← Chapters

အိုးခွဲကစားနည်း

Vol. 39 Ch. 582

အိုးခွဲကစားနည်း

Vol. 39 Ch. 582

ဂိမ်းမာများ၏ ထွက်ပေါ်လာမှုမှာ ဗင်းနစ် မြို့ခံများ၏ ဘဝများကို ပိုမို စိတ်ဝင်စားစရာ ကောင်းလာစေခဲ့သည်။ သို့သော် ဗင်းနစ်ကုန်သည်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာတော့ ဆိုးဆိုးရွားရွား သက်ရောက် ခံလိုက်ရသည်။

ဂိမ်းမာများက အဘယ်ကြောင့် ကုန်သည်များ ဖြစ်လာကြသနည်း။ သူတို့ထဲမှ အများစုမှာ ငွေရှာရန်အတွက်ပင်။

သို့သော် ဈေးကွက်မှာ အကန့်အသတ် ရှိသည်။ ဂိမ်းမာများ ငွေရှာဖွေကြသည့်အခါ ဗင်းနစ်ကုန်သည်များကတော့ ဝင်ငွေ ဆုံးရှုံးကြပေလိမ့်မည်။ ဂိမ်းမာ အနည်းငယ်သာ ဆိုပါက ၎င်းမှာ လက်သင့်ခံ ပေးနိုင်သော်လည်း ဂိမ်းမာများက အုပ်စုလိုက် အမြောက်အများ ရောက်လာကြသည်။

ဂိမ်းမာ တစ်ဦးစီတိုင်း ငွေအနည်းငယ်သာ ရခဲ့သော်လည်း စုပေါင်း အကျိုးသက်ရောက်မှုမှာတော့ အတော်အတန် ကြီးမား၏။

အစပိုင်းတွင် ဗင်းနစ်ကုန်သည်များမှာ ဂိမ်းမာများထံတွင် စက်ရုံများနှင့် ကုန်ပစ္စည်းရင်းမြစ်များ မရှိခြင်း အထင်သေး ခဲ့ကြသည်။ သူတို့က ဂိမ်းမာများအား မည်သည့် အရာမျှ မရောင်းချပေးခြင်းအားဖြင့် ဂိမ်းမာများအပေါ် ပူးပေါင်း ကြံစည် ခဲ့ကြသည်။

ဗင်းနစ်ကုန်သည် အများစုမှာ ကုန်သည်မဟာမိတ် အဖွဲ့၏ အစိတ်အပိုင်း ဖြစ်သောကြောင့် သူတို့ အပေါ် ပိတ်ဆို့မှုများ ချမှတ်ရန်မှာ အခက်အခဲ မရှိပေ။

သို့သော် သူတို့က ဂိမ်းမာများတွင် ဂိမ်းမာသိန်းပေါင်း များစွာဖြင့် လူအင်အား ဖြည့်တင်း လည်ပတ်နေသော စက်ရုံထောက်ပံ့မှု ရှိနေကြောင်း မသိထားခဲ့ကြပေ။

ဂိမ်းမာများထံတွင် ကြီးမားသော ကုန်ပစ္စည်းရင်းမြစ် ရှိနေခဲ့ပြီး သူတို့ ထုတ်လုပ်ထားသော လက်နက်များ၊ နေ့စဉ်သုံး ပစ္စည်းများနှင့် မှော်ပစ္စည်းများကိုပင် ဝယ်ယူရန် အရှင်ရှားလော့ခ် အပေါ် မှီခိုနိုင်ကြသည်။

ဂိမ်းမာများထံတွင် စိတ်ချရသော ကုန်ပစ္စည်းရင်းမြစ် ရှိနေခဲ့ပြီး သူတို့တွင် အဆင့်မြင့် စျေးကွက်ရှာဖွေရေး အသိပညာလည်း ရှိနေကြသည်။ ထို့ကြောင့် သူတို့က ဗင်းနစ်တွင် တစ်စစ အင်အားတောင့်လာပြီး စျေးကွက်ဝေစု တစ်ခုကို သိမ်းပိုက် နိုင်ခဲ့ကြသည်။

ဥပမာအားဖြင့် -

အဝလွန်နေပုံ ရသော ဂိုဘလင် တစ်ဦးက ဝတ်ရုံရှည် တစ်ထည် ဝတ်ဆင်ထား၏။ သူက ဘီးတယ်လ်မွန် မှတ်တိုင်၏ ထောင့်တွင် ရပ်ကာ ဝတ်ရုံ လက်တစ်ဖက်ကို ဖြတ်သွားသူများအား မြှောက်ပြလိုက်သည်။ ထို့နောက် သူ အသံခပ်တိုးတိုးဖြင့် ပြောသည်။ "ညီကို၊ မင်း စာအုပ်တချို့ ဖတ်ချင်လား။ ငါ့မှာ နောက်ဆုံးထုတ် 'ဟွမ်ဂန်လျှို့ဝှက် အတွဲ' ရှိတယ်။"

ထို့နောက်တွင်မူ သူက တပ်စောင့်များ၏ လမ်းတစ်လျှောက် လိုက်လံမောင်းထုတ်ခြင်းကို ခံရတော့သည်။

ဟုတ်ပါတယ်၊ ရိုးရိုးသားသား စီးပွားရေး လုပ်နေသော ဂိမ်းမာ များစွာလည်း ရှိနေကြသည်။

လမ်းကြားများတွင် ကုန်ပစ္စည်းများကို လက်သိပ်ထိုး ရောင်းချခြင်းနှင့် အခွန်ရှောင်ခြင်း၊ တစ်အိမ်တက်ဆင်း အရောင်းမြှင့်တင်ခြင်းများနှင့် ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချခြင်း မပြုမီ ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှု ဖန်တီးရန် အစုလိုက် အပြုံလိုက် ဝယ်ယူခြင်းတို့ ကဲ့သို့သော နည်းလမ်းဖြင့် စီးပွားရှာကြသည်။

သို့သော် ဤလုပ်ရပ်များမှာ တဖြည်းဖြည်း မှေးမှိန် သွားသည်။

မမှန်မကန် စီးပွားရှာခဲ့သူများမှာ အချိန်ကြာကြာ မရပ်တည် နိုင်ခဲ့ကြပေ။

စီးပွားရေးတွင် အခြေခိုင်နိုင်ခဲ့သော ဂိမ်းမာများမှာ လမ်းဘေးဈေးသည်များအဖြစ် လုပ်ငန်း စတင်ခဲ့ကြသည်။

အနောက်ဘက် ပန်းခြံတွင် ကုန်ပစ္စည်းများ လာရောက် ရောင်းချခြင်းမှာ ဂိမ်းမာများနှင့် ဗင်းနစ်ကုန်သည်များ ကြားမှ စစ်ကြေညာခြင်း တစ်ခုပင်။ ဂိမ်းမာများတွင် ထိုသို့သော ရည်ရွယ်ချက် မရှိကြသည့်တိုင် ဗင်းနစ်ကုန်သည်များကတော့ ထိုသို့သာ အဓိပ္ပာယ်ကောက်ယူကြ၏။

ထာဝရတိုင်းပြည် ဒန်ဂျင်တွင်။

ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ရှားလော့ခ်မှာ သူ၏ ကုလားထိုင်တွင် ထိုင်ကာ အိဗလင်း၏ အစီရင်ခံစာကို နားထောင် နေသည်။

သူမက ရှားလော့ခ်အား ထာဝရတိုင်းပြည်၏ စီးပွားရေး တိုးတက်မှုနှင့် အမျိုးမျိုးသော အစည်းအရုံးများက သူတို့၏ အစည်းအရုံးမြေများ အတွက် လျှောက်လွှာများ တင်သွင်းခဲ့ကြောင်း အစီရင်ခံနေသည်။

အစီရင်ခံစာမှာ အလွန် ပြည့်စုံလှ၏။

အစီရင်ခံစာကို ပြုစုခဲ့သူများမှာ အမ်ပီစီများ မဟုတ်ဘဲ ဂိမ်းမာများသာ ဖြစ်ကြသည်ကိုး။

ဂိမ်းမာများမှာ အချက်အလက်များ၊ စာရင်းအင်းများ ကိုင်တွယ်ရာတွင် အလွန် ထူးချွန်ကြ၏။ ရှားလော့ခ်က တရားဝင် ဝက်ဘ်ဆိုက်တွင် ယာယီ စာရင်းအင်းပညာရှင်များ စုဆောင်းရေး ကြော်ငြာများ တင်လိုက်သည်။ ဂိမ်းမာများစွာက ထိုရာထူးများ အတွက် အလုက်လျှောက်ထားခဲ့ကြပြီး ချက်ချင်း အလုပ်စတင် ခဲ့ကြသည်။

စာရင်းအင်းပညာရှင်များ စုဆောင်းခြင်းအပြင် ရှားလော့ခ်မှာ အခြားအလုပ်များစွာလည်း လုပ်ဆောင်ခဲ့သေးသည်။

၎င်းတွင် ကွန်ပျူတာ ဂိမ်းများ ကစားခြင်း၊ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းတို့ ပါဝင်သည်။

ဘာလဲ။ မည်သူက ရှားလော့ခ် အချောင်ခိုနေသည်ဟု ဝေဖန်နေသနည်း။

ယင်းက မမှန်ပေ၊ သူက မိမိကိုယ်ကို ပညာပေး နေခဲ့ခြင်းသာ ဖြစ်၏။

အချိန်ကာလ တစ်ခုအပြီးတွင် သူက တန်ဖို ရှိသော သတင်းအချက်အလက်များ သင်ယူနိုင်ခဲ့သည်။

"ငါ အခပေး အိုးခွဲကစားနည်းကို အကောင်အထည် ဖော်ရမယ်။" ရှားလော့ခ်က ဘရုအား ပြောလိုက်သည်။

အစီရင်ခံစာအရ ဂိမ်းမာများမှာ မှော်ကျောက်တုံးများ ပိုစုဆောင်း နေခဲ့ကြပြီး အခွန် ၂၀%မှာလည်း သူတို့ လက်ခံနိုင်သော အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်၏။ ဂိမ်းမာများဆီတွင် ထာဝရတိုင်းပြည် အပြင်ဘက်၌ အရောင်းအဝယ်ပြုလုပ်ရန် နည်းလမ်းပေါင်းစုံ ရှိကြသည်။

ဤအရောင်းအဝယ်များမှာတော့ ထာဝရတိုင်းပြည်၏ အခွန်ကောက်ခံခြင်း မခံရပေ။

ရှားလော့ခ် အတွက်မူ ၎င်းမှာ... အဓိပ္ပါယ်မရှိပေ။

အိုးခွဲကစားနည်းကို အကောင်အထည် ဖော်ခြင်းက အထိရောက်ဆုံး နည်းလမ်း ဖြစ်၏။

"အရှင်ရှားလော့ခ်၊ အရှင် သေချာ စဉ်းစားပြီးပြီလား။ အရှင် အဲ့ဒီမူဝါဒကို အကောင်အထည် ဖော်လိုက်ရင် ဝေဖန်ခံရလိမ့်မယ်နော်။" ဘရုက လျင်မြန်စွာ ပြန်ပြောသည်။

"ဝေဖန်ခံရမယ်တဲ့လား။ ဒါက ငါ့ကို ချီးကျူးတာပဲလေ။ သူတို့ ငါ့ကို အကြံအစည်ကောင်း စဉ်းစားနိုင်လို့ ချီးမွမ်းကြလိမ့်မယ်။"

ရှားလော့ခ်က ဘရုအား ရှင်းပြ လိုက်သည်။ "ငါ့မှာ တခြားသူတွေနဲ့ မတူတဲ့ ပြီးပြည့်စုံတဲ့ အကြံအစည် တစ်ခု ရှိတယ်။"

ရှားလော့ခ်က သူ့ ကွန်ပျူတာပေါ်မှ စာရွက်စာတမ်း တစ်ခုကို ဖွင့်ပြလိုက်သည်။ ထိုအရာမှာ သူ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ဝေတော့မည့် အက်ပ်ဒိတ် အကြောင်းအရာ အသစ်ပင်။

ဘရုက ထိုစာရွက်စာတမ်းကို ဖတ်ရှုပြီး ရှားလော့ခ်ကို ချီးမွမ်းလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင်က တကယ့် ပါရမီရှင် တစ်ယောက်ပဲ။"

...

ဂနိုင်သားမှာ မကြာသေးမီက အလွန် ပျော်ရွှင် နေသည်။

သူ မွန်းစတားများနှင့် တိုက်ခိုက်ပြီး အဆင့်တက်ရင်း အလုပ်များ နေခဲ့သည်။ သို့သော် ငွေရှာဖွေခြင်းမှာ အမြဲတမ်း သူ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေဆဲပင်။

ဂိမ်းမာ များစွာ မရှိသေးခင်က သူက ငွေအချို့ ရနိုင်ရန် ပစ္စည်း ကိရိယာများ ရောင်းချခြင်း အပေါ် မှီခိုနေခဲ့ရသည်။

အစပိုင်းတွင် ထာဝရတိုင်းပြည်မှာ အပြင်ဘက်လောက အဆက်အသွယ် နည်းပါးသော ဒေသတစ်ခု ဖြစ်၏။ ထို့ကြောင့် ကုန်ပစ္စည်းများမှာ ကန့်သတ်ချက် ရှိနေခဲ့သည်။

ဒုတိယဘီတာ စတင်ကတည်းက ထာဝရတိုင်းပြည်မှာ ဆောင်းတောင်ကုန်းမြို့နှင့် ကုန်သွယ်စ ပြုလာသည်။

ထို့နောက်တွင်မူ ငွေရှာဖွေခြင်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ငွေရှာဖွေရန် မတူညီသော နည်းလမ်း များစွာ ရှိနေကြသည်။

ဂိမ်းမာများက သူတို့၏ ပစ္စည်း ကိရိယာများကို ရောင်းချနိုင်ကြသည်။ အမျိုးမျိုးသော ဂိမ်းတွင်းအကြောင်းအရာများ တိုးပွားလာသည်နှင့်အမျှ ဂိမ်းမာများမှာ အလှဆင်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ နေ့စဉ်သုံး ပစ္စည်းများ၊ ဂီတတူရိယာများနှင့် ဖက်ရှင်ပစ္စည်းများ ကိုပင်လျှင် ရောင်းချနိုင်ခဲ့ကြသည်။

ထို့အပြင် ဗင်းနစ်တွင် ဈေးဆိုင်ဒေသ အသစ်ဟု ဆိုနိုင်သော အနောက်ဘက်ပန်းခြံ ရှိနေသည်။

ကုန်သည်ဂိမ်းမာများ အတွက်မူ ၎င်းမှာ လမ်းဘေးဈေးသည်များအတွက် သုခဘုံ ဖြစ်၏။

ဂနိုင်သားမှာ ကုန်သည်ဂိမ်းမာ မဟုတ်သော်လည်း တခြား ဂိမ်းမာအားလုံး ကဲ့သို့ပင် ဗင်းနစ်၌ အကျိုးအမြတ် ရှာနိုင်ခဲ့သည်။

ချမ်းသာသော ဂနိုင်သားမှာ ထိုငွေများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူကြိုက်နှစ်သက်သော ပစ္စည်းများ ဝယ်ယူခြင်း အပြင် သူ့ကိုယ်ပိုင် ပစ္စည်းကိရိယာများကိုလည်း အဆင့် မြှင့်တင်ရန် ကြိုးစားခဲ့သည်။

ထို့နောက် တရားဝင် ဝက်ဘ်ဆိုက်တွင် အပ်ဒိတ် ကြေညာချက် တစ်ခု တက်လာသည်။

အိုးခွဲစနစ် အသစ် တစ်ခု တိုးလာသည်ပင်။

ပုံမှန်အားဖြင့် ဂိမ်းမာများမှာ အိုးခွဲကစားနည်းကို ကစားရန် ငွေအမြောက်အမြား မသုံးလိုကြပေ။ အကြောင်းမှာ ၎င်းက ကံပေါ်မူတည်သော ကစားနည်း တစ်ခု ဖြစ်နေသောကြောင့်ပင်။ ဂိမ်းမာ အများစုမှာ အခမဲ့ကစားနိုင်သည့် အိုးခွဲကစားနည်းကိုသာ ပိုနှစ်သက်ကြသည်။

ဂနိုင်သားမှာလည်း ထိုဂိမ်းအပေါ် များများစားစား ငွေမသုံးခဲ့ပေ။ သူ အိုးနှစ်လုံစာ ဝယ်ယူကံစမ်း ခဲ့သေးသော်လည်း ဘာမှ အနိုင်မရခဲ့ပေ။ ထို့ကြောင့် သူ ထိုဂိမ်းအပေါ် စိတ်မဝင်စားတော့ပေ။

တခြားဂိမ်းမာများမှာတော့ စူးစမ်းလိုစိတ် ရှိနေကြသည်။ ဂိမ်းကုမ္ပဏီက ငွေရှာဖွေရန် စိတ်မဝင်စားသည့်တိုင် သူတို့က အဘယ်ကြောင့် အိုးခွဲကစားနည်းကို မိတ်ဆက် လာခဲ့သနည်း။ ဂိမ်းမာများ အိုးများကို မှော်ကျောက်တုံးများ အသုံးပြု၍ ဝယ်ယူခဲ့လျှင်ပင် ကုမ္ပဏီက မှော်ကျောက်တုံးများကို အပြင်လောကရှိ ရန်မင်ဘီ ယွမ်နှင့် လဲလှယ်နိုင်မည်လော။

ဂနိုင်သားမှာ စိတ်ရှုပ်ထွေးနေသော်လည်း သူက ၎င်းကို စိတ်ထဲမထားခဲ့ပေ။

ထို့နောက်တွင်မူ သူက အိုးရာပေါင်း များစွာ ဝယ်ယူပြီး မြေလျှောက်ငှက်များ သုံးကာ ဗင်းနစ်သို့ ပို့ဆောင်နေသော ဂိမ်းမာ တစ်ဦးကို သတိထား မိလိုက်သည်။ ထိုဂိမ်းမာက အိုးတစ်ရာကို အနောက်ဘက်ပန်းခြံတွင် ဆိုင်းဘုတ် တစ်ခု နှင့်အတူ နေရာချထားလိုက်၏။ ထိုဆိုင်းဘုတ်တွင်မူ အောက်ပါ စာသားများ ရေးထားသည် -

"အိုးခွဲကစားနည်း။ တစ်ကြိမ်လျှင် မှော်ကျောက်တုံး တစ်တုံး။ အကြီးဆုံးဆုမှာ မှော်ကျောက်တုံး ၂၀၀ ဖြစ်သည်။"

ဗင်းနစ်၏ မြို့ခံများက တစ်စစဖြင့် ကြည့်ရှုရန် ထိုဂိမ်းမာကို ဝန်းရံလာကြသည်...

All Chapters