မြူနီစီပယ်လုပ်သား
Vol. 39 Ch. 579
မှောင်မိုက်သော ညတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး အိမ်ကို အလျင်အမြန် ပြန်နေသော နေထိုင်သူများ၏ ခေါင်းပေါ်သို့ သက်ဆင်း နေခဲ့သည်။
သားရေဖိနပ်က သူ၏ မိုးကာအင်္ကျီကို ဆွဲတင်းလိုက်သည်။ ဗင်းနစ် အစိုးရအရာရှိ တစ်ဦး အနေဖြင့် ဤမျှ ဆိုးရွားသော ရာသီဥတုတွင်ပင်လျှင် သူက အိမ်ထဲတွင် အနားယူနေရမည့်အစား ဒန်ဂျင်ကို ကင်းလှည့် နေရသည်။ သူ့ နောက်တွင်မူ မြူနီစီပယ် အလုပ်များတွင် ဝင်ကူညီ ပေးနေသော လောလောလတ်လတ် အလုပ်ခန့်ထားသည့် ယာယီ အလုပ်သမား နှစ်ဦး ရှိနေသည်။
သူတို့၏ ခေါင်းပေါ်တွင်တော့ ယာယီခိုလှုံရာတွင် ပြည့်နှက်နေသော ထိုအိမ်ခြေရာမဲ့များ ကဲ့သို့ပင် အစိမ်းရောင် သင်္ကေတများ ရှိနေကြသည်။
သားရေဖိနပ်မှာ သူတို့က ထာဝရတိုင်းပြည်မှ ဖြစ်ကြောင်း နောက်ဆုံးတွင် သတိထားမိသွားသည်။
"ဒီကနေစပြီး ငါတို့ ဗင်းနစ်မြို့ ပတ်ပတ်လည်မှာ ကင်းပတ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဧရာမဧရိယာက ငါတို့ရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေလို့ပဲ။ မင်းတို့ မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး ကိုယ့်ဖာသာ ထရပ်နိုင်တဲ့ အိမ်ခြေရာမဲ့တွေကို တွေ့ရင် သူတို့ကို အနီးဆုံး ယာယီခိုလှုံရာကို သွားဖို့ ညွှန်ကြားလိုက်ပါ။ သူတို့ မထရပ်နိုင်ခဲ့ရင်တော့ သူတို့ကို ကူပြီး ခိုလှုံရာကို ခေါ်သွားပေးလိုက်ပါ။ သူတို့ကို လမ်းများ ပေါ်မှာ မလဲနေစေနဲ့။"
သားရေဖိနပ် နောက်မှ ဂိုဘလင်များ ပြိုင်တူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့ နားလည်ပါတယ်။ စိတ်မပူပါနဲ့။ စိတ်ချလိုက်ပါ။"
၎င်းမှာ သားရေဖိနပ်အတွက် ဂိုဘလင်များကို အလုပ်ခန့်အပ်သည့် ပထမဆုံး အကြိမ်လည်း ဖြစ်၏။ သူက ဂိုဘလင်များအတွက် စိုးရိမ်နေဆဲ ဖြစ်သောကြောင့် နောက်မှ နောက်ယောင်ခံ လိုက်သွားခဲ့သည်။
၎င်းမှာ တိုးတိုးတိတ်တိတ် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက သားရေဖိနပ် ထိုဂိုဘလင်များ သူတို့၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်၊ မနိုင်ကို မည်သို့ သိနိုင်မည်နည်း။
ဂိုဘလင်နှစ်ဦးမှာ လမ်းများ ပေါ်တွင် လှည့်လည် သွားလာရင်း အချင်းချင်း စကားပြောဆို နေကြသည်။ သားရေဖိနပ်က သူတို့နောက်မှ လျှို့ဝှက်စွာ လိုက်ပါ သွားခဲ့သည်။ သူတို့၏ အလုပ်,လုပ်ဆောင်မှုမှာ လက်ရှိအချိန်အထိ စိတ်ကျေနပ်ဖွယ် ဖြစ်နေသည်။ အလုပ်,လုပ်နေစဉ် စကားပြောဆိုခြင်းမှာလည်း ခွင့်ပြု ပေးထားခဲ့သည်။ တိတ်တဆိတ် လိုက်စစ်ဆေးနေရန် မလိုအပ်ပေ။
မကြာမီ သူတို့က လမ်းပေါ်တွင် ခေါင်းပေါ်အစိမ်းရောင် သင်္ကေတများ ရှိသော အော့ခ် တစ်ဦးနှင့် ကြုံတွေ့ လာခဲ့ကြသည်။
အော့ခ်က အလုပ်ခေါ်စာ ကြေညာချက်များ ပါသော သတင်းစာ တစ်စောင်ကို ဖတ်နေသည်။ ဂိုဘလင် နှစ်ဦးက သူ့ထံသို့ ချဉ်းကပ်သွားကြသည်။
သားရေဖိနပ် မျက်မှောင် ကြုတ်လိုက်သည်။ ဤယာယီအလုပ်သမား နှစ်ဦးက မြူနီစီပယ် ဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြသည် မဟုတ်လော။ အဘယ်ကြောင့် သူတို့က လမ်းပေါ်တွင် သတိလစ်နေသော သို့မဟုတ် အိပ်ပျော်နေသော အိမ်ခြေရာမဲ့များအစား ပုံမှန်ပြည်သူများကို ရှာနေကြသနည်း။
ထိုအော့ခ်က အိမ်ခြေရာမဲ့ တစ်ဦးနှင့် တူနေသလော။
သားရေဖိနပ် စိတ်ရှုပ်ထွေးနေစဉ်မှာပင် ယာယီအလုပ်သမား နှစ်ဦးက အော့ခ်အား လှမ်းပြောလိုက်သည်။ "မင်း နောက်ပိုင်း အော့ဖ်လိုင်း ဆင်းတဲ့အခါ လမ်းပေါ်မှာ မအိပ်နဲ့။ အော့ဖ်လိုင်း ဆင်းဖို့ ချောင်ကျသည့် တစ်ခု ရှာပါ။ ငါတို့ရဲ့ အလုပ်အကြောင်း တခြား သူတွေကို မသိစေနဲ့။ ကျေးဇူးပြုပြီး ငါတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးပါ။"
အော့ခ်မှာ အံ့ဩ သွားခဲ့သည်။
မြေအောက်လောကတွင် အော့ခ်များမှာ ဂိုဘလင်များနှင့် အတူတကွ အလုပ်,လုပ်နိုင်သည်။
သို့သော် ဂိုဘလင်များနှင့် အော့ခ်များက အဆင့်အတန်းတော့ မတူကြပေ။ အော့ခ်လူမျိုးစုမှာ အလွန် စက်မှုထွန်းကားသဖြင့် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်း ပိုသာလွန်သည်ဟု ယူဆနိုင်သော်လည်း ဂိုဘလင်နှစ်ဦးမှာမူ ဉာဏ်ရည်နိမ့် မျိုးနွယ်မှ ဖြစ်သည်။
သားရေဖိနပ်မှာ ထိုအော့ခ် ဂိုဘလင်နှစ်ဦးကို ထိရိုက်လိမ့်မည်ဟု မြင်ယောင် နေခဲ့သည်။
သူက ပြဿနာမတက်မှီ ဂိုဘလင် နှစ်ဦးကို ကူညီပေးရန် အပြင်ထွက်ဖို့ ပြင်လိုက်သည်။
အော့ခ်မှာမူ ဒေါသထွက်ခြင်း သို့မဟုတ် စိတ်တိုခြင်း လက္ခဏာများ မပြသခဲ့ပေ။ သူက ဂိုဘလင်နှစ်ဦးကို လက်အောက်ငယ်သားကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။ "ငါ နားလည်ပါတယ်။ အစည်းအရုံးမှာ ဘာဖြစ်နေ တာလဲ။ ငါတို့ မနက်ဖြန် ကန့်သတ်ဒန်ဂျင် နယ်မြေကို စိန်ခေါ်ဖို့ စုရုံးကြဦးမှာလား။ အဖွဲ့ခေါင်းဆောင် တစ်ခုခု ပြောခဲ့သေးလား စီမံခန့်ခွဲသူ။"
"ဘယ်သိမလဲ။ အဖွဲ့ခေါင်းဆောင်က သစ်ခုတ်တာကို စွဲလမ်းနေလို့ ငါတို့ကို အာရုံထားဖို့ အချိန် မရှိဘူး။ မင်းလည်း သိတဲ့ အတိုင်းပဲ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့အစည်းအရုံးက အစည်းအရုံးမြေတွေ အတွက် သစ်သားအများကြီး လိုနေတယ်။ အာသာက သစ်သား အတွက် ဈေးနှုန်းမြင့်မြင့်နဲ့ ကမ်းလှမ်းနေတယ်လေ။ အစည်းအရုံး စီမံခန့်ခွဲရေးနဲ့ အလုပ်မများနေခဲ့ရင် ငါလည်း သစ်ပင်တွေ ခုတ်လှဲနေမှာပဲ။"
ဂိုဘလင် တစ်ဦးက ငြီးငြူလိုက်သည်။ အော့ခ်မှာ ရုတ်တရက် ရယ်မောကာ ပြန်တုန့်ပြန်သည်။ "မင်း ငါ့ကို လာနောက်နေတာလားဟ။ မင်းဉာဏ်ရည်မျိုးနဲ့ ပုစ္ဆာပြဿနာတွေကို ဖြေရှင်းနိုင်တာ ကျလို့။ မင်း သတ္တုတူးဖော်တာကို ပြန်သွားတာက ပိုကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အာသာကလည်း စက်တွေနဲ့ သတ္တုရိုင်း တူးဖော်နေတာပဲလေ။ စွမ်းဆောင်ရည်ကလည်း ပိုကောင်းတယ်။"
အော့ခ်မှာ ဂိုဘလင်နှစ်ဦးနှင့် လှောင်ပြောင်ကျီစယ်ပြီးနောက် ပြန်ထွက်ခွာ သွားခဲ့သည်။
သားရေဖိနပ်မှာ သူတို့ အချင်းချင်း သိကျွမ်း နေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ထို့ကြောင့်ပင် ဂိုဘလင်များမှာ အော့ခ်အပေါ် မယဉ်ကျေးခဲ့ကြခြင်း ဖြစ်လောက်၏။
မည်သည့် ပြဿနာမျှ မဖြစ်ပွားခဲ့ခြင်းမှာ ကံကောင်းလှ၏။
သားရေဖိနပ်မှာ ဂိုဘလင် နှစ်ဦးလုံး ကြိုးစား၍ အလုပ်,လုပ်နေသည်ကို မြင်မှ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ ထွက်ခွာရန် ပြင်လိုက်စဉ် ခေါင်းပေါ်အစိမ်းရောင် သင်္ကေတများ ရှိသော ဂနိုမ်း တစ်ဦးထံသို့ ဂိုဘလင် နှစ်ဦး ချဉ်းကပ်သွားသည်ကို မြင်လိုက်ရသည်။
ထိုဂနိုမ်းမှာ ကိုယ်လုံးအပြည့် ချပ်ဝတ် ဝတ်ဆင်ထားပြီး ဓားကြီးတစ်လက်ကို ကိုင်စွဲ ထားခဲ့သည်။ သူက အားကောင်းပြီး အစွမ်းထက်ပုံ ရ၏။
သားရေဖိနပ်မှာ ဤစွန့်စားသူ မည်သည့် နေရာမှ လာသည်ကို မှန်းကြည့်နိုင်သည်။
ထိုသို့သော စွန့်စားသူမျိုးမှာ ဓားဖြင့် အသက်မွေးဝမ်းကျောင်း ပြုခြင်း ဖြစ်ရမည်။ သားရေဖိနပ်မှာ သူ့နှင့် ရန်ငြိုးဖွဲ့ရန် ဘယ်တော့မှ စဉ်းစားမည် မဟုတ်သော်လည်း ဂိုဘလင်နှစ်ဦးမှာမူ ဂနိုမ်းထံသို့ မကြောက်မရွံ့ ချဉ်းကပ်သွားကြသည်။
"မင်း အော့ဖ်လိုင်း ဆင်းတော့မှာလား။ မင်း ကြောင်နေတာကို ငါတို့ သတိထားတယ်။" ဂိုဘလင် တစ်ဦးက ဂနိုမ်းအား ပြောလိုက်သည်။
ကြောင်ငေးနေသော ဂနိုမ်းမှာ သူ၏ နေရာတွင် ရပ်ကာ ပြန်မဖြေခဲ့ပေ။
တခြား ဂိုဘလင်က ဂနိုမ်း ဘေးသို့ လျှောက်သွားပြီး သူ့ လက်ချောင်းဖြင့် ထိုးလိုက်သည်။
သားရေဖိနပ်မှာ ကြောက်လန့်၍ နှလုံးရပ်လုနီးပါး ဖြစ်သွားခဲ့သည်။ ဂိုဘလင်များမှာ ထိုစွန့်စားသူကို ထိတွေ့ရန် နှစ်ခါ မစဉ်းစားနေကြပေ။ အကယ်၍ ထိုစွန့်စားသူသာ ဒေါသထွက်ပြီး ဂိုဘလင်နှစ်ဦးကို သတ်လိုက်ပါက သားရေဖိနပ် ဘာဆက်လုပ်သင့်သနည်း။
သားရေဖိနပ်မှာ သူ၏ အလုပ်ကို ကူညီရန် ယာယီအလုပ်သမား နှစ်ဦး ရှာဖွေပြီး ငွေအချို့ ရရန်သာ လိုလားခဲ့သည်။ သူ့ ယာယီအလုပ်သမားများက ထိုသို့သော အရာမျိုး ပြုလုပ်လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။ သူက ပြဿနာ မဖြစ်ပွားမီ ဂိုဘလင်နှစ်ဦးကို ဝင်တားဆီး လိုခဲ့သည်။
သူ တစ်စုံတစ်ရာ လှုပ်ရှားမှု မပြုနိုင်မီ လက်နက် ကိုင်စွဲထားသော ဂနိုမ်းမှာ ပြန်သတိဝင်လာသည်။
"အမလေး။ မင်းတို့ နှစ်ယောက်လုံး ငါ့ကို လန့်သေအောင် လုပ်နေတာပဲ။ ငါက တရားဝင် ဖိုရမ်ကို လိုက်ကြည့်နေတာ။ မင်းတို့ နှစ်ယောက်က ဘာလုပ်နေကြတာလဲ။ ပစ္စည်းတွေ ဝယ်နေကြတာလား။"
"အာကျယ်အာကျယ် မပြောနဲ့ဟ။ မင်းတို့ ဒီမှာ ပစ္စည်းတွေ ရောင်းနေကြတာလား။" ဝတ်စုံ ဝတ်ဆင်ထားသော ဂိုဘလင် တစ်ဦးက ဂနိုမ်းအား မေးလိုက်သည်။
"တခြားနည်းလမ်း မရှိလို့ပါကွာ၊။ ကုန်သွယ်ရေး ဧရိယာက ဆောက်လုပ်နေဆဲ ဖြစ်လို့ ငါ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ နေရာ မရှိဘူးဟ။"
"ဒါပေမဲ့ မင်း ဒီမှာ မင်းပစ္စည်းတွေ ရောင်းချလို့ မရဘူးလေ၊ ဘာလို့လဲဆို ဒီနေရာက မြူနီစီပယ် အာဏာပိုင်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေလို့ပဲ။"
"ဝါး၊ ဘရားသားရာ၊ ငါတို့က အုပ်စု တစ်ခုတည်းကပဲဥစ္စာ။ မင်း ငါ့ကို နည်းနည်းပါးပါး လျှော့ပေါ့ ပေးနိုင်မလား။"
"ကောင်းပြီလေ၊ ငါတို့ မင်းကို တစ်နာရီနှုန်းနဲ့ အခကြေးငွေ ကောက်မယ်။"
"အမလေး၊ ဒါက ဗင်းနစ်လေကွာ။"
"ဘာအံ့ဩနေတာလဲ။ မင်း ငါ့ ဝတ်စုံကို မြင်တယ်မလား။"
ဂိုဘလင် လက်မြှောက်ကာ ပြောလိုက်သည်။ "ငါ မစ်ရှင် တစ်ခု ရခဲ့တယ်။ ဒီညကနေ မနက်ဖြန် နံနက်အထိ ငါက ဗင်းနစ်ရဲ့ မြူနီစီပယ် လုပ်သားပဲ။"