ဒန်ဂျင် အသစ် တစ်ခု သို့တိုးချဲ့ခြင်းအစီအစဉ်
Vol. 39 Ch. 576
ရှားလော့ခ်မှာ ပွဲတော်၏ အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့သည်။
ဝေးလံခေါင်ဖျားသော နေရာမှ ဒန်ဂျင် တစ်ခု၏ ဒန်ဂျင်အရှင် တစ်ဦး အနေဖြင့် သူအောင်မြင်ခဲ့သော အရာများမှာ အံ့ဩဖွယ်ဆိုသည်ထက် ကျော်လွန် နေခဲ့သည်။
သူက ဆောင်းတောင်ကုန်းမြို့ကို ကြိမ်ဖန် များစွာ ကယ်တင်ခဲ့ပြီး မကြာသေးမီက ငရဲမှ နတ်ဆိုးဘုရင် မမ်မွန်ကိုလည်း အနိုင် ယူခဲ့သည်။
မမ်မွန်မှာ အမှားကျူးလွန်ခဲ့သဖြင့် နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီ၏ စုံစမ်း စစ်ဆေးခြင်းကို ခံနေရသည်။ သူ ဂုဏ်သတင်းမှာ နောက်ကွယ်သို့ မှေးမှိန်သွားခဲ့ပြီး ထာဝရတိုင်းပြည်မှာ အများအာရုံစိုက်စရာ ဖြစ်နေခဲ့သည်။
မြေအောက်လောက သတ္တဝါများ အတွက် အဆင့်အတန်း ဆိုသည်မှာ ခွန်အားနှင့် တိုက်ရိုက် အချိုးကျ၏။
သူတို့က မြေအောက်လောကတွင် စည်းကမ်းစနစ် တစ်ခု ဖန်တီးနိုင်ခဲ့ခြင်း အတွက် ဂုဏ်ယူနေခဲ့ကြသည်။ အစွမ်းထက်သော ထာဝရတိုင်းပြည်နှင့် ပတ်သက်၍မူ မြေအောက်လောက သတ္တဝါများမှာ ထိုဒန်ဂျင်အပေါ် လေးစားမှုများဖြင့် ပြည့်နှက် နေခဲ့ကြသည်။ အထူးသဖြင့် နတ်ဘုရားကဲ့သို့သော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသော လူငယ်အထက်တန်းစား နတ်ဆိုးကိုပင်။
ရှားလော့ခ် ဘူဖေးတွင် စားသောက်နေစဉ်မှာပင် နတ်ဆိုးများနှင့် ဂနိုမ်းအရှင် များစွာက သူဆီသို့ လာရောက် နှုတ်ဆက်ခဲ့ကြသည်။
ရှားလော့ခ်က ဧည့်သည်များ အားလုံးကို လူကြီးလူကောင်းဆန်ဆန် ရက်ရောစွာ ပြုံးပြခဲ့သည်။ သို့သော် သူက လူမှုဆက်ဆံရေး ပြုလုပ်ရန် ထိုနေရာတွင် ရှိနေခဲ့ခြင်းတော့ မဟုတ်ပေ။
"အရှင်ရှားလော့ခ်၊ ကျွန်တော် အရှင့်ကြွရောက်လာတဲ့ အတွက် အလွန် ဂုဏ်ယူမိပါတယ်။"
အလက်ဇန္ဒရီယားက ရှားလော့ခ် အနီးသို့ ချဉ်းကပ်လာကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"အရင်တစ်ခေါက်က ကျွန်တော် ဆောင်းတောင်ကုန်းမြို့ ရောက်တုန်း အရှင်နဲ့ စကားပြောဖို့ အခွင့်မကြုံလိုက်ဘူး။ ဗင်းနစ် ရောက်မှပဲ အရှင်နဲ့ ပြန်ဆုံဖို့ အခွင့်အရေးကောင်း ရတော့တယ်။"
"မစ္စတာ အလက်ဇန္ဒရီယား၊ အရှင်က ဒီလောက် အလေးထားနေစရာ မလိုပါဘူး။ ငါက အရသာ ရှိတဲ့ အစားအစာတွေကို မြည်းစမ်းဖို့ ဒီကို ရောက်လာတာ သက်သက်ပါ။" ရှားလော့ခ်က လေးနက်စွာ ပြန်ပြောလိုက်သည်။
အလက်ဇန္ဒရီယား ပြုံးရင်း ပြောသည်။ "ဘယ်တတ်နိုင်မှာလဲလေ၊ ကျွန်တော် အရှင်ရှားလော့ခ်ဆီကနေ အကူအညီ တောင်းစရာ ရှိနေတာကိုးလို့။"
"ငါ မှန်းကြည့်မယ်။"
ရှားလော့ခ်က သတ္တုလက်ဖက်ရည်ခွက် တစ်ခုမှ မွှေးကြိုင်သော သွေးဂန္ဓမာ လက်ဖက်ရည်ကို တစ်ငုံမျှ သောက်သုံးပြီးနောက် ပြောလိုက်သည်။ "မင်းက ဒန်ဂျင်အမြုတေကို တောင်းဆိုချင်တာမလား။"
ရှားလော့ခ် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပွင့်လင်းစွာ ပြောလိုက်သည်။
"ကျွန်တော် အရှင်ရှားလော့ခ်ကို ကျွန်တော် နဲ့အတူ လိုက်ပါလာဖို့ ဖိတ်ခေါ်နိုင်မလား။" အလက်ဇန္ဒရီယား ယဉ်ကျေးစွာ မေးလိုက်သည်။
ရှားလော့ခ် ခေါင်းညိတ် လိုက်သည်။ ပိုလီယိုနှင့် ဖိုးဉာဏ်ကျယ်တို့က သူ့ နောက်သို့ လိုက်ပါ လိုခဲ့ကြသော်လည်း ရှားလော့ခ်က လက်မြှောက်ကာ သူတို့ကို ချန်နေခဲ့ရန် အမူအရာ ပြလိုက်သည်။
ဘရုသာလျှင် ရှားလော့ခ်၏ စိတ်ထဲတွင် တရစပ် စကား ပြောဆို နေခဲ့သည်။ "အရှင်ရှားလော့ခ်၊ အရှင်က ဘာတွေကြံစည်နေတာလဲ။ အရှင်က အလက်ဇန္ဒရီယားကို စုံစမ်း စစ်ဆေးခဲ့သေးလား။ အရှင် ဘာသတင်း အချက်အလက်မှ မရှိဘူးလို့ မပြောခဲ့ဘူးလား။ အလက်ဇန္ဒရီယားက ဒန်ဂျင်အမြုတေအကြောင်း သိနေတာဆိုတော့ သူက ရှေးဟောင်း နတ်ဘုရားများ စစ်တပ်က အဖွဲ့ဝင်တစ်ယောက်များ ဖြစ်နေနိုင်မလား။"
ဘရု စိတ်မရှည်စွာ မေးခွန်းများ မေးမြန်း ခဲ့သော်လည်း ရှားလော့ခ်က သူ့ကို ပြန်မဖြေခဲ့ပေ။
ရှားလော့ခ်က စံအိမ်တော် တစ်ခု၏ အတွင်းပိုင်းသို့ အလက်ဇန္ဒရီယားနောက်မှ လိုက်သွားသည်။ အပြင်ဘက် ပွဲတော်မှ ဆူညံသံများမှာ ထူထဲသော နံရံများကြောင့် အလွန် တိုးကျ သွားသည်။
ဆွဲဆောင်မှု ရှိစွာ ဝတ်စားထားသော အိပ်မက်နတ်ဆိုးမယ် အနည်းငယ်က ဘေးနားတွင် ရပ်နေကြသည်။ သူတို့ ခဏတွင်းချင်း ဝန်ဆောင်မှုများ ပေးအပ်ရန် အဆင်သင့် ဖြစ်နေကြသည်။
အလက်ဇန္ဒရီယားက သူတို့ကို ပထုတ်ရန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက် သူက ဆိုဖာပေါ်တွင် ထိုင်ချကာ ရှားလော့ခ်ကို ကြည့်ရင်း ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ ကျွန်တော် အရှင့်စွမ်းဆောင်ရည်တွေကို လေးစားပါတယ်။ မကြာသေးမီက တိုက်ပွဲမှာ အရှင်က ငရဲနတ်ဆိုးဘုရင် မမ်မွန်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါက လုံးဝ မမျှော်လင့် ထားခဲ့တာပဲ။ မမ်မွန်က အရှင် သူ့ရဲ့ ဆောက်လုပ်ရေးကို ရပ်တန့်စေခဲ့လို့ သက်သက်နဲ့ ဒေါသထွက်နေမှာ မဟုတ်ဘူးလို့တော့ ကျွန်တော် ထင်တယ်။ ကျွန်တော်က တခြား ကောလာဟလ တစ်ခုကို ပိုယုံနေတယ်။ ပြီးတော့ အဲ့ဒါက အရှင် နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာပဲ။"
ရှားလော့ခ် လက်ပိုက်ကာ ပြောလိုက်သည်။ "မစ္စတာ အလက်ဇန္ဒရီယားက သိပ်သတင်းစုံတာပဲ။ ငါ အမှတ်မှားရင်ရင် ငါ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို သတ္တဝါ အနည်းငယ်ပဲ ဖတ်ခွင့်ရှိရမယ်။ အရှင်က ငါ့ အစီရင်ခံစာကို ဖတ်ရှုလိမ့်မယ်လို့ မမျှော်လင့် ထားခဲ့ဘူး။"
အလက်ဇန္ဒရီယား ရယ်မောကာ ပြောလိုက်သည်။ "ကျွန်တော့်ဖခင်က မြောက်ပိုင်းဒန်ဂျင် တစ်ခုရဲ့ မဟာနယ်စားကြီး တစ်ပါးပါ။ ဒါကြောင့် ကျွန်တော်တို့ အချို့အရာတွေ သိထားတာ သိပ်မထူးဆန်းနေဘူး။ ကျွန်တော်က စိတ်အားထက်သန်တဲ့ ပစ္စည်းစုဆောင်းသူလည်း ဖြစ်လို့ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရဲ့ ဒန်ဂျင်အမြုတေက ကျွန်တော့် စုဆောင်းမှုအတွက် တန်ဖိုးရှိတဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်။ အရှင်ရှားလော့ခ်သာ ဈေးနှုန်း တစ်ခု သတ်မှတ်ပေးမယ်ဆို ကျွန်တော် အဲ့ဒါကို ငွေပေးဝယ်ယူဖို့ ဆန္ဒ ရှိပါတယ်။"
ရှားလော့ခ် သူ၏ ပေါင်ကို ပုတ်ကာ နောင်တရစွာ ပြောလိုက်သည်။ "အာ အရှင်သာ နည်းနည်းစောစော တောင်းဆိုခဲ့ရင် ရောင်းချပေးဖို့ ဖြစ်နိုင်သားပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရဲ့ ဒန်ဂျင်အမြုတေကို ငါ့ ဒန်ဂျင်အမြုတေနဲ့ ပေါင်းစပ်လိုက်ပြီးပြီ။"
"ငါ သိပြီ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကံမစပ်တာနေမှာ။"
အလက်ဇန္ဒရီယားမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း သူက တခြား အရာများအကြောင်း ဆက်မပြောပေ။ ရှားလော့ခ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "မင်း ငါ့ကို ဒီကို ဒန်ဂျင်အမြုတေအကြောင်း မေးမြန်းဖို့ သက်သက် ဖိတ်ခေါ်ခဲ့တာလား။ မင်း ငါ့ကို စာပို့မေးလို့လည်း ရတာပဲ။"
"မဟုတ်ဘူး။ နောက်ထပ် ကိစ္စရပ် တစ်ခု ရှိသေးတယ်။ ကျွန်တော်က ဗင်းနစ် ဒန်ဂျင်အရှင် ဖြစ်လာကြောင်း အရှင်ရှားလော့ခ်ကို အကြောင်းကြားချင်တာလည်း ပါတယ်။ ဗင်းနစ်က ထာဝရတိုင်းပြည်နဲ့ အတော်အတန် ဝေးတယ်ဆိုပေမဲ့ အခွင့်အလမ်း ကြုံကြိုက်ရင် အနာဂတ်မှာ အရှင်နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။"
အလက်ဇန္ဒရီယား ထရပ်ကာ ဖိတ်ခေါ်သော အမူအရာ တစ်ခု ပြုလုပ်ရင်း ပြောလိုက်သည်။ "ကျွန်တော် အရှင်ရှားလော့ခ်ဆီကနေ တန်ဖိုးရှိတဲ့ ဒန်ဂျင်အမြုတေကို မဝယ်နိုင်ခဲ့ဘူးဆိုတော့ အရှင်နဲ့ စီးပွားရေး လုပ်ဖို့ နောက်ထပ် အခွင့်အရေး တစ်ခု ရှာရ တော့မယ်။ ပွဲတော်က ကျင်းပနေဆဲဆိုတော့ ကျွန်တော်တို့လည်း ပွဲတော် ခန်းမဆောင်ဆီ ပြန်ကြစို့။"
"ကျေးဇူးတင်ပါတယ်။ အခွင့်အလမ်း ပေါ်ပေါက်လာခဲ့ရင် ငါလည်း မစ္စတာ အလက်ဇန္ဒရီယားနဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ အဲလေ ငါ အရှင့်ကို ဒန်ဂျင်အရှင် အလက်ဇန္ဒရီယားလို့ ခေါ်ရတော့မှာပဲ။" ရှားလော့ခ် ထရပ်ကာ အလက်ဇန္ဒရီယား နောက်မှ ပွဲတော်သို့ လိုက်ပါသွားရင်း ပြောလိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့က ဒန်ဂျင်များနှင့် မြောက်ပိုင်း မြေအောက်လောကရှိ လတ်တလော သတင်းများကို ဆွေးနွေးခဲ့ကြသည်။
ဥပမာအားဖြင့် ဒန်ဂျင်များတွင် လတ်တလော ရောင်းချနေသော ရုပ်မြင်သံကြားစက်များ၊ ထို့အပြင် စစ်သည်တော်ပြိုင်ကွင်းရှိ တိုက်ပွဲမြင်ကွင်းများကို တိုက်ရိုက် ထုတ်လွှင့်ခြင်း အကြောင်းအရာတို့ကိုပင်။ ယင်းတို့က မြေအောက်လောကတွင် စစ်သည်တော် တိုက်ပွဲများအပေါ် စိတ်ဝင်စားမှုကို ပြန်လည် ဆွဲဆောင် နိုင်စေခဲ့သည်။
မြေအောက်လောက နေထိုင်သူ များစွာက ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၏ တိုက်ပွဲများကို ကြည့်ရှုရန် ပြိုင်ကွင်းသို့ သွားခဲ့ကြသည်။
တိုက်ရိုက်တိုက်ပွဲများမှာ အလွန် ရက်စက် ကြမ်းကြုတ်လှ၏။ ထုတ်လွှင့်မှုများကို မကြည့်ရှုနိုင်သော မြေအောက်လောက နေထိုင်သူများမှာ တိုက်ရိုက်တိုက်ပွဲများကို လူကိုယ်တိုင် သွားရောက်ကြည့်ရှု၍ အလွန် စိတ်လှုပ်ရှား နေခဲ့ကြသည်။
အလက်ဇန္ဒရီယားမှာ ထာဝရတိုင်းပြည်အကြောင်း အလွန် ဗဟုသုတ ကြွယ်ဝကြောင်း ထင်ရှားလှ၏။
ပွဲတော်ခန်းမဆောင်သို့ ပြန်ရောက်သည့်အခါ အလက်ဇန္ဒရီယားက ရှားလော့ခ်ကို ဝှေ့ယမ်း နှုတ်ဆက်၍ ခန်းမဆောင်မှ ထွက်ခွာ သွားခဲ့သည်။
သူက မိန့်ခွန်းပြောကြားရန် ပြင်ရဦးမည်။
ဤအချိန်တွင်တွင် ဘရုက ရှားလော့ခ်အား ပြောလိုက်သည်။ "အဲ့ကောင်က ကျွန်တော်တို့ကို စုံစမ်း စစ်ဆေးနေတာပဲ။ သူ့မှာ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရဲ့ ဒန်ဂျင်အမြုတေကို ရယူဖို့ မရိုးသားတဲ့ ရည်ရွယ်ချက် တစ်ခု ရှိနေတယ်။"
"သူက ဒန်ဂျင်အမြုတေကို ဝယ်ချင်နေတာဆို ဘာဖြစ်လို့ ကျွန်တော်တို့ အဲ့ဒါကို ဈေးနှုန်းမြင့်မြင့်နဲ့ မရောင်းချလိုက်တာလဲ။ ဘာဖြစ်လို့ အရှင်ရှားလော့ခ်က သူ့ကို လိမ်ညာပြီး ဒန်ဂျင်အမြုတေကို ပေါင်းစပ်လိုက်ပြီလို့ ပြောလိုက်တာလဲ။
"ရိုးရိုးသားသား ပြောရလျှင် ရှေးဟောင်း နတ်ဘုရားများ စစ်တပ် ပြန်အသက်ဝင်လာတာကို မြင်ရရင် အရမ်း စိတ်လှုပ်ရှားစရာ ကောင်းသွားလိမ့်မယ်။ မြေအောက်လောက,ကလည်း ပဋိပက္ခတွေ သွေးထွက်သံယိုတိုက်ပွဲတွေနဲ့ သက်ရှိ ငရဲဘုံ တစ်ခု ဖြစ်သွားလိမ့်မယ်။ အရှင်က ဂိမ်းမာတွေကို အသုံးချပြီး အုပ်ချုပ်ရေး စနစ်သစ် တစ်ခု တည်ထောင်နိုင်တာပဲလေ။"
ဘရု၏ အကြံပြုချက်မှာ အပြုသဘော ဆောင်သော်လည်း ရှားလော့ခ်မှာ လက်မခံခဲ့ပေ။ သူက ပြောလိုက်သည်။ "ဘရု၊ မစ်ရှင်တွေကို တာဝန်ခွဲပေးလိုက်ပါ။ ဂိမ်းမာတွေကို ဗင်းနစ်မှာ အလုပ်,လုပ် ခိုင်းလိုက်။ ငါတို့ ဒန်ဂျင် အသစ်တိုးချဲ့ဖို့ အချိန်ရောက်ပြီလို့ ငါ ထင်တယ်။"