ပွဲတော် တစ်ခု တက်ရောက်ခြင်း
Vol. 39 Ch. 575
နှလုံးတုန်ဖွယ် မြင်းရထားပြိုင်ပွဲ တစ်ခု ကြုံတွေ့အပြီးတွင် ရှားလော့ခ်က ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ဘေးကင်းစွာ ရောက်သွားသည်။
မာကိုပိုလိုမှာ ရှားလော့ခ်နှင့် သူ၏ အဖွဲ့သားများ အကြောင်းကို ဖိုရမ်ပေါ်တွင် ပိုစ့်တင်ပြီးနောက် ဒန်ဂျင်အရှင် ခန်းမဆောင်သို့ လိုက်ပို့သည်။ သူ စကားပြောရန် အခွင့်အရေး မရရှိမီမှာပင် သူ့ကိုယ်ပေါ်မှ မာနာစက်မှာ ထူးထူးဆန်းဆန်း အသံ တစ်ခု မြည်လာသည်။
"တီ။ မင်းမှာ ဖောက်သည်အော်ဒါ ရှိနေတယ်။"
မာကိုပိုလိုမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်က ဘာဖြစ်သည်ကို မြင်လိုသော်လည်း သူက ဝင်ပေါက်တွင် ဝင်ခွင့်တားမြစ်ခြင်း ခံခဲ့ရသည်။ သူ ခန်းမဆောင် အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။ မာနာစက်လည်းမှာလည်း တတီတီဖြင့် ရူးသွပ်စွာ မြည်နေသည်။
မာကိုပိုလိုက စွန့်စားခန်း ထွက်ရခြင်းနှင့် စူးစမ်း ရှာဖွေရသည်ကို သဘောကျသည်။ သို့သော် ယင်းတို့က ငွေလိုသည်။ သူ့တွင် အလုပ် မရှိသောကြောင့် ဤသို့သော အော်ဒါလိုက်ခြင်းက သူ၏ အလျင်အမြန် ငွေရှာနည်း ဖြစ်၏။
သူ မြင်းရထား မောင်းနှင်ရန်သာ လိုသည်။ ယင်းအလုပ်က စွမ်းရည် လိုအပ်ချက် မရှိသလို၊ တစ်ရက် ၂၄ နာရီ အလုပ်,လုပ်နေရန်လည်း မလိုပေ။
ထာဝရတိုင်းပြည်မှ ဂိမ်းမာ များစွာက ဆောင်းတောင်ကုန်းမြို့တွင် မြင်းရထား မောင်းသူများအဖြစ် အလုပ်,လုပ် နေကြသည်။
ဂိမ်းမာများက အလုပ်ကြိုးစားသည်၊ ဈေးသက်သာသည်။ စိတ်ရင်းမှန် ကြသော်လည်း တစ်ခါတစ်လေ အော်ဒါနေရာ မရောက်လာကြသည်မျိုးတော့ ရှိတတ်၏။ သို့သော် ယင်းတို့က အဖြစ်ရှား၏။ ဂိမ်းမာများကို အလုပ်မခန့်စရာ အကြောင်းပြချက် မရှိနေပေ။
မာကိုပိုလိုမှာ နောက်အော်ဒါကို လုပ်ဆောင်ရန် ထွက်သွားရမည် ဖြစ်သောကြောင့် နှမျောတသ ဖြစ်နေသည်။ ရှားလော့ခ်က ကြီးမားသော အဆောက်အအုံကြီးနှင့် အပြင်ဘက်တွင် ရပ်ထားသော မြင်းရထားများ၊ ဘီးတယ်လ်မွန်များကို ကြည့်လိုက်ပြီး အဖွဲ့သားများအား ပြောလိုက်သည်။ "သွားကြစို့။"
...
အလက်ဇန္ဒရီယားမှာ ရှားလော့ခ်ကိုသာ ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်ပေ။ သူက ဗင်းနစ်နှင့် နီးစပ်သော ဒန်ဂျင်အရှင်များ၊ ကုန်သည် မဟာမိတ် အဖွဲ့၏ အရာရှိများ၊ တရားသူကြီးများ အပါအဝင် ရှားလော့ခ်နှင့် အကျွမ်းတဝင် ရှိသော ကြက်သွန်ခေါင်း ကိုလည်း ဖိတ်ခဲ့သည်။
ဂိမ်းမာ များစွာက ကြက်သွန်ခေါင်းနှင့် အကျွမ်းတဝင် မရှိကြပေ။ အကြောင်းမှာ ဆောင်းတောင်ကုန်းမြို့၏ ယခင်ဒန်ဂျင်အရှင်က ဂိမ်းမာများနှင့် များများစားစား အဆက်အဆံ မပြုဖူးသောကြောင့်ပင်။ ဂိမ်းမာများမှာ နီကိုလပ်စ် ဒန်ဂျင်အရှင် ဖြစ်လာပြီး နောက်မှသာ ဆောင်းတောင်ကုန်းမြို့၏ ကိစ္စရပ်များတွင် ဝင်ပါဖူးကြသည်။
ဂိမ်းမာများက ကြက်သွန်ခေါင်းအား လုံးလုံး မသိကြခြင်းတော့ မဟုတ်ပေ။ ထာဝရတိုင်းပြည်ရှိ မြင့်မြတ်သော အလင်းတန်း ဝတ်ပြုကျောင်းတော်၏ တာဝန်ခံ သားရဲကောင်မှာ ကြက်သွန်ခေါင်း၏ သားမက်ဟောင်း ဖြစ်၏။
အကြောင်း အမျိုးမျိုးကြောင့် သားရဲကောင်မှာ ကြက်သွန်ခေါင်း၏ သမီးနှင့် ကွာရှင်းခဲ့ရပြီး ထာဝရတိုင်းပြည်သို့ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ကြက်သွန်ခေါင်းမှာ အပြစ်ပေး ခံရသင့်သော်လည်း သူက မြောက်ပိုင်း မြေအောက်လောက၏ တရားသူကြီး တစ်ဦး ဖြစ်လာသည်။
တရားသူကြီး တစ်ဦးမှာ အာဏာ များစွာ ရှိသော အမြင့်ဆုံးအဆင့် အရာရှိ တစ်ဦးလည်း ဖြစ်၏။
"အရှင် အလက်ဇန္ဒရီယား၊ ကျွန်တော်တို့ မတွေ့ဖြစ်တာ ကြာပြီ။"
အရှင် အလက်ဇန္ဒရီယားမှာ အိမ်ရှင် ဖြစ်သောကြောင့် သူက လူအုပ်၏ အလွန် လေးစားခြင်းကို ခံခဲ့ရသည်။ ကြက်သွန်ခေါင်း ပွဲတော်သို့ ရောက်သည်နှင့် ချက်ချင်း အရှင် အလက်ဇန္ဒရီယားကို သွားနှုတ်ဆက်သည်။
၎င်းမှာ ဧည့်ခံပွဲ တစ်ခုသာ ဖြစ်သော်လည်း ကြက်သွန်ခေါင်းမှာ သပ်သပ်ရပ်ရပ် ရှိသော ချပ်ဝတ်တစ်ခု ဝတ်ထားသည်။ တရားသူကြီးက ခန့်ညားသော အသွင်အပြင် ရှိသည့် ကိုယ်ပိုင် ချပ်ဝတ်ဝတ်စုံ ဝတ်ရမည် ဆိုသည်က ကုန်သည် မဟာမိတ် အဖွဲ့၏ စည်းမျဉ်း ဖြစ်သည်။ သူက သူ့အဆင့်အဆန်းနှင့် ကုန်သည်မဟာမိတ်အဖွဲ့၏ တင်းကျပ်သော စည်းမျဉ်းများကို ဖော်ပြရန် အများပြည်သူ ရှေ့တွင်ဆိုလျှင် ထိုချပ်ဝတ်ကို ဝတ်ဆင်ရသည်။
၎င်းမှာ သူ၏ အံ့ဩဖွယ် စွမ်းဆောင်ရည်ကို ထုတ်ကြွားရန်ပင်။
"ကြိုဆိုပါတယ် တရားသူကြီး ကြက်သွန်ခေါင်း။ ကျွန်တော် အရှင် တက်ရောက်လာလို့ အလွန် ဂုဏ်ယူမိပါတယ်။"
အလက်ဇန္ဒရီယားက လက်ဆန့်ကာ ကြက်သွန်ခေါင်းဆီ လျှောက်သွားသည်။ သူတို့ နှစ်ဦးလုံးက ရင်းနှီးသော မိတ်ဆွေဟောင်း သူငယ်ချင်းကောင်းများကဲ့သို့ ပွေ့ဖက် ခဲ့ကြသည်။
ဂနိုမ်း တစ်ဦးနှင့် အရပ်ရှည်သော အထက်တန်းစား နတ်ဆိုး တစ်ပါး ပွေ့ဖက်ရန်က ခက်ခဲသော အလုပ် တစ်ခု ဖြစ်၏။ ၎င်းမှာ အသေးစိတ် ဖော်ပြရန် မသင့်သော ထိလွယ်ရှလွယ် အကြောင်းအရာ တစ်ခု ဖြစ်၏။
သူတို့ နှစ်ဦးလုံး စကားပြောသည့်အခါ အလွန် ရင်းနှီးပုံရသည်။ သို့သော် သူတို့အချင်းချင်း အကြိမ် အနည်းငယ်သာ တွေ့ဖူးကြသည်။ မကြာမီ တခြား အရာရှိများနှင့် ဒန်ဂျင်အရှင်များ အရှင်အလက်ဇန္ဒရီယားထံသို့ ရင်းနှီးမှုယူရန် ချဉ်းကပ် လာကြသည်။
ရှားလော့ခ် ဝင်ရောက်လာသော် လူတိုင်းက သူ့အား အာရုံစိုက်သွားသည်။
စမတ်ကျကျ ဝတ်စားထားသည့် ခန့်ညားသော အထက်တန်းစား နတ်ဆိုး တစ်ပါးအား အနက်ရောင် အကြေးခွံများ ရှိသော နဂါးငယ်လေး တစ်ကောင်၊ ကြောင်နက် တစ်ကောင်၊ ပခုံးပေါ်တွင် နားနေသော မီးလျှံကဲ့သို့ အနီရောင် တောက်တောက်ဖြင့် ကြက်တူရွေး တစ်ကောင်၊ လှပသော အိပ်မက်နတ်ဆိုးမယ် တစ်ဦးနှင့် လစ်ခ်ျ တစ်ဦးတို့က လိုက်ပါ ပို့ဆောင်ကြသည်။
၎င်းမှာ ထူးဆန်းသော ပေါင်းစပ်မှုများဖြင့် အဖွဲ့တစ်ခု ဖြစ်၏။ သို့သော် အဖွဲ့သားများ၏ အလယ်တွင် ရှိနေသော အထက်တန်းစား နတ်ဆိုးက ထိုအုပ်စုကို သဘာဝ ကျစေသည်။
ရှားလော့ခ်မှာ အလွန် ထင်ရှား၏။ သူက သူ၏ အားကောင်းသော ရန်သူများကို အနိုင်ယူရန် အမျိုးမျိုးသော နည်းလမ်းများ အသုံးပြုခဲ့သည်။
ဂိုဘလင် စစ်တပ် တစ်ခုတည်းနှင့် နတ်ဆိုးဘုရင် မမ်မွန်၏ နတ်ဆိုး ရှေ့ပြေးတပ်ဖွဲ့များကို အနိုင်ယူပြခဲ့သည်။ ၎င်းမှာ လူတိုင်း ဆွေးနွေးနေကြသော အကြောင်းအရာ တစ်ခု ဖြစ်၏။
အဟုတ်ပင်။ လူအုပ်ရှေ့မှ ထိုအထက်တန်းစား နတ်ဆိုးမှာ ဒဏ္ဍာရီလာ ထာဝရတိုင်းပြည်၏ ဒန်ဂျင်အရှင်ပင်။
သူက သတင်းစာများနှင့် မီဒီယာများတွင် အကြိမ်များစွာ ဖော်ပြခြင်း ခံခဲ့ရသောကြောင့် အရာရှိများနှင့် ဒန်ဂျင်အရှင်များက ရှားလော့ခ်မျက်နှာကို တန်းမှတ်မိ နိုင်ကြသည်။ ရှားလော့ခ် ဝင်ပေါက်တွင် ထွက်လာသည်နှင့် လူတိုင်း သူ့ကို အကဲခတ် နေကြသည်။ ရဲတင်းသော သူများ သို့မဟုတ် ရှားလော့ခ်ကို သိရှိသော သတ္တဝါများသာ သူ့ကို သွားနှုတ်ဆက်ကြသည်။
သူတို့ထဲမှ တစ်ဦးမှာ ဆောင်းတောင်ကုန်းမြို့၏ ဒန်ဂျင်အရှင်ဟောင်း ကြက်သွန်ခေါင်းပင်။
"အရှင်ရှားလော့ခ်။ ကျွန်တော် အရှင့်နဲ့ ဒီလောက်မြန်မြန် ပြန်ဆုံရမယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်တော်တို့ အချင်းချင်း မတွေ့ဖြစ်ခဲ့ကြတာ ခြောက်လ ရှိနေပြီနော်။ ကျွန်တော် အရှင့်ကို သတိရနေတာ။"
ကြက်သွန်ခေါင်းမှာ အလက်ဇန္ဒရီယားကို ခုလေးတင်ကမှ ပွေ့ဖက်ခဲ့သည်။ ရှားလော့ခ် ပင်မဝင်ပေါက်ကို ဖြတ်လာသည်နှင့် သူက အလက်ဇန္ဒရီယား၏ လက်များကို ဖြုတ်ချလိုက်ပြီး ရှားလော့ခ် ဆီသို့ ပြေးဝင် သွားသည်။ သူက ရှားလော့ခ်ကို ပွေ့ဖက်ရန် လက်မဆန့်နိုင်မှီ နဂါးနက် တစ်ကောင်က ကြားဝင် ရပ်ကာ သူ့ကို တားလိုက်သည်။
တိတိကျကျ ပြောရလျှင် ၎င်းမှာ နဂါးနက်ငယ်လေး တစ်ကောင် ဖြစ်၏။
"ငါ ဘူဖေးဧရိယာ သွားလို့ရလား။" ကြက်ဥခေါင်းက ရှားလော့ခ်ကို ကြည့်ကာ မျှော်လင့်တကြီး မေးလိုက်သည်။
"ဘာလဲ။ မင်း အခု ဘူဖေးဧရိယာကို သွားတော့မှာလား။ ငါတို့ နောက်ကျ ဘာစားကြမှာလဲ။ မြောင်။"
ပိုလီယို အံ့ဩတကြီးဖြင့် အလန့်တကြား မေးလိုက်စဉ် ဖီးနစ်ကလည်း ခေါင်းညိတ်ကာ ဝင်ထောက်သည်။ "ငါတော့ သူ့နဲ့ သဘောချင်းတူတယ်။"
ရှားလော့ခ်မှာ သူ့ လက်အောက်ငယ်သားများ အစာစားရန် ငြင်းခုံနေသည်ကို စိတ်မဝင်စားပေ။ သူက ကြက်သွန်ခေါင်းနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။ "မတွေ့တာ ကြာပြီနော်။ တရားသူကြီး ကြက်သွန်ခေါင်း။ အရှင့်ချပ်ဝတ်က အရမ်း ကြည့်ကောင်းတာပဲ။"
သူတို့ နှစ်ဦးလုံး အလာပသလာပ နှုတ်ဆက် လိုက်ကြပြီးနော် ရှားလော့ခ်က သူ့နှင့် မိတ်ဆက်ရင်းနှီးလိုသော အခြားဧည့်သည်များကို ငြင်းလိုက်သည်။ ရှားလော့ခ် အလက်ဇန္ဒရီယားကို ကြည့်လိုက်သည်။
ရှားလော့ခ်က သူ့ အဖွဲ့သားများကို အရှင် အလက်ဇန္ဒရီယားဆီ ဦးဆောင်ခေါ်သွားပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် ဘူဖေးဧရိယာဆီသို့ ဦးတည် သွားလိုက်သည်။