← Chapters

အကျိုးခံစားခွင့်များ

Vol. 39 Ch. 572

အကျိုးခံစားခွင့်များ

Vol. 39 Ch. 572

"အမှိုက်။ မင်းတို့ အားလုံးက အမှိုက်တွေပဲ။"

ဘုရင်အာလူး ၂ က အိပ်ခန်းထဲရှိ ရောင်စုံဖန်ခွက် တစ်လုံးကို ရိုက်ခွဲလိုက်သည်။ သူက နတ်ဘုရား တိုင်းပြည်ရှိ အခြေအနေများအပေါ်တွင် အလွန် မကျေမနပ် ဖြစ်နေသည်။

ဗစ်တိုးရီးယားမြို့က နတ်ဘုရား တိုင်းပြည်ကို ဝိုင်းရံပိတ်ဆို့ နေသော တိုက်ပွဲ အစီရင်ခံစာများက သူ့ စားပွဲပေါ်တွင် ရောက်နေသည်။ အစီရင်ခံစာများတွက် ထိခိုက်သေဆုံးမှု ရာပေါင်း ထောင်ပေါင်း များစွာနှင့် ရန်သူမှ မြို့များနှင့် ကျေးရွာများ သိမ်းပိုက်ထားခြင်းတို့ကို ဖော်ပြထားသည်။

ဗစ်တိုးရီးယား မြို့သားများက ရိုးရှင်းသော နည်းဗျူဟာများသာ အသုံးပြု တတ်ကြသောကြောင့် ထိပ်တိုက် ရင်ဆိုင်မှုတွင် အသာစီး မရနိုင်ကြပေ။ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များက ဗစ်တိုးရီးယား မြို့သားများကို အင်အား ခွဲဝေပြီး အမှည့်ချွေသည့် နည်းဗျူဟာများ အသုံးပြု နိုင်ကြသည်။ သို့သော် နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များက ဗစ်တိုးရီးယား မြို့သားများကို မည်သို့ပင် အင်အားလျော့နည်းအောင် ပြုလုပ်ခဲ့သည်ဖြစ်စေ ၎င်းက အကျိုးမထူးပေ။

ရက်အနည်းငယ် ကြာသည်နှင့် အသတ်ခံလိုက်ရသော ဗစ်တိုးရီးယားမြို့သားများက ဗစ်တိုးရီးယား တောအုပ်မှ ပြန်ထွက်လာကြပြီး သူတို့၏ ရှေ့တန်းကို တပ်ကူပို့ အင်အားဖြည့်တင်း ခဲ့ကြသည်။

သူတို့က အကန့်အသတ်မရှိ လူစားထိုးမှု ပြုနိုင်သော်လည်း နတ်ဘုရား တိုင်းပြည်တွင်တော့ လူအရေအတွက် အကန့်အသတ် ရှိသည်။ အကယ်၍ နတ်ဘုရား တိုင်းပြည် အောင်ပွဲ ရခဲ့လျှင်ပင် သူတို့က ထိုအောင်ပွဲကို ရေရှည် မထိန်းထားနိုင်ပေ။

ဗစ်တိုးရီးယား မြို့သားများက ပြည်သူများကို ကယ်တင်ရန် ကောင်းကင်ဘုံမှ စေလွှတ်ခဲ့သည် သကဲ့သို့သော အမျိုးမျိုးသော ကောလာဟာလများလည်း ဖြန့်ခဲ့ကြသည်။

သူတို့က သိမ်းပိုက် ရလာသော မြေများကို ပြည်သူများအား ခွဲဝေပေးပြီး စနစ်တကျဖြင့် အခွန် ကောက်သည်။ ဆင်းရဲသားများမှာ အခွန်နည်းနည်းသာ ပေးရပြီး ချမ်းသာသူများမှာတော့ အခွန် များများ ပေးရသည်။ ထို့အပြင် အမျိုးမျိုးသော လူထုစီမံကိန်းများကိုလည်း အကောင်အထည် ဖော်ကြသည်။ ဥပမာအားဖြင့် အိမ်ရာထောက်ပံ့ကြေးများ၊ အခမဲ့ လမ်းဆောက်လုပ်ရေးနှင့် အလုပ်အကိုင် ဝန်ဆောင်မှုများ ကဲ့သို့သော အရာများပင်။ သူတို့တွင် ကျွမ်းကျင်လုပ်သား ရှားပါးနေသောကြောင့် သာမန်ပြည်သူများအား ဆေးဖော်စပ်ပညာ၊ အဂ္ဂိရတ်ပညာနှင့် ပန်းပဲပညာတို့ကိုပင် သင်ကြား ပေးကြသည်။

ယခင်ကဆိုလျှင် ပြည်သူများက ဤစွမ်းရည်များကို သင်ယူနိုင်ရန် ငွေအမြောက်အမြား ပေးချေရသည်။ ယခုတော့ ဗစ်တိုးရီးယား မြို့သားများက သူတို့ကို အခမဲ့ သင်ကြား ပေးနေကြသည်။

၎င်းမှာ မယုံနိုင်ဖွယ် ဖြစ်၏။

ဗစ်တိုးရီးယား မြို့သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော ပြည်သူများက ဗစ်တိုးရီးယားမြို့ကို ထောက်ခံ လာကြသည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များက သိမ်းပိုက် ခံထားရသော မြေများကို ပြန်သိမ်းပိုက်နိုင်လျှင်ပင် သူတို့က ဒေသခံ ပြည်သူများ၏ ပုန်ကန်မှုနှင့် ရင်ဆိုင်လာရသည်။

ဘုရင်အာလူး ၂မှာ ကိစ္စများက အဘယ်ကြောင့် ဤအခြေအနေမျိုး ဖြစ်ကုန်သည်ကို နားမလည်နိုင်ပေ။ ဗစ်တိုးရီးယားမြို့က မည်သို့ဖြင့် ဤမျှ အစွမ်းထက်လာပြီး ကြောက်မက်ဖွယ်ရာ ဗစ်တိုးရီးယား မြို့သားများက မည်သည့် နေရာမှ ရောက်လာကြသည် ဆိုသည်ကိုလည်း သူ မသိပေ။ ဗစ်တိုးရီးယားမြို့ရှိ အက်လ်ဖ်များနှင့် ဖယ်ရီများ၏ ရပ်တည်ချက်ကိုလည်း သူ နားမလည်နိုင်ပေ။ သို့သော် သူ သူတို့ကို တားဆီး ရမည်ကို ဆိုသည်ကိုတော့ သိသည်။

နတ်ဘုရား တိုင်းပြည်မှာ သူ၏ လက်ထဲတွင် ပျက်စီးသွား ရမည် မဟုတ်ပေ။

"အရှင်မင်းကြီး။ အရှင်မင်းကြီး။"

ဘုရင့် အိပ်ခန်း အပြင်ဘက်တွင် တစ်ယောက်ယောက်က ထိတ်လန့်တကြား အော်ပြောသည်။ ဘုရင်အာလူး ၂မှာ သူ နောက်ဆုံး ပို့လာသည့် တိုက်ပွဲ အစီရင်ခံစာကို လက်ခံရမည် ဖြစ်သဖြင့် ဝင်ခွင့် ပြုလိုက်သည်။ သူက ၎င်းမှာ သတင်းဆိုး ဖြစ်၊မဖြစ်ကို ဂရုမစိုက် နေတော့ပေ။

ဘုရင်အာလူး ၂မှာ စိတ်ကို ကြိုတင် ပြင်ဆင်ထားသည်။ သတင်းဆိုး ဖြစ်လျှင်ပင် အခြေအနေမှာ ယခုထက် ပိုဆိုးနိုင်ဦးမည်လော။ သို့သော် သံတမန်၏ စကားကို ကြားပြီးနောက်တွင်မူ ဘုရင်အာလူး ၂မှာ မြေပြင်ပေါ်သို့ လဲကျလု နီးပါး ဖြစ်သွားသည်။

ဗစ်တိုးရီးယား မြို့သားများက တော်ဝင်မြို့တော် အပြင်ဘက်တွင် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခုအား တည်ဆောက် ထားခဲ့ကြသည်။

"ဘာကွ။"

စိတ်ဆတ်သည့် ဘုရင်အာလူး ၂က သံတမန်ကို ကြမ်းပြင်ပေါ်သို့ ပါးရိုက်ချလိုက်သည်။

သူ့ ငယ်သားကို ရိုက်နှက်ခြင်းမှာ အကျိုးမရှိပေ။ ဘုရင်အာလူး ၂က နတ်ဘုရား တိုင်းပြည်ထဲ တတိတိဖြင့် တိုးဝင်လာသော ဗစ်တိုးရီးယား မြို့သားများကို မတားဆီးနိုင်ပေ။

"မဟာမှော်ဆရာကို ခေါ်လိုက်။"

ဘုရင်အာလူး ၂ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက ဤမျှ ဆိုးရွားသော အခြေအနေထဲသို့ မကျရောက်ချင်ပေ။ သူ၏ ရန်သူများက တံခါးဝတွင်ပင် ရောက်နေပြီ ဖြစ်သောကြောင့် ပြင်ဆင်ရန် အချိန် မရှိတော့ပေ။

ဝိုင်ဗန်နဂါးများကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက် ဆန်းကြယ်ပြီး ကောက်ကျစ်သော မဟာမှော်ဆရာကသာ သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်၏။

"ပြီးတော့ ဗိုလ်ချုပ်ရှီဒန်ကိုလည်း ဆင့်ခေါ်လိုက်။" သူ တစ်ချက် စဉ်းစားပြီးနောက် ဖြည့်ပြောလိုက်သည်။

...

ဗစ်တိုးရီးယားမြို့မှာ တိုက်ပွဲများစွာ အောင်နိုင်ခဲ့ကြသည်။ ဂိမ်းမာများတွင် မယုံနိုင်ဖွယ် တိုက်ခိုက်ရေး စွမ်းဆောင်ရည် ရှိကြောင်း ရှားလော့ခ် သိသော်လည်း ၎င်းက သူ မျှော်လင့်ထားသည်ထက် ပိုကောင်းနေသည်။

အချိန်တိုအတွင်း ဂိမ်းမာများက နတ်ဘုရား တိုင်းပြည်ထဲ နည်းလမ်း အမျိုးမျိုးဖြင့် စိမ့်ဝင်ခဲ့ကြပြီး ဒေသခံများကို သူတို့၏ စစ်တပ်အတွင်းသို့ စုဆောင်း နိုင်ခဲ့ကြသည်။ သူတို့က တော်ဝင်မြို့တော် အနီးတွင်ပင် နေရာရွှေ့ပြောင်း ဝင်ပေါက် တည်ဆောက် နိုင်ခဲ့ကြသည်။ နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ မကြီးမားဘဲ လူအရေအတွက် ကန့်သတ်ချက် ရှိသည့်တိုင် ၎င်းက ဂိမ်းမာများအား တော်ဝင်မြို့တော်၏ တောင်ပိုင်းဒေသတွင် ခြေကုပ်နေရာ တစ်ခု ရရှိစေရန် ကူညီပေးခဲ့သည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များ တုန့်ပြန် တိုက်ခိုက်ရန် အခွင့်အရေး မရမီ ဂိမ်းမာများမှာက အလယ်အလတ်တန်းစား ခံတပ် တစ်ခု တည်ဆောက် နိုင်ခဲ့သည်။

ခံတပ်တွင် ပြင်းထန်သော တိုက်ပွဲ တစ်ခု ဖြစ်ပွားခဲ့သည်။

ရှားလော့ခ်က ၎င်းမှာ မြေပေါ်ကမ္ဘာကိစ္စ ဖြစ်သောကြောင့် သိပ်စိတ်မဝင်စားပေ။ သူ၏ အခြေစိုက်စခန်းမှာ ထာဝရတိုင်းပြည် ဖြစ်သောကြောင့် သူက ထိုတိုက်ပွဲ ရလဒ်ကို ဂရုမစိုက်ပေ။

ထာဝရတိုင်းပြည်မှာလည်း သူတို့၏ လတ်တလော တိုက်ပွဲများတွင် အောင်မြင်မှု တချို့ ရထားသည်။ ငရဲနတ်ဆိုး စစ်တပ်မှာ ဂိမ်းမာများ၏ လယ်ယာတွင် ထောင်ချောက်ဆင် ဝန်းရံဖမ်းဆီးခြင်း ခံထားရ၏။

ငရဲနတ်ဆိုး စစ်တပ်ကို ပထမဆုံး အောင်နိုင်သူ ဖြစ်လာရန် ဂိမ်းမာများမှာ ရန်သူကို အဆက်မပြတ် တိုက်ခိုက်ပြီး အလွန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့၏ များပြားသော လူအရေအတွက်မှာ ငရဲနတ်ဆိုးများ၏ အားကောင်းသော တိုက်ခိုက်ရေး အင်အားကို မလျော့ကျ စေနိုင်ခဲ့ပေ။ နတ်ဆိုးများက မြေပေါ်ကမ္ဘာမှ လူသားများနှင့် မတူကြပေ။

ထိုမတိုးသာမဆုတ်သာ အခြေအနေက သုံးလမျှ ကြာခဲ့သည်။

နတ်ဆိုးဘုရင် မမ်မွန်မှာ လူသိရှင်ကြား ပြန်တောင်းပန်ပြီး ထိခိုက်နစ်နာ ခဲ့ရသော လူပုဂ္ဂိုလ်များကို လျော်ကြေးပေးရန် ကမ်းလှမ်း လာခဲ့သည်။

နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီ၏ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့က 'မမ်မွန် ရှေးဟောင်း နတ်ဘုရားများ စစ်တပ်၏ ဒန်ဂျင်အမြုတေကို ရနိုင်ရန် လယ်ယာကို သိမ်းပိုက်ခဲ့သည်' ဟူသော ကောလာဟလကို စုံစမ်းရန် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

စုံစမ်း စစ်ဆေးမှုအတွက် အသင့်တော်ဆုံး သက်သေမှာ ဒန်ဂျင်အရှင် ရှားလော့ခ်ပင်။

ရှားလော့ခ်က နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီမှ စုံစမ်း စစ်ဆေးရေးအရာရှိနှင့် သွားမတွေ့ပေ။ ယင်းအစား သူက မမျှော်လင့်ထားသော ဧည့်သည် တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

၎င်းမှာ နတ်ဆိုးဘုရင် မမ်မွန်၏ သံတမန် တစ်ဦး ဖြစ်၏။

ထိုသူမှာ အရပ်ရှည်သော အထက်တန်းစား နတ်ဆိုး တစ်ပါး ဖြစ်၏။

အထက်တန်းစား နတ်ဆိုးမှာ ကောင်းစွာ မီးပူတိုက်ထားသော ရုံးဝတ်စုံ ဝတ်ထားပြီး ရှားလော့ခ်၏ ဒန်ဂျင်အရှင် ခန်းမဆောင်တွင် ထိုင်နေသည်။

"အရှင်ရှားလော့ခ်၊ ကျွန်တော် တဲ့တိုး ပြောပါရစေ။"

နတ်ဆိုး သူ၏ မျက်မှန်ကို ညှိကာ ပြောသည်။ "နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီရဲ့ စစ်ဆေးမှုကိစ္စမှာ အရှင်နဲ့ ပူးပေါင်း ဆောင်ရွက် ပေးနိုင်မယ်လို့ အရှင်မမ်မွန်က မျှော်လင့်ထားပါတယ်။"

"တောင်းပန်ပါတယ်၊ ဘာကို ပူးပေါင်းဆောင်ရွက်မှာလဲ။ ငါ နားမလည်ပါဘူး..."

ခပ်နွေးနွေး သွေးဂန္ဓမာ လက်ဖက်ရည်ကို စားပွဲပေါ်တွင် ချထားသည်။ ရှားလော့ခ်က စားပွဲခုံပေါ်တွင် မှီကာ သံတမန်ကို ကြည့်ရင်း မေးလိုက်သည်။ "ဒါက ရှေးဟောင်း နတ်ဘုရားတွေရဲ့ စစ်တပ်ရဲ့ ဒန်ဂျင်အမြုတေကိစ္စနဲ့ ပတ်သက်လား။"

"အရှင်ရှားလော့ခ်က ဒီကိစ္စကို ဘယ်လို ပြေပြေလည်လည် ကိုင်တွယ် ပေးရမလဲဆိုတာ သိမယ်လို့ ကျွန်တော် သေချာပါတယ်။"

ရှားလော့ခ် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မမ်မွန်က တကယ် သတိကြီးတာပဲ။"

"အကျိုးခံစားခွင့်တွေကရော။"

All Chapters