သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက်ကျေးဇူးပြုပြီး
Vol. 39 Ch. 583
တစ်ကြိမ်လျှင် မှော်ကျောက်တုံး တစ်တုံး၊ ပြီးတော့ အကြီးဆုံးဆုက မှော်ကျောက်တုံး ၂၀၀တဲ့လား။
ဤစာသားမှာ ဂိမ်းမာများနှင့် ဗင်းနစ်နိုင်ငံသား များစွာကို ဆိုင်ရှင်ပတ်လည်တွင် ဝန်းရံစေခဲ့သည်။
တစ်ယောက်က မှတ်ချက် ပြုသည်။ "မှော်ကျောက်တုံး ၂၀၀က တကယ်ပဲလား။ လာလိမ်နေတာလား။"
အိုး ၁၀၀ သာရှိ နေသောကြောင့် အိုးတစ်လုံးတွင် မှော်ကျောက်တုံး ၂၀၀ ပါ,ပါက ဆိုင်ရှင်မှာ မှော်ကျောက်တုံး ၁၀၀ အရှုံးပေါ်သွားမည် မဟုတ်ပါလော။
ဂိမ်းမာများနှင့် မြို့ခံများမှာ အရူးများ မဟုတ်သောကြောင့် သူတို့က လိမ်လည်မှုကို ချက်ချင်း သိနိုင်ကြသည်။
ထို့နောက် ဆိုင်ရှင်က စာရွက် အပုံကြီး တစ်ခုကို ထုတ်ယူကာ တစ်ရွက်ချင်းစီ ဖွင့်ပြခဲ့သည်။ စာရွက်တစ်ရွက်မှ လွဲ၍ အားလုံးမှာ ဗလာဖြစ်နေခဲ့ပြီး ထိုစာရွက်တွင် မှော်ကျောက်တုံး ၂၀၀ဟု ရေးထားသည်။
ဤစာရွက်အပြင် မှော်ကျောက်တုံး ၅ တုံးနှင့် မှော်ကျောက်တုံး ၁ တုံး ပါသော စာရွက် များစွာလည်း ရှိနေကြသည်။ မှော်ကျောက်တုံး ၁ တုံး ပါဝင်သော စာရွက်များမှာတော့ ရာခိုင်နှုန်း ပိုများသည်။
စာရွက်ပါ အကြောင်းအရာများကို ထုတ်ပြသပြီးနောက် ဆိုင်ရှင်က ထိုစာရွက်များကို အိုးများထဲသို့ ထိုးထည့်လိုက်သည်။
ထိပ်ပြောင် ဂိုဘလင် တစ်ဦးက လူအုပ်ထဲမှ တိုးထွက်လာပြီး အော်ပြောသည်။ "ငါ ကံစမ်းကြည့်မယ်။"
ထိပ်ပြောင်ဂိုဘလင်က မှော်ကျောက်တုံး တစ်တုံး ထုတ်လိုက်သည်။ သူက မှော်ကျောက်တုံးကို ဆိုင်ရှင်အား ပေးအပ်သည့်အခါ နှမျောနေပုံ မပေါ်ပေ။
ထိပ်ပြောင်ဂိုဘလင်က အိုးတစ်လုံးကို ရွေးလိုက်ပြီး ၎င်းကို ခွဲလိုက်သည်။ အိုးမှာ အပိုင်းပိုင်းအစစ ကျိုးပဲ့သွားပြီး သူက အပိုင်းအစများထဲမှ စာရွက်ကို ပြန်ရှာယူလိုက်သည်။
စာရွက်ပေါ်တွင် "မှော်ကျောက်တုံး ၂၀" ဟူသော စာလုံးများ ရှိနေသည်။
မြို့ခံများမှာ စိတ်လှုပ်ရှား လာကြသည်။
"အိုး ဘုရားရေ၊ သူ့ ဆုက မှော်ကျောက်တုံး ၂၀ပဲ။"
"အဲ့ဒါ တကယ်လား။"
"ငါ ဆိုင်ရှင်က လူလိမ်လို့ ထင်ခဲ့တာ။"
"ဘာဖြစ်လို့ သူ ဒီလောက်တောင် ကံကောင်းရတာလဲ။"
"ဆိုင်ရှင် နောက်က အိုးတွေကိုလည်း ကြည့်လိုက်ပါဦး။ အိုးအားလုံးကို ရောင်းချနိုင်ခဲ့ရင် သူ အရှုံးပေါ်မှာ မဟုတ်ဘူး။"
မြို့ခံများမှာ စိတ်လှုပ်ရှား နေခဲ့ကြသော်လည်း ဂိမ်းမာများမှာတော့ ယင်းအား မယုံကြပေ။
ဂိမ်းမာများမှာ ယခင်အနိုင်ရမှုမှာ ဟန်ပြသက်သက်သာ ဖြစ်ကြောင်း သိကြသည်။
သူတို့က မြို့ခံများ၏ ငွေကို လိမ်ယူကြတော့မည်။
တခြား ဂိမ်းမာများမှာတော့ မြို့ခံများ၏ ငွေအားလုံး ဤဆိုင်ရှင်ထံ အလိမ်မခံရမီ သူတို့လည်း တစ်ခုခု လုပ်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ဂိမ်းမာများမှာ ငွေရှာဖွေရန် နည်းလမ်းသစ်တစ်ခု ထပ်ရှာတွေ့သွားလေပြီ။ ထာဝရတိုင်းပြည်၏ အိုးအားလုံး ရောင်းကုန် သွားတော့သည်။
ဗင်းနစ်ရှိ အိုးခွဲကစားနည်းမှာ ဂိမ်းမာများ၏ စွမ်းဆောင်ရည်များ၏ ရှေ့ပြေး တစ်ခု မျှသာ ရှိသေး၏။ ဗင်းနစ်ကုန်သည်များမှာ အံ့ဩစရာ တစ်ခုနှင့် ကြုံတွေ့ရတော့မည်။
ဂိမ်းမာများမှာ ဗင်းနစ်ကုန်သည်များထက် ပိုကောင်း၊ ပိုဈေးသက်သာသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ကြသည်။ ကုန်ပစ္စည်းများ၏ အရည်အသွေးမှာလည်း ဗင်းနစ်တွင် ပြုလုပ်သော အရာများနှင့် တန်းတူရည်တူ ဖြစ်နေသည်။
အရေးကြီးဆုံးအချက်မှာ ဂိမ်းမာများက စျေးကွက်ရှာဖွေရာတွင် ထူးချွန်ကြခြင်းပင်။ သူတို့က အသင်းဝင်ကတ်များ၊ အိမ်တိုင်ရာရောက် ရောင်းချခြင်း ဝန်ဆောင်မှုများနှင့် တစ်ခုဝယ် တစ်ခု လက်ဆောင် ပရိုမိုးရှင်းများအား အသုံးချကြသည်။
မကြာမီ ဗင်းနစ်ကုန်သည်များမှာ ဒုက္ခကြီး ရောက်နေကြောင်း သိသွားကြတော့သည်။
ဗင်းနစ်၏ ဒန်ဂျင်အရှင် ခန်းမဆောင်တွင်... ဒန်ဂျင်အရှင်အသစ် ဖြစ်သော အလက်ဇန္ဒရီယားမှာ စားပွဲပေါ်တွင် စာများဖြင့် ပြည့်နှက်နေသည်ကို သတိပြု မိလိုက်သည်။ ယင်းတို့က တိုင်ကြားစာများနှင့် အကူအညီ တောင်းခံစာများ ဖြစ်ကြ၏။
စာများမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက သူတို့၏ စျေးကွက်ဝေစုကို နှောင့်ယှက်နေခြင်း အကြောင်း ဖြစ်၏။
အလက်ဇန္ဒရီယားမှာ စာပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက် မရှိပေ။ သူက စာများကို အမှိုက်စုရန် ဘေးတွင် ဖယ်ထားလိုက်သည်။
ဉာဏ်ရည် ထက်မြက်ပြီး စွမ်းဆောင်ရည် ရှိသော ဂနိုမ်းအိမ်တော်ထိန်း တစ်ဦးက သူ့ဘေးတွင် ရပ်နေသည်။ သူက ကိုင်တွယ်ဖြေရှင်းရမည့် ဗင်းနစ်ကိစ္စရေးရာများကို ညွှန်ကြားရင်း စာရွက်စာတမ်းတစ်စုကို ကိုင်ထားခဲ့သည်။
"ဒန်ဂျင် အရှေ့ပိုင်း ပြုပြင်မွမ်းမံခြင်း စီမံကိန်းကို စီစဉ်ပြီးပါပြီ။ ကုန်သည် မဟာမိတ် အဖွဲ့နဲ့ သဘောတူညီချက်အရ ကျွန်တော်တို့ ကုန်ကျစားရိတ်စာ တစ်ခုလုံးကို ပေးချေရပါမယ်..."
အလက်ဇန္ဒရီယားက သူ့စကားကို ကြားဖြတ်ရန် လက်ကို မြှောက်ကာ ပြောလိုက်သည်။ "မင်း ပြုပြင်မွမ်းမံ စီမံကိန်းအကြောင်း ငါ့ကို လာမပြောနေနဲ့တော့။"
"အဲ့ဒီ ကိစ္စမှာ တိုးတက်မှု ဘယ်လိုရှိလဲ။"
"အရှင်အလက်ဇန္ဒရီယားက ဘာကိုဆိုလိုတာလဲ။"
"အရှင်ရှားလော့ခ် အတွက် လက်ဆောင်ပြင်ခိုင်းထားတာ။"
ဂနိုမ်းမှာ အလက်ဇန္ဒရီယား၏ စကားကို နောက်ဆုံးတွင် နားလည် သွားခဲ့သည်။ သူက အသာပြုံးကာ ပြန်ဖြေသည်။ "စိတ်မပူပါနဲ့ အရှင်အလက်ဇန္ဒရီယား၊ အဲ့ဒါက အဆင်သင့် ဖြစ်နေပါပြီ။"
အလက်ဇန္ဒရီယားက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အမြန်လုပ်။ အရှင်ရှားလော့ခ်က ရိပ်မိနေပြီ။"
"ကျွန်တော် သိပါပြီ။"
...
ဗင်းနစ်၏ လမ်းများပေါ်တွင် ခေါင်းပေါ် စာလုံးစိမ်းများ ရှိသော ဂိမ်းမာများဖြင့် ပြည့်နှက် နေသည်။
ဗင်းနစ်မြို့ခံများ အတွက်မူ ၎င်းမှာ သာမန် မြင်ကွင်း တစ်ခုသာ ဖြစ်၏။
ဂိမ်းမာများမှာ နေရာများစွာတွင် ဆိုင်များ တည်ထောင် ထားခဲ့ကြသည်။
ဥပမာအားဖြင့် ကုန်သွယ်ရေး ဧရိယာတွင် ကြောင်ဆီးကဖေးဟု ခေါ်သော ကဖေးတစ်ခု ရှိနေသည်။ ၎င်းကို ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ ဂိမ်းမာများမှ ပိုင်ဆိုင်ခြင်း ဖြစ်၏။
ချမ်းသာသော အစည်းအရုံးများမှ လွဲ၍ တခြားသော အစည်းအရုံးများမှာ ဤဈေးကြီးသော ဧရိယာတွင် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ရန် နည်းလမ်း မရှိကြပေ။
ရှားလော့ခ်က မီးခိုးရောင် ဝတ်ရုံရှည် တစ်ထည်ကို ဝတ်ဆင် ထားသည်။ သူက မိမိကိုယ်ကို ရုပ်ဖျက်ကာ ကြက်ဥခေါင်းကို ဆိုင်ထဲ ခေါ်သွားသည်။
စားပွဲထိုးများနှင့် စားပွဲထိုးသမများမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဖြစ်ကြ၏။ သူတို့၏ ဝန်ဆောင်မှုများနှင့် အသစ်အဆန်း အပြင်အဆင်များမှာ မြေအောက်လောက မြို့ခံများထက် များစွာ ပိုသာသည်။
မြို့ခံများမှာ ဝန်ဆောင်မှု အယူအဆကို နားမလည်ကြပေ။ အကယ်၍ ဖောက်သည် တစ်ဦးက သူ့ လက်ဖက်ရည်ကို လဲပေးရန် တောင်းဆိုလာလျှင် မြို့ခံများမှာ "ဟမ်။ ဘာဖြစ်လို့ မင်း ဒီလောက် ဒုက္ခပေးနေတာလဲ။ လက်ဖက်ရည်က ဘာမှားနေလို့လဲ။ ဘာလဲ။ မင်း လက်ဖက်ရည်ထဲမှာ ပိုးဟပ် ပါလာတယ်လို့ ပြောနေတာလား။ အဲ့ဒါက ပရိုတင်းလို့ ခေါ်တယ်။ အခမဲ့ ပရိုတင်း ထည့်ပေးထားတာ။"ဟု ပြန်ချေပ ကြပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် ဂိမ်းမာများ ဖွင့်လှစ်ထားသော ကဖေးတွင်မူ စားပွဲထိုးမမှာ "တောင်းပန်ပါတယ်၊ ကျွန်မတို့ ဒီအစားအစာအတွက် ရှင့်ကို လျှော့ဈေး ပေးပါ့မယ်။ ကျေးဇူးပြုပြီး ဒီဘောက်ချာကို ကဖေးကနေ လက်ဆောင်ကူပွန် ယူဖို့ သိမ်းထားပါ။"ဟု ပြောဆို ပေလိမ့်မည်။
စိတ်တိုင်းကျ ဝန်ဆောင်မှုက မည်သည့် ဖောက်သည်ကိုမျှ မဆွဲဆောင် နိုင်ခဲ့ပေ။
ရှားလော့ခ်မှာ ဂိမ်းမာများ ဖွင့်လှစ်ထားသော ကဖေးသို့ ဝင်ရောက်လာသော မြို့ခံ မရှိသည်ကို သတိထားမိသည်။
ဂိမ်းမာများမှာ ဝန်ဆောင်မှု ပေးသော လုပ်ငန်းတွင် မြို့ခံများ၏ စိတ်သဘောထားကို နားမလည်ခဲ့ကြပေ။ ဖောက်သည်များက ချိုချိုသာသာ ဝန်ဆောင်မှု ပေးအပ်လာသည့် အခါ ပျော်ရွှင်မှုကို မခံစားကြပေ။
"ငါ သိပြီ။ ဒီကဖေးက ဂိမ်းမာတွေရဲ့ ဝန်ဆောင်မှု အရမ်း ကောင်းလွန်းနေတော့ ဒေသခံတွေက အဲ့ဒါနဲ့ အသားမကျနိုင်ကြတာ။" ကြက်ဥခေါင်း ကဖေးတွင် ဖောက်သည်များ မရှိကြောင်း သတိပြုမိပြီးနောက် ခန့်မှန်းလိုက်သည်။
ပိုလီယိုကလည်း ခေါင်းညိတ်ကာ ပြန်ပြောသည်။ "ဂိမ်းမာတွေက ဖောက်သည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပေးမှ ရမှာ၊ ဘာဖြစ်လို့လဲဆိုတော့ ဖောက်သည်တွေက အဲ့ဒါမျိုးနဲ့မှ အကျွမ်းတဝင် ရှိနေလို့ပဲ။"
ရှားလော့ခ်က သူတို့၏ ဆွေးနွေးမှုကို စိတ်မဝင်စားပေ။ သူက ဝန်ဆောင်မှု ခေါင်းလောင်းကို နှိပ်ကာ ပြောလိုက်သည်။ "သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက် ကျေးဇူးပြုပြီး။"
အစေခံဝတ်စုံ ဝတ်ဆင်ထားသော မိုးလက်ဖက်ရည်မှာ အပြေး လာခဲ့သည်။
သူမမှာ အစေခံဝတ်စုံ ဝတ်ဆင်ထားသော ဂိုဘလင် တစ်ဦးလည်း ဖြစ်၏ ...