← Chapters

ဆန္ဒပြည့်ဝ! ၂

Vol. 80 Ch. 1200

ဆန္ဒပြည့်ဝ! ၂

Vol. 80 Ch. 1200

"ဘယ်လိုဖြစ်လို့?''

Adoxi မျက်နှာထားပြောင်းသွားသည်။

ဒါ သူထင်ထားသလိုမဟုတ်။

သူတို့ဘာလို့မပြောင်းလဲတာလဲ?

သူ့အစီအစဉ်တွေတလွဲဖြစ်ကုန်ပြီ။

Adoxi က သူ့ကိုယ်သူဉာဏ်ကောင်းသည်အထင်နှင့်ခဏစဉ်းစားကာ အကြောင်းရင်းကိုအကြမ်းဖျင်းတွေးမိသည်။

အမေရိကန်ဒေါ်လာ ၃.၅ သန်းတန်မလို့လား?

သူတို့နိုင်ငံ GDP က အလွန်မြင့်သော်လည်း လူဦးရေထူထပ်ကြောင်း တစ်ကမ္ဘာလုံးသိကြသည်။ ဆင်းရဲချမ်းသာကွာဟချက်အလွန်ကြီးသည်။ အတော်များများမှာ ပျမ်းမျှလစာမရကြ။

ဒီမှာက ညီမျှသည်ဟုဆိုနိုင်သည်။

ယွမ် ၃၀၀၀ လစာရသူနှင့်တစ်လသန်းချီဝင်သူ ပျမ်းမျှတွက်ကြည့်လျှင် ပျမ်းမျှလစာက ယွမ် ၅၀၀၀၀၀ မှ ၁၅၀၀ ဖြစ်မည်။

ယွမ် ၃၀၀၀ ရသူကိုအခြေခံပြီး ပျမ်းမျှတွက်ချက်ခြင်းဖြစ်သည်။

ဒီတော့ ဒေါ်လာ ၃.၅ သန်းတန်ကို သူတို့လန့်မှာပေါ့?

သဘောက ဒီနည်းပညာကို အများသုံးဖို့မဖြစ်နိုင်။

ထိုသို့တွေးမိပြီး Adoxi က ဆံပင်ရွှေရောင်အမျိုးသမီးအား_

"ငါတို့ရဲ့နောက်ဆုံးစျေးကို အရှေ့တိုင်းကိုကြေညာလိုက်ပါ''

"ပြီးတော့ အဲဒီအရှေ့တိုင်းမှာ HKR လက်တွေ့စမ်းသပ်ချက်လုပ်မယ်... အားလုံးမြင်ရအောင် Live လည်းလွှင့်မယ်''

သူတို့အတွေးကို Adoxi စဉ်းစားကြည့်ပြီး ချက်ချင်းတုံ့ပြန်သည်။

ဒေါ်လာ ၃.၅ သန်းကုန်ကျတာ အရင်နည်းပညာ။

နောက်ဆုံးနည်းပညာက ဒေါ်လာ ၃၀၀၀၀၀ ပဲကုန်မည်။

ဒေါ်လာ ၃၀၀၀၀၀ တန်နောက်ဆုံးနည်းပညာနှင့်မကမ်းလှမ်းခဲ့ခြင်းမှာ မခံချင်သောကြောင့်ပင်။

နောက်ပြီး အရှေ့တိုင်းကလူများကိုအကွက်ရွှေ့ချင်သောကြောင့် နည်းပညာအဟောင်းသုံးခဲ့ခြင်းဖြစ်သည်။

အခု ဒေါ်လာ ၃.၅ သန်းတန်နည်းပညာကမထူးခြားသောကြောင့် ဒေါ်လာ ၃၀၀၀၀၀ တန်နည်းပညာကိုထုတ်သုံးလိုက်သည်။

ဒီစျေးကိုတတ်နိုင်သူတော့ အတော်များမည်။

နောက်ပြီး ပျက်စီးနေတဲ့ဆဲလ်ပြန်ကောင်းစေတဲ့အခြေအနေကိုသာမြင်သွားရင် သာမန်လူတောင် အိမ်ရောင်းပြီးကုချင်ကုနိုင်သည်။

ဘာပဲဖြစ်ဖြစ် မျက်နှာအပူလောင်ရင် မျက်နှာအမူအရာမလုပ်နိုင်။ ထုံထိုင်းမှုက ခံရခက်သည်။

HKR ဆေးသုံးရင်ပြန်လည်သက်သာပြီး မျက်နှာအမူအရာလုပ်နိုင်လာမည်။

နောက်ပြီး ဒီဆေးရည်ကို တခြားရှုထောင့်များတွင်လည်းသုံးနိုင်သည်။

ဒီလိုသတင်းဖြန့်ပြီး စမ်းသပ်ချက်ကို live လွှင့်ရင် ပြည်တွင်းမှာဒီအကြောင်းသိသူများလာမည်။

လူသိများလေ ဒီနည်းပညာနှင့်အူလမ်းကြောင်းဆေးမှုန့်လဲလှယ်ဖို့ဆွပေးနိုင်လေလေပင်။ အဲဒီအချိန်ကျ သူတို့သဘောမတူရင်တောင် ညှိနှိုင်းလာရလိမ့်မည်။

ဒါ အာဏာယူသုံးခြင်းပင်။ သူတို့နိုင်ငံအာဏာကို သူတို့အပေါ်အကွက်ချပြီး ပြန်သုံးခြင်းဖြစ်သည်။ ဒီအကွက်တွေ သူကောင်းကောင်းတတ်သည်။

ရွှေအိုရောင်အမျိုးသမီးကခေါင်းညိမ့်ပြီး ချက်ချင်းအလုပ်စသည်။ အဲဒီနိုင်ငံမှာ သူတို့လူတွေရှိသည်။

အဲဒီလူတွေက သတင်းကူဖြန့်ပေးလိမ့်မည်။

သို့ဖြစ်၍ မကြာမီ အမေရိကန်ရင်းနှီးမြှုပ်သောဆေးရုံတစ်ရုံမှထုတ်ပြန်သောကြေညာချက်က လိုင်းပေါ်ပြန့်လာသည်။

"ကျွန်တော်တို့ဆေးရုံက တရုတ်ပြည်မှာအမေရိကန် HKR ဆေးလက်တွေ့စမ်းသပ်ချက်လုပ်ပြီး Live လွှင့်ပါမယ်... HKR ဆေးက ပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်ကောင်းစေတဲ့ဆေးပါ''

"ဒီဆေးက လူ့ခန္ဓာကိုယ်မှာပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်ကောင်းစေတဲ့အတွက် ထိခိုက်ဒဏ်ရာအမျိုးမျိုးမှာသုံးနိုင်ပါတယ်... ကမ္ဘာမှာအဆင့်အမြင့်ဆုံးနည်းပညာပါ''

HKR ဆေးလက်တွေ့စမ်းသပ်မည့်သတင်းက လိုင်းပေါ်ပြန့်သွားသည်။

ပြည်သူများလည်း လျင်လျင်မြန်မြန်အာရုံစိုက်မိပြီး စိတ်ဝင်စားကြသောကြောင့်ဆွေးနွေးပြောဆိုလာကြသည်။

"HKR ဆေးအာနိသင်က အံ့ဩစရာပဲ''

"အံ့ဩစရာတင်ဘယ်ကမလဲ.. ဒီအတိုင်းဆို ရုပ်ရှင်ထဲကလိုခြေပြတ်လက်ပြတ်တွေတောင် ပြန်ဆက်ပြီးအရင်လိုပြန်ကောင်းမှာ''

"ဟုတ်ပါ့.. ငါလိုင်းပေါ်လိုက်ကြည့်ပြီးပြီ... ဒီအပိုင်းမှာ အမေရိကန်ထုတ်ကုန်ကအကောင်းဆုံးပဲ''

ပြည်သူ့အမြင်တွေလည်း ပြန့်လာသည်။

ယွမ် ၅၀၀၀၀၀ ထပ်ထည့်လိုက်သောကြောင့် ပိုပြီးလူသိများလာသည်။

Adoxi က ဒီကိစ္စကိုအာရုံစိုက်ရင်း ဝမ်းသာနေသည်။

နာမည်ကြီးလေ ကောင်းလေ။

တချိန်တည်းမှာ HKR ဆေးစမ်းသပ်ချက်ကို Live လွှင့်ရန်လည်းပြင်ဆင်ထားသည်။

လိုင်းပေါ်တက်လာသောသတင်းကို ဝန်ကြီးလုမသိဘဲမနေ။ ခေါင်းဆောင်က ရုံးခန်းထဲခေါ်တွေ့ပြန်သည်။

ခေါင်းဆောင်ကဝန်ကြီးလုကိုတွေ့သောအခါ ဗီဒီယိုတစ်ပုဒ်ဖွင့်ပြသည်_

"လိုင်းပေါ်မှာ ဒီကိစ္စတွေ့လား?''

HKR ဆေးလက်တွေ့စမ်းသပ်ချက်ကို Live မည့်အကြောင်းဗီဒီယိုဖြစ်သည်။

ဝန်ကြီးလုကခေါင်းညိမ့်ပြီး_

"တွေ့ပြီးပါပြီ.. သူတို့ကဒေါ်လာ ၃၀၀၀၀၀ ပဲကုန်ကျမယ့်အကြောင်း ရုတ်တရက်ကြေညာလာတယ်... သူတို့မှာလှည့်ကွက်ရှိရမယ်... ပြီးတော့ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်က မရိုးရှင်းဘူး''

ခေါင်းဆောင်ကခေါင်းညိမ့်လိုက်ကာ_

"သူတို့က ငါတို့ပြည်သူအမြင်ကိုအသုံးချတာ... ငါတို့က နည်းပညာချင်းဖလှယ်ဖို့ငြင်းလိုက်လို့ ငါတို့ပြည်သူအမြင်နဲ့ဖိအားပေးတာ''

ဝန်ကြီးလုရယ်လိုက်သည်_

"ဒီလိုအကွက်တွေသုံးပြီးဖြေရှင်းချင်တာပဲ... ကျွန်တော်တို့မှာယွီဖေးဆေးရှိမှန်းသိမှာမဟုတ်ဘူး... ခေါင်းဆောင်.. အခု ယွီဖေးဆေးကိုလည်းစထုတ်နေပြီ... သူတို့က လက်တွေ့စမ်းသပ်ချက်ကို live လွှင့်ချင်ရင် ကျွန်တော်တို့လည်းလုပ်သင့်တယ်... သူတို့ကိုယ်သူတို့အရှက်ခွဲချင်မှတော့ သူတို့ဆန္ဒဖြည့်ပေးရတာပေါ့?''

ခေါင်းဆောင်က ခေါင်းညိမ့်လိုက်သည်_

"ဒီကိစ္စကိုမြန်မြန်အကောင်အထည်ဖော်လိုက်... လက်တွေ့စမ်းသပ်ချက်လုပ်မယ့်ကိုယ်စားလှယ်တွေရှာနိုင်ရင် အကောင်းဆုံးပဲ''

“သိပါပြီ ခေါင်းဆောင်”

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ခေါင်းဆောင်ရုံးခန်းမှထွက်ပြီး တရုတ်သိပ္ပံအကယ်ဒမီပြန်သွားသည်။ သူ့လက်ထောက်ကိုဖုန်းဆက်ကာ စမ်းသပ်မည့်သူများရှာရန်အမိန့်ပေးလိုက်သည်။

သက်ဆိုင်ရာဌာနများကလည်း တရုတ်သိပ္ပံအကယ်ဒမီမှအသိပေးစာရပြီး အပြည့်အဝပူးပေါင်းကြသည်။

ကွမ်းလင်မြို့မှာ ထိပ်တန်းမြို့ကြီးတစ်မြို့ဖြစ်၍ ဘူတာရုံတွင်ပျားပန်းခတ်လှုပ်ရှားနေသည်။

All Chapters