Chapters

အံ့ဖွယ်အာနိသင်! ၃

Vol. 80 Ch. 1193

အံ့ဖွယ်အာနိသင်! ၃

Vol. 80 Ch. 1193

ဖန်သားပြင်ပေါ်ငါးပုံပေါ်လာပြီး ငါးကိုအမြန်ဆွဲကြည့်လိုက်သည်။

မကြာမီ ကိရိယာ၏အလင်းဖျော့ဖျော့အောက်တွင် ထူးထူးဆန်းဆန်းငါးပုံပေါ်လာသည်။

"ခြေနှစ်ချောင်းငါးလား?''

ပညာရှင်တစ်ဦးက အမှတ်တမဲ့ပြောသည်။

နောက်တစ်ယောက်ကလည်း အနားကပ်လာပြီးသေချာကြည့်သည်။

ခြေနှစ်ချောင်းငါးမျိုးတုံးတာ နှစ် ၃၀ ကျော်ကြာပြီဖြစ်သောကြောင့်ပင်။

"တကယ်ခြေနှစ်ချောင်းငါးပဲ!''

ချီခိုင်ရုံ အံ့ဩဝမ်းသာသွားသည်။

မျိုးတုံးငါးနောက်တစ်မျိုးကိုမြန်မြန်ဆန်ဆန်ရှာတွေ့သောကြောင့် သူတို့တွက်ဆချက်မှန်ပြီဟူ၍ဝမ်းသာကြသည်။ ရုံချန်းအနီးအနားမှာ အထူးပတ်ဝန်းကျင်တစ်ခုရှိရမည်။

ချီခိုင်ရုံက ဆက်ညွှန်ကြားသည်_

"မြန်မြန်ဆက်ကြည့်ကြ... ခြေနှစ်ချောင်းငါးက တစ်ကောင်တည်းမနေတတ်ဘူး... ဒီနားမှာ ခြေနှစ်ချောင်းငါးရှိဦးမယ်''

သင်္ဘောဖြည်းဖြည်းချင်းသွားပြီး ပညာရှင်များက ပတ်ဝန်းကျင်ကိုကိရိယာများနှင့်ဖြန့်ကျက်ရှာကြသည်။ မကြာမီ ခြေနှစ်ချောင်းငါးနှစ်ကောင်ထပ်မိသည်။

သို့ရာတွင် တခြားပညာရှင်တစ်ဦးက_

"မစ္စတာချီ.. လာကြည့်ပါဦး''

"ခြေနှစ်ချောင်းငါးတွေ့လို့လား?''

ချီခိုင်ရုံကချက်ချင်းလျှောက်သွားရာ ဖန်သားပြင်ပေါ်တွေ့ရသောငါးကြောင့် ခဏကြောင်သွားပြီး_

"သူယောင်ငါး!!!''

သူယောင်ငါးမှာ မျိုးတုံးငါးနောက်တစ်မျိုးဖြစ်သည်။

သူမှားစရာအကြောင်းမရှိ။ ငါးနှင့်တူသောမျိုးတုံးငါးပင်။

ဒီသူယောင်ငါးအကြောင်း သူစာတမ်းရေးဖူးသည်။

ချီခိုင်ရုံအတည်ပြုလိုက်သောကြောင့် တခြားပညာရှင်များလည်းအံ့ဩကုန်သည်။

နောက်ထပ်မျိုးတုံးငါးတစ်မျိုး။

အချိန်ကုန်လွန်သွားသည်။

ချီခိုင်ရုံတို့မှာ ဆက်ရှာရင်းတွေ့ရသောမျိုးတုံးငါးများကြောင့် အိပ်မက်မက်နေသလိုထင်မိသည်။

နေဝင်ချိန်တွင် မြစ်ဝှမ်းတစ်ခုလုံးရှာပြီး မျိုးတုံးငါး ၁၀ မျိုးနီးနီးတွေ့သည်။

မိုးမချုပ်ခင် နောက်ထပ်မျိုးတုံးငါးတစ်ကောင်ထပ်တွေ့သေးသည်။

"မစ္စတာချီ''

ပညာရှင်တစ်ဦးကအော်သည်_

"လာကြည့်ပါဦး... ဒါမြောက်ပိုင်းဆော်လမွန်လား?''

ချီခိုင်ရုံကအနားရောက်လာပြီး ဖန်သားပြင်ပေါ်မှငါးကိုကြည့်သည်။ သူကမှင်တက်သွားပြီးခေါင်းညိမ့်ကာ_

"မေးရိုးရှည်မြောက်ပိုင်းဆော်လမွန်ပဲ''

တခြားပညာရှင်များ သက်ပြင်းမချဘဲမနေနိုင်တော့။

"နောက်ထပ်မျိုးတုံးငါး!''

"ရုံချန်းမှာ ပိုင်ရွှင်နဲ့ပိုင်ကျီအပြင် မျိုးတုံးငါးတွေဒီလောက်များမယ်မထင်မိဘူး''

"အခုဒီမှာ ၁၀ မျိုးမလား? မစ္စတာချီ ကျုပ်တို့ထင်တာမှန်ပြီ''

ချီခိုင်ရုံ ခေါင်းညိမ့်လိုက်သည်။

ထင်တာမှန်ရုံတင် ဘယ်ကမလဲ? ပိုင်ရွှင်၊ပိုင်ကျီနဲ့မျိုးတုံးငါး ၁၀ မျိုးကျော် ရုံချန်းမြစ်ထဲပေါ်လာတာ တစ်နိုင်ငံလုံးအုတ်အော်သောင်းတင်းဖြစ်တော့မည်။

ဒီလိုအံ့ဖွယ်မျိုးကိုပြောမပြနိုင်တော့။

အရင်က ပထမအဆင့်ကာကွယ်ထားသောငါးများမှာ ကျုံးရွှင်၊ လုံရွှင်၊ ပိုင်ရွှင်၊ တထိုတို့ဖြစ်သည်။

ရှေ့လျှောက် နိုင်ငံတော်ပထမအဆင့်ကာကွယ်ပေးသောငါး ၁၀ မျိုးကျော်တွင် ရုံချန်းက ၇၀% ပိုင်ဆိုင်ထားမည်။

ဘယ်လောက်အံ့ဩစရာကောင်းလဲ?

ချန်လီက ထပ်တွေ့သောမျိုးတုံးငါးကိုကြည့်လိုက်သည်။ အစက စိတ်လှုပ်ရှားသော်လည်း အခုနည်းနည်းလန့်လာသည်။

မြစ်ထဲမှာ မျိုးတုံးငါးတွေများလွန်းနေပြီ။

ဒီသတင်းပြန့်သွားရင် တစ်နိုင်ငံလုံး ဒီမြစ်ကိုအာရုံစိုက်လာမည်။

မြစ်ကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်ကြမည်။ ရေဆိုးရေညစ် မြစ်ကိုထိခိုက်ရင် ပြင်းပြင်းထန်ထန်အရေးယူခံရမည်။ အမှိုက်ပစ်ရင်တောင် ဒဏ်ရိုက်ခံရမည်။

ဒီမျိုးတုံးငါးများပြန်ပေါ်လာခြင်းက လူတိုင်းအတွက်စိတ်လှုပ်ရှားစရာဖြစ်မည်။

ငါးတွေသာသေကုန်ရင် ရုံချန်းအဆဲခံရပြီး အရှက်ရစရာအဖြစ်တောင်ကမ္ဗည်းတွင်သွားနိုင်သည်။