← Chapters

ဆဲလ်ပြန်ကောင်းစေတယ်!

Vol. 80 Ch. 1197

ဆဲလ်ပြန်ကောင်းစေတယ်!

Vol. 80 Ch. 1197

မိုးမှောင်လာသည်။

ဝန်ကြီးလုရုတ်တရက်ရောက်လာသောကြောင့် ချင်လင်ကတော်ဝင်ဆေးစွပ်ပြုတ်လုပ်ပေးသည်။ ယွမ်ရှန်ကိုလည်းမမေ့။

သို့သော် ယွမ်ရှန်က နေ့လယ်စာစားချိန်ပေါ်မလာပေ။

ထို့ကြောင့် ဝန်ကြီးလုကဖုန်းဆက်သော်လည်း 'ဖုန်းမအားသေးပါ'ဖြစ်နေသည်။

ဝန်ကြီးလု ကြောင်သွားသည်။

သူဌေးချင်ကိုယ်တိုင်တော်ဝင်ဆေးစွပ်ပြုတ်လုပ်ပေးထားတာ။

ဘယ်သူအလုပ်ရှုပ်ခံမလဲ?

သို့ရာတွင် ယွမ်ရှန်၏အသံကမယုံနိုင်ပုံပေါက်နေမှန်း သူသိသည်။

ယွီဖေးဆေးနှင့်ဆိုင်မည်ဟုသူထင်သောကြောင့် ယွီဖေးဆေးအကြောင်းသိချင်လာသည်။

ထို့ကြောင့် တော်ဝင်ဆေးစွပ်ပြုတ်သောက်ပြီးနောက် ယွမ်ရှန်ကိုဖုန်းဆက်လိုက်သည်။

ဒီတစ်ခါ ဖုန်းကိုင်မည့်သူမရှိ။

"စမ်းသပ်နေတုန်းလား?''

ဝန်ကြီးလုကဇဝေဇဝါဖြစ်နေသော်လည်း ဆက်မခေါ်တော့။

ယွမ်ရှန်စမ်းသပ်မှုအရေးကြီးရင် သူဆက်တိုက်ဖုန်းခေါ်နေပါက အနှောင့်အယှက်ဖြစ်မည်။

ညပိုင်းကုန်လွန်သွားသည်။

နောက်နေ့နေ့လယ်ပိုင်းတွင် ဝန်ကြီးလုက ယွမ်ရှန်ကိုထပ်ဆက်ရာ စက်ပိတ်ထားလေသည်။

သူမစောင့်နိုင်တော့ဘဲ ရုံချန်းစီရင်စုဆေးရုံကိုတန်းသွားလိုက်သည်။

ယွမ်ရှန်မှာ ကိရိယာတစ်ခုရှေ့တွင်ရေရွတ်နေသည်ကိုတွေ့ရသည်_

"တရုတ်တိုင်းရင်းဆေးက အံ့ဩစရာကောင်းလိုက်တာ... အနောက်တိုင်းဆေးပညာတောင် ဆေးပင်တွေရဲ့ဒြပ်ပေါင်းကိုမဖော်ထုတ်နိုင်ဘူး''

ထိုသို့ပြောပြီး ယွမ်ရှန်က ခေါင်းမဖော်တမ်းအလုပ်လုပ်ပြန်သည်။

ဝန်ကြီးလုကအနားသွားကြည့်ရာ ယွမ်ရှန်မှာမျက်တွင်းကျပြီးပင်ပန်းပုံပေါက်နေပြီ။

ညလုံးပေါက်လုပ်ထားကြောင်းသိသာသည်။

"တော်ဝင်ပညာရှင်ယွမ်... တစ်ညလုံးမအိပ်ဘူးလား?''

ဝန်ကြီးလုကမေးသည်။

ဝန်ကြီးလုရောက်လာသောကြောင့် ယွမ်ရှန်ကစိတ်လှုပ်ရှားသံနှင့်_

"ဝန်ကြီးလု... ပြီးရင် အစီရင်ခံမလို့ပဲ... သူဌေးချင်ရဲ့ယွီဖေးဆေးက အံ့ဩစရာကောင်းတယ်''

"ယွီဖေးဆေးက အမာရွတ်ပျောက်စေပြီး အနာလည်းကျက်စေတယ်... အနာဟောင်းအတွက်လည်းထိရောက်တယ်... ပြီးတော့ ပျက်စီးနေတဲ့ဆဲလ်ကိုပြန်ကောင်းစေတဲ့ဒြပ်ပေါင်းလည်းပါတယ်... အရမ်းထိရောက်တယ်... အမေရိကကဆေးထက်အများကြီးပိုကောင်းတယ်''

"ပျက်စီးနေတဲ့ဆဲလ်ကိုပြန်ကောင်းစေတယ်?''

ဝန်ကြီးလုကနားထောင်ရင်း မျက်လုံးကျယ်သွားကာ_

"US ဒေါ်လာ ၃.၅ သန်းတန်တဲ့ဆေးလား... အူလမ်းကြောင်းဆေးမှုန့်နဲ့လဲချင်တဲ့ဟာလား?''

ပျက်စီးနေတဲ့ဆဲလ်ကိုပြန်ကောင်းစေတဲ့အာနိသင်က အမာရွတ်ပျောက်တာနဲ့မတူ။

ဒဏ်ရာရရင် အမာရွတ်ကျန်ရုံသာမက တစ်ရှူးများ၊ဆဲလ်များကိုလည်းပျက်စီးစေသည်။ လှုပ်ရှားရခက်ခြင်း၊ ဒဏ်ရာတဝိုက်အသားကြေခြင်းတောင်ဖြစ်နိုင်သည်။

ပျက်စီးနေတဲ့ဆဲလ်ကိုပြန်ကောင်းစေတဲ့အာနိသင်က အမာရွတ်ပျောက်တာထက်ပိုကောင်းသည်ဟုဆိုရမည်။

သီအိုရီအရ ပါဝင်ပစ္စည်းအာနိသင်လုံလောက်ပါက လက်ချောင်းလှီးမိရင်တောင် ယွီဖေးဆေးလိမ်းပြီး အထိအခိုက်မရှိမူလအခြေအနေပြန်ရောက်နိုင်သည်။

ယွီဖေးဆေးမှာ ဒီလိုအာနိသင်မျိုးတကယ်ရှိလား?

နောက်ပြီး ယွီဖေးဆေးမှာ အမာရွတ်ပျောက်အာနိသင်ရှိသောကြောင့် လက်ထိထားကြောင်းအစအနတောင်ပေါ်မည်မဟုတ်။

ဒီလိုဆို လန့်စရာ။

ဒါသီအိုရီနည်းအရ အာနိသင်ပင်။ ယွီဖေးဆေးအာနိသင်ကိုလက်တွေ့စမ်းသပ်ရန်လိုသေးသည်။

"ဟုတ်တယ်... အဲဒါပဲ!''

ယွမ်ရှန်ကပြုံးလိုက်ပြီး_

"အမေရိကန်က အဲဒီဆေးကိုရတနာလိုသဘောထားတာ... ငါတို့မှာ ယွီဖေးဆေးရှိလာမယ်လို့ထင်မှာမဟုတ်ဘူး''

ဝန်ကြီးလုကပြုံးပြုံးနှင့် ခေါင်းညိမ့်လိုက်သည်။

အမေရိကန်က ဆေးတစ်ဘူးကိုဒေါ်လာ ၃.၅ သန်းပေးရသည်။

စျေးကြည့်ရင် ပါဝင်ပစ္စည်းဘယ်လောက်တန်ဖိုးကြီးလဲသိနိုင်သည်။

အရင်က ထိုဆေးကိုအူလမ်းကြောင်းဆေးမှုန့်နှင့်လဲမည်ဟုကမ်းလှမ်းဖူးသောကြောင့် အထက်လူများ လဲရနိုးနိုးစဉ်းစားခဲ့ဖူးသည်။ အကြိမ်ကြိမ်လည်းဆွေးနွေးခဲ့သည်။

တကယ်တော့ ဒေါ်လာ ၃.၅ သန်းတန်ဆေးကို ပြည်တွင်းမှာတတ်နိုင်သူသိပ်မရှိ။ သုတေသနလုပ်ဖို့သာ အဓိကသုံးနိုင်မည်။

ယွီဖေးဆေးမှာ ဒီလိုအာနိသင်မျိုးရှိမည်ဟုမထင်မိ။ သူများနှင့်လဲစရာမလိုတော့ပေ။

ဒေါ်လာ ၃.၅ သန်းတန်ကိုတွေးရင်း ဝန်ကြီးလုကအမှတ်တမဲ့ဖုန်းထုတ်ကာ ချင်လင်ကိုဆက်လိုက်သည်။

ယွီဖေးဆေးဘယ်လောက်တန်လဲ သူမသိသေး။

ဖုန်းဝင်သည်နှင့် ဝန်ကြီးလုကအလောတကြီးမေးသည်_

"သူဌေးချင်.. မင်းယွီဖေးဆေးဖော်တာ ဘယ်လောက်ကုန်လဲ?''

ဖုန်းထဲမှချင်လင်အသံထွက်လာသည်_

"မနေ့ကဆေးပင်ဝယ်တာ ယွမ်သုံးလေးရာကုန်တယ်!''

“ရာဂဏန်းပဲရှိတယ်?”

ဝန်ကြီးလု အံ့ဩဝမ်းသာသွားသည်။

မနေ့ကသူဌေးချင်ထုတ်ပြတဲ့ယွီဖေးဆေးက နည်းနည်းနောနောမဟုတ်။ ကုန်ကျစရိတ်က ရာဂဏန်းပဲရှိတယ်တဲ့။ ရာဂဏန်းဆိုတော့ အရမ်းသက်သာတယ်ပြောရမှာပေါ့။

ယွမ်သုံးလေးရာနဲ့ဒေါ်လာ ၃.၅ သန်း၊ ကွာခြားချက်က အဆတစ်သောင်းလောက်ရှိသည်။

ဝန်ကြီးလုကစဉ်းစားကြည့်ပြီး ယွမ်ရှန်အား_

"တော်ဝင်ပညာရှင်ယွမ်.. ဒီယွီဖေးဆေးမှာ ဘေးထွက်ဆိုးကျိုးရှိလား?''

"အန္တရာယ်မရှိဘူး.. ဘေးထွက်ဆိုးကျိုးမရှိဘူး''

ယွမ်ရှန်က ခေါင်းခါသည်။

"ကောင်းတယ်''

ဝန်ကြီးလုက အဖြေကြားကြားချင်း ဆေးရုံမှထွက်ကာ ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။

သူဌေးချင်ဆီက ဆေးနည်းလိုချင်သည်။

သူဌေးချင်ကတော့ သူဌေးချင်ပါပဲ။

တရုတ်တိုင်းရင်းဆေးကို သူဌေးချင်လက်ထဲအပ်ရင် မှားစရာအကြောင်းမရှိ။ ဘာမှမရလိုက်မှာစိုးရိမ်စရာမလို။

ဝန်ကြီးလု အပန်းဖြေစံအိမ်ရောက်သောအခါ ချင်လင်ကိုတွေ့ပြီး_

"သူဌေးချင်.. ယွီဖေးဆေးအာနိသင်က မယုံနိုင်စရာပဲ... တော်ဝင်ပညာရှင်ယွမ်စမ်းသပ်ပြီးတော့ အဲဒီယွီဖေးဆေးက အမာရွတ်ပျောက်ရုံတင်မကဘူး.. ဒဏ်ရာပြန်ကောင်းတယ်.. အနာဆွေးလည်းရတယ်တဲ့''

"အထူးသဖြင့် ယွီဖေးဆေးမှာ ပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်ကောင်းစေတဲ့ဒြပ်ပေါင်းပါနေတာပဲ... သူဌေးချင်.. အဲဒီပါဝင်ပစ္စည်းက ဘာကိုကိုယ်စားပြုလဲသိလား?''

All Chapters