← Chapters

ဗိုလ်ချုပ်ရှီဒန်၏ ရည်မှန်းချက်

Vol. 39 Ch. 571

ဗိုလ်ချုပ်ရှီဒန်၏ ရည်မှန်းချက်

Vol. 39 Ch. 571

"သူကောင်းမျိုးများ၏ စစ်တပ်မှာ ဗစ်တိုးရီးယား မြို့သားများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။"

နတ်ဘုရား တိုင်းပြည်၏ တော်ဝင်မြို့တော်တွင်... ခရီးသွား ဂီတပညာရှင် တစ်ဦးက သူကောင်းမျိုးများနှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ စစ်ပွဲအကြောင်းကို ဗဟုသုတ နည်းပါးသော ပြည်သူများအား ပြောပြနေသည်။

ပြည်သူများမှာ စစ်ပွဲသတင်းကို အလွန် စိတ်ဝင်စား နေကြသည်။ အထူးသဖြင့် ဗစ်တိုးရီးယား မြို့သားများက မည်သို့ မည်ပုံဖြင့် သူကောင်းမျိုးများကို အနိုင်ယူခဲ့သည်ကို ကြားရသည့် အခါတွင်ပင်။

"သူကောင်းမျိုးများက ဗစ်တိုးရီးယား မြို့သားတွေနှင့် မယှဉ်နိုင်ခဲ့ကြဘူး။"

"ဟုတ်တယ်၊ ဗစ်တိုးရီးယားမြို့ စစ်သည်တော်တွေက ကြောက်စိတ် မရှိတဲ့ တိုက်ခိုက်ရေး သမားတွေပဲ။ သူတို့က သူကောင်းမျိုးတွေဆီ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး။ ယှဉ်ကြည့်လိုက်လျှင် သူကောင်းမျိုးတွေက အခြေအနေ မကောင်းတာနဲ့ ထွက်ပြေးကြမှာ။" ဂီတပညာရှင်က ပြောသည်။

ပြည်သူ တစ်ဦးက မေးလိုက်သည်။ "သူကောင်းမျိုးတွေရဲ့ နယ်မြေတွေကို သိမ်းပိုက် ပြီးရင် သူတို့က အဖမ်း ခံထားရတဲ့ သာမန်လူတွေကို ဘယ်လို ဆက်ဆံကြတာလဲ။"

"ဟုတ်တယ်၊ ဟုတ်တယ်။ သူတို့ သာမန်လူတွေကို သတ်ပစ်ကြတယ်လို့ ငါ ကြားတယ်။ အဲ့ဒါ အမှန်ပဲလား။"

"ပြီးတော့ ဗစ်တိုးရီးယား မြို့သားတွေက သူတို့ကို လုယက်တယ်ဆို။"

"သူတို့ သုံးနှစ်အရွယ် ကောင်မလေးကိုတောင် အလွတ်မပေးဘူးတဲ့။ ဒါက လူမဆန်ဘူး။"

ဂီတပညာရှင်က စားပွဲကို ထုကာ ဒေါသတကြီး ဖြတ်ပြောသည်။ "မဟုတ်တာကွာ။ ငါတို့က စည်းကမ်း ရှိတဲ့ အုပ်စုပါ။ ဘယ်လိုလုပ် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်သူတွေ ရှိမှာလဲ။"

"ငါတို့တဲ့လား။" ပြည်သူများက အံ့ဩတကြီး မေးလိုက် ကြသည်။ သူတို့က ဗစ်တိုးရီးယား မြို့သားတွေကို အပြင်လူများ အဖြစ်သာ သတ်မှတ်ကြသည်။

"ဒီအထိတောင် ဖြစ်လာမှတော့ ငါ နောက်ထပ် မဖုံးကွယ်ထားတော့ဘူး။"

ဂီတပညာရှင်က သက်ပြင်း ချကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါက ကြီးကျယ်ခမ်းနားတဲ့ ထာဝရတိုင်းပြည်ကို ခိုလှုံခဲ့တယ်။ မဟုတ်ဘူး၊ အဲ့ဒါက ဗစ်တိုးရီးယားမြို့ပဲ။ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်တွေကသာ ကမ္ဘာကြီးကို ငြိမ်းချမ်း တောက်ပတဲ့ အနာဂတ်ဆီ ဦးဆောင် ပေးနိုင်လိမ့်မယ်။"

ဂီတပညာရှင်မှာ စိတ်လှုပ်ရှားစွာ ပြောဆို ခဲ့သော်လည်း ပြည်သူများမှာ ထိတ်လန့်နေကြပြီး သူတို့ထဲမှ အချို့မှာ ထွက်ခွာ သွားလိုကြသည်။ ဂီတပညာရှင်က စာရွက် တစ်ရွက်ကို ဆွဲထုတ်ကာ အော်ပြောသည်။ "ငါတို့က ဗစ်တိုးရီးယားမြို့ဆီ ဘက်ပြောင်းလာတဲ့ ပြည်သူတွေ အားလုံးကို မိသားစု လူဦးရေအရ လယ်ယာမြေ ချီးမြှင့်ပေးမယ်။ ငါတို့ စစ်သည်တော်တွေကမှာ စည်းမျဉ်း ဥပဒေတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြတယ်..."

ဂီတပညာရှင် စကားမဆုံးမီ ဒူးလေးမြား တစ်စင်းက သူ့ခေါင်းဆီ ပျံဝဲလာသည်။ မြားမှာ သူ၏ ဦးထုပ်ကို ပွတ်ဖြတ်သွားပြီး ၎င်းကို ကြမ်းပြင်ပေါ်သို့ ဖြုတ်ချလိုက်သည်။

သူ့ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိနေသည်။ တစ်ယောက်က အံ့ဩတကြီး အော်ပြောသည်။ "သူက ဗစ်တိုးရီးယား မြို့သား တစ်ယောက်ပဲကွ။"

"အိုး ဘုရားရေ၊ ဒါက ကြောက်စရာကြီးပဲ။ ဗစ်တိုးရီးယား မြို့သားတွေက ငါတို့ နိုင်ငံထဲကို ကျူးကျော် ဝင်လာကြပြီလား။ ဒါက တော်ဝင်မြို့တော်လေ။"

ပြည်သူများမှာ ထိတ်လန့်တကြား အော်ကြသော်လည်း အော်သံများကို တိုက်ပွဲ ဆူညံသံများက ဖုံးသွားသည်။ စစ်သည်တော် အုပ်စုကြီး တစ်ခုက ဘုံဆိုင်အတွင်းသို့ ပြေးဝင်လာသဖြင့် ဂီတပညာရှင်က သူ့ ဓားရှည်ကို ထုတ်လိုက်သည်။ သူ ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။ "လာကြစမ်း၊ မင်းတို့ နတ်ဘုရား တိုင်းပြည်က လပျော့ စစ်သည်တော်တွေ။ ဗစ်တိုးရီးယားမြို့ အဓွန့်ရှည်ပါစေ။"

တိုက်ပွဲ၏ ရလဒ်က သိသာသည်။ ဗစ်တိုးရီးယား မြို့သားမှာ အလျင်အမြန် သုတ်သင်ခြင်း ခံလိုက်ရသည်။ စစ်သည်တော်များမှာ သူ့ကို အကျဉ်းသားအဖြစ် အရှင် ဖမ်းလိုကြသော်လည်း ဗစ်တိုးရီးယား မြို့သားက ရဲရင့်စွာဖြင့် ပြန်ခုခံ တိုက်ခိုက်ခဲ့သည်။ သူ့ကို အရှင် ဖမ်းဆီးရန် အခွင့်အရေး မရခဲ့ပေ။

စစ်သည်တော်များမှာ သူတို့၏ အသက်ကို လောင််းကြေးထပ်လိုခြင်း မရှိကြ။

ဤသည်မှာ တော်ဝင်မြို့တော်အတွက် ပထမဆုံး အဖြစ်အပျက် မဟုတ်ပေ။ ဤလတွင်ပင် အလားတူ အဖြစ်အပျက် အနည်းငယ် ရှိခဲ့သည်။ ဗစ်တိုးရီးယား မြို့သားများက သူတို့၏ စစ်ပွဲအကြောင်းကို ပုံစံအမျိုးမျိုးဖြင့် သမာသမတ် ကျသယောင် သတင်းဖြန့်ရန် မြို့တော်အတွင်းသို့ မည်သို့ မည်ပုံ တိတ်တဆိတ် ဝင်လာကြသည်ကို မသိရပေ။

တော်ဝင်မြို့တော် အပြင်ဘက်ရှိ မြို့များနှင့် ကျေးရွာများမှာလည်း ဗစ်တိုးရီးယား မြို့သားများ၏ စိမ့်ဝင်ခြင်းကို ခံခဲ့ရသည်။ နယ်စပ်ဒေသများတွင် ဆိုလျှင် ပြည်သူများ၏ ဗစ်တိုးရီးယား မြို့သားများအပေါ် ထောက်ခံမှုမှာ နတ်ဘုရား တိုင်းပြည်အပေါ် သူတို့၏ ထောက်ခံမှုထက် ကျော်လွန် နေခဲ့သည်။

ဗိုလ်ချုပ်ရှီဒန်က ရုံးခန်းတွင် ထိုင်ကာ နောက်ဆုံးပို့လာသည့် အစီရင်ခံစာအကြောင်း ခေါင်းစားနေသည်။

အထိနာအောင် တိုက်ပွဲ ရှုံးခဲ့ရသဖြင့် ဗိုလ်ချုပ်ရှီဒန် သေဒဏ်စီရင်ခြင်း ခံရမည်ဆိုလျှင်ပင် အံ့ဩစရာ မဟုတ်ပေ။ သို့သော် သူက တိုက်ပွဲအနိုင်ရမှု မှတ်တမ်း ကောင်းသော ဗိုလ်ချုပ် တစ်ဦး ဖြစ်၏။

ဘုရင်အာလူး ၂မှာ အချိန်ကြာမြင့်စွာ စဉ်းစား ယူခဲ့ရသော်လည်း သူက ဗိုလ်ချုပ်ရှီဒန်ကို သေဒဏ် မပေးခဲ့ပေ။ ထို့အပြင် သူကောင်းမျိုး များစွာက သူ့အတွက် တောင်းပန် ပေးခဲ့ကြသည်။

ဗိုလ်ချုပ်ရှီဒန်မှာ သေဒဏ်ပေးခြင်း မခံရသော်လည်း သူက တပ်စောင့်ဗိုလ်ကြီး အဆင့်သို့ ရာထူးချခြင်း ခံခဲ့ရသည်။

သူ၏ နေ့စဉ် အလုပ်မှာ မြို့တော်ထဲတွင် တရားဥပဒေ ထိန်းသိမ်းရန်ပင်။ သို့သော် နေရာအနှံ့ရှိ ဗစ်တိုးရီးယား မြို့သားများကြောင့် ၎င်းမှာ လွယ်ကူသော အလုပ်တော့ မဟုတ်ခဲ့ပေ။

ဗစ်တိုးရီးယား မြို့သားများက အနီးပတ်ဝန်းကျင်ရှိ သူကောင်းမျိုးများကို အနိုင်ယူပြီးနောက် ဆယ်ရက် အကြာတွင်မှ နတ်ဘုရား တိုင်းပြည်၏ စစ်တပ် ရောက်လာသည်။ စစ်တပ်ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်မှာလည်း ဗိုလ်ချုပ်ရှီဒန်ထက် ပိုမသာနေပေ။ သူက ဗိုလ်ချုပ်ရှီဒန် ကဲ့သို့ သတိမကြီးသောကြောင့် စစ်သားများအား ပြေးဝင်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သဖြင့် ခွက်ခွက်လန် အထိနာသွားသည်။

စစ်သည်တော် သောင်းဂဏန်းမျှ စစ်မြေပြင်တွင် သေဆုံးခဲ့ရသည်။ စစ်သည်တော် အများစုမှာ ဖမ်းဆီးခြင်း ခံလိုက်ရပြီး ထာဝရတိုင်းပြည်သို့ ရောက်ကုန်သည်။

တိုက်ပွဲ အသာစီး ရပြီးနောက် ဗစ်တိုးရီးယား မြို့သားများမှာ ဗိုင်းရပ်စ် တစ်ခု ကဲ့သို့ ပျံ့နှံ့သွားကြသည်။ သူတို့က မြို့တိုင်း၊ ကျေးရွာတိုင်းသို့ ထိုးဖောက် စိမ့်ဝင်ပြီး ယခင်က မမြင်ဖူးသော သူတို့၏ စည်းလုံးမှုနှင့် အစုအဖွဲ့ကို ဖော်ပြခဲ့ကြသည်။

တစ်ခါမှ မမြင်ဖူးသော စည်းလုံးမှု ဆိုသည်က သူတို့၏ ယခင် လုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ်လျှင် ဖြစ်၏။ သူတို့မှာ စည်းစနစ်ကျနမှုမှာ ပုံမှန်စစ်တပ် တစ်ခုထက်တော့ နိမ့်ကျနေဆဲပင်။

သို့သော် ဗစ်တိုးရီးယား မြို့သားများ၏ အရည်အသွေး နိမ့်ကျမှုမှာ ပြဿနာ မဟုတ်ပေ။ အကြောင်းမှာ သူတို့တွင် ၎င်းပြဿနာကို ဖြေရှင်းပေးနိုင်သည့် များပြားလှသော လူအရေအတွက် ရှိနေသောကြောင့်ပင်။

ဗိုလ်ချုပ် တစ်ဦးက ဗစ်တိုးရီးယား မြို့သား အရေအတွက်ကို တစ်ခါက ရေတွက်ထားဖူးသည်။ အသတ်ခံရသော ဗစ်တိုးရီးယား မြို့သား အရေအတွက်မှာ နှစ်သန်းခန့်မျှ ရှိသည်။

နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော် တစ်ဦး စီတိုင်းက သူတို့ အသတ်မခံရမီ ဗစ်တိုးရီးယားမြို့သား တစ်ရာ၊ နှစ်ရာခန့် သတ်နိုင်သည်။ ဤသို့သော ထိခိုက်သေဆုံးမှုနှုန်းက မည်သည့် နိုင်ငံကိုမဆို ပျက်စီးစေမည်မှာ သေချာသည်။

သို့သော် ဗစ်တိုးရီးယား မြို့သားများမှာမူ သူတို့၏ မြင့်မားသော ထိခိုက်သေဆုံးမှု နှုန်းကြောင့် အကျိုးသက်ရောက်မှု မရှိကြပုံပင်။

သူတို့က နတ်ဘုရား တိုင်းပြည်ကို သန်းများကဲ့သို့ ကူးစက် ဝင်ရောက်လာကြသည်။

သူတို့က ဗစ်တိုးရီးယား တောအုပ်မှ နတ်ဘုရား တိုင်းပြည်၏ တော်ဝင်မြို့တော်ဆီသို့ ခြေဆန့် လာကြသည်။

ဗိုလ်ချုပ်ရှီဒန် စားပွဲကို ဒေါသတကြီး ထုလိုက်သည်။ အကယ်၍ သူသာ စစ်တပ်ကို ထိန်းချုပ်နိုင်ပါက သူက ထိုမာနကြီးသော ဗစ်တိုးရီးယား မြို့သားများအပေါ် အောင်ပွဲတစ်ခု ယူပေး ပေလိမ့်မည်။

သူ၏ အရင်တစ်ခေါက် ရှုံးနိမ့်မှုမှာ ဗစ်တိုးရီးယား မြို့သားများနှင့် ထာဝရတိုင်းပြည်မှ နတ်ဆိုးများ ပူးပေါင်းကြံစည်သောကြောင့်သာ ဖြစ်၏။

All Chapters