အံ့ဖွယ်အာနိသင်!
Vol. 80 Ch. 1191
ချင်လင်အိပ်ရာနိုးလာပြီး သူ့နားအိပ်နေသောကျောက်မိုချင်းကိုကြည့်ရင်း စိတ်ပါလာသည်။
ဒါလည်း စားတာပဲတဲ့။
ဆန္ဒဖြစ်ပြီး အပူချိန်လည်းတက်လာသည်။
လောလောဆယ် သူတွေးနေတာဒါဖြစ်မည်။
လက်ရှိသူ့ဂုဏ်စည်းစိမ်အရ ပူစရာမလို။ ပြည့်လျှံနေပြီ။
ပိုက်ဆံခြုံအိပ်ရင်တောင် အပူလွန်ပြီးချွေးထွက်မည်။
သူစိတ်ကူးယဉ်ခြင်းသာ။
ကျောက်မိုချင်းကကလေးမွေးပြီး တသားမွေးတသွေးလှလာသည်။ သူ့ကိုပိုဆွဲဆောင်နေသောကြောင့် ပိုစားချင်လာသည်။
"အစောကြီးရှိသေးတယ်... မရှုပ်နဲ့!''
ကျောက်မိုချင်းက နှာခေါင်းရှုံ့သည်။
"မရှုပ်ပါဘူး... တဲ့ပဲ''
ချင်လင်ကပြုံးစိစိနှင့်ပြော၏။
ကျောက်မိုချင်း: ''ဟင်း ဟင်း''
ချင်လင်က ဂုဏ်ယူပုံနှင့် စလှုပ်ရှားမည်အပြုတွင် အပြင်ဘက်မှကလေးအော်သံကြားရသည်။
ကျောက်မိုချင်းက ချင်လင်ကိုအမြန်တွန်းထုတ်ပြီး အင်္ကျီဝတ်လိုက်သည်။
ချင်ဖုန်းလေး ဗိုက်ဆာပြီးနိုးလာပြီ။
ချင်လင် သက်ပြင်းချလိုက်သည်။
မိဘတွေရဲ့အချစ်စစ်ကို ကလေးတွေကအမြဲနှောင့်ယှက်တယ်!
သူအိပ်ရာထပြီးသာ ကိုယ်လက်သန့်စင်လိုက်ရသည်။ အခန်းထဲမှထွက်လာသောအခါ လင်းဖန်ကမနက်စာပြင်ပေးထားသည်။
လင်းဖန်ခန္ဓာကိုယ်မှာ ချင်းလင်ဆန်နှင့်အရည်အသွေး ၂ ပစ္စည်းများစားပြီး ပိုကြံ့ခိုင်လာသည်။
ထို့ကြောင့် နေ့တိုင်းမနက်အစောကြီးထပြီး သားနှင့်ချွေးမဖြစ်သူအတွက်မနက်စာပြင်ပေးသည်။
အထူးသဖြင့် ကျောက်မိုချင်း ချင်ဖုန်းလေးကိုမွေးပြီးနောက်ပိုင်း အမေရောကလေးပါကျန်းမာစေရန် အားဖြည့်စွပ်ပြုတ်မျိုးစုံလုပ်ပေးသည်။
သူမ ပျော်သည်။ တစ်အိမ်တည်းမျိုးဆက်သုံးဆက်ရှိခြင်းကိုသဘောကျသည်။ သူများမိသားစုတွေလို သမီးယောက္ခမဘုဘောက်ကျသောမိသားစုမျိုးမဟုတ်၍လည်း ဝမ်းသာသည်။
မနက်စာစားပြီး ချင်လင်ရုံးခန်းထဲရောက်သောအခါ ဝန်ကြီးလုထံမှဖုန်းဝင်လာသည်။
ယွီဖေးဆေးကြောင့်ပင်။
အရင်တစ်ခါ ဝန်ကြီးလုအပန်းဖြေစံအိမ်တွင် တစ်ပတ်နေခဲ့သည်။ သူကဖုံးကွယ်ထားချင်သောကြောင့် လျှို့ဝှက်ဆေးနည်းဖော်ရန် ဒေါက်တာ Dott BUG ဆီတန်းမသွားခဲ့။
ဘာပဲဖြစ်ဖြစ် ဆေးနည်းရတိုင်းဖြေရှင်းနိုင်ရင် နည်းနည်းထူးဆန်းနေမည်။
သူအချိန်ဆွဲနေကျပင်။
ထို့အပြင် ပိုင်ရွှင်နှင့်ပိုင်ကျီကိစ္စကိုအာရုံစိုက်ထားသောကြောင့် ယွီဖေးဆေးကိစ္စကကြန့်ကြာနေသည်။
သူကလျှို့ဝှက်ဆေးနည်းကိုမြန်မြန်မဖြေရှင်းနိုင်သောကြောင့် ဝန်ကြီးလုနှင့်ချူချင်းဖုန်းအရင်ပြန်သွားသည်။
အခုအချိန်ကြာပြီဖြစ်၍ ဝန်ကြီးလုမစောင့်နိုင်တော့။
ဖုန်းကိုင်လိုက်ရာ ဝန်ကြီးလု၏အလောတကြီးအသံထွက်လာသည်_
"သူဌေးချင်... မနက်အစောကြီးဖုန်းခေါ်ရတာ အားနာပါတယ်... ဒါပေမဲ့ စီနီယာချူတို့ကယွီဖေးဆေးအကြောင်းဘာမှမတွေ့သေးလို့ မင်းကိုမေးချင်နေတာ''
ချင်လင် နားလည်သည်။ သူကပြုံးပြုံးနှင့်_
"ဝန်ကြီးလု... ကျွန်တော် လျှို့ဝှက်ဆေးနည်းတချို့ထုတ်ထားတယ်... ဘယ်တစ်ခုကအမှန်လဲ ထိရောက်လဲဆိုတာသိဖို့ အချိန်ယူရဦးမယ်''
BUG ရှိသော်လည်း သိပ်မပြောဘဲ မရေမရာဖြေလိုက်သည်။
"ဟုတ်လား? ငါရုံချန်းကို အခုချက်ချင်းလာခဲ့မယ်''
ချင်လင်စကားကြောင့် ဝန်ကြီးလုအံ့ဩဝမ်းသာသွားသည်။ သူဌေးချင်ဦးဆောင်ရင် မကြာခင်ရလဒ်ထွက်မည်ဟုသူထင်သည်။
တရုတ်တိုင်းရင်းဆေးပိုင်းမှာ သူဌေးချင်ကိုသူယုံသည်။
ထို့ကြောင့် ဖုန်းချပြီးနောက် သူ့လက်ထောက်အား လေယာဉ်လက်မှတ်တန်းဖြတ်ခိုင်းသည်။ ယွီဖေးဆေးအာနိသင်ကို သူအမြန်ဆုံးသိချင်သည်။
……
တဖက်တွင်_
ချင်လင်ကဖုန်းချပြီး ရုံးခန်းတံခါးပိတ်ကာ ဝန်ကြီးလုပေးသောအချက်အလက်များနှင့်လျှို့ဝှက်ဆေးနည်းကို ဂိမ်းထဲယူသွားသည်။
ထို့နောက် ဂိမ်းအပြင်ပြန်ထွက်ပြီး သူ့ဂိမ်းဇာတ်ကောင်အား အချက်အလက်များနှင့်လျှို့ဝှက်ဆေးနည်းယူကာ ဒေါက်တာ Dott ဆီသွားစေသည်။
ခဏအကြာ ဒေါက်တာ Dott စကားပြောပေါ်လာသည်။
(ကြည့်ရတာ အရမ်းကောင်းတဲ့လျှို့ဝှက်ဆေးနည်းပဲ... ပြင်ဆင်ဖြည့်စွက်ဖို့အချိန်လိုတယ်... ခဏစောင့်ပါ)
အသိပေးစာကြောင့် ချင်လင်မျက်စိကျယ်သွားသည်။
ဒီတော့ ယွီဖေးဆေးက တကယ်ကောင်းတဲ့လျှို့ဝှက်ဆေးနည်းပေါ့။
အထူးသဖြင့် ဒေါက်တာ Dott ရေးပေးမည့်လျှို့ဝှက်ဆေးနည်းမှာ ဂိမ်းထူးခြားချက်ကြောင့် ပိုကောင်းမည်။
ရုတ်တရက် ယွီဖေးဆေးကိုသူမျှော်လင့်မိသည်။
မကြာမီ ဒေါက်တာ Dott အသိပေးစာတက်လာပြန်သည်။
(ဂုဏ်ယူပါတယ်... ဆေးနည်းပြင်ဆင်ပြီးပါပြီ.. ရှားပါးဆေးနည်းဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်နက်နဲတဲ့အတွက် အသစ်ရေးပေးထားပါတယ်!)
(ဒေါက်တာ Dott ရေးတဲ့ယွီဖေးလျှို့ဝှက်ဆေးနည်းရပါတယ်!)
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲကြည့်လိုက်သည်။
အထဲတွင် လျှို့ဝှက်ဆေးနည်းစာလိပ်ရောက်နေပြီ။
ဆေးနည်းအချက်အလက်ကိုဖတ်ချင်ရင် သူဂိမ်းထဲဝင်ရမည်။
ထို့ကြောင့် ချင်လင်ကဂိမ်းထဲပြန်ဝင်ပြီး ယွီဖေးဆေးမှတ်ချက်ကိုကြည့်လိုက်သည်:
(အထူးယွီဖေးဆေး: အရည်အသွေး ၂)
(ယွီဖေးလျှို့ဝှက်ဆေးနည်းဖြစ်သည်။ အသုံးပြုပြီးနောက် ယွီဖေးဆေးနည်းကိုရနိုင်သည်။ တော်ဝင်ကြင်ရာတော်ရန်သုံးခဲ့သောသမိုင်းဝင်ဆေးဖြစ်ပြီး ဒေါက်တာ Dott ပြင်ဆင်ထားသောကြောင့် အာနိသင်ထက်သည်:
အမာရွတ်ပျောက်စေခြင်း +၂၊ ဒဏ်ရာပြန်ကောင်းခြင်း +၂၊ အနာဆွေးဖယ်ရှားပေးခြင်း +၂၊ ဆဲလ်ပြန်ကောင်းစေခြင်း +၂!)
လျှို့ဝှက်ဆေးနည်းတွင် ရိုးရိုးရှင်းရှင်းအာနိသင် ၄ ခုသာပါသည်။
ထို ၄ ခုကလည်း ယွီဖေးဆေး၏အာနိသင်ကိုထင်ဟပ်စေသည်။
အမာရွတ်ပျောက်စေခြင်းက ပြောစရာမလို။ အမာရွတ်ပြန်ကောင်းသောအာနိသင်အလွန်ထက်သည်။
ဒဏ်ရာပြန်ကောင်းခြင်းမှာ အမာရွတ်က ဒဏ်ရာကြောင့်ပေါ်လာခြင်းပင်။
အနာဆွေးမှာ တချို့အနာများကကျက်သွားသော်လည်း အမာရွတ်ကျန်ရစ်သည်။ အနာဆွေးဖြစ်ပြီး မာခဲနေမည်။
ဒီလိုအနာမျိုးမှာပြန်ကောင်းဖို့မဖြစ်နိုင်။ အနာဆွေးပြန်ကောင်းပါက ယွီဖေးဆေးအာနိသင်မှာအံ့ဖွယ်ဟုဆိုနိုင်သည်။
ဆဲလ်ပြန်ကောင်းခြင်းက နည်းနည်းနားလည်ရခက်သည်။ ကြွက်သား ဒါမှမဟုတ် အာရုံကြောဆဲလ်များပျက်စီးသောဒဏ်ရာမျိုးဖြစ်မည်။