ဆဲလ်ပြန်ကောင်းစေတယ်! ၂
Vol. 80 Ch. 1198
"သုတေသနနောက်တစ်ဆင့်က ဒါပဲ... ဒီဒြပ်ပေါင်းအာနိသင်အလုံအလောက်ရရင် တိုက်ပွဲမှာဒဏ်ရာရတဲ့စ*စ်သားတွေတောင် ပြန်ကောင်းနိုင်တယ်''
"ဒီအဆင့်မှာ သုတေသနအောင်မြင်တာ အမေရိကပဲရှိသေးတယ်... ဒါပေမဲ့ စျေးအရမ်းကြီးတယ်... ဒေါ်လာ ၃.၅ သန်းကျတယ်''
"ဒါပေမဲ့ ငါတို့တိုင်းရင်းဆေးဆရာတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကျော်က ဒီပါဝင်ပစ္စည်းတွေနဲ့ဖော်နိုင်တော့မယ်... အခုကုန်ကျစရိတ်က ရာဂဏန်းပဲရှိတယ်... ဘယ်လိုရတနာမျိုးကိုဆုံးရှုံးနေခဲ့ပါလိမ့်?''
"ယွီဖေးဆေးက အဲလောက်ကောင်းလား?''
ချင်လင်က အံ့ဩဟန်ဆောင်ရပြန်သည်။
သို့ရာတွင် ဒေါက်တာ Dott ကြောင့်မှန်း သူကောင်းကောင်းသိသည်။
သို့သော်လည်း ပြောလို့မဖြစ်။
"အမှန်ပဲ သူဌေးချင်''
ဝန်ကြီးလုက ခေါင်းညိမ့်ပြီး_
"ဒီအတွက် မင်းကိုအရမ်းကျေးဇူးတင်တယ်''
ချင်လင်လည်း ဝန်ကြီးလုရည်ရွယ်ချက်ကိုသိသောကြောင့် သူပြင်ဆင်ထားသောဆေးနည်း တန်းပေးလိုက်သည်_
"ဝန်ကြီးလု.. ဒါယွီဖေးဆေးနည်းပါ... ဒီထဲမှာရေးထားတဲ့အချိုးအစားအတိုင်း အဆင့်အတိုင်းလုပ်သွားရင် ယွီဖေးဆေးရပါမယ်''
ဝန်ကြီးလုက လက်တုန်တုန်နှင့်ဆေးနည်းယူလိုက်သည်။ ပျက်စီးသောဆဲလ်များကိုပြန်ကောင်းစေသောဒြပ်ပေါင်းပါကြောင်း၊ ယွီဖေးဆေးကုန်ကျစရိတ်က မဟာဗျူဟာအရင်းအမြစ်ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။
ယွီဖေးဆေး၊ နာမည်မှားနေပြီ။
ဒီတော့ တော်ဝင်ကြင်ရာတော်ရန်ရဲ့အလှက တိုင်းပြည်ပျက်စေတယ်လို့မပြောသင့်။
တော်ဝင်ကြင်ရာတော်ရန်သာ ဒီဆေးကိုအများသုံးရအောင်လုပ်ခဲ့ရင် တိုင်းပြည်အတွက်အကျိုးရှိမည်။ ဒီယွီဖေးဆေးကြောင့် အများကြီးပြောင်းလဲသွားနိုင်သည်။
ဝန်ကြီးလုက ချင်လင်အား ထပ်ခါတလဲလဲကျေးဇူးတင်စကားပြောသည်။
ဆေးနည်းရပြီး ကျေးဇူးတင်စကားအပြင် ဘာပြောရမှန်းမသိတော့။ သူ့အနေအထားနှင့် ဖြစ်သလိုကတိမပေးနိုင်။
နောက်ပြီး သူလည်းစိတ်သက်သာရာရသွားသည်။
သူဌေးချင်ရဲ့အားထုတ်မှုကိုဖော်ပြနိုင်မယ့်ဆုမျိုးမရှိ။
အကောင်းဆုံးနည်းက သူ့ကိုကာကွယ်ပေးခြင်းပင်။
ဝန်ကြီးလုကဆေးနည်းရပြီးနောက် လေယာဉ်လက်မှတ်တန်းဖြတ်သည်။
မြို့တော်အမြန်ဆုံးပြန်ပြီး ယွီဖေးဆေးအမြောက်အများထုတ်ရမည်။ သူ့ခေါင်းဆောင်ကိုလည်း သတင်းကောင်းတင်ပြရမည်။
ဒီလိုဆို အမေရိကန်ဆေးနည်းနဲ့လဲဖို့ ခေါင်းဆောင်ဆွေးနွေးစရာမလိုတော့။
အမေရိကန်က အူလမ်းကြောင်းဆေးမှုန့်လိုချင်ရသည့်အကြောင်းရင်းမှာရှင်းသည်။ ဒီလျှို့ဝှက်ဆေးနည်းသုံးပြီး တခြားကင်ဆာဆေးကိုသူတို့ထုတ်ချင်သည်။
နောက်ပြီး အမေရိကန်သူဌေးတွေက ကမ္ဘာမှာအူလမ်းကြောင်းရောဂါအဖြစ်ဆုံးပင်။
အကြောင်းရင်းတော့ ဘယ်သူမှမသိ။
နောက်အကြောင်းရင်းတစ်ခုက ဆေးမှာဒေါ်လာ ၃.၅ သန်းတန်သောကြောင့် လက်ရှိသူတို့အတွက်နည်းနည်းတန်ဖိုးရှိနေသည်။
စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း။
ဒီယွီဖေးဆေးနဲ့ဆိုရင် ပဋိပက္ခဖြစ်စရာမလိုတော့။
ဝန်ကြီးလုထွက်သွားပြီးနောက် ကျောက်မိုချင်း ချင်လင်ရုံးခန်းထဲရောက်လာပြီး_
"ယောက်ျား.. ရေလှောင်တမံမှာ စစ်ဆေးရေးဌာနဆောက်တယ်ဆို... သွားကြည့်ရအောင်... ပိုင်ရွှင်နဲ့ပိုင်ကျီကိုလည်း ကြည့်ရတာပေါ့''
စစ်ဆေးရေးဌာနမှာ သိပ္ပံသုတေသနနှင့်စမ်းသပ်ချက်အတွက်ဖြစ်သည်။
ရေလှောင်တမံတွင် သဘာဝဘေးမဲ့တောဆောက်ပြီဖြစ်၍ စစ်ဆေးရေးဌာနရှိသည်။ ဒီလိုစစ်ဆေးရေးဌာနတွင် ရေအရည်အသွေးနှင့်ငါးများကိုစစ်ဆေးရန်ဝန်ထမ်းရှိသည်။
အပြောင်းအလဲတစ်စုံတရာရှိရင် စစ်ဆေးရေးဌာနကချက်ချင်းသတိထားမိပြီး အစီရင်ခံမည်။
ဒီလိုစစ်ဆေးရေးဌာနများကို ရုံချန်းပတ်ပတ်လည်မှာဆောက်ကြမည်။
ချင်လင်နှင့်ကျောက်မိုချင်းမှာ ရေပေါ်တံတားကိုမသွားနိုင်။
လောလောဆယ်ခရီးသည်များလွန်းပြီး သူကနာမည်ကြီးဖြစ်နေသည်။
ထို့ကြောင့် ရေလှောင်တမံတလျှောက်သာမောင်းရသည်။
ပိုင်ရွှင်နှင့်ပိုင်ကျီရှိသောနေရာတချို့ကိုသူသိသည်။ ထိုနေရာများတွင် စစ်ဆေးရေးဌာနရှိသည်။
တစ်နေရာတွင် ကားရပ်လိုက်သည်။
ဆောက်လုပ်တော့မည့်စစ်ဆေးရေးဌာနတစ်ခုကို ချင်လင်နှင့်ကျောက်မိုချင်းတွေ့ရသည်။ အလုပ်သမားများအလုပ်လုပ်နေစဉ် ပိုင်ရွှင်နှင့်ပိုင်ကျီကကူးခတ်နေ၏။
အလုပ်လုပ်နေသောလူများကို လုံးဝမကြောက်။ အချိန်နှင့်အမျှ ခေါင်းပြူကြည့်ပြီး ရေထဲမှထွက်ထွက်လာသည်။ အလုပ်လုပ်ရင်းရေထဲကျမလား စောင့်နေသလားမသိ။
ခပ်လှမ်းလှမ်းတွင် ပစ္စည်းများဆွဲထုတ်နေသောလူတစ်စုကို ချင်လင်တွေ့ရသည်။ လမ်းဘေးတွင်ပစ္စည်းများတင်ရန် ထရပ်ကားတစ်စီးထိုးထားသည်ကိုလည်းတွေ့ရသည်။
ဘေးနားတွင် ဆံပင်ရှည်ရှည်၊ရုပ်ကြမ်းကြမ်းနှင့်လူတစ်ဦးကညွှန်ကြားနေသောကြောင့် ချင်လင်နှစ်ခါပြန်ကြည့်မိသည်။
သူ့ကြည့်ရတာ မြင်ဖူးသလိုလို။
လျိုဟွားလား?
အစက ရေလှောင်တမံမှာကျားဖြူငါးရှိသည်ထင်သောကြောင့် ရေလှောင်တမံထဲလိုက်ရှာခဲ့သည်။
ဒီအတောအတွင်း သူနှင့်သုံးလေးကြိမ်ဆုံဖူးရာ သူကမြစ်ထဲငါးမွေးပြီး လုပ်ငန်းကြီးနေပြီဖြစ်ကြောင်းတွေ့ရသည်။
ဒီလိုဇွဲကောင်းသူမျိုးမြင်ရခဲသည်။
စကားမစပ် သူ့အရင်ကောင်မလေးရှန်ရှန်တောင် ချင်လုံနှင့်ကလေးရနေပြီ။
လျိုဟွားက စိတ်ရှုပ်နေပုံနှင့်မြစ်ထဲလှမ်းကြည့်လိုက်သည်။ နည်းနည်းအထီးကျန်နေပုံတောင်ပေါက်သည်။
၂ နှစ်ကြာသွားပြီ။
ဒီ ၂ နှစ်အတွင်း သူဘယ်လိုဖြတ်သန်းခဲ့ရလဲ ဘယ်သူသိမလဲ?
၂ နှစ်လောက်စောင့်ခဲ့သော်လည်း ကျားဖြူကိုမမိသေး။
တစ်ခါတစ်ခါ လှည့်စားခံရသည်ဟုထင်မိသည်။ ဒီမှာ ကျားဖြူမရှိ။
ဘာပဲဖြစ်ဖြစ် ယွမ် ၆၅၀၀၀၀ တန်ငါးက မြစ်ထဲမှာဒီအတိုင်းပေါ်လာပါ့မလား?
ဒါပေမဲ့ အခုသူယုံသွားပြီ။
မြစ်ထဲမှာ ကျားဖြူရှိရမည်။
ဘာပဲဖြစ်ဖြစ် ပိုင်ရွှင်၊ပိုင်ကျီနဲ့နိုင်ငံ့ရတနာတွေအများကြီးရှိနေပြီ။ ဒီတော့ ကျားဖြူရှိတယ်ဆိုတာ ဆန်းလား?
ဒီ ၂ နှစ်အတွင်း ကျားဖြူမတွေ့တာ သူကံဆိုးသည်ဟုသာပြောရမည်။
အခုသဘာဝဘေးမဲ့တောဆောက်ပြီဖြစ်၍ သူငါးမွေးခွင့်မရှိတော့။ ငါးမျှားဖို့လည်းမဖြစ်နိုင်တော့။ မဟုတ်ရင် မတော်တဆမိနိုင်သည်။
အခုထွက်သွားဖို့ သူတွန့်ဆုတ်နေသည်။
၂ နှစ်ရှိသွားပြီ။
၂ နှစ်ကို သူဘယ်လိုအချိန်ကုန်ခဲ့လဲ?
……
အချိန်ကုန်လွန်သွားသည်။
ပေကျင်း_
ဝန်ကြီးလုက လောလောနှင့်တရုတ်သိပ္ပံအကယ်ဒမီပြန်ရောက်လာသည်။
ပြန်ရောက်ရောက်ချင်း သူ့လက်ထောက်ရောက်လာပြီးအစီရင်ခံသည်_
"ဝန်ကြီးလု ပြန်လာပြီလား... အထက်လူတွေက ဆေးပို့ပြီးတော့ အသေးစိတ်စမ်းသပ်ခိုင်းထားတယ်... အမေရိကက HKR ဆေးတဲ့''
"သိပြီ''
ဝန်ကြီးလုကနားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
HKR ဆေးမှာ အမေရိကမှထုတ်သောဆေးဖြစ်သည်။
ခေါင်းဆောင်က အသေးစိတ်စမ်းသပ်ခိုင်းတယ်ဆိုတော့ ကြည့်ရတာ အတော်စိတ်ဝင်စားနေပုံရသည်။
ဒီပစ္စည်းက အခုဘာအကူအညီမှမဖြစ်တော့။ ကုန်ကျစရိတ် ၃.၅ သန်းကများလွန်းသော်လည်း ဆေးသုတေသနနောက်တစ်ဆင့်တက်ရန်အရေးပါသည်။
ထိုသို့တွေးမိပြီး ဝန်ကြီးလုကအထက်မှပို့လိုက်သော HKR ဆေးနှင့်ခေါင်းဆောင်ဆီသွားသည်။
"ရှောင်လု.. ရောက်လာပြီလား?''
ခေါင်းဆောင်ကဝန်ကြီးလုကိုမြင်ပြီး ပြုံးပြုံးနှင့်ပြောသည်။
ဝန်ကြီးလုက HKR ဆေးကိုစားပွဲပေါ်တင်ကာ_
"ခေါင်းဆောင်.. ဒီ HKR ဆေးအကြောင်းပြောဖို့လာတာ''
ခေါင်းဆောင်ကပြုံးလိုက်ပြီး_
"ငါတို့ဆွေးနွေးပြီးပြီ.. ဒီဆေးက အခုသိပ်အသုံးမတည့်ပေမဲ့ နည်းပညာပိုင်းကိုငါတို့လိုတယ်... ရှေ့လျှောက်သုတေသနဦးတည်ချက်ရမယ်''
ဝန်ကြီးလုသဘောပေါက်သော်လည်း ခေါင်းဆောင်ကအထင်လွဲနေ၍ ချက်ချင်းပင်_
"ခေါင်းဆောင်.. ကျွန်တော်က သူတို့ HKR ဆေးကိုမလိုတော့ဘူးပြောမလို့... ကျွန်တော်တို့မှာပိုကောင်းတာရှိနေပြီ... အရင်တစ်ခါ ယွီဖေးဆေးကိုမှတ်မိလား? လွန်ခဲ့တဲ့နှစ် ၆၀၀ ကျော်က တော်ဝင်ကြင်ရာတော်ရန်သုံးခဲ့တဲ့ဆေးလေ''
"သူဌေးချင်က ဆေးနည်းဓာတ်ခွဲပေးထားတာ... အဲဒီဆေးက ပျက်စီးသွားတဲ့ဆဲလ်တွေကိုပြန်ကောင်းစေတယ်... အာနိသင်က အမေရိကရဲ့ HKR ဆေးထက်ပိုကောင်းတယ်''
ခေါင်းဆောင်က ဝမ်းအသာလွန်ပြီးမတ်တပ်ထရပ်ကာ_
"ဟုတ်လား?''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး_
"တော်ဝင်ပညာရှင်ယွမ်စမ်းသပ်ပြီးပြီ.. စိတ်မချသေးရင် နောက်တစ်ဖုံဖော်ပြီးစမ်းသပ်လို့ရတယ်''
"ကောင်းပြီ.. သွားစီစဉ်လိုက်ပါ''
ခေါင်းဆောင်က ချက်ချင်းတိုက်တွန်းသည်။
ဝန်ကြီးလုကအချိန်ဆွဲမနေဘဲ တရုတ်သိပ္ပံအကယ်ဒမီတန်းပြန်ကာ ဆေးပင်ဝယ်၍ယွီဖေးဆေးဖော်ရန်ပြင်ဆင်သည်။
ယွီဖေးဆေးစမ်းသပ်ချက်က ယွမ်ရှန်နှင့်အတူတူပင်။ ထို့နောက် HKR ဆေးကိုစမ်းသပ်ပြီး နှစ်ခုနှိုင်းယှဉ်ခိုင်းသည်။
ပျက်စီးနေသောဆဲလ်ပြန်ကောင်းနိုင်သည့်အာနိသင်က အမေရိကန်ဆေးထက်ပိုကောင်းသည်။
ဝန်ကြီးလုက ခေါင်းဆောင်ကိုတန်းအစီရင်ခံသည်။
ခေါင်းဆောင်က အချက်အလက်ရပြီးနောက် မယုံနိုင်ပုံပေါက်သွားသည်။
အမေရိကန်က ဒီဆေးထုတ်ဖို့အများကြီးအကုန်အကျခံထားသည်။ ဆေးသုတေသနတွင် နည်းပညာအမြင့်ဆုံးဟုဆိုနိုင်သော်လည်း စျေးအရမ်းကြီးသည်။
လွန်ခဲ့တဲ့နှစ် ၆၀၀ ကျော်ကတည်းက သူတို့ဆီမှာရှိပြီးသားဆေးက အာနိသင်ပိုကောင်းမယ်လို့ဘယ်ထင်မလဲ?
ရလဒ်ထွက်သည်နှင့် ခေါင်းဆောင်ကနံပါတ်တစ်ခုကိုဖုန်းဆက်ပြီး တန်းညွှန်ကြားလိုက်သည်_
"အမေရိကန် HKR ဆေးနဲ့ညှိနှိုင်းထားတာတွေအကုန်ဖျက်လိုက်ပါ... ငါတို့စိတ်မဝင်စားတော့တဲ့အကြောင်း သေချာပြောပြလိုက်''