးငါးတချို့ဖမ်းမိသည်။

(ဂုဏ်ယူပါတယ်... အထူးငါးလိပ်ကျောက်ဖြူဖမ်းမိပါတယ်!)

မျိုးတုံးသွားသောနောက်ထပ်ငါးတစ်မျိုးဖြစ်သည်။ ၁၉၈၁ ခုနှစ်ကမျိုးတုံးသွားပြီး အရွယ်အစားအသေးမှအလတ်စားအထိရှိသောငါးမျိုးလည်းဖြစ်သည်။

(ဂုဏ်ယူပါတယ်... အထူးသူယောင်ငါးဖမ်းမိပါတယ်!)

ထိုငါးကလည်း မျိုးတုံးသွားသောကုန်းတွင်းမြစ်ငါးဖြစ်သည်။ သူယောင်ငါးမှာ ငါးနှင့်တူပြီးရုပ်ပြောင်းရုပ်လွှဲတတ်သည်။ မျိုးတုံးသည်မှာ နှစ် ၃၀ ကျော်ကြာပြီဖြစ်သည်။

…

ချင်လင်က မြစ်တလျှောက်လိုက်မျှားစေရာ မကြာမီ မျိုးတုံးငါး ၁၀ ကောင်နီးပါးမိသည်။

ထို့နောက် ရုံးခန်းတံခါးလော့ချပြီးဂိမ်းထဲဝင်ကာ ငါး၏မှတ်ချက်၊အရည်အသွေးများဖတ်ကြည့်သည်...

ထိုငါးများတွင် ပိုင်ရွှင်နှင့်ပိုင်ကျီလို လူနှင့်အနေနီးခြင်း၊ ချစ်စရာကောင်းခြင်း၊ လူအသက်ကယ်ခြင်း အရည်အသွေးများမပါ။

ထိုအရည်အသွေးများက ပိုင်ရွှင်နှင့်ပိုင်ကျီနိုင်ငံ့ရတနာနှစ်မျိုး၏ဝိသေသဖြစ်ပုံရသည်။

သို့ရာတွင် ထိုငါးများမှာလည်း အဆင်း +၂ အရည်အသွေးပါသည်။

နောက်ပြီး အရသာ +၂၊ အထိအတွေ့ +၂ က စိတ်ဝင်စားစရာကောင်းသော်လည်း သူစားလိုက်သည်နှင့် သုံးလေးနှစ်လောက်အပ်ချုပ်စက်စာမိသွားလိမ့်မည်။

ဒါပေမဲ့ ဒီငါးတွေအကုန်ရေထဲလွှတ်လိုက်ရင် ပိုင်ရွှင်နဲ့ပိုင်ကျီပေါ်လို့အံ့ဩရုံသာမက အခြေအနေကလန့်စရာကောင်းသွားမည်ဟု ချင်လင်ထင်သည်။

ရုံချန်း၊မင်မြစ်လက်တက်မှာ မျိုးတုံးငါးတွေပွထလာ၍ ပညာရှင်တွေသံသယဝင်လာကြမည်။

ဒီငါးတွေအားလုံးတွေ့သွားရင် ရုံချန်း၊မင်မြစ်လက်တက်ကို ပြည်တွင်းအဖိုးတန်၊ဂုဏ်ဆောင်မြစ်ဟုတောင်နာမည်ပြောင်းချင်ပြောင်းလိုက်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ပြည်တွင်းကဘယ်မြစ်မှာ မျိုးတုံးငါးတွေဒီလောက်အများကြီးရှိလို့လဲ?

မြစ်ထဲအမှိုက်ပစ်ရင်တောင် စည်းကမ်းဖောက်ဖျက်မှုနှင့် အချုပ်ထဲရက်ပိုင်းလောက်ဝင်ရလိမ့်မည်။

ချင်းလင်စံအိမ်မှာ မြစ်နှင့်ရေလှောင်တမံဧရိယာအတွင်းဖြစ်၍ အကျိုးအများဆုံးဖြစ်မည်။ ဘာပဲဖြစ်ဖြစ် စံအိမ်နားရေလှောင်တမံဧရိယာကို ချင်းလင်စံအိမ်ကအသုံးပြုခွင့်ရှိသည်။

ဒီလိုဆိုအလွန်အဓိပ္ပါယ်ရှိမည်ဟု ချင်လင်တွေးမိသည်။

ရုံချန်းအတွက်ပဲအကျိုးရှိရင်တောင် ဒါသူ့မွေးရပ်မြေဖြစ်သည်။

ကိုယ်တတ်နိုင်ရင် ကိုယ့်မွေးရပ်မြေကိုမကောင်းစားစေချင်တဲ့သူရှိလား?

သူအပြင်သွားရင် ဒါရုံချန်းသားတွေအတွက်အမှတ်အသားတစ်ခုဖြစ်မည်။

အဓိပ္ပါယ်ရှိသည်။

ရုံချန်းကတိုးတက်သည်ထက်တိုးတက်လာ၍ ရုံချန်းသားတစ်ဦးအနေနှင့် သူဂုဏ်ယူသည်။

ချင်လင်ကတွေးတောရင်း သူ့ဂိမ်းဇာတ်ကောင်အား ငါးဆက်မျှားစေသည်။

ပထမနေ့မှာ ငါးသိပ်မမိ။

သုံးရက်ဆက်တိုက်ဖမ်းပြီးနောက် တစ်မျိုးကိုသုံးလေးကောင်ဖမ်းမိသည်။

ညပိုင်းအခြေအနေပေးချိန်တွင် စံအိမ်အပြင်ကားမောင်းထွက်လာပြီး ဂိမ်းထဲမှမျိုးတုံးငါးများထုတ်ရန်စီစဉ်သည်။

အခု လုပ်ရကိုင်ရပိုခက်လာ၏။

ညပိုင်းပတ္တရောင်လှည့်ရန်အတွက် မင်မြစ်တလျှောက်၊လမ်းတလျှောက်တွင် စောင့်ကြည့်ကင်မရာတပ်ဆင်ထားသောကြောင့်ပင်။

ပိုင်ကျီလိုမျိုးတုံးပြီးသောနိုင်ငံ့ရတနာထွက်လာ၍ စီရင်စုကချက်ချင်း ပတ္တရောင်လှည့်ရန်လူများလွှတ်ထားသည်။

သို့ရာတွင် ချင်လင်ကလည်း အကြိမ်ကြိမ်လုပ်ဖူးသောကြောင့် အတွေ့အကြုံရှိနေသည်။ ၁၀ ကီလိုမီတာမောင်းပြီးနောက် ကင်မရာလွတ်သောနေရာရှာသည်။ ထို့နောက် မမြင်ကွယ်ရာတွင်ကားပါကင်ထိုးပြီး မြစ်ထဲဆင်းသည်။

အားလုံးအဆင်ချောနေသည်။ ဂိမ်းထဲဝင်လိုက်ထွက်လိုက်လုပ်သောအခါ ပတ္တရောင်အဖွဲ့နှင့်တွေ့ခြင်းမရှိ။ နောက်ပြီး အရွယ်အစားသေးသေးမှအလတ်စားငါးများဖြစ်၍ ထုတ်ရလွယ်သည်။

သူ့ကိစ္စပြီးသောအခါ ဘယ်သူမှမသိခင် စံအိမ်သို့အမြန်ဆုံးပြန်လာသည်။

နောက်အပတ်တွင် နေ့တိုင်းငါးမျှားသည်။

မျိုးတုံးငါးအတော်များများဖမ်းမိပြန်သည်။ ညဘက်မြစ်ထဲနှစ်ရက်သွား၍ ငါးများထုတ်ခြင်း၊ထည့်ခြင်းလုပ်သည်။

ငါးများကသေးသောကြောင့် ချက်ချင်းသတိမထားမိကြသေး။ သတိထားမိသည်နှင့် အားလုံးအံ့ဩရဦးမည်။

…

ညပိုင်း_

ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ မီးရောင်ထိန်နေသည်။

ညဘက်တောင် စံအိမ်နှင့်မွေးမြူရေးခြံတွင် လူများရှိနေသေးသည်။

သတို့သမီးခန်းနှင့်ရွက်ဖျင်တဲမှခရီးသည်များက ညဘက်လျှောက်သွားကြသည်။

ညပိုင်း စံအိမ်နှင့်မွေးမြူရေးခြံထဲလျှောက်သွားရတာ ခံစားချက်တစ်မျိုးရသည်။

တမင်သက်သက်နေကြသောခရီးသည်တချို့လည်းရှိသည်။ ဥပမာ စားသောက်ဆိုင်တွင်စားပြီးနောက် နှစ်ပတ်လောက်လမ်းလျှောက်ကာ မအိပ်မချင်းအချိန်ဖြုန်းကြသည်။

တချို့က အနားယူသောနေရာတွင်သာနေပြီး ညရှုခင်းကြည့်ရန်စောင့်ကြသည်။ ဒီလိုလူတွေအများကြီးရှိသည်။

ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံက ဒီလိုလုပ်ခိုင်းခြင်းမဟုတ်။ ဘာပဲဖြစ်ဖြစ် မောင်းထုတ်လို့လည်းမရ။

ညပိုင်းကယ်ဆယ်ရန်အန္တရာယ်ရှိသောရေပေါ်တံတားမှလွဲ၍ တခြားနေရာများကိုညပိုင်းဖွင့်ပေးထားသည်။

ဘာပဲဖြစ်ဖြစ် စံအိမ်ရောမွေးမြူရေးခြံပါ မီးများလင်းထိန်နေသည်။

သို့သော် အရမ်းနောက်ကျလွန်းပါက အိမ်ပြန်အနားယူချင်သူများအဖို့ ရုံချန်းနှင့်နည်းနည်းလှမ်းသောကြောင့် ဒုက္ခများမည်။

အဲဒီအချိန် အများသုံးယာဉ်မရှိ၍ ကိုယ်ပိုင်ကားမောင်းရင်မောင်း၊ မမောင်းရင် တက္ကစီစောင့်ရမည်။

အပန်းဖြေစံအိမ်_

ချင်လင်၊ကျောက်မိုချင်းနှင့်လင်းဖန်တို့ညစာစားပြီးချိန် ကောင်းယောင်ယောင်အလောတကြီးရောက်လာပြီး အစီရင်ခံသည်_

"သူဌေး... ရှင်စိုက်ထားတဲ့ပန်းတွေလည်း အရောင်ထွက်နေပြီ''

ကောင်းယောင်ယောင်ဘာပြောနေမှန်း ချင်လင်တန်းသိသည်။

ဂိမ်းအဆင့်တက်၍အာကာသပွင့်ပြီး မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မကို ဂိမ်းထဲမှထုတ်ခဲ့သည်။ နှစ်မျိုးလုံး နေ့အချိန်အလင်းစုပ်နိုင်ပြီး ညဘက်အလင်းပြန်ထုတ်နိုင်သည်။

မျိုးပြောင်းအာကာသနွယ်မျိုးစေ့ကိုအချိန်ယူစုဆောင်းပြီး နတ်သမီးပုံပြင်တောင်ကြားနှင့်တခြားနေရာများတွင်စိုက်ထားသည်။

ကောင်းယောင်ယောင်က ညဘုရင်မပင်ကိုပြောခြင်းပင်။

တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်ရှေ့တွင်သူစိုက်ခဲ့ပြီး မျိုးပြောင်းအာကာသနွယ်မှမျိုးစပ်ထားသည်ဟုပြောခဲ့သည်။

အလိမ်ပေါ်မည်စိုး၍ တခြားမျိုးစေ့များပါစိုက်ခဲ့သည်။ အထူးမြေကြီးနှင့်တောင် မျိုးစေ့အများစုကအပင်မပေါက်နိုင်။

အပင်ပေါက်သောတခြားအပင်များကိုမူ ညဘုရင်မကိုဖုံးကွယ်ရန်အသုံးချခဲ့သည်။

ဘာပဲဖြစ်ဖြစ် မျိုးစေ့ပျိုးထောင်ရေးမှာ တစ်ခါတလေဖြစ်နိုင်ခြေရှိသည်။ သူစိုက်သမျှတွင် ညဘုရင်မမျိုးစေ့သာအလင်းရောင်ထွက်ခဲ့သည်။

ဒါကံကောင်းလို့၊ ဖြစ်နိုင်ခြေရှိလို့!

အခု ညဘုရင်မမျိုးစေ့က အပင်ကြီးလာပြီးအရည်အသွေးပြနေပြီ။

ချင်လင်လည်း ချက်ချင်းအပြင်ထွက်ပြီး ညဘုရင်မပန်းအိုးရှိရာ ဧည့်ခန်းအပြင်ဘက်သို့သွားသည်။

ထိုနေရာတွင် အလင်းရောင်ဖုံးလွှမ်းထားပြီ။

မျိုးပြောင်းအာကာသနွယ်အလင်းနှင့်နည်းနည်းကွာသည်။ ညဘုရင်မအလင်းရောင်က ခရမ်းပြာရောင်သမ်းပြီးပိုဖျော့သည်။

ချင်လင်ရောက်သောအခါ ယွမ်ရှန်က ညဘုရင်မကိုစူးစမ်းနေပြီ။

ချင်လင်ကိုမြင်သည်နှင့် သူကဂုဏ်ပြုသည်_

"သူဌေးချင် ဂုဏ်ယူပါတယ်... မျိုးစေ့တစ်မျိုးအောင်မြင်သွားပြီ... ပထမဆုံးပျိုးထောင်ပြီးရတာပဲ... သူဌေးချင် မင်းရဲ့အပင်ပျိုးထောင်နိုင်စွမ်းက တကယ်အံ့ဩစရာပဲ''

ညဘုရင်မပန်းဘယ်လိုဖြစ်လဲ သူနှင့်တော်ဝင်ပညာရှင်လီသိသည်။

တောင်ကြားမှရလာသောနတ်သမီးပုံပြင်နွယ်ကို သူဌေးချင်ကမျိုးစပ်ထားခြင်းပင်။

အရင်တစ်ခါ သူဌေးချင်မျိုးစေ့များစိုက်နေစဉ် သူနှင့်တော်ဝင်ပညာရှင်လီက ကူစိုက်ပေးခဲ့သည်။

မျိုးစေ့တချို့ကမပေါက်ဘဲ ညဘုရင်မမျိုးစေ့သာအောင်မြင်ခဲ့သည်။

"တော်ဝင်ပညာရှင်ယွမ် မြှောက်နေပြန်ပါပြီ''

ချင်လင်ကပြန်ဖြေပြီး ညဘုရင်မကိုကြည့်လိုက်သည်။

စနစ်ထုတ်ကုန်ညဘုရင်မက အလင်းရောင်ထွက်ရုံတင်မဟုတ်။

စနစ်အရည်အသွေးကြောင့် အဆင်းလည်းလှသည်။

အများကြီးမဟုတ်ဘဲ ဒီအပင်လေးငါးပင်နှင့် အရမ်းလှနေသည်။

နတ်သမီးပုံပြင်တောင်ပေါ်ကျယ်ကျယ်ပြန့်ပြန့်စိုက်လိုက်ရင် အလွန်ခမ်းနားသောနတ်ဘုံနတ်နန်းဖြစ်သွားမည်။

ညဘုရင်မကမျိုးပြောင်းပြီးအလင်းရောင်ထုတ်နိုင်သောကြောင့် ကျောက်မိုချင်းတို့လည်းစိတ်ဝင်စားနေသည်။

"ယောက်ျား.. ဒီညဘုရင်မတွေလည်း နတ်သမီးပုံပြင်တောင်ပေါ်စိုက်လို့ရတယ်''

ကျောက်မိုချင်းက ညဘုရင်မကိုမြင်မြင်ချင်းပြောသည်။

ညဘုရင်မကိုမြင်သည်နှင့် သူမတွေးမိသောအရာပင်။

နတ်သမီးပုံပြင်တောင်ဖွံ့ဖြိုးရေးကို အာရုံအစိုက်ဆုံးဖြစ်နေသည်။

ချင်လင်ကခေါင်းညိမ့်ပြီး_

"အင်း.. ဒါပေမဲ့ ညဘုရင်မမျိုးစေ့ကိုအရင်စုရဦးမယ်''

ချင်းလင်အပန်းဖြေစံအိမ်တွင် အားလုံးညဘုရင်မကိုစိတ်ဝင်စားနေစဉ် ချီခိုင်ရုံက ချန်လီနောက်လိုက်ပြီး ရုံချန်းသယ်ယူပို့ဆောင်ရေးဝန်းထဲသွားနေသည်။

သယ်ယူပို့ဆောင်ရေးဝန်းမှလူများ အလုပ်ဆင်းချိန်ဖြစ်သော်လည်း စီရင်စုလက်ထောက်ချန်လီလာသောကြောင့် အလုပ်ပြန်ဝင်ရသည်။

မြို့တော်မှပို့လိုက်သောရေအောက်စစ်ဆေးရေးကိရိယာများကို ချီခိုင်ရုံကချက်ချင်းလိုချင်သောကြောင့် လာရခြင်းပင်။

ပိုင်ရွှင်နှင့်ပိုင်ကျီက ရုံချန်းရာသီဥတုပြောင်းပြီးရောက်မလာခင် ပတ်ဝန်းကျင်တစ်ခုတွင်မျိုးပြောင်းခဲ့သည်ဟု သူတို့တွက်ဆထားသည်။

ဒီလိုဆိုရင် ရုံချန်းမြစ်ထဲမှာ တခြားမျိုးတုံးငါးများပေါ်လာနိုင်သေးသည်။

ဒီတော့ ရေကိုသုတေသနလုပ်ရမည်။ တခြားမျိုးတုံးငါးတွေ့ရင် သူတို့ခန့်မှန်းချက်အတိုင်းဖြစ်မည်။

တကယ်သာဖြစ်ခဲ့ရင် ဂေဟစနစ်သုတေသနသမိုင်းတွင် ကြီးကြီးမားမားရှာဖွေတွေ့ရှိမှုကြီးဖြစ်မည်။

နောက်ဆက်လုပ်ရမှာက သူတို့နေခဲ့သောနေရာရှာရမည်။

မြန်မြန်ဆန်ဆန်ပင် ချီခိုင်ရုံနှင့်ချန်လီက အထူးကိရိယာများရှာခိုင်းသည်။ ထို့နောက် ကားပေါ်ကိရိယာများတင်ပြီး ဌာနပြန်သွားသည်။ ကိရိယာများတပ်ဆင်ပြီးသုံးဖို့မစောင့်နိုင်တော့။

သူတို့ခန့်မှန်းချက် မှန်မမှန်အတည်ပြုရန် နည်းနည်းမှအချိန်မဆွဲချင်။

All Chapters