← Chapters

သောက်ကြမ်း မဟာဓားသခင်

Vol. 13 Ch. 173

သောက်ကြမ်း မဟာဓားသခင်

Vol. 13 Ch. 173

မဟာဓားသခင် ကျန်းယန်အန်သည် ခရမ်းကြယ်စင်ပြည်နယ်၏ နံပါတ်တစ် ဓားပါရမီရှင်အဖြစ် ဂုဏ်သတင်းမွှေးသူဖြစ်သည်။

သူသည် ဓားအင်မော်တယ်တစ်ဦး ဖြစ်လာရန် မွေးဖွားလာသူဖြစ်သည်။ ယုံတမ်းပုံပြင်များအရ သူမွေးဖွားလာသည့်အခါတွင် လက်ချောင်းများအား ဓားကဲ့သို့ ဝှေ့ယမ်းကာဖြင့် သူ၏မိခင်နှင့် ဆက်သွယ်ထားသည့် ချက်ကြိုးအား ဖြတ်တောက်ပစ်လိုက်သည်ဟု ဆိုကြသည်။ လမ်းလျှောက်မသင်ခင်မှာပင် သစ်သားဓားအား မည်ကဲ့သို့ ကိုင်ဆောင်ရမည်ကို သင်ယူပြီးဖြစ်သည်ဟု ဆိုလေသည်။

အသက် ၃ နှစ်အရွယ်တွင် ကျန်းယန်အန်သည် တာအိုခန္ဓာ ဒုတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီး လူသိများထင်ရှားသည့် ကလေးပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အချက်မှာ တာအိုခန္ဓာ စတုတ္ထအဆင့်ရှိ ကျင့်ကြံသူများသာလျှင် အသုံးပြုထုတ်လွှတ်နိုင်သည့် မှော်ဓားအား အသုံးပြုနိုင်ပြီး ဓားခုတ်ချက် ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။

ထိုသို့သော ပါရမီရှင်မျိုးသည် အသက် ၃၀ မတိုင်မီမှာပင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖြတ်နိုင်သင့်သည်။

သို့သော်လည်း ကျန်းယန်အန်သည် အသက် ၃၅ နှစ် အရွယ်မှသာလျှင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့လေသည်။ အကြောင်းမှာ တာအိုခန္ဓာအဆင့်တွင် ဓားပျံစီးနင်းနိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် ဖြစ်လေသည်။

ဤသည်မှာ ယုတ္တိတန်သည့် အပြုအမူဟု ပြောဆိုရန်မလိုချေ။

ဓားပျံစီးနင်းခြင်းရာတွင် စီးနင်းသူအနေဖြင့် ချီစွမ်းအင်ကိုသာ တိတိကျကျ ထိန်းချုပ်ဖို့ရန် လိုအပ်ပေသည်။ အောင်မြင်စွာ ထိန်းချုပ်နိုင်ရန်မှာ စိတ်ဝိညာဉ်အမြစ်တွင် ရှိနေသည့် စွမ်းအားကို မှီတည်နေလေသည်။ ထို့အတွက်ကြောင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်သို့ ရောက်ရှိမှသာလျှင် စီးနင်းနိုင်ကြခြင်း ဖြစ်သည်။

သို့သော်လည်း ကျန်းယန်အန် အောင်မြင်ခဲ့သည်။

တာအိုခန္ဓာ ဒဿမအဆင့်တွင် အောင်မြင်စွာဖြင့် ဓားပျံစီးနင်းနိုင်ခဲ့သည်။

ကျန်းယန်အန်သည် တာအိုခန္ဓာအဆင့်တွင် ဓားပျံစီးနင်းနိုင်သည့် ပထမဆုံးသော ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

ထို့နောက်တွင် သူ၏အသိပညာများနှင့် ကျင့်ကြံခြင်းအပေါ် နားလည်မှုတို့အပေါ် မှီတည်ကာဖြင့် အသက် ၅၀ အရွယ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ခဲ့သည်။ အသက် ၂၀၀ သို့ ရောက်သည့်အခါတွင် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ချိုးဖြတ်ခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ကျန်းယန်အန်သည် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်တွင်သာ ရှိနေသေးသော်လည်း သူ၏ ဓားအပေါ် နားလည်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းတို့သည် ပျက်ပြယ်ခြင်းအဆင့်ရှိ ကျင့်ကြံသူများထက်ပင် သာလွန်သေးသည်။ ထို့အပြင် သူ၏ ဓားဆန္ဒသည်လည်း မမျှော်မှန်းနိုင်သည့် အဆင့်တစ်ခုသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

သူ၏ အောင်မြင်မှုများသည် ခရမ်းကြယ်စင်ပြည်နယ်တွင် ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ရှိနေပြီး ကိုးပြည်ထောင်နိုင်ငံတော် တစ်ဝှမ်းတွင်လည်း ထင်ရှားကျော်ကြားလေသည်။

ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ပုံရိပ်သည် ယခုလက်ရှိတွင် အင်ပါယာနန်းတော်၏ လေ့ကျင့်ရေးကွင်းပြင်၌ ဓားလမ်းစဉ်နှင့် ပတ်သက်သည်များကို ပို့ချပေးလျက်ရှိသည်။

ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ရာနှင့်ချီသည့် တော်ဝင်မျိုးနွယ်များသည် လေ့ကျင့်ရေးကွင်းပြင်၏ မြက်ခင်းများပေါ်တွင် ထိုင်လျက်ရှိနေကြသည်။

သူတို့အားလုံးတို့သည် သစ်တောစိမ်းအင်ပါယာမိသားစု၏ မိသားစုဝင်များ ဖြစ်ကြသည်။ စုချန်းရန်၊ စုကူးနှင့် စုရှင်းတို့ကဲ့သို့ မျိုးရိုးစဉ်ဆက် ဆင်းသက်လာကြသူများ မဟုတ်ကြသော်လည်း ခရမ်းကြယ်စင်ပြည်နယ်တွင် သူတို့၏ အဆင့်အတန်းမှာ အလွန်မြင့်မားနေဆဲ ဖြစ်သည်။

ယခုအချိန်တွင် သူတို့သည် ကျန်းယန်အန်၏ ပို့ချမှုများအား ရိုသေလေးစားမှုအပြည့်ဖြင့် နားထောင်လျက်ရှိကြပြီး သူ၏ စကားလုံးတိုင်းကို အာရုံစိုက်လျက် ရှိလေသည်။ နှစ်ခြိုက်သဘောကျရသည့် အိုင်ဒဲလ်တစ်ဦးအား တွေ့ဆုံနေရသကဲ့သို့ ယင်းတို့ထဲမှ အချို့၏ မျက်လုံးများသည် သဘောကျမှုအပြည့်ဖြင့် မီးတောက်ကလေးများကဲ့သို့ တောက်လောင်နေပြီး တစ်စက္ကန့်မျှပင် အကြည့်မခွာနိုင်အောင် ရှိနေကြလေသည်။

ကျန်းယန်အန်သည် လေ့ကျင့်ရေးကွင်းပြင်၏ စင်မြင့်ထက်တွင် ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် မတ်တတ်ရပ်နေပြီး သူ၏ အဖြူရောင်ဆံပင်ရှည်များသည် နောက်ကျောဘက်တွင် ကခုန်လျက်ရှိနေကြသည်။

ကျန်းယန်အန်သည် သူ၏ဆံပင်များအား ရည်ရွယ်ချက်ရှိရှိ အဖြူရောင်ဆိုးထားခြင်း ဖြစ်သည်။ အကြောင်းမှာ ယင်းသည် သူ၏ ကိုယ်နေဟန်ထားအား ပိုမိုတောက်ပစေသည်ဟု ခံစားမိခြင်းကြောင့်ပင်။

ရာနှင့်ချီသော မျိုးနွယ်များ၏ စိတ်လှုပ်ရှားနေကြသော အကြည့်များအရ ယင်းအချက်သည် မှန်ကန်ကြောင်း သက်သေပြနေသကဲ့သို့ပင်။

ကျန်းယန်အန်သည် တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပြီးနောက် သင်ခန်းစာအား ဆက်လက်ပို့ချလေသည်။ "ဓားလမ်းစဉ်နဲ့ ပတ်သက်တာတွေ ပြောလို့ ပြီးသွားပြီဆိုတော့ ဓားဆန္ဒအကြောင်း သွားကြဦးစို့။"

"ဓားလမ်းစဉ်နဲ့ ဓားဆန္ဒတို့အကြားက ကွာခြားချက်ကို သိကြလား။ ဓားလမ်းစဉ်ဆိုတာက ဓားအင်မော်တယ်အဖြစ် ရောက်ရှိနိုင်တဲ့ လမ်းကြောင်းတစ်ခုပဲ။ တစ်ဖက်မှာတော့ ဓားဆန္ဒက ဓားရဲ့ အနှစ်သာရနဲ့ တိုက်ရိုက် ဆက်နွယ်နေတယ်။ ဓားဆန္ဒနယ်မြေကို ဆုပ်ကိုင်နိုင်ပြီဆိုရင် ငါတို့ရဲ့ ဓားခုတ်ချက်တိုင်းမှာ ပါဝင်တဲ့ စွမ်းအားတွေကလည်း သိသိသာသာကို တိုးတက်လာနိုင်လိမ့်မယ်။"

ထိုအချိန်မှာပင် အန်လင်း၊ စုချန်းရန်နှင့် စုရှင်းတို့သည် လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်ရှိလာကြလေသည်။

ထို မျိုးရိုးမြင့် နှစ်ဦး၏ ရောက်ရှိလာမှုသည် နားထောင်လျက်ရှိကြသူများ၏ အကြည့်များစွာအား ဆွဲဆောင်လိုက်နိုင်သည်။

ကျန်းယန်အန်သည်လည်း စုချန်းရန်တို့ သုံးဦး ရောက်ရှိလာခြင်းကို သတိပြုမိလိုက်သည်။ သူသင်ကြားပို့ချနေသည့် အရာနှင့်ပတ်သက်၍ သရုပ်ပြရန် တစ်စုံတစ်ဦးအား ရှာဖွေရန် ပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့် နမူနာအနေဖြင့် ထားရှိရန် လူတစ်ဦးအား လိုအပ်ပေသည်။ ကျွမ်းဝင်ခြင်းမရှိသည့် အန်လင်းအား မြင်လိုက်သောအခါ သူ၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာလေသည်။ ထို့နောက်တွင် မနှေးမမြန်သည့်နှုန်းဖြင့် ဆိုလေသည်။ "ငါ့ဆီမှာ စိတ်ဆန္ဒနယ်မြေ ဖန်ကျောက်တစ်တုံးရှိတယ်။ အဲဒီဖန်ကျောက်တုံးက လူသားတွေရဲ့ စိတ်ဆန္ဒကို ထုတ်ဖော်နိုင်ပြီး သူတို့ရဲ့ စိတ်ဆန္ဒကိုသာ အသုံးပြုလို့ တိုက်ခိုက်လာအောင် ပြုလုပ်ပေးနိုင်တယ်။ အဲဒီကနေ လူတစ်ဦးရဲ့ ဓားဆန္ဒကို ပိုပြီးတော့ တိတိကျကျ ဖမ်းဆုပ်နိုင်လိမ့်မယ်။"

"ဟော ဟိုနားက ကျင့်ကြံသူက ခန့်ညားပြီး စွမ်းအားကြီးပုံရတယ်။ ဒီကိုတက်လာပြီး ကူညီပေးနိုင်မလား။" ကျန်းယန်အန်သည် အန်လင်းအား ညွှန်ပြကာဖြင့် စင်ပေါ်သို့ ဖိတ်ခေါ်လိုက်သည်။

အန်လင်းသည် ကြည့်ရှုရန် သပ်သပ်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကျန်းယန်အန်မှာ သူ့အားညွှန်ပြနေသည်ကို မြင်လိုက်ရသည့်အခါ ခေတ္တမျှ ကြောင်အသွားသည်။ သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ပြီးနောက်တွင် မသေချာစွာဖြင့် မေးလိုက်သည်။ "ကျွန်တော်လား"

"အမှန်ပဲ။ မင်းကိုပြောတာ။" ကျန်းယန်အန်သည် ကျေနပ်အားရသည့် အပြုံးဖြင့် အတည်ပြုလိုက်သည်။ "မစိုးရိမ်ပါနဲ့။ ဆန္ဒနယ်မြေဖန်ကျောက်ထဲမှာ တိုက်ခိုက်နေမှာက မင်းရဲ့ကိုယ်ပွား ဖြစ်တာကြောင့် မင်းရဲ့ ခန္ဓာကိုယ်အစစ်မှာ ထိခိုက်ဒဏ်ရာ ရရှိမှာ မဟုတ်ပါဘူး။ အဲဒီအပြင် မင်းရဲ့ ဓားဆန္ဒကို ဖမ်းဆုပ်နိုင်မှုအပေါ် အခြေခံပြီး လမ်းညွှန်မှုပေးနိုင်ဦးမှာ။"

ကျန်းယန်အန်၏ စကားများကို ကြားသည့်အခါတွင် အင်ပါယာမျိုးနွယ်များသည် အန်လင်းအား မနာလိုစွာဖြင့် ကြည့်လာကြသည်။ ကျန်းယန်အန်ထံမှ ဓားဆန္ဒအတွက် လူကိုယ်တိုင် နည်းပြလမ်းညွှန်ခံရခြင်း။ ထိုသည်က ရှားမှရှားလွန်းသည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အန်လင်းအနေဖြင့် ငြင်းဆိုရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သတ္တိမွေးကာဖြင့် ကျန်းယန်အန်ထံ လျှောက်လှမ်းသွားလိုက်သည်။

ကျန်းယန်အန်သည် အန်လင်းအား နူးညံ့စွာဖြင့် ကြည့်လိုက်သည်။ ဤလူငယ်လေးသည် သရုပ်ပြရန်အတွက် အသင့်တော်ဆုံးသော ရွေးချယ်မှုဖြစ်သလို လမ်းညွှန်သင်ပြပေးရန်လည်း သင့်တော်ပေသည်။

စုချန်းရန်၊ စုရှင်းတို့နှင့် အလွန်နီးကပ်စွာ လျှောက်လှမ်းလာသည်ကို ကြည့်မည်ဆိုလျှင် သူတို့၏ ဆက်ဆံရေးသည် သံသယဖြစ်စရာ မလိုလောက်အောက် ကောင်းမွန်ပေလိမ့်မည်။ ထို့အပြင် ဤလူငယ်လေး၏ နောက်ခံအင်အားမှာလည်း သေချာပေါက် တောင့်တင်းပေလိမ့်မည် ဖြစ်သည်။

စုချန်းရန် သို့မဟုတ် စုရှင်းကိုသာ စင်မြင့်ပေါ်သို့ တိုက်ရိုက်ဖိတ်ခေါ်လိုက်မည်ဆိုလျှင် သူ၏ ရည်ရွယ်ချက်များသည် မှေးမှိန်သွားပေလိမ့်မည်။ အန်လင်းအား ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် အင်ပါယာမိသားစုအား မျက်နှာသာပေးရာ ရောက်သလို လူအများ၏ အာရုံကိုလည်း ဆွဲဆောင်ထားနိုင်မည် ဖြစ်သည်။ လွန်စွာပြောင်မြောက်လှသည့် စိတ်ကူးဖြစ်ချေသည်။

ကျန်းယန်အန်၏ မျက်နှာတွင် ကျေနပ်ပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ခေါင်းညိတ်ကာဖြင့် စိတ်ထဲတွင် သူ့ကိုယ်သူ ချီးမွမ်းနေလေသည်။

"မင်းရဲ့ နာမည်လေး ပြောပါဦး" ကျန်းယန်အန် မေးလိုက်သည်။

"ကျွန်တော်က အန်လင်းပါ။" အန်လင်းမှာ စိုးရိမ်ပူပန်စွာဖြင့် ပြန်ဖြေလေသည်။

လာရာလမ်းတစ်လျှောက်တွင် စုချန်းရန်သည် သူ၏အရှေ့တွင် ရှိနေသောသူ၏ ကြီးကျယ်သည့် အောင်မြင်မှုများအကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး ဖြစ်သည်။

တာအိုခန္ဓာအဆင့်နှင့် ဓားပျံစီးနင်းနိုင်ခြင်းဟူသည့် အချက်ကပင် အန်လင်းအား အလွန်တရာ အံ့ဩထိတ်လန့်စေသည်။

ထိုသို့သော သောက်ကြမ်းတစ်ဦး၏ရှေ့တွင် သူ့အနေဖြင့် မည်ကဲ့သို့ တည်ငြိမ်စွာ နေနိုင်ပါ့မည်နည်း။

ကျန်းယန်အန်သည် ရုပ်မြင်သံကြား မျက်နှာပြင် အရွယ်အစားမျှရှိမည့် အဖြူရောင် ဖန်ကျောက်တစ်တုံးအား သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။ "ဒါက စိတ်ဆန္ဒနယ်မြေ ဖန်ကျောက်တုံးပဲ။ မင်းရဲ့ လက်နှစ်ဖက်ကို ဒီဖန်ကျောက်ပေါ် တင်လိုက်ပြီး အာရုံစူးစိုက်လိုက်မယ်ဆိုရင် မင်းရဲ့ စိတ်ထဲကို ဝင်ရောက်နိုင်သွားလိမ့်မယ်။ အချိန်ကျလာပြီဆိုရင် ဖန်ကျောက်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဓားဆန္ဒတိုက်ပွဲက ဖန်ကျောက်တုံးရဲ့ မျက်နှာပြင်ထက်မှာ ပေါ်လာလိမ့်မယ်။"

ကျန်းယန်အန်၏ ရှင်းလင်းချက်အား ကြားပြီးသည့်နောက်တွင် သစ်တောစိမ်း အင်ပါယာမိသားစုမှ မျိုးဆက်သစ်များသည် အံ့ဩတကြီး ရေရွတ်ကြလေသည်။ ထို့အပြင် အများစုသည် ထိုသို့သော အတွေ့အကြုံမျိုးအား ကိုယ်တိုင်တွေ့ကြုံဖို့ရန် စိတ်အားထက်သန်လာကြသည်။

ကျန်းယန်အန်သည် ယင်းတို့၏ တုံ့ပြန်မှုများကြောင့် အလွန်အမင်း ကျေနပ်နေမိသည်။

ယင်း စိတ်ဆန္ဒနယ်မြေ ဖန်ကျောက်တုံးသည် အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်းဖြစ်ပြီး သူဂုဏ်ယူဆုံးသော စိတ်ဝိညာဉ်ပစ္စည်းလည်း ဖြစ်သည်။ ထိုအရာ မရှိလျှင် သူ၏ သင်ကြားပို့ချမှုများ၏ အရည်အသွေးနှင့် ဆွဲဆောင်နိုင်စွမ်းသည် သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

"ဒါဆိုရင် စကြစို့" ကျန်းယန်အန်သည် အန်လင်းအား စကားပြောသည့်အခါတွင် ဖော်ရွေပျူငှာစွာ ပြောဆိုလေသည်။

"အဲဒီတော့ ကျွန်တော်က ဖန်ကျောက်တုံးကို ဒီလိုလေး ထိလိုက်တာနဲ့ သူက ကျွန်တော့်ရဲ့ အတွေးထဲကို ဝင်လာမယ်ပေါ့။" အန်လင်းသည် မရေရာစွာဖြင့် မေးလိုက်သည်။

"အမှန်ပဲ။ ဖန်ကျောက်ထဲက တိုက်ပွဲက မင်းရဲ့စိတ်ဆန္ဒကို အသုံးပြုပြီး တိုက်ခိုက်တာနဲ့ ညီမျှတယ်။ အန္တရာယ်မရှိပါဘူး။" အန်လင်း၏  စိုးရိမ်ပူပန်နေသည့်ပုံကို မြင်လိုက်သည့်အခါတွင် ကျန်းယန်အန်သည် စိတ်အေးအေးထားရန် နှစ်သိမ့်လိုက်လေသည်။

လေထဲတွင် လွင့်နေသော ကျန်းယန်အန်၏ ဆံပင်များသည် သူ့အား အလွန်ခန့်ညားကာ ပေါ့ပါးသည့်ဟန် ပေါ်စေသည်။ နူးညံ့ကြင်နာတတ်ပြီး အခြားကမ္ဘာမှ ရောက်ရှိလာသည့် ဓားအင်မော်တယ်တစ်ဦးနှင့် တူလေသည်။

လေ့ကျင့်ရေးကွင်းပြင်တွင် ရှိနေသည့် မျိုးနွယ်အချို့သည် ထိုမြင်ကွင်းကြောင့် မူးမိုက်သွားကြလေသည်။ လောကကြီးထဲတွင် ထိုမျှလောက် ပြီးပြည့်စုံသော လူသားတစ်ဦး ရှိနေခြင်းမှာ မည်သို့ဖြစ်နိုင်ပါ့မည်နည်း။

အန်လင်းသည် သူ၏လက်နှစ်ဖက်အား ဖန်ကျောက်ပေါ်သို့ တင်လိုက်သည်။ ခေတ္တမျှ မူးဝေသွားပြီးသည့်နောက်တွင် သူ၏စိတ်သည် တဖြည်းဖြည်းနှင့် အမှောင်ထုအတွင်းသို့ ရောက်ရှိသွားလေသည်။

အသိစိတ် ပြန်လည်လာသည့်အခါတွင် အန်လင်းသည် ကျယ်ပြန့်လှသည့် အဖြူရောင်လောကကြီးအတွင်း ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သူ၏ မျက်နှာချင်းဆိုင်တွင် ကျက်သရေရှိ တင့်တယ်လှသော ကျန်းယန်အန် ရှိနေလေသည်။

ကျန်းယန်အန်သည် သူ၏ဓားအား နောက်ကျောတွင် ပို့ထားသည်မှာ လွန်စွာကြည့်ကောင်းပြီး သိမ်မွေ့လှပေသည်။ "ဒီနေရာမှာ အဆင့်အတန်းတွေ မရှိဘူး။ ငါတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတွေနဲ့ သူတို့ရဲ့ ကွာခြားချက်တွေပဲ ရှိတယ်။ ဒီနေရာမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ ဓားအင်မော်တယ် ၂၈ ယောက်နဲ့ ပျက်ပြယ်ခြင်းအဆင့်ရှိတဲ့ အထွတ်အထိပ် ပုဂ္ဂိုလ် ၃ ယောက်တို့ကို အနိုင်ယူနိုင်ခဲ့တယ်။ အခုချိန်အထိ ငါ့မှာ အရှုံးဆိုတာ မရှိသေးဘူး။"

ကျန်းယန်အန်နှင့် အန်လင်းတို့၏ ပုံရိပ်များသည် စိတ်ဆန္ဒနယ်မြေဖန်ကျောက်၏ မျက်နှာပြင်တွင် ပေါ်လာလေသည်။

ကျန်းယန်အန်၏ စကားများသည် မျိုးနွယ်များ၏ စိတ်ထဲသို့ ရောက်ရှိသွားသည့်အခါတွင် သူတို့၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုတို့ဖြင့် တောက်လောင်လာလေသည်။

ခရမ်းကြယ်စင်ပြည်နယ်ရဲ့ နံပါတ်တစ် ဓားပါရမီရှင် ပီသပါပေတယ်။ သူရဲ့ စကားတစ်ခွန်းကတင် အရမ်းကို လွှမ်းမိုးနိုင်လွန်းတယ်။

စုချန်းရန်နှင့် စုရှင်းတို့သည်ပင်လျှင် နစ်မျောသွားကြလေသည်။ သူတို့သည် ဖန်သားပြင်အား မျှော်လင့်ချက် ထက်သန်စွာဖြင့် ကြည့်နေကြသည်။

သူတို့အားလုံးတို့သည် ကျန်းယန်အန်အပေါ်တွင်သာ အာရုံစူးစိုက်ထားလျက်ရှိပြီး သူ၏ ဓားဆန္ဒသည် မည်သို့ဖြစ်မည်ကို မြင်တွေ့လိုကြသည်။

အန်လင်းမှာမူ မည်သူကမျှ သူအနိုင်ရရှိလိမ့်မည်ဟု မယုံကြည်ကြချေ။

အန်လင်းသည် ကျန်းယန်အန်၏ ဓားဆန္ဒကို သရုပ်ပြရာတွင် ပါဝင်ခွင့်ရသော တိုက်ခိုက်ရေး အကူမျှသာဖြစ်သည်။ ထို့ကြောင့် မည်သူ့ကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိချေ။

"ဒါဆိုလည်း စလိုက်ကြစို့" ကျန်းယန်အန်သည် သူ၏ဓားအား ဆွဲထုတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလေသည်။

ရုတ်တရက်ဆိုသလို လေပြင်းများ တိုက်ခတ်လာသည်။ သူ၏ တင့်တယ်လှသော အဖြူရောင်ဆံပင်များသည် လေထဲတွင် လွင့်ဝဲနေလေသည်။ ကောင်းကင်မှ ကျဆင်းလာသော သန့်ရှင်းသည့် အလင်းရောင်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည်ကြောင့် တုနှိုင်းမဲ့သည့် စစ်နတ်ဘုရားနှင့်ပင် တူနေသေးသည်။

ထိုအခြင်းအရာများကို ကြည့်ကာဖြင့် အန်လင်းသည် ပိုလို့ပင် စိတ်လှုပ်ရှားကာ စိုးရိမ်လာမိသည်။ ချက်ချင်းဆိုသလို ဖိအားကြီးကြီးအား ခံစားမိနေလေသည်။

သူ၏ဓားအား တဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီးနောက် “ကောင်းပါပြီ။ စကြတာပေါ့”

***

All Chapters