အလက်ဇန္ဒရီယား၏ အကြံအစည်
Vol. 39 Ch. 584
၎င်းမှာ အစိမ်းရောင် အသားအရေ ရှိသော ဂိုဘလင် တစ်ဦး ဖြစ်၏။ သူမ,မှာ အဖြူရောင်နှင့် ပန်းရောင်စပ် အစေခံဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် တည်ကြည်သော အမူအရာ တစ်ခု ရှိနေခဲ့သည်။ သူမ၏ ခြေထောက်များမှာ ခြေဦးချင်းထိနေပြီး ဒူးများမှာလည်း ထိနေသည်။
သူမက သွေးဂန္ဓမာ လက်ဖက်ရည်ကို ရှားလော့ခ် ရှေ့မှစားပွဲပေါ်တွင် ချထားပြီးနောက် သူမ၏ ပြားချပ်နေသော ရင်ဘတ်ကို ပန်းကန်သယ်သော ဗန်းဖြင့် စိုးရိမ်တကြီး ဖုံးထားသည်။
ဂိုဘလင် တစ်ဦးသာ ဖြစ်သော်လည်း သူမ၏ ရိုးအ,ပြီး သနားစရာ ကောင်းသော အမူအရာက ကြည့်ရှုသူများအား ခံစားချက် တစ်ခု ဖန်တီးပေးနိုင်သည်...
ယင်းက မြင်ရသူများအား သူတို့ မသင့်တော်တာ တစ်ခုခု လုပ်နေသကဲ့သို့ ခံစားရစေသည်။
ရှားလော့ခ်မှာ သူ့အပိုင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကြက်ဥခေါင်းမှာတော့ ကော်ဖီရောင် ဝတ်ရုံရှည် တစ်ထည် ဝတ်ထားသည်။ ရှားလော့ခ်က "စုံထောက်ရှားလော့ခ် ဟုမ်း" ကဲ့သို့ ဝတ်စားထားခြင်း ဖြစ်ပြီး ပိုလီယိုမှာတော့ "ဖိနပ်စီးကြောင်" ကဲ့သို့ ဝတ်ဆင်ကာ အစိမ်းရောင် ဦးထုပ်ကြီး တစ်လုံးကို ဆောင်းထားခဲ့သည်။
ကြက်တူရွေးဖီးနစ်မှာတော့ "ကာရစ်ဘီယံ ပင်လယ်ဓားပြများ" ဇာတ်ကားထဲမှ ကြက်တူရွေးကဲ့သို့ ဝတ်ထားခဲ့သည်။
သူတို့ သုံးဦးလုံးက သူတို့ ကြည့်ခဲ့သော ရုပ်ရှင်များမှ ဇာတ်ကောင်များ ကဲ့သို့ ဝတ်စား ထားခဲ့ကြခြင်းပင်။
ကြောင်နက် ပိုလီယိုကတော့ ခြေထောက်ကို စားပွဲပေါ် တင်ကာ ပါးစပ်တွင် မီးညှိထားသော ယူရေနီယမ်ချောင်း တစ်ချောင်းကို ခဲထားသည်။ ယူရေနီယမ်ချောင်းမှာတော့ မြင့်မားသော အပူချိန်ကို ညွှန်ပြနေသည့်အလား အနီရောင် တောက်နေသည်။ ပိုလီယိုက ထူးဆန်းသော အသံဖြင့် ပြောလိုက်သည်။ "ဘာလဲ။ သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက်တည်းပဲလား မြောင်။"
"ဟိုလေ။ ဖောက်သည်က သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက်ပဲ မှာထားတာ ..."
မိုးလက်ဖက်ရည်မှာ အံ့ဩတကြီး ဖြစ်ကာ နောက်ဆုတ် လိုက်သည်။ ဖီးနစ်က ဘေးမှ ပျံဝင်လာပြီး သူ့အတောင်ပံကို မိုးလက်ဖက်ရည်၏ မျက်နှာတွင် တင်လိုက်သည်။ ထို့နောက် ဖီးနစ်က ကျယ်လောင်စွာဖြင့် အော်ပြော လိုက်သည်။ "မင်း ငါတို့ကို အထင်သေးနေတာလား။ အာ။"
"မဟုတ်... ဒါက အဲ့လို မဟုတ်ပါဘူး..."
ကြက်ဥခေါင်းက နောက်မှီချကာ သူ့ ခြေထောက်နှစ်ဖက်ကို ကြက်ခြေခတ် တင်လိုက်သည်။ သူက သူ၏ နှုတ်ခမ်းများကို စုကာ အာခေါင်သံကြီးဖြင့် ပြောလိုက်သည်။ "တိတ်စမ်း။ အဓိပ္ပါယ် မရှိတာကွာ။ မင်း ငါတို့ကို အထင်သေးနေတာ အသိသာကြီးပဲ။"
"လစ်စမ်း။ ငါတို့ကို သွေးဂန္ဓမာ လက်ဖက်ရည် တစ်ခွက်စီ ပြန်ယူလာပေး မြောင်။"
မိုးလက်ဖက်ရည်က အလန့်တကြား နောက်ဆုတ်ကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်မ လက်ဖက်ရည် သွားယူလိုက်ပါ့မယ်..."
ဒုန်း။
မိုးလက်ဖက်ရည် သွေးဂန္ဓမာ လက်ဖက်ရည် သုံးခွက် ထပ်ယူရန် ပြင်လိုက်စဉ် ဆူညံသံများ ကြားလိုက် ရသည်။
ထို့နောက် သူမ ရှားလော့ခ် ပြောသည်ကို ကြားလိုက် ရသည်။ "တောင်းပန်ပါတယ်။ သူတို့ သုံးယောက် အတွက် လက်ဖက်ရည် မယူနေနဲ့တော့၊ ငါ့မှာ မှော်ကျောက်တုံး အလုံအလောက် မပါဘူး။"
မိုးလက်ဖက်ရည်မှာ အံ့ဩသွားခဲ့သည်။ ထို့နောက် သူမ စောနက မာနကြီးနေသော လူဆိုးသုံးဦးက သူတို့၏ နေရာများတွင် နာခံစွာ ထိုင်နေသည်ကို သတိပြုမိသွားသည်။
ရှားလော့ခ် ဆက်ပြောသည်။ "ကျေးဇူးတင်ပါတယ်၊ မင်း ထွက်သွားနိုင်ပြီ။"
"အိုး၊ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အရှင့် လက်ဖက်ရည်ကို သုံးဆောင်ပါ။"
မိုးလက်ဖက်ရည်က နှုတ်ဆက်ပြီး အလျင်အမြန် ထွက်ခွာ သွားခဲ့သည်။
ခေါင်းလောင်းသံ တစ်ချက် မြည်သွားသည်။
တစ်ယောက်ယောက်က ကဖေးတံခါးကို တွန်းဖွင့်လိုက်သည်။
ကြောင်ဆီးကဖေးမှာ ဗင်းနစ်ရှိ ဂိမ်းမာများ၏ ရဲတင်းသော စွန့်စားမှု တစ်ခုလည်း ဖြစ်၏။
ကဖေး၏ အရွယ်အစားမှာ သေးငယ်ပြီး စီးပွားရေး လည်ပတ်မှုမှာလည်း ကောင်းမွန်ခြင်း မရှိခဲ့ပေ။
ဒုတိယ ဖောက်သည် တစ်ဦး အချိန်တိုအတွင်း ဝင်လာသည့်အခါ ကဖေးပိုင်ရှင်များ အံ့ဩသွားကြသည်။
"ကြိုဆိုပါတယ်။"
မိုးလက်ဖက်ရည်က ဖောက်သည်ကို နှုတ်ဆက်ရန် ရှေ့သို့ ထွက်လာသည်။ သူမ မနှုတ်ဆက်ရသေးမှီ ဖောက်သည်က သူ၏ လက်စေးကပ်ကပ်ကြီးကို မြှောက်ကာ ပြောလိုက်သည်။ "ငါက မင်းဆိုင်ရဲ့ ဖောက်သည် မဟုတ်ဘူး၊ ငါက တစ်ယောက်ယောက်ကို ရှာဖို့ ဒီကို ရောက်လာတာ။"
၎င်းမှာ မီးခိုးရောင် အနောက်တိုင်း ဝတ်ရုံရှည် တစ်ထည် ဝတ်ထားသော ခေတ်ဆန်သည့် ရွှံ့ဗွက် မွန်းစတား တစ်ကောင် ဖြစ်၏။
ရွှံ့ဗွက် မွန်းစတားမှာ ကဖေးအတွင်းသို့ လူးလွန့် ဝင်ရောက်သွားပြီး "ဗွက်ထသံ"များ မြည်နေသည်။ သူ သွားရာလမ်းတွင် ဂျယ်လီကဲ့သို့သော ကြည်လင်စေးကပ်သည့် အရည်စီးကြောင်း တစ်ခု ကျန်ခဲ့သည်။
မိုးလက်ဖက်ရည်မှာ ရွှံ့ဗွက် မွန်းစတား ဖြတ်သန်းသွားသည်ကို စောင့်ဆိုင်းပြီး ကျန်ခဲ့သော လမ်းကြောင်းရာများကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
သူမ ၎င်းကို မည်သို့ သန့်ရှင်းရေး လုပ်ဆောင်ရမည်နည်း။
ရွှံ့ဗွက် မွန်းစတားက ရှားလော့ခ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ အနောက်တိုင်း ဝတ်ရုံအတွင်းမှ မျက်လုံးတစ်စုံ ပေါ်လာပြီး အသံ တစ်ခုက စပြောသည်။ "ငါ အရှင့်ကို မမှတ်မိလို့နီးပါးပဲ အရှင်ရှားလော့ခ်။"
ရွှံ့ဗွက် မွန်းစတားက ပတ်ပတ်လည် ကြည့်ကာ ဆက်ပြောသည်။ "ဘာဖြစ်လို့ အရှင် ဒီကဖေးမှာ ရှိနေတာလဲ။"
ရှားလော့ခ် နောက်သို့ မှီချကာ ပြောသည်။ "ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘေးကင်းတဲ့ နေရာ တစ်ခု ဖြစ်နေလို့ပဲ။ တခြားသူတွေ ကြားဖြတ် နားထောင်ဖို့ အခွင့်အရေး မရှိဘူး။"
"တစ်ယောက်ယောက်က အရှင့်စကားကို ကြားဖြတ် နားထောင်နေတာလား။"
"နမူနာပြောပြမယ်ကွာ။ ငါ့ နောက်က ဂနိုမ်းဆို ဆိုဖာကို မှီပြီး ခိုးနားထောင်နေတယ်။ ဒါက ကြားဖြတ်နားထောင်ခြင်းရဲ့ အပေါစားနည်းလမ်း တစ်ခုပဲ။"
ရွှံ့ဗွက် မွန်းစတားမှာ အံ့ဩ သွားခဲ့သည်။ သူက သူ့ကိုယ်သူ မတ်ကာ နောက်ဆိုဖာကို ကြည့်လိုက်သည်။
ခေါင်းပေါ်တွင် "ဂနိုင်သား" ဟူသော စာလုံးရှိသော ဂနိုမ်းတစ်ဦးက ဆိုဖာပေါ်တွင် လှဲနေသည်။ သူက ရှားလော့ခ် စကားကို ကြားသော် ချက်ချင်း ထရပ် လိုက်သည်။
သူက လေတချွန်ချွန်ဖြင့် ဘေးမှ ဖြတ်သွားသည်။ ရှားလော့ခ်နှင့် ရွှံ့ဗွက် မွန်းစတားတို့ သူ့ကို စိုက်ကြည့် နေသည်ကို မြင်သော် သူ ပြောလိုက်သည်။ "ငါ ခိုးနားထောင်နေခဲ့တာ မဟုတ်ဘူးနော်။"
ရွှံ့ဗွက် မွန်းစတား ထရပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ကျယ်ပြန့် လာခဲ့သည်။ လေချွန်နေသော ဂနိုင်သားမှာ အကောင်ကြီးလာသော ရွှံ့ဗွက် မွန်းစတားကို အံ့ဩတကြီး ကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ အော့ဖ်လိုင်း ဆင်းသွားခဲ့လေပြီ။
ရွှံ့ဗွက် မွန်းစတားမှာတော့ လဲကျသွားသော ဂနိုမ်းကို အံ့ဩတကြီး ကြည့်လိုက်သည်။ ထို့နောက် သူ ရှားလော့ခ် ပြောသည်ကို ကြားလိုက် ရသည်။ "သူ့ကို စိတ်မပူပါနဲ့။ သူ ဒီအတောအတွင်း အွန်လိုင်း ပြန်တက်လာမှာ မဟုတ်ဘူး။"
"အွန်လိုင်းလား။"
"ငါက ပြန်နိုးထလာမှာကို ပြောတာ။"
ရွှံ့ဗွက် မွန်းစတားမှာ ရှားလော့ခ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ပြန်ထိုင်ချကာ သူ့ လက်နှစ်ဖက်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှံ့များက စားပွဲပေါ်သို့ ယိုကျသွားပြီး "တတောက်တောက်" အသံ မြည်သွားသည်။ ပိုနေသော ရွှံ့ကြည်များ ရှားလော့ခ်၏ ခွက်ဘက်သို့ ပျံသွားသည်။
ရှားလော့ခ်က လက်မြှောက်ကာ ခွက်ကို နောက်ဘက် ဆွဲလိုက်သောကြောင့် ရွံ့စက်များက ခွက်နောက်ဘက်သို့သာ ကျသွားခဲ့သည်။ မည်သည့်အရာမျှ ခွက်ထဲ မဝင်လိုက်ပေ။
"အသေးအဖွဲ ကိစ္စရပ်တွေကို ဘေးချိတ်ထားလိုက်။ မင်းမှာ ဘာသတင်း အချက်အလက် အသစ်တွေ ရှိလဲ။" ရှားလော့ခ်က ရွှံ့ဗွက် မွန်းစတားကို ကြည့်ရင်း မေးလိုက်သည်။
"ကျွန်တော့်မှာ ဒန်ဂျင်အရှင်အသစ် အလက်ဇန္ဒရီယားနဲ့ ပတ်သက်တဲ့ သတင်း ရှိတယ်။ အရှင်ရှားလော့ခ် သိချင်လား။"
ရှားလော့ခ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ပြောကွာ။ အလက်ဇန္ဒရီယားက ဆောင်းတောင်ကုန်းမြို့ကို အရင်က ရောက်လာဖူးတယ်ဆိုတော့ ငါ သူ့နဲ့ နှစ်ကြိမ် ဆုံခဲ့ဖူးတယ်။ မင်းမှာ သူ့အကြောင်း ဘာသတင်း အချက်အလက်တွေရှိနေလဲ။"
"အင်း" ရွှံ့ဗွက် မွန်းစတားက သတိကြီးစွာ ဘေးပတ်ပတ်လည် ဝေ့ကြည့်ရင်း ပြောသည်။ ထို့နောက် သူက ကိုယ်ယိမ်းကာ သူ့ခန္ဓာကိုယ်ထဲမှ စိန်ပွင့်ပုံသဏ္ဌာန် ဖန်လုံး တစ်ခုကို ထွေးထုတ်လိုက်သည်။
ဖန်လုံးမှာ စေးကပ်သော အရည်များဖြင့် စိုစွတ်နေသဖြင့် စားပွဲပေါ်တွင် ရေအိုင်ငယ် တစ်ခုပင် ဖြစ်လာသည်။
"ဒါက ကျွန်တော့် ဖောက်သည်က ကျွန်တော့်ကို ပေးခဲ့တဲ့ ပစ္စည်းပါ။ ဒါကို အလက်ဇန္ဒရီယားရဲ့ ရတနာ သိုလှောင်ခန်းကနေ ယူလာခဲ့တယ်လို့လည်း ပြောကြတယ်။"
"အလက်ဇန္ဒရီယားရဲ့ ရတနာသိုလှောင်ခန်းတဲ့လား။ သူမှာ ရှိတယ်မှန်းတောင် မသိခဲ့ရဘူးရော။" ရှားလော့ခ် ခေါင်းညိတ်ကာ အတွေးနက် နေခဲ့သည်။
ပိုလီယိုက အနား ကပ်လာပြီး စိန်ပွင့်ပုံသဏ္ဌာန် ဖန်လုံးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူက လျှို့ဝှက် ဆန်းကြယ်သော အသံဖြင့် ပြောလိုက်သည်။ "ဒီ... ဖန်လုံးက အမှောင်ထုနဲ့ ပြည့်နေတယ် မြောင်။"
ဖီးနစ်က အတောင်ပံ ခတ်ကာ စားပွဲပေါ်တွင် ဆင်းသက်ပြီး ဖန်လုံးကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်သည်။ ထို့နောက် သူက အံ့ဩတကြီး ပြောလိုက်သည်။ "ဒါ... ဒါက။"
လက်သည်း တစ်ခု ဆန့်ထွက်လာပြီး စိန်ပွင့်ပုံဖန်လုံးကို ဆုပ်ကာ ကြက်ဥခေါင်းက ၎င်းကို သူ့ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သူ၏ သွားများဖြင့် ဖန်လုံးကို သူ၏ ပါးစပ်အတွင်းပိုင်းသို့ ထိုးထည့်လိုက်သည်။
ထို့နောက် အက်ကွဲသံများ ထွက်လာသည်။ ကြက်ဥခေါင်းက ဖန်လုံးကို အပိုင်းပိုင်းအစစ ဝါးစားလိုက်သည်။
ကြက်ဥခေါင်းမှာ သူက အနက်ရောင် ဖန်လုံးအား တစ်စစီ ခွဲနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူ အပိုင်းအစများကို ပြန်ထွေးထုတ်ကာ စိုးရိမ်တကြီး ပြောသည်။ "အဲ... ဒါက ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ်ဘူးနော်။"
အနက်ရောင် မြူခိုးများက ဖန်လုံး အပိုင်းအစများဆီမှ ပျံ့ထွက်လာသည်။
မြူခိုးမှ အသံ တစ်ခု ထွက်လာသည်။ "အာ... ငါ လွတ်မြောက်ခဲ့ပြီ... သေဆုံးသွားပြီ။"
ထို့နောက် ခပ်အုပ်အုပ် အော်သံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် မြူခိုး ပျောက်ကွယ် သွားခဲ့သည်။
၎င်းက ထူးဆန်းသော ဖြစ်စဉ် တစ်ခု ဖြစ်သော်လည်း ရင်းနှီးနေသလိုပင်။
"အဲ့ဒါ မင်းရဲ့ အစ်ကိုလား။" ဖီးနစ်က ပိုလီယိုကို ကြည့်ရင်း မေးလိုက်သည်။
နတ်ဆိုး နတ်ဘုရား ၇၂ ပါးထဲမှ တစ်ပါးအနေဖြင့် ပိုလီယိုထံတွင် ထိုသို့သော မြူခိုးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။
ထိုမြူခိုးက ပိုလီယို၏ စွမ်းရည်နှင့် ပုံစံချင်း ဆင်တူ၏။ သို့သော် ထိုမြူခိုးမှာ ဖန်လုံးအပြင်ဘက်တွင် အချိန်ကြာမြင့်စွာ မရှင်သန်နိုင်ပေ။
"ဘာဖြစ်နေတာလဲ မြောင်။ အဲ့ဒီ အလက်ဇန္ဒရီယားက ငါ ရှိမှန်း မသိတဲ့ အစ်ကိုတစ်ယောက်ကို ဖမ်းထားခဲ့တာလား မြောင်။" ပိုလီယိုက ကျယ်လောင်စွာ အော်ပြောသည်။
"မင်းရဲ့ လက်အောက်ငယ်သားတွေက ဘာဖြစ်နေ တာလဲ။"
ရွှံ့ဗွက် မွန်းစတားက ရှားလော့ခ်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သော်လည်း ရှားလော့ခ်မှာတော့ စိတ်မဝင်စားခဲ့ပေ။ ရှားလော့ခ်က လက်ဝှေ့ယမ်းလိုက်ရာ နဂါးနက်၊ ကြောင်နက်နှင့် ကြက်တူရွေးတို့က ဆိုဖာဆီသို့ လွင့်ထွက် သွားကြသည်။
"သူတို့က တော်တော်လေး ပြဿနာရှာကြတယ်။" ရှားလော့ခ်က အသာပြုံးရင်း ပြောသည်။
"အလက်ဇန္ဒရီယားက နတ်ဆိုးဘုရား ၇၂ ပါးရဲ့ စွမ်းဆောင်ရည်တွေကို သုတေသန လုပ်နေတယ်လို့ မင်း ပြောချင်တာလား။"
"ဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့ အဓိကရည်မှန်းချက် မဟုတ်သေးဘူး။ အနက်ရောင် မြူခိုး ပြောင်းနိုင်စွမ်းအပြင် အလက်ဇန္ဒရီယားက ကြောက်မက်ဖွယ် အဖြစ်အပျက် တစ်ခု စီစဉ်နေသေးတယ်။"
ရွှံ့ဗွက် မွန်းစတားက ကိုယ်ကိုင်းလိုက်ကာ ရှားလော့ခ် အနီးသို့ ချဉ်းကပ် သွားသည်။
ရွှံ့ဗွက် မွန်းစတားက ကိုယ်ကို ဆန့်ထုတ်လိုက်သဖြင့် စေးကပ်ကပ် အရည်စီးကြောင်း တစ်ခု ကျန်ခဲ့သည်။
ရွှံ့ဗွက် မွန်းစတားက ခပ်တိုးတိုး ကပ်ပြောသည်။ "သူက မိုက်ကယ်အိန်ဂျယ်လိုကို ပြန်အသက်သွင်းချင်နေတာ။"
"နေပါဦး၊ သူက မိုက်ကယ်အိန်ဂျယ်လိုကို ပြန်ရှင်သန် စေချင်တာလား။ အဲ့ဒါက နတ်ဆိုးဘုရား ၇၂ ပါးနဲ့ ဘာဆိုင်နေလို့လဲ။" ဖီးနစ်က အတောင်ပံ ခတ်ကာ အံ့ဩတကြီး မေးသည်။
ရွှံ့ဗွက် မွန်းစတားက ပြန်ပြောသည်။ "မိုက်ကယ်အိန်ဂျယ်လိုကို ပြန်လည် ရှင်သန်စေခြင်းရဲ့ လျှို့ဝှက်ချက်ကို အဖြေထုတ်ဖို့ နတ်ဆိုးဘုရား ၇၂ ပါးရဲ့ စွမ်းဆောင်ရည် တစ်ခုစီတိုင်းကို လိုအပ်တယ်။ နတ်ဆိုးဘုရား ၇၂ ပါးရဲ့ စွမ်းဆောင်ရည် အားလုံး စုစည်းမိတဲ့ အခါကျရင် သူတို့ မိုက်ကယ်အိန်ဂျယ်လိုကို ပြန်ပြီးတော့ အသက်သွင်းနိုင်တယ်။"
ဖီးနစ်နှင့် ပိုလီယိုတို့ နှစ်ဦးလုံး စိတ်ရှုပ်ထွေးသွားကြသည်။