← Chapters

ဗင်းနစ်တွင်အခြေချခြင်း

Vol. 39 Ch. 581

ဗင်းနစ်တွင်အခြေချခြင်း

Vol. 39 Ch. 581

မှောင်မိုက်သော ညတွင် သားရေဖိနပ်မှာက စည်ကားနေသော အလယ်ပိုင်းဇုန်ရှိ မီးအိမ်နီရပ်ကွက်မှ ထွက်လာခဲ့သည်။

အိပ်မက်နတ်ဆိုးမယ် တစ်ဦးထံမှ ညလုံးပေါက် ပညာသင်ယူပြီး နောက်တွင် သူ၏ အဝတ်အစားများမှာ ရှုပ်ပွနေပြီး ပင်ပန်းနွမ်းနယ် နေခဲ့သည်။

သူက အလုပ်ကြောင့် စိတ်မရှုပ်ရသည့်အတွက် ဝမ်းသာမိသည်။ သူ ညလုံးပေါက် သင်ယူမှု အပေါ် အာရုံစိုက်နိုင်ခဲ့ခြင်းမှာ အံ့ဩဖွယ်ရာ ဖြစ်၏။

၎င်းမှာ အလုပ်ချိန်အပြီး ဖြစ်သော်လည်း သားရေဖိနပ်မှာ သူ သူ့အလုပ်ကို ယာယီအလုပ်သမားများဆီ လွှဲအပ်ထားသည်ကို ပြန်သတိရမိသည်။

သူ ယာယီ အလုပ်သမားများကို စစ်ဆေး ကြည့်ချင်သည်။

သားရေဖိနပ် မြူနီစီပယ်ရှိ ယာယီခိုလှုံရာသို့ ပြန်ရောက်သော် သူက အိပ်ပျော်နေသော ဂိုဘလင်များ၊ ဂနိုမ်းများနှင့် အော့ခ်များဖြင့် ပြည့်နှက်နေသော နေရာကိုသာ မြင်လိုက်ရသည်။ ဂိုဘလင်လုပ်သား နှစ်ဦးကိုမူ လုံးဝ မမြင်ခဲ့ရပေ။

"နေဦး၊ သူတို့ ဘယ်ရောက်နေကြတာလဲ။"

သားရေဖိနပ် အံ့ဩသွားသည်။ သူက လက်ထဲတွင် ရွှံ့စေးပေါင်မုန့်ညှပ် တစ်လုံး ကိုင်ကာ ယာယီခိုလှုံရာမှ ထွက်လာသော ဂိုဘလင် အိမ်ခြေရာမဲ့ တစ်ဦးကို မြင်လိုက်ရသည်။

သားရေဖိနပ်က အိမ်ခြေရာမဲ့ကို ဘေးဆွဲခေါ်ကာ မေးလိုက်သည်။ "မနေ့က မင်းကို ဒီကို လိုက်ပို့ခဲ့တဲ့ အလုပ်သမား နှစ်ယောက် ဘယ်မှာရှိနေလဲ ဆိုတာ သိလား။"

အိမ်ခြေရာမဲ့မှာ စိတ်ရှုပ်ထွေးသွားပြီး ပြန်ပြောသည်။ "အမလေး၊ ငါ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် တစ်ခု ရနေတာလား။"

သားရေဖိနပ်မှာ ထိုအိမ်ခြေရာမဲ့ စိတ်မှန်၊ မမှန်ကို တွေးရင်း မျက်မှောင် ကြုတ်လိုက်သည်။

သားရေဖိနပ်က တခြား အိမ်ခြေရာမဲ့များကို ရှာမေးရန် ပြင်လိုက်စဉ် "ကြောင်တောင်တောင်" အိမ်ခြေရာမဲ့က ထခုန်ကာ သူ့ပေါင်ကို ဖမ်းဆွဲရင်း ပြောလိုက်သည်။ "ဘရားသား၊ ကျေးဇူးပြုပြီး ခဏနေပါဦးဗျာ။ ငါ သူတို့ ဘယ်မှာရှိနေလဲ ဆိုတာ သိတာပေါ့။ သူတို့က ဈေးရောင်းခတွေ ကောက်ဖို့ အနောက်ဘက် ပန်းခြံကို ထွက်သွားကြတာ။"

သားရေဖိနပ်မှာ စိတ်ရှုပ်ထွေး သွားခဲ့သည်။ "သူတို့က ဈေးရောင်းခတွေ ကောက်နေကြတာလား။"

...

ဗင်းနစ်၏ အနောက်ဘက်ပန်းခြံမှာတော့ ကုန်ပစ္စည်းများကို ရောင်းချနေသည့် လမ်းဘေးဈေးသည်များဖြင့် ပြည့်နေသည်။ သူတို့၏ ဆိုင်များမှာ ကြပ်တည်းစွာ နေရာချထားပြီး သတ္တဝါ သုံးဦးလေးဦးစာသာ လမ်းလျှောက်သွားရန် နေရာလွတ် ချန်ထားသည်။

ဤသတ္တဝါများမှာ ထူးခြားချက် တစ်ခု ရှိနေသည်၊ သူတို့၏ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိနေကြသည်။ သူတို့မှာ ထာဝရတိုင်းပြည်မှ ဖြစ်ကြ၏။

ဂိမ်းမာများမှာ သူတို့ အခကြေးငွေ အချို့ ပေးချေခဲ့ပါက အနောက်ဘက် ပန်းခြံတွင် သူတို့ပိုင် ကုန်ပစ္စည်းများကို ရောင်းချနိုင်ကြောင်း ဖိုရမ်ပေါ်တွင် ပိုစ့်ဖတ်ခဲ့ကြရသည်။ ထို့ကြောင့် ဂိမ်းမာများက အနောက်ဘက် ပန်းခြံသို့ ရောက်လာကြသည်။

ထို့နောက် သူတို့က သူတို့၏ ဆိုင်ခန်းနေရာများ ရှာကြပြီး ကုန်ပစ္စည်းများကို ခင်းကျင်း ပြသစ ပြုလာကြသည်။

မကြာမီ တပ်စောင့်များက ဂိမ်းမာများကို မေးမြန်းရန် ရောက်လာကြသည်။

"ဘာဖြစ်လို့ မင်းတို့ ဒီမှာ မင်းတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းနေကြတာလဲ။ မင်းတို့မှာ စီးပွားရေးလိုင်စင် ရှိလို့လား။ မင်းတို့မှာ ဈေးရောင်းလိုင်စင်ကော ရှိသလား။ မင်းတို့ မင်းတို့ရဲ့ ကုန်ပစ္စည်းတွေအတွက် အခွန်တွေ ဆောင်ခဲ့ပြီးပြီလား။ ကုန်ပစ္စည်းတွေက လိုအပ်တဲ့ စစ်ဆေးမှုကို အောင်မြင်ခဲ့ ပြီးပြီလား။"

ဂိမ်းမာ တစ်ဦးမှာ ထိုမေးခွန်း များစွာကြောင့် စိတ်ရှုပ်ထွေး သွားသည်။

ထို့နောက် ထိုဂိမ်းမာမှာ တပ်စောင့်များ၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။

ဂိမ်းမာမှာ အဖမ်းခံခဲ့ရပြီး သူ၏ ကုန်ပစ္စည်းများလည်း အသိမ်းခံလိုက်ရသည်။ အကျိုးဆက်အနေဖြင့် တခြားသော ဂိမ်းမာများလည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဂိမ်းမာ များစွာက သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချရန် ကြိုးစား ခဲ့သော်လည်း နောက်ပိုင်းတွင် တပ်စောင့်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်။

ထိုအဖြစ်အပျက်မှာ ဖိုရမ်ပေါ်တွင် တက်လာခဲ့ပြီး ဂိမ်းမာများမှာ တိုင်ကြားချက်များ တင်သွင်း နေကြသည်။ ယာယီဂိုဘလင် လုပ်သားနှစ်ဦးမှာလည်း ထိုတိုင်ကြားချက်များကို မြင်ကြသည်။

၎င်းမှာ ယာယီ အလုပ်သက်သက်သာ ဖြစ်သောကြောင့် သူတို့ ကြောက်စိတ်တော့ မရှိပေ။ အလွန်ဆုံး သူတို့ အလုပ်ထုတ်ခံရုံ သက်သက်သာပင်။

ဂိုဘလင် လုပ်သားနှစ်ဦးမှာ သူတို့၏ အလုပ်ခန့်အပ်လွှာများ နှင့်အတူ ဗင်းနစ်တပ်စောင့် စခန်းသို့ သွားခဲ့ကြသည်။

အကယ်၍ ယာယီ မြူနီစီပယ်အလုပ်က အလုပ်သမားများအား တရားဝင် ဈေးရောင်းခများ ကောက်ခံခွင့် ပြုထားသည်ဆိုလျှင် သူတို့ တစ်ညတည်းနှင့် အမြတ်အစွန်း ကြီးကြီးမားမား ရကြပေလိမ့်မည်။

ဗင်းနစ် တပ်စောင့်များမှာ ဂိုဘလင် လုပ်သားနှစ်ဦးက မြူနီစီပယ် စည်းမျဉ်းများကို နားလည်နေသောကြောင့် အံ့ဩသွားကြသည်။

မြူနီစီပယ်အရာရှိ တစ်ဦးက အနောက်ဘက် ပန်းခြံကို ဈေးရောင်းဇုန်အဖြစ် သတ်မှတ်ပေးထားကြောင်း ရှင်းပြခဲ့ပြီး ဂိုဘလင် လုပ်သားနှစ်ဦး၏ အလုပ်ခန့်အပ်လွှာများကိုလည်း ထုတ်ပြခဲ့သည်။

အလုပ်ခန့်အပ်လွှာများကို ကြိမ်ဖန်များစွာ စစ်ဆေးပြီးနောက် တပ်စောင့်များမှာ ၎င်းက အစစ်အမှန် ဖြစ်ကြောင်း အသိအမှတ် ပြုခဲ့ကြရသည်။ ထို့ကြောင့် သူတို့ ဖမ်းဆီးထားသော ဂိမ်းမာများကို မလိုလားသော်လည်း ပြန်လွှတ်ပေး လိုက်ရသည်။

ဖိုရမ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲ ထွက်သွားခဲ့သည်။

မည်သူမျှ အဖမ်းခံထားရသော ဂိမ်းမာများ ပြန်လွတ်လာ လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ၎င်းက သူတို့ အနောက်ဘက် ပန်းခြံတွင် ကုန်ပစ္စည်းများကို တရားဝင် ရောင်းချနိုင်ကြောင်း ဖော်ပြနေခဲ့သလော။

ဂိမ်းမာ များစွာက အနောက်ဘက်ပန်းခြံသို့ အလုံးအရင်းဖြင့် ဝင်လာခဲ့ကြသည်။

ဗင်းနစ်မှ နေထိုင်သူအချို့က နံနက်စောစောပိုင်းတွင် မှော်မီးအိမ်များ ကိုင်ကာ ပန်းခြံသွားပြီး လေ့ကျင့်ခန်း အချို့ ပြုလုပ်ရန် ရည်ရွယ်ထားကြသည်။ သို့သော် သူတို့ မြင်လိုက်ရသော အရာကြောင့် ထိတ်လန့် သွားကြသည်။

အားကစား ဘောင်းဘီ ဝတ်ထားသော ဇဝေဇဝါ ဖြစ်နေဟန်ရသည့် ဂနိုမ်းမြို့ခံ တစ်ဦးဆီ ကတ်ကြေးတစ်စုံ ကိုင်ထားသော ဂိုဘလင် တစ်ဦး ချဉ်းကပ် လာသည်။ ထိုဂိုဘလင်မှာ အနှီး ထိပ်ပြောင်မြို့ခံအား ပြောလိုက်သည်။ "သူဌေး၊ ဆံပင် ညှပ်မလား။"

ခေါင်းပေါ်အစိမ်းရောင် သင်္ကေတများ ရှိသော ဂိုဘလင်က သူ့ နောက်မှ ဆိုင်ကို ညွှန်ပြသည်။ ကျောက်တုံး တစ်ခုပေါ်တွင် ကျောက်ပြား တစ်ချပ် တင်ထားပြီး ထိုကျောက်ပြားတွင် "ကပ်စေးနဲ ဆံပင်ညှပ်ဆိုင်" ဟူသော စာလုံးများ ရှိနေခဲ့သည်။ ထို့နောက်တွင်မူ မိတ်ဆက်စာ တစ်ခု ပါသည် -

"ဆံပင်ညှပ်ပြီးနောက် ဆံပင်မှုတ်ခြင်း - အကြိမ်တစ်ရာ လျှင် မှော်ကျောက်တုံး တစ်တုံး။

ဆံပင်ဆိုးခြင်းနှင့် ကောက်ခြင်း - ဆယ်ကြိမ် လျှင် မှော်ကျောက်တုံး တစ်တုံး။

ဖွင့်ပွဲအထူးလျှော့ဈေးမှာ အချိန်တိုအတွင်းသာ အကျုံးဝင်သည်။"

ထိပ်ပြောင်ဂနိုမ်းက စမ်းကြည့်ချင်နေခဲ့သည်။ ဆိုင်နာမည်ကို ကြည့်ရုံဖြင့် ဆံပင်ညှပ်ဆရာက လက်ရာကောင်းမွန်ကြောင်း သိနိုင်သည်။

"မင်း ငါ့ကို လိမ္မော်ရောင် ဆိုးဆေး နဲ့ ဆံပင်ကောက်ပေးနိုင်မလား။ ငါ့ ပန့်ခ်ဆံပင်ပုံစံက သိပ်မကောင်းဘူးလို့ ငါ ထင်တယ်။" ဂနိုမ်းက သူ၏ ထိပ်ပြောင်ကို ညွှန်ပြကာ ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး။" ဂိုဘလင်မှာ စိတ်ကျေနပ်စွာ ပြောလိုက်သည်။ "ငါ မင်း စိတ်ကျေနပ်အောင် လုပ်ပေးမယ်။"

ဂိုဘလင်ဂိမ်းမာက ဂနိုမ်းကို ကျောက်ထိုင်ခုံသို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားပြီး သူ၏ ဖောက်သည်၏ ဆံပင်ပုံစံ အတွက် လိမ္မော်ရောင်ဆိုးဆေး ရှာဖွေရန် ပြန်ထွက်သွားသည်။

ဝန်ဆောင်မှု ပေးသော ဆိုင်များအပြင် တခြား ဂိမ်းမာများအတွက် ဖြည့်ဆည်းပေးသော ဆိုင်များလည်း ပိုမို များပြားစွာ ရှိကြသည်။

ဂိမ်းမာများက အဓိကစားသုံးသူ ဖောက်သည်များ မဟုတ်ပါလား။

မြေအောက်လောက မြို့ခံများမှာ အစားအစာ၊ တည်းခိုရန် နေရာ၊ အိမ်ပေါင်နှံမှု၊ သူတို့၏ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး အာမခံနှင့် တခြား အထွေထွေ ကုန်ကျစရိတ်များ အတွက် အလုပ်လုပ်ရသည်။

သူတို့ ပင်ပင်ပန်းပန်း ရလာသော ငွေမှာ သူတို့၏ ကုန်ကျစရိတ်များကိုပင် လောက်လောက်ငင မဖြည့်ဆည်း ပေးနိုင်ပေ။

ထို့ကြောင့် သူတို့တွင် ဂိမ်းမာများ၏ လက်နက်များနှင့် ပစ္စည်း ကိရိယာများ ဝယ်ယူရန် ငွေမရှိကြချေ။

စွန့်စားခန်းများမှာ စွန့်စားလိုသူများ အတွက်သာ ဖြစ်၏။

ကုန်သည် မဟာမိတ် အဖွဲ့၏ ဒန်ဂျင်များတွင် နေထိုင်သော မြို့ခံမြို့ခံများမှာ တိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများကို စိတ်မဝင်စားကြပေ။

ဂိမ်းမာများမှာတော့ မတူကြပေ။ သူတို့က ဝင်ငွေနည်းသော်လည်း သူတို့၏ ငွေကို အလွန် လျင်မြန်စွာ ပြန်သုံးစွဲကြသည်။

လက်နက်များနှင့် ပစ္စည်း ကိရိယာများ၏ ပြုပြင်ထိန်းသိမ်းမှု ကြေးများမှာ အတော်များ၏။ ယင်းက အစားထိုး ကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားထားခြင်းပင် မရှိသေးပေ။

ကုန်ပစ္စည်းများ ရောင်းချရန် အွန်လိုင်း လေလံပွဲစနစ် ရှိသည်။

သို့သော် အဖွင့်ဘီတာ အပြီးတွင်မူ လေလံပွဲစနစ်မှာ လူအလွန်များပြားလာပြီး အတော် မသင့်တော်သော ဝန်ဆောင်ခများ ကောက်ခဲ့သည်။ တခြား တစ်ဖက်တွင်မူ လမ်းဘေးဈေးသည်များမှာတော့ အမြဲတမ်း ဈေးရောင်းနေရာ တစ်ခု ပိုင်ရန်အတွက် တစ်ကြိမ်တည်း အခကြေးငွေ ပေးချေရန်သာ လိုသည်။ ဂိမ်းမာများမှာ ဦးရာလူစနစ်အပေါ် အခြေခံ၍ သူတို့၏ နေရာများကို ရွေးချယ်နိုင်သည့် အဆုံးစွန် လွတ်လပ်ခွင့်လည်း ရှိကြသည်။

ဤသည်တို့မှာ မည်သည့် ဝန်ဆောင်ခမျှ မပါသော မျက်နှာချင်းဆိုင် အရောင်းအဝယ်များ ဖြစ်၏။

ဗင်းနစ်မှာ ထာဝရတိုင်းပြည်နှင့် အလွန် ဝေးကွာသော်လည်း ထိုနေရာသို့ နေ့စဉ် မစ်ရှင်လုပ်ရန် ရောက်လာသော ဂိမ်းမာ များစွာ ရှိနေကြသည်။ ထို့အပြင် အရှင်ရှားလော့ခ်မှာ ဂိမ်းမာများကို ဗင်းနစ်တွင် အလုပ်,သွားလုပ်ရန် အားပေး နေသည်။

ဆောင်းတောင်ကုန်းမြို့နှင့် ထာဝရတိုင်းပြည်တွင် လူဦးရေ အဆမတန် ထူထပ်နေသည်။ ဗင်းနစ်မှာတော့ ဈေးရောင်းနေရာ အသစ် တစ်ခုဖြင့် ပိုကောင်းနေသည်။

ထို့ကြောင့် ဂိမ်းမာများစွာက ဗင်းနစ်တွင် အခြေချရန် ဆုံးဖြတ်ခဲ့ကြသည်။

သားရေဖိနပ် ဈေးသည်များဖြင့် ပြည့်နေသော ပန်းခြံသို့ ရောက်လာသည့်အခါ သူ ထိတ်လန့်တကြားပင် ဖြစ်သွားသည်။

All Chapters