အရှိန်မြှင့်! ၂
Vol. 80 Ch. 1195
“……”
လိုင်းပေါ်စည်ကားနေသလို ရုံချန်းအထက်ပိုင်းမြို့များတွင်လည်း စည်ကားနေသည်။
ရှားပါးတိရစ္ဆာန်ကာကွယ်ရေးဌာနက မြစ်ဝှမ်းတစ်ခုလုံးရေအရည်အသွေးကိုစစ်ဆေးမည်ဟုပြောထားသည်။ အထက်လူများခွင့်ပြုချက်ရထား၍ အလွန်အဆင့်မြင့်မည်။
ဘယ်မြို့ကမကြောက်ဘဲနေမလဲ?
သူတို့မြို့ရေမှာပြဿနာရှိရင် ရေအရည်အသွေးမကောင်းတဲ့အကြောင်း အထက်ကိုတင်ပြလိုက်ရုံပင်။
အနည်းဆုံးတော့ ပြန်လည်ဖွဲ့စည်းရမည်။
သတင်းထပ်တက်လာရင် ဒုက္ခရောက်မည်။
နောက်ပြီး အစီရင်ခံဗီဒီယိုများစွာတက်နေသောကြောင့် ဒီမြို့တွေမှာ သူထင်တာထက်ပိုပြီး ပြဿနာများပုံရသည်။
သူတို့မြို့ရှိစက်ရုံ၊လုပ်ငန်းများကြောင့် အလွန်အမင်းညစ်ညမ်းလာကြောင်းတင်ပြထားကြသည်။ လိုင်းပေါ်တန်းတင်ကြသောကြောင့် ရေပန်းစားလာ၏။
ခါတိုင်း သူတို့ကိုဘယ်သူမှအာရုံမစိုက်သလို လျစ်လျူရှုခံရသည်။
ဒီတစ်ခါ မိစ္ဆာမှန်တန်းသုံးလိုက်သည်။
လွတ်လမ်းမရှိ။
ရုံချန်း_
ချီခိုင်ရုံတို့ပညာရှင်များကို ဌာနတွင်နေရန်စီစဉ်ပေးထားသည်။
သူတို့လည်း လိုင်းပေါ်ကသတင်းများကိုအာရုံစိုက်နေသည်။
ပညာရှင်တစ်ဦးက_
"မစ္စတာချီ.. ပုချန်မြို့ကတစ်ယောက်တင်ပြထားတယ်... ကျုံးရှင်းစက်မှုဇုံနဲ့ဓာတုဗေဒကုမ္ပဏီက အဆင့်မမီဘူးတဲ့... ရေဆိုးရေညစ်တွေက မင်မြစ်ထဲတန်းစီးဆင်းသွားနိုင်တယ်တဲ့''
ချီခိုင်ရုံက နားထောင်ပြီး ချက်ချင်းဖုန်းထုတ်ကာ အတွင်းရေးအဖွဲ့ထဲ စာနည်းနည်းရေးလိုက်သည်:
'ကျုံးရှင်းစက်မှုဇုံနဲ့ဓာတုဗေဒကုမ္ပဏီနားကရေအရည်အသွေးကိုစစ်ဆေးပါ'
အဖွဲ့နာမည်မှာ:
'ရေအရည်အသွေးကိစ္စအတွက် မင်မြစ်ဝှမ်းဌာနအသီးသီးပူးပေါင်းလုပ်ဆောင်ရေး'
ဒါကြောင့်လည်း အထက်လူများသတင်းလွှင့်ရန် ချီခိုင်ရုံဒီလောက်လောနေခြင်းဖြစ်မည်။
ငါးအတွက် ရေအရည်အသွေးမြင့်ဖို့လိုသည်။ ရေအရည်အသွေးမကောင်းရင်၊ပြောင်းလဲရင် ငါးသေသွားနိုင်သည်။
ထို့ကြောင့် မျိုးတုံးနိုင်ငံ့ရတနာကိုကာကွယ်ရန် ရေအရည်အသွေးက ပထမဦးစားပေးဖြစ်သည်။
ဒီရုတ်တရက်လွှင့်လိုက်တဲ့သတင်းကြောင့် မကောင်းတဲ့လူတွေထွက်လာတာမလား?
အဲဒီအချိန်ကျ သုံးလေးကြိမ်နမူနာဖမ်းပြလိုက်ရင် မြစ်တလျှောက်ကကုမ္ပဏီတွေမဆင်မခြင်လုပ်ရဲတော့မည်မဟုတ်။
အခုကြည့်ရတာ ရလဒ်ကောင်းပုံရသည်။
အနည်းဆုံးတော့ ပြဿနာရှိသောကုမ္ပဏီတချို့ကို သူတို့အတည်ပြုထားပြီ။ အချက်အလက်ကို သက်ဆိုင်ရာဌာနများဆီပို့ပြီး သက်ဆိုင်ရာဌာနက ထိုကုမ္ပဏီများကိုကိုင်တွယ်မည်။
ဒီအချက်မှတဆင့် အထက်လူတွေလည်း ဒီနိုင်ငံ့ရတနာငါးတွေကိုတန်ဖိုးထားကြောင်းသိနိုင်သည်။
ကျုံးရှင်းစက်မှုဇုံနှင့်ဓာတုဗေဒကုမ္ပဏီမှာ ပုချန်တွင်ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။ ထိုအချိန် ဥက္ကဌရုံးခန်းထဲတွင် ဥက္ကဌဟူချွန်းလိုင်တစ်ယောက် နည်းနည်းထိတ်လန့်နေသည်။
လုပ်ငန်းစလုပ်ချိန်တွင် အကုန်အကျသက်သာအောင် တချို့ကိစ္စများကြံစည်ရသည်။
ဒီလိုအညစ်အကြေးစွန့်ပစ်တာမျိုး ကုမ္ပဏီအတော်များများလုပ်ကြပေမဲ့ လိုင်းပေါ်မှာသူတို့အတင်ခံရမယ်လို့ဘယ်ထင်မလဲ? ရေပန်းစားကလည်းစားနေတော့ အားလုံးရှေ့ပေါ်သွားပြီမလား?
ဟူချွန်းလိုင်က သူ့လက်ထောက်အား လောလောနှင့်_
"မြန်မြန်! အညစ်အကြေးဖောက်ချတဲ့ကိရိယာကိုလှည့်ခိုင်းလိုက်စမ်းပါ... ရေဆိုးထပ်မထွက်စေနဲ့''
လက်ထောက်ကမျက်နှာပျက်သွားပြီး_
"ဥက္ကဌ.. ကြည့်ရတာ မမီတော့ဘူးထင်တယ်... စောစောကနှစ်ဖွဲ့လာပြီး ကျွန်တော်တို့ရေထွက်ပေါက်ကနမူနာယူသွားတာတွေ့တယ်... တစ်ဖွဲ့ကိုမှတ်မိတယ်... ပုချန်က... နောက်တစ်ဖွဲ့ကိုတော့မသိဘူး... သက်ဆိုင်ရာဌာနတစ်ခုခုကဖြစ်မယ်''
"သေစမ်း!''
ဒီလောက်မြန်မည်ဟု ဟူချွန်းလိုင်မထင်မိ_
"ငါ့ကိုလေယာဉ်လက်မှတ်ဖြတ်ပေး... ခဏခရီးထွက်သွားမယ်... ရေဆိုးရေညစ်တာဝန်ခံက ဒါရိုက်တာလီမလား?''
"သက်ဆိုင်ရာဌာနကလာရင် အမှန်အတိုင်းပြောလိုက်... အိုး ဒါနဲ့.. ဒါရိုက်တာလီလက်မှတ်နဲ့ အချက်အလက်တွေထားခဲ့မယ်... သူတို့လာရင်ပေးလိုက်ရုံပဲ''
ကျွတ် ကျွတ်။
ဥက္ကဌစကားကြောင့် လက်ထောက်မျက်လုံးနည်းနည်းပြူးသွားသည်။
ဒါရိုက်တာလီက ဥက္ကဌရဲ့ယောက်ဖ။
ဥက္ကဌရည်ရွယ်ချက်က သိသာနေပြီ။
…
ချင်းလင်အပန်းဖြေစံအိမ်_
သတင်းဖတ်ပြီး ချင်လင်လည်းအံ့ဩနေသည်။
ဂိမ်းထဲကထုတ်လာတဲ့ငါးတွေကြောင့် ဒီလောက်အုတ်အော်သောင်းတင်းဖြစ်မည်ဟု သူမထင်မိ။
ဒါပေမဲ့ ရေအရည်အသွေးပြဿနာက အဓိပ္ပါယ်ရှိသည်။ တချိန်တည်းမှာ အထက်လူတွေက ဒီမျိုးတုံးငါးတွေကိုအမှန်တကယ်တန်ဖိုးထားကြောင်းသိနိုင်သည်။
ကံဆိုးတဲ့ကုမ္ပဏီတွေ သူ့ကိုအပြစ်မတင်ရင်ရပြီ။
ဘာပဲဖြစ်ဖြစ် မီးစမွှေးတာသူမှန်း အဲဒီလူတွေမသိကြ။
ချင်လင်ကတွေးတောရင်း ဆေးပင်များနှင့်အတွင်းဘက်ဝင်လာသည်။ မနေ့ကယူလာသောဆေးပင်များကိုထုတ်လိုက်သည်။
ဆေးပင်များကိုတစ်မျိုးချင်းခွဲပြီးနောက် ဒစ်ဂျစ်တယ်စက်လေးနှင့် လိုအပ်သောဆေးပင်ပမာဏကိုချိန်တွယ်ယူသည်။
ဒီလိုမှ ဆေးဖော်တဲ့အခါ ဆေးပင်များကိုအစဉ်လိုက်၊အချိန်ကိုက်ထည့်ရုံပင်။
ချင်လင်က ဆေးဆုံနှင့် ဆေးပင်များကိုအမှုန့်ကြိတ်သည်။ သူက တစ်ဆင့်ချင်းဆက်လုပ်သည်။
ယွီဖေးဆေးကိုအချိန်အတော်ယူပြီး ချင်လင်ဖော်လိုက်ရသည်။ ထို့နောက် အခန်းတံခါးပိတ်လိုက်သည်။
ဂိမ်းထဲဝင်ပြီးနောက် ယွီဖေးဆေးမှတ်ချက်ကိုတန်းကြည့်သည်:
(အထူးယွီဖေးဆေး: အရည်အသွေး ၂)
(လျှို့ဝှက်နည်းနှင့်ဖော်ထားသောယွီဖေးဆေးဖြစ်သည်။ တော်ဝင်ကြင်ရာတော်ရန်သုံးခဲ့သောဆေးဟု ဒဏ္ဍာရီရှိသည်။ ဒေါက်တာ Dott ပြင်ဆင်ပြီးနောက် အာနိသင်ပိုထက်လာသည်:
အမာရွတ်ပြန်ကောင်းစေခြင်း +၂၊ အနာပြန်ကောင်းစေခြင်း +၂၊ အနာဆွေးဖယ်ရှားပေးခြင်း +၂၊ ဆဲလ်ပြန်ကောင်းစေခြင်း +၂!)
ပထမဆုံးအောင်မြင်စွာဖော်စပ်နိုင်ခြင်းပင်။
နောက်တစ်ဆင့်က ဆေးအာနိသင်ကိုစမ်းသပ်ရမည်။
ချင်လင်ကဂိမ်းထဲမှပြန်ထွက်ပြီး တံခါးဖွင့်ကာအခန်းပြင်ထွက်လာသည်။ သူ့ရုံးခန်းထဲရောက်သောအခါ လင်းလန်ဇီကိုဖုန်းဆက်ပြီး ဒဏ်ရာရှိဝန်ထမ်းသုံးလေးယောက်ခေါ်ခိုင်းမည်အပြုတွင် အလောတကြီးတံခါးလာခေါက်သံကြားရသည်။
ဝင်လာသူကြောင့် သူခဏကြောင်သွား၏။
“ဝန်ကြီးလု!”
ချင်လင် နည်းနည်းအံ့ဩသွားသည်။