ဗင်းနစ်ရှိဂိမ်းမာများ၏ နည်းဗျူဟာ
Vol. 39 Ch. 580
သားရေဖိနပ်မှာ ဂိုဘလင်များနှင့် အော့ခ်တို့ ဆွေးနွေးမှု အဆင်ပြေသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အော့ခ်က အိတ်ကပ်ထဲမှ မှော်ကျောက်တုံးငယ်လေး တစ်တုံးကို ထုတ်ကာ ဂိုဘလင် တစ်ဦးအား ပေးလိုက်သည်။
မှော်ကျောက်တုံးမှာ လက်သည်းခွံ အရွယ်အစားမျှသာ ရှိ၏။ ၎င်းမှာ ပြည့်စုံသော မှော်ကျောက်တုံး တစ်ခု မဟုတ်သောကြောင့် တန်ဖိုးလည်း နည်း၏။ ဂိုဘလင်များမှာ အော့ခ်ထံမှ မြူနီစီပယ် စီမံခန့်ခွဲရေး ကြေးများ အမှန်တကယ် ရနိုင်ခဲ့ကြသည်။
မြူနီစီပယ် စီမံခန့်ခွဲရေး ကြေးကဲ့သို့သော အရာ တစ်ခုခု တကယ်ရှိသလော။ သားရေဖိနပ်မှာ "မြူနီစီပယ်စီမံခန့်ခွဲရေး လက်စွဲစာအုပ်" ဟူသော စာလုံးများ ပါဝင်သော စာအုပ်ငယ် တစ်အုပ်ကို ထုတ်ကြည့်လိုက်သည်။
သူက မာတိကာစာမျက်နှာကို ဖတ်ကြည့်လိုက်ရာ လမ်းဘေးဈေးသည် စည်းမျဉ်းများဆိုသည်ကို အလွန် လျင်မြန်စွာ ရှာတွေ့သွားသည်။
ကုန်သည် တစ်ဦးက သတ်မှတ်ထားသော ဈေးရောင်းဇုန် အပြင်ဘက်တွင် ကုန်ပစ္စည်းများကို ရောင်းချနေခဲ့ပါက ထိုကုန်သည်မှာ မြူနီစီပယ်စီမံခန့်ခွဲရေး ကြေး တစ်ခု ပေးချေ ရမည် ဖြစ်ကြောင်း သူ ရှာတွေ့သွားသည်။
သတ်မှတ်ထားသော ဈေးရောင်းဇုန် ဆိုသည်မှာ သုတေသနအချို့ ပြုလုပ်ပြီး သတ်မှတ်ပေးထားခြင်း ဖြစ်၏။ ဗင်းနစ်မှာ ကုန်သွယ်ရေးကို အခြေခံသော ဒန်ဂျင် တစ်ခု ဖြစ်သဖြင့် ကုန်သွယ်ရေး လှုပ်ရှားမှုများမှာ မြို့စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
လမ်းတိုင်းတွင် သတ်မှတ်ပေးထားသော ဈေးရောင်းဇုန် ရှိသည်။ မြေအောက်လောကမှ ကုန်သည် အားလုံးမှာ ကုန်သည် မဟာမိတ် အဖွဲ့မှ အဖွဲ့ဝင် ဟုတ်၊ မဟုတ် မခွဲခြားဘဲ ဈေးရောင်းဇုန်တွင် သူတို့ ကုန်ပစ္စည်းများကို လွတ်လွတ်လပ်လပ် ရောင်းချနိုင်ကြသည်။
ဤသည်က သားရေဖိနပ်၏ လုပ်ပိုင်ခွင့်အောက်တွင် မရှိပေ။ သူက ညအချိန်တွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အိမ်ခြေရာမဲ့များကို ယာယီခိုလှုံရာများသို့ ပို့ဆောင်ပေးရန်သာ တာဝန်ရှိသည်။ ၎င်းကလည်း အိမ်ခြေရာမဲ့များကြောင့် ဒန်ဂျင်၏ ပုံရိပ်ကို ညှိုးနွမ်းစေခြင်းမှ ကာကွယ်ပေးနိုင်ရန်ပင်။
သားရေဖိနပ်မှာ ဂိုဘလင်များ ငွေကောက်ခံနေသည်ကို မြင်သည့်တိုင် မှော်ကျောက်တုံးမှာ များများစားစား တန်ဖိုး မရှိသောကြောင့် သူက ၎င်းကို စိတ်မဝင်စားပေ။
ဂိုဘလင်များက သူတို့၏ အလုပ်ကို လုပ်ဆောင်ပြီး သူ့ကို အနားယူခွင့် ပေးသရွေ့ အကျိုးအမြတ်တချို့ ရယူရန် ခွင့်ပြု ပေးထားနိုင်သည်ပင်။
ဂိုဘလင်များမှာ ငွေကောက်ခံပြီးနောက် ထွက်ခွာ သွားကြသည်။ ထို့နောက် သူတို့က အိမ်ခြေရာမဲ့များကို ရှာဖွေရန် အနီးရှိ ပန်းခြံအတွင်းပိုင်းသို့ ဝင်ရောက် သွားကြသည်။
သူတို့က အိမ်ခြေရာမဲ့များ၏ စုရပ်နေရာများနှင့် ရင်းနှီးနေပုံ ရ၏။ သူတို့၏ အတွေ့အကြုံများအရ ထာဝရတိုင်းပြည်မှ အိမ်ခြေရာမဲ့များ အော့ဖ်လိုင်း ဆင်းတတ်သော ချောင်ကျသည့် နေရာများကို သိထားကြသည်။
ပန်းခြံထဲရှိ ရေကန်နားနှင့် အဆောက်အအုံများ ကြားမှ လမ်းဆုံးလမ်းကြားများ ကဲ့သို့ပင်။
ဤ ချောင်ကျသည့်များမှာ အိမ်ခြေရာမဲ့များကို ရှာတွေ့နိုင်သော နေရာများ ဖြစ်၏။
အတွေ့အကြုံရှိ ဂိုဘလင်များက ပရော်ဖက်ရှင်နယ် ဆန်ဆန် အလုပ်,လုပ်နေသည်ကို မြင်ရ၍ သားရေဖိနပ်မှာ စိတ်သက်သာရာ ရသွားခဲ့သည်။ သူက နောက်လှည့်ကာ ပန်းခြံမှ ထွက်ခွာ သွားခဲ့သည်။ သူ ထိုညတွင် ကောင်းကောင်းမွန်မွန် အိပ်စက် ရပေတော့မည်။
သူ နောက်နေ့တွင်လည်း ဆက်လက် အိပ်စက် ပေလိမ့်မည်။
သူက ဗင်းနစ်တွင် အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပွားတော့မည်ကို သတိမပြုမိပေ။ ၎င်းမှာ သားရေဖိနပ်ကြောင့်သာ ကြီးကြီးမားမား ဖြစ်ပွားနိုင်ခဲ့ခြင်း ဖြစ်၏။
ဂိမ်းမာများ၏ ဖိုရမ်တွင် ဗင်းနစ်ရှိ သက်ဆိုင်ရာ သတင်းအချက်အလက်များ တင်ထားသည်။ ဥပမာအားဖြင့် -
[အလုပ်အကိုင်သစ် စုဆောင်းရေး။ ဖျော်ဖြေရေး ဆိုင်များနှင့် မြေအောက်သင်ယူရေး စင်တာများ အတွက် စုဆောင်းရေး။ သင်ယူသူများ အတွက် ဦးစားပေးမှု ရှိသည်။ ကျွန်တော်တို့မှာ အကောင်းဆုံး ဆရာများ ရှိနေတယ်။]
[ဗင်းနစ်တွင် ငွေရှာဖွေရန် နည်းလမ်း ၁၂၃,၄၅၆ မျိုး။]
ဤပိုစ့်များမှာ အကြောင်းပြန်ကြားချက်နှုန်း မြင့်မားလှ၏။ ပြန်ကြားချက်နှုန်း အမြင့်ဆုံး ရှိသော ပိုစ့်မှာ ဗင်းနစ်တွင် ဈေးရောင်းဆိုင် တစ်ခု တည်ထောင်ခြင်း အကြောင်း ဖြစ်၏။
[ဗင်းနစ်တွင် ဂိမ်းမာများမှ စီမံခန့်ခွဲနိုင်သော ဈေးရောင်းနေရာ အသစ် တစ်ခု ရှိနေသည်။ သင်၏ ကုန်ပစ္စည်းများကို ရောင်းချရန် ဤအခွင့်အရေးကို အသုံးချပါ။]
ဤပိုစ့်တွင် ပြန်ကြားချက် များစွာ ရှိနေကြသည်။ သို့သော် ပိုစ့်ကို ဖန်တီးခဲ့သူမှာတော့ သူ၏ ကုန်ပစ္စည်းများကို ရောင်းချရင်း ပန်းခြံတွင် တရေးအိပ်ကာ အိပ်မက်,မက် နေခဲ့သည်။
ဂိမ်းတွင် အကျိုးအမြတ် အများဆုံး လှုပ်ရှားမှုမှာ အဘယ်နည်း။
၎င်းမှာ ကန့်သတ်ဒန်ဂျင် နယ်မြေများကို စိန်ခေါ်ခြင်း သို့မဟုတ် သတ္တုတွင်းများတွင် သတ္တုရိုင်းများ တူးဖော်ခြင်း မဟုတ်ခဲ့ဘဲ ၎င်းမှာ ရှုခင်းကြည့်ရှုခြင်းလည်း မဟုတ်ခဲ့ပေ။
အကျိုးအမြတ်အများဆုံး လှုပ်ရှားမှုမှာ ကုန်ပစ္စည်းများ ရောင်းချခြင်းပင်။
ပါးနပ်သော ကုန်သည် ဂိမ်းမာများမှာ ငွေအမြောက်အမြား ရရှိ ခဲ့ကြသည်။
ဟုတ်ပါတယ်၊ ကုန်သည် တစ်ဦး ဖြစ်လာခြင်းတွင် အန္တရာယ်များ ရှိနေခဲ့သည်။ ကုန်သည်ဂိမ်းမာ များစွာမှာ အရှုံးပေါ်ခြင်း သို့မဟုတ် သူတို့၏ ကုန်ပစ္စည်းများကို မရောင်းချနိုင်ခြင်းတို့ ဖြစ်ပွားတတ်ကြ၏။ သို့သော် ယေဘုယျအားဖြင့် ဆိုရလျှင်မူ ကုန်သည်ဂိမ်းမာများမှာ အကျိုးအမြတ် အများဆုံး ရနိုင်ကြသည်။
ဤကုန်သည်ဂိမ်းမာများဆိုသည်က ဂိမ်းအားလုံးတွင် ရှိကြသည်။ သူတို့က ဈေးနှုန်း မတက်မီ ကုန်ပစ္စည်းများကို သိုလှောင်ထားပြီး နောက်ပိုင်းတွင် အကျိုးအမြတ် များစွာဖြင့် ဈေးနှုန်း မြင့်မြင့်ဖြင့် ရောင်းချ ကြပေလိမ့်မည်။
ထုတ်လုပ်မှုတော့ မပါပေ။ သူတို့က ကုန်ပစ္စည်းများကို မည်သည့် အချိန်တွင် သိုလှောင်မည် သို့မဟုတ် ရောင်းချ ရမည်ကို ဆုံးဖြတ်ရန် သူတို့၏ စီးပွားရေး အမြင်စူးရှမှုကို အသုံးပြုခဲ့ကြပြီး ရူးသွပ်ဖွယ်ရာ ငွေအမြောက်အမြား ရနိုင်ခဲ့ကြသည်။
ဤသည်တို့မှာ ဂိမ်းထဲတွင် ငွေရှာဖွေရန် နည်းလမ်းများ ဖြစ်ကြ၏။ သို့သော် လက်တွေ့ဘဝတွင်မူ ထိုမျှလောက် ရိုးရှင်းခြင်း မရှိခဲ့ပေ။
ဂိမ်းမာ များစွာမှာ စီးပွားရေးလုပ်ရန် အရည်အချင်း သို့မဟုတ် ဦးနှောက်ရှိ၊ မရှိကို စိတ်မဝင်စားခဲ့ကြပေ။ သူတို့က သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချပြီး ချမ်းသာကြွယ်ဝလာရန်သာ ဆန္ဒရှိကြသည်။
ရောင်းချသူများမှ သတ်မှတ်ထားသော ဈေးနှုန်းများမှာ ဂိမ်းကမ္ဘာရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများနှင့် သက်ဆိုင်သည်။ အမ်ပီစီများမှ သတ်မှတ် ပေးထားသော ဈေးနှုန်းများ အပြင် ဂိမ်းမာများမှာလည်း သူတို့၏ ဈေးနှုန်းများကို သတ်မှတ် ခဲ့ကြသည်။ ဗင်းနစ်တွင် ဂိမ်းမာအရေအတွက် အတော်အတန် ရှိသောကြောင့် သူတို့က ပစ္စည်းဈေးနှုန်းများကို ခြယ်လှယ် နိုင်ကြသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာလည်း ဒန်ဂျင်ဂိမ်းမာများအတွက် ဖွင့်လှစ် ပေးထားသောကြောင့် ဆောင်းတောင်ကုန်းမြို့ရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို လွှမ်းမိုး နိုင်ခဲ့ကြသည်။
ဩဇာရှိသော ကုန်သည်ဂိမ်းမာ အနည်းငယ်၏ အဓိက ရည်မှန်းချက်မှာ ဆောင်းတောင်ကုန်းမြို့ရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ကြိုးကိုင် သတ်မှတ်နိုင်ရန်ပင်။
ဟုတ်ပါတယ်၊ သူတို့က ထိုရည်မှန်းချက်ကို မအောင်မြင် နိုင်သေးသော်လည်း သူတို့၏ အားကောင်းသော စွမ်းဆောင်ရည်များဖြင့် အနာဂတ်တွင် ထိုသို့ ပြုလုပ်လာနိုင်မည်ဟု ယုံကြည် နေကြသည်။
ဂိမ်းမာ သန်းဆယ်ဂဏန်းမျှ အဖွင့်ဘီတာတွင် ပါဝင် ခဲ့ကြသည်။
ဂိမ်းမာများက မည်သို့ အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင် ရမည်နှင့် ဆောင်းတောင်ကုန်းမြို့၏ စီးပွားရေးတွင် မည်သို့ ပါဝင်ရမည်ကို သိသည်နှင့် သူတို့က ဆောင်းတောင်ကုန်းမြို့၏ စီးပွားရေးကို သိမ်းပိုက် နိုင်ပေလိမ့်မည်။
ထိုအရာမှာ ဆောင်းတောင်ကုန်းမြို့မှ ဂိမ်းမာများကို မောင်းထုတ်နိုင်ခြင်း မရှိလျှင် ဖြစ်လာမည့်အရာပင်။ သို့သော် ရှားလော့ခ်က ကုန်သည် မဟာမိတ် အဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသဖြင့် ဆောင်းတောင်ကုန်းမြို့က ထိုသို့ပြုလုပ်လာရန် မဖြစ်နိုင်ပေ။ ဘာရွန်နီကိုလပ်စ်မှာလည်း ထိုသို့ ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဆောင်းတောင်ကုန်းမြို့မှာလည်း ဒန်ဂျင်ရှိ ဂိမ်းမာများ၏ ထုတ်လုပ်မှုမှ အကျိုးကျေးဇူး ရနေသောကြောင့်ပင်။
ဗင်းနစ်ရှိ ဈေးရောင်းနေရာအကြောင်း သိသွားသည်နှင့် ဆောင်းတောင်ကုန်းမြို့နှင့် ထာဝရတိုင်းပြည်တွင် ဈေးရောင်းနေရာ မရသော ဂိမ်းမာများမှာ ဗင်းနစ်သို့ အလုံးအရင်း ဝင်လာကြတော့သည်။
အရှင်ရှားလော့ခ်မှာ ဂိမ်းမာများ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု အတွက် ဗင်းနစ်သို့ ပြောင်းရွှေ့ခြင်းကို အလွန်အမင်း အားပေးသည်။
အမှန်တကယ်တွင်လည်း မစ်ရှင်ဆု များစွာက ဗင်းနစ်တွင် ရှိကြသည်။
ဂိမ်းမာများမှာ ဗင်းနစ်တွင် နေ့စဉ် မစ်ရှင်များ လုပ်ဆောင်ပြီး တစ်ချိန်တည်းတွင် သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချ နိုင်ခဲ့ကြသည်။ သူတို့က အမ်ပီစီများတွင် သူတို့ ဝယ်ယူလိုသော ကုန်ပစ္စည်းများ ရှိ၊ မရှိကိုလည်း စစ်ဆေး ကြည့်ရှု ခဲ့ကြသည်။ ဂိမ်းမာများမှာ အလွန် ကျေနပ်နေခဲ့ကြသည်။
ဗင်းနစ်မှ နေထိုင်သူများကမူ နောက်နေ့ နံနက် နိုးလာသည့်အခါ သူတို့ ပန်းခြံတွင် စည်ကားနေသော မြင်ကွင်း တစ်ခု တွေ့လိုက်ရသည်။