အံ့ဖွယ်အာနိသင်!
Vol. 80 Ch. 1192
ပျက်စီးသောကြွက်သား၊အာရုံကြောဆဲလ်ကိုပြန်ကောင်းစေသည့်အာနိသင်ဖြစ်မည်။
အထင်ကြီးစရာအာနိသင်ပင်။
မျက်နှာမီးလောင်ထားသူများမှာ မျက်နှာကြွက်သားများပျက်စီးခြင်းကြောင့် ကောင်းကောင်းမလှုပ်ရှားနိုင်။
ဒီအရည်အသွေးကြောင့် ကြွက်သားတွေတောင်ပြန်ကောင်းနိုင်သည်။
ဒေါက်တာ Dott ဆီမှလျှို့ဝှက်ဆေးနည်းများစွာရဖူးသော်လည်း အရည်အသွေး ၁ များသည်။
ယွီဖေးဆေးနှင့်အရည်အသွေး ၂ က ဒါပထမဆုံးပင်။
အထူးသဖြင့် အာနိသင်များကအထင်ကြီးစရာကောင်းသည်။
ဒေါက်တာ Dott BUG ကြောင့်ဆိုသော်လည်း မူလယွီဖေးဆေးအာနိသင်က အရည်အသွေး ၁ သာရှိသည့်သဘောဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တော်ဝင်ကြင်ရာတော်ရန်ကျောပေါ်ကအမာရွတ်မှာ အမာရွတ်ဟောင်းဖြစ်သည်။ တော်ဝင်ဆေးပညာရှင်များကုသခဲ့သော်လည်း မပျောက်ဘဲ ယွီဖေးဆေးနှင့်မှပျောက်ကင်းခဲ့သည်။
အခုလျှို့ဝှက်ဆေးနည်းကို ဒေါက်တာ Dott က တစ်ဆင့်မြှင့်လိုက်ပြီ။
ဒီဆေးကိုကြော်ငြာရင် အမာရွတ်ကောင်းစေသောအာနိသင်ကြောင့် အုတ်အော်သောင်းတင်းဖြစ်မည်။
အဲဒီအချိန်ကျရင် တော်ဝင်ကြင်ရာတော်ရန်နှင့်ယွီဖေးဆေးဒဏ္ဍာရီကိုလည်းအတည်ပြုနိုင်မည်။
(ယွီဖေးဆေးနည်းကိုအသုံးပြုလိုပါသလား?)
ချင်လင်က 'သုံးမည်'ကိုတန်းရွေးလိုက်သည်။
နောက်ခဏတွင် လျှို့ဝှက်ဆေးနည်းက အလင်းမှုန်များဖြစ်ပြီး သူ့ကိုယ်ထဲဝင်လာသည်။ ထို့နောက် အချက်အလက်များ သူ့မှတ်ဉာဏ်ထဲတိုးဝင်လာ၏။
ယွီဖေးဆေးအချက်အလက်နှင့်ပါဝင်ပစ္စည်းများပင်။
ခဏအကြာ ချင်လင်လည်း ယွီဖေးအထူးဆေးနည်းရသည်။ ထို့နောက် ဂိမ်းထဲမှထွက်ပြီး ကွန်ပျူတာဖွင့်ကာ ဆေးပင်များအကြောင်းအသေးစိတ်ချရေးသည်။
ဒီဆေးပင်များသက်သက်နှင့်ယွီဖေးဆေးမလုပ်နိုင်။ ဘာပဲဖြစ်ဖြစ် ပြင်ဆင်သည့်အတောအတွင်း ထည့်ရမည့်ဆေးပင်အစဉ်လိုက်၊ ဆေးရောစပ်ချိန်၊ ဆေးအချိုးအစားအားလုံးသိရမည်။
မဟုတ်လို့ တစ်ဆင့်မှားသွားရင် ဒါမှမဟုတ် အချိုးအစားမှားသွားရင် ယွီဖေးဆေးမဟုတ်တော့။ အမာရွတ်ပျောက်ဖို့မပြောနှင့်၊ ပုံပျက်ပန်းပျက်၊အသားအရေပျက်သွားနိုင်သည်။
ချင်လင်ကဆေးနည်းရေးချပြီး ရုံးခန်းထဲမှထွက်ကာ ဆေးပင်များဝယ်ရန် ရုံချန်းဆေးဆိုင်ဘက်ထွက်လာသည်။
ဆေးနည်းထဲကဆေးပင်အများစုကို ရုံချန်းဆေးဆိုင်မှာရောင်းသည်။
သို့သော် သုံးနေကျမဟုတ်သောဆေးပင်တချို့လည်းပါသည်။ ရုံချန်းဆေးဆိုင်များတွင် ဆေးပင်သိပ်မရှိ၍အော်ဒါမှာရမည်။
ပိုက်ဆံပေးဝယ်ရင်တောင် အစောဆုံးမနက်ဖြန်မှ ရုံချန်းရောက်မည်။
ထို့ကြောင့် ချင်လင်ကငွေအရင်ချေခဲ့ပြီး မနက်ဖြန်မှပြန်လာရမည်။
တချိန်တည်း၌_
ရုံချန်းမင်မြစ်လက်တက်တစ်နေရာ_
ချန်လီက ချီခိုင်ရုံတို့ပညာရှင်များကိုအဖော်ပြုပြီး ရေထဲရောက်နေပြန်သည်။
သင်္ဘောတစ်စီးပေါ်တွင် ချီခိုင်ရုံတို့ပညာရှင်များမှာ ကိရိယာတန်ဆာပလာများနှင့်အလုပ်ရှုပ်နေသည်။
"မစ္စတာချီ.. ဒီကိရိယာက တကယ်ထူးလား?''
ချန်လီကစပ်စုသည်။
ချီခိုင်ရုံကပြုံးပြုံးနှင့်ရှင်းပြသည်_
"ဒါအဆင့်အမြင့်ဆုံးရေအောက်စမ်းသပ်ကိရိယာပဲ... ရေထဲဖြတ်နိုင်တယ်... ကိရိယာကအလင်းနဲ့ ပတ်ဝန်းကျင်ကိုသေချာမြင်ရမယ်... ပတ်ဝန်းကျင်ကငါးတွေကိုစကင်န်ဖတ်ဖို့ အသံလှိုင်းလည်းလွှင့်လို့ရတယ်''
"ပြီးတော့ ဒီကိရိယာမှာ မျိုးတုံးငါးပုံတွေ အချက်အလက်တွေမှတ်တမ်းတင်ထားတယ်ဆိုတော့ ရေထဲကငါးနဲ့ယှဉ်ကြည့်လို့ရတယ်''
"ရေထဲကငါးက သူ့အချက်အလက်နဲ့မကိုက်ရင် မှတ်တမ်းမရှိတဲ့မျိုးတုံးငါးဖြစ်မယ်''
ချီခိုင်ရုံကတရစပ်ရှင်းပြသော်လည်း ချန်လီကသိပ်နားမလည်။ ကိရိယာအစွမ်းထက်ကြောင်းသာသိသည်။
ပညာရှင်များက ရေထဲအထူးကိရိယာချသည်ကို သူကြည့်နေသည်။ ကိရိယာကို ရုပ်သံလွှင့်နိုင်သောဖန်သားပြင်နှင့်ချိတ်ဆက်ထားသည်။
ထိုကိရိယာများရေထဲရောက်သောအခါ ချိတ်ဆက်ထားသောဖန်သားပြင်တွင် ရေအောက်ပုံရိပ်များပေါ်လာသည်။
ချင်လင်မှာ သူထည့်ထားသောငါးက အသေးနှင့်အလတ်စားဖြစ်၍ မြန်မြန်သတိမထားမိနိုင်ဟုထင်ခဲ့သည်။ ဒီလိုအဆင့်မြင့်နည်းပညာနှင့်ငါးရှာနိုင်ကြောင်း သူမသိခဲ့။
ချန်လီက ဖန်သားပြင်ကြည့်ရင်းစောင့်မျှော်နေသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီပေါ်လာခြင်းက အံ့ဩစရာကောင်းလှပြီ။
ဒီပညာရှင်တွေခန့်မှန်းထားသလို ရုံချန်းမြစ်မှာတခြားမျိုးတုံးငါးတွေရှိသေးရင် ရုံချန်းမြစ်ရဲ့အဓိပ္ပါယ်ကထူးခြားသွားမည်။
ချီခိုင်ရုံက ထိန်းချုပ်ကိရိယာနှင့်ပတ်ဝန်းကျင်ကိုစကင်န်ဖတ်သည်။
သူတို့လည်း မျှော်တလင့်လင့်။
ပိုင်ရွှင်နှင့်ပိုင်ကျီက အထူးပတ်ဝန်းကျင်တစ်နေရာတွင်မျိုးပြောင်းပြီး ရုံချန်းရာသီဥတုပြောင်းလဲခြင်းကြောင့်ရောက်လာသည်ဟု သူတို့တွက်ဆထားသည်။ ဒီပတ်ဝန်းကျင်မှာ တခြားမျိုးတုံးငါးတွေရှိချင်ရှိနိုင်သည်။
မြေအောက်မြစ်လိုပတ်ဝန်းကျင်တွေအများကြီးရှိသည်။
အခု တခြားမျိုးတုံးငါးရှာတွေ့ရင် သူတို့တွက်ဆချက်ကိုအတည်ပြုနိုင်ပြီ။ အဲဒီအချိန်ကျရင် အထက်လူတွေကိုအစီရင်ခံပြီး အထူးပတ်ဝန်းကျင်ကိုစရှာမည်။
သို့ရာတွင် ရုံချန်းမင်မြစ်လက်တက်က နည်းနည်းကြီးသည်။ သိပ္ပံကိရိယာအကူအညီနှင့်တောင် ရေထဲမှာငါးရှာတွေ့ဖို့အချိန်ယူရဦးမည်။
သူတို့ကံအရမ်းမကောင်းရင် ဒါမှမဟုတ် မျိုးတုံးငါးအများကြီးမရှိရင်ပေါ့။
ဒီနှစ်ခုဖြစ်နိုင်ခြေက အလွန်နည်းသည်။
ချီခိုင်ရုံတွေးတောနေစဉ် ပညာရှင်တစ်ဦးကအံ့ဩသံနှင့်_
"အဲဒါဘာလဲ?''
ပညာရှင်က ကိရိယာကိုထိန်းပြီး ဖန်သားပြင်တွင်ပေါ်လာသောပုံရိပ်ကိုစိုက်ကြည့်နေသည်။
“ဘာဖြစ်လို့လဲ?”
ချီခိုင်ရုံက တန်းမေးသည်။
ကျုပ်ကိရိယာမှာ ထူးထူးဆန်းဆန်းငါးတစ်မျိုးတွေ့တယ်''
ပညာရှင်က လောလောနှင့်_
"အခုငါးတွေနဲ့မတူဘူး... ကျုပ်အနီးကပ်ဆွဲကြည့်နေတာ''
“ဘယ်လို?”
ချီခိုင်ရုံ ကြောင်သွားသည်။
အခုငါးတွေမဟုတ်ရင် မျိုးတုံးငါးပေါ့?
အဲလောက်ကံကောင်းလား?
သူက ထိုပညာရှင်နား ခပ်သုတ်သုတ်သွားလိုက်သည်။ တခြားပညာရှင်များလည်းရောက်လာသည်။