← Chapters

အကောက်ကြံမှုနှင့် အမှန်တရား

Vol. 39 Ch. 586

အကောက်ကြံမှုနှင့် အမှန်တရား

Vol. 39 Ch. 586

ဒန်ဂျင်အရှင် အလက်ဇန္ဒရီယားက ထာဝရတိုင်းပြည်မှ သတ္တဝါများ၏ နှောင့်ယှက်မှုကို စိတ်မဝင်စားပေ။

သတ္တဝါများက အရှင်ရှားလော့ခ် အမိန့်ဖြင့် ဒန်ဂျင်အရှင် ခန်းမဆောင်ကို ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသော်လည်း အလက်ဇန္ဒရီယားမှာ ထိုကိစ္စကို ကိုင်တွယ်ရန် ရည်ရွယ်ချက် မရှိပေ။ ယင်းအစား သူက ခွင့်ပြုပေးထားခဲ့သည်။

သူက မသိယောင် ဆောင်နေခဲ့သည်။

ဒီနေ့က ဗင်းနစ်တွင် ငြိမ်းချမ်းသော နေ့တစ်နေ့ ဖြစ်၏။ သို့သော် မြို့ခံများမှာ ကပ်ဆိုး တစ်ခု သူတို့အပေါ် ကျရောက်လာနေကြောင်း မသိကြပေ။

အနက်ရောင် မြူခိုးများက ဒန်ဂျင်အရှင် ခန်းမဆောင်မှ ပျံ့ထွက်လာသည်။

မြူခိုးများ ပျံ့သွားသည်နှင့်အမျှ ပျော်ရွှင်စွာ အလုပ်,လုပ်နေသော မြို့ခံများ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

သတ္တဝါ များစွာမှာ ဤမြင်ကွင်းနှင့် အကျွမ်းတဝင် ရှိနေကြသည်။

လွန်ခဲ့သော တစ်နှစ်အကြာကလည်း ရှေးဟောင်း နတ်ဘုရားများ စစ်တပ်က ဆောင်းတောင်ကုန်းမြို့ကို ထိုကဲ့သို့ တူညီသော နည်းလမ်း အသုံးပြု၍ ကျူးကျော်ခဲ့သည်။

ဒန်ဂျင်အမြုတေကို ထိုမြူများ ဖုံးအုပ်သွားပြီး နောက်တွင် ဆောင်းတောင်ကုန်းမြို့ တစ်ခုလုံးက ရှေးဟောင်း နတ်ဘုရားများ စစ်တပ်၏ ခံတပ် တစ်ခု ဖြစ်သွားသည်။

သတ္တဝါ များစွာမှာ စိုးရိမ်နေကြသည်။ ဗင်းနစ်အစောင့်များပင်လျှင် ဒန်ဂျင်အမြုတေ ဘာဖြစ်သွားသည်ကို သိနိုင်ရန် အလျင်အမြန် ချဉ်းကပ်သွားကြသည်။

သို့သော် မြူခိုးမှာ ထူထဲပြီး အစွမ်းထက်လှ၏။ အစောင့်များ ပြန်တုံ့ပြန်ရန် အချိန်မရမီ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ဒေသခံများစွာက ကုန်သည် မဟာမိတ် အဖွဲ့ဆီ အကူအညီတောင်းစာများ ပို့ခဲ့ကြသည်။ သို့သော် ကုန်သည် မဟာမိတ် အဖွဲ့မှာတော့ ထိုစာများကို လက်ခံရရှိခြင်း မရှိခဲ့ပေ။ ဤသည်မှာ နောက်ထပ် ပြဿနာ တစ်ခု ဖြစ်၏။

ဒန်ဂျင်အရှင် ခန်းမဆောင်အတွင်းတွင် အလက်ဇန္ဒရီယားက အနက်ရောင် မြူခိုးတွင် လေတချွန်ချွန်ဖြင့် လျှောက်သွားနေသည်။ သူက စိုးရိမ်နေပုံ မပေါ်ပေ။ ယင်းအစား သူက ဝမ်းသာနေပုံပင် ရ၏။

အလက်ဇန္ဒရီယား နောက်တွင်တော့ ရွှံ့ဗွက် မွန်းစတား အိမ်တော်ထိန်း တစ်ဦးနှင့် ချပ်ဝတ် ဝတ်ဆင်ထားသော ဂနိုမ်း တစ်ဦး ရှိနေကြသည်။

ဂနိုမ်း ဝတ်ဆင်ထားသော ချပ်ဝတ်မှာ အလွန် အထက်တန်းကျပုံ ပေါ်သည်။ မြောက်ပိုင်း မြေအောက်လောက၏ တရားသူကြီး တစ်ဦးသာလျှင် ထိုသို့သော ချပ်ဝတ်ကို ဝတ်ဆင် နိုင်ပေလိမ့်မည်။

ရွှံ့ဗွက် မွန်းစတားက အလက်ဇန္ဒရီယားအား ပြောသည်။ "အရှင် အလက်ဇန္ဒရီယား၊ ကျွန်တော်တို့ အစီအစဉ်က အဆင်ပြေပြေ ဖြစ်နေပါတယ်။ အရှင်က ထာဝရတိုင်းပြည်ကို အသုံးချပြီး ထာဝရမီးလျှံရဲ့ အင်အားကို လျှော့ချပစ်ခဲ့တယ်။ အရှင်က အရှင်နဲ့ ပြိုင်နေတဲ့ နတ်ဆိုးဘုရင် မမ်မွန်ကိုလည်း ဖြေရှင်းပြီးသွားပြီ။ အခု ကျွန်တော်တို့ကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး။"

"ရှက်ဖို့တောင် ကောင်းတယ်။ အဲ့ဒီ အရူးလူစီဖာက သူ့ရန်သူက အရှင်ရှားလော့ခ်လို့ ထင်နေရှာတာ။ ငါက လူစီဖာနဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေခဲ့တာကို။" မြောက်ပိုင်း မြေအောက်လောက၏ တရားသူကြီးက ပြောသည်။

အလက်ဇန္ဒရီယားမှာ သူ့ကို ပြန်မတုန့်ပြန်ပေ။ သူက ဒန်ဂျင်အရှင် ခန်းမဆောင်မှ ထွက်ခွာပြီးနောက် ရပ်လိုက်သည်။

သူ့ ရှေ့တွင်မူ ခေါင်းပေါ်အစိမ်းရောင် သင်္ကေတများ ရှိသော ဂိုဘလင်များ၊ ဂနိုမ်းများနှင့် အော့ခ်အုပ်စု တစ်စု ရှိနေသည်။

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာဖြစ်လို့ သူတို့ကျ အကျိုးသက်ရောက် မခံရတာလဲ။"

ရွှံ့ဗွက် မွန်းစတားက သတ္တဝါအုပ်စုကို အံ့ဩတကြီး ကြည့်ရင်း ပြောလိုက်သည်။

သူတို့က ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဖြစ်ကြ၏။

သူကောင်းမျိုး ဂနိုမ်းမှာလည်း သူ့လက်နက်ကို ထုတ်လိုက်သည်။

အလက်ဇန္ဒရီယားသာလျှင် စိတ်အေးလက်အေး ဖြစ်နေပုံပင်။ သူက အောင်ပွဲအတွက် ယုံကြည်မှု ရှိနေသည်။

အုပ်စုထဲမှ ဆူညံသံများ ထွက်လာပြီး ဂိမ်းမာများက အရပ်ရှည်ရှည် ပုံရိပ် တစ်ခု ရှေ့ထွက်လာနိုင်ရန် လမ်းဖယ် ပေးလိုက်ကြသည်။

ပုံရိပ်နောက်တွင်မူ ဂိမ်းမာများသာ ရှိကြသည်။

ထိုပုံရိပ်မှာ အထက်တန်းစား နတ်ဆိုးရှားလော့ခ်ပင်။

"ငါ မင်းကို ခန့်မှန်းမိသားပဲ၊ ဒါပေမဲ့ မင်းကို တကယ် ဒီမှာတွေ့ရတော့ ငါ အံ့ဩမိနေတုန်းပဲ အရှင်ကြက်သွန်ခေါင်း။" ရှားလော့ခ်က တရားသူကြီး ချပ်ဝတ် ဝတ်ထားသော ဂနိုမ်းအား လှမ်းပြောသည်။

တရားသူကြီး ကြက်သွန်ခေါင်းက ဆောင်းတောင်ကုန်းမြို့၏ ဒန်ဂျင်အရှင်ဟောင်း ဖြစ်ခဲ့သည်။

ကြက်သွန်ခေါင်းက မျက်နှာဖုံးကို ချွတ်ချလိုက်သည်။ သူက ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အံ့ဩသွား လိမ့်မည်ဟု ထင်ထားသော်လည်း ဂိမ်းမာများမှာတော့ ကြက်သွန်ခေါင်းကို ကြောင်ငေးလျက်သာ ကြည့်နေကြသည်။ သူတိုတွင် ခံစားချက် မရှိနေကြပုံပင်။

အလက်ဇန္ဒရီယားက လက်ခုပ်တီးကာ ပြုံးရင်း ပြောလိုက်သည်။ "မင်းက တကယ်ပဲ အရည်အချင်းရှိတယ် အရှင်ရှားလော့ခ်။"

အလက်ဇန္ဒရီယားက တိုက်ခိုက်ရန် ကိုယ်ဟန် ပြင်လိုက်သော်လည်း ရှားလော့ခ်က လက်ကို မြှောက်ကာ ဖြတ်ပြောသည်။ "ခဏနေဦး။"

"အဲ။"

"ငါ ငါ့ရဲ့ ဇာတ်လမ်းပိုင်း အန်နီမေးရှင်းကို အပြီးသတ်ရဦးမယ်။"

ထို့နောက် ရှားလော့ခ် ဆက်ပြောသည်။ "လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဆောင်းတောင်ကုန်းမြို့ရဲ့ ကပ်ဆိုက်ကာလအတွင်းမှာ ဒန်ဂျင်အမြုတေက ရှေးဟောင်း နတ်ဘုရားတွေရဲ့ တီးတိုးသံတွေ ပါတဲ့ မြူခိုးတွေ လွှင့်ထုတ်ခဲ့တယ်။ ငါက အဲ့ဒါကို ငါ့အတန်းဖော်ဟောင်း ရေဘဝဲလုံးက လုပ်ခဲ့တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ရေဘဝဲဘောလုံးက ကြိုးကိုင်ခံခဲ့ရတာ သက်သက်ပဲဆိုတာ သိပ်မကြာသေးမီကမှ ငါ သိသွားတယ်။ တကယ့် နောက်ကွယ်က လက်မဲကြီးက ကြက်သွန်ခေါင်းပဲ။"

"ဒါပေမဲ့ ကြက်သွန်ခေါင်းက အဓိက ကြိုးကိုင်ရှင်တော့လည်း မဟုတ်သေးဘူး။ အဓိက ကြိုးကိုင်ရှင်က ဆောင်းတောင်ကုန်းမြို့ကို တစ်ကြိမ် လာလည်ဖူးတဲ့ အလက်ဇန္ဒရီယားပဲ။ အလက်ဇန္ဒရီယားက ဆောင်းတောင်ကုန်းမြို့ကို လာမလည်ပတ်မီ ဒန်ဂျင်အရှင် ကြက်သွန်ခေါင်းက အလက်ဇန္ဒရီယားရဲ့ သိမ်သွင်းတာကို ခံခဲ့ရတယ်။ ပိုပြီး တိတိကျကျ ပြောရရင် ကြက်သွန်ခေါင်းက အလက်ဇန္ဒရီယား နောက်က ရှေးဟောင်း နတ်ဘုရားတွေရဲ့ သိမ်သွင်းတာကို ခံခဲ့ရတာ။

"ဒါကြောင့် မင်းက မြင့်မြတ်သော အလင်းတန်းစွမ်းအားကို ကိုးကွယ်နေခဲ့တဲ့ မင်းရဲ့ သားမက် သားရဲကောင်ကို နှင်ထုတ်ခဲ့တာ။ မြင့်မြတ်သော အလင်းတန်းစွမ်းအားက ရှေးဟောင်း နတ်ဘုရားတွေအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်စွမ်း ရှိတယ်။ ထို့ကြောင့် မင်းက မင်းရဲ့ သားမက် သားရဲကောင်ကို သဘောမကျဘူး။

"မင်း ဆောင်းတောင်ကုန်းမြို့ကို တိုက်ခိုက်ရတာက ရည်ရွယ်ချက် ရှိတယ်၊ ကုန်သည် မဟာမိတ်အဖွဲ့နဲ့ နတ်ဆိုးဘုရင် ခုနစ်ပါးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ပဲ။"

ရှားလော့ခ် အလျင်အမြန် ဆက်ပြောသည်။ "ရှေးဟောင်း နတ်ဘုရားတွေက ဗင်းနစ်ဒန်ဂျင်ကို အသုံးချပြီး အချုပ်အနှောင်ကနေ ဖောက်ထွက်ဖို့ ရည်ရွယ်ထားခဲ့ကြတာ။ အဲ့ဒါကို အာရုံလွှဲပေးဖို့ မင်းက ဆောင်းတောင်ကုန်းမြို့ကို ဝင်တိုက်ခိုက်တာ။"

"ထာဝရတိုင်းပြည်နဲ့ ငါသာ မရှိခဲ့ရင် ဆောင်းတောင်ကုန်းမြို့ရဲ့ ကပ်ဆိုးကို ကုန်သည် မဟာမိတ် အဖွဲ့က ကိုင်တွယ်ဖြေရှင်းရမှာပဲ။ ဒါပေမဲ့ နတ်ဆိုးဘုရင် မမ်မွန်ရဲ့ လောဘကြောင့် သူက ဗင်းနစ်နားက ရတနာကို ရှာတွေ့သွားတယ်။ အဲ့ဒီရတနာက ရှေးဟောင်း နတ်ဘုရားတွေရဲ့ ရှေးဦးဒန်ဂျင်အမြုတေပဲ။

"မင်းက ဒန်ဂျင်အမြုတေကို မမ်မွန် သိမ်းပိုက်သွားမှာ မစိုးရိမ်ပေမဲ့ သူက ဗင်းနစ်ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားမှာကိုတော့ စိုးရိမ်တယ်။

"ဒါကြောင့်မို့လို့ပဲ မင်းက လယ်ယာပိုင်ရှင်ကို ငါ့ စွန့်စားသူအစည်းအရုံးကနေ အကူအညီ တောင်းဖို့ ကူညီပေးခဲ့တာ၊ အဲ့လိုလုပ်ပြီး ငါ့ကိုပါ ဆွဲထည့်ဖို့ ရည်ရွယ်ခဲ့တာ။ တကယ်တော့ ငါက ငွေရဲ့ ဆွဲဆောင်မှုကြောင့် ဝင်ပါခဲ့တာ သက်သက်ပဲ။"

"အဲ့ဒီနောက် ငါ မမ်မွန်နဲ့ ပဋိပက္ခဖြစ်ပြီး အချင်းချင်း တိုက်ခိုက်လု နီးပါး ဖြစ်ခဲ့တယ်။ ကံကောင်းထောက်မစွာပဲ အဲ့ပြဿနာက ပြေလည်သွားခဲ့တယ်။ ငါ တစ်ချက် စဉ်းစားလိုက်ဦးမယ်။"

ရှားလော့ခ်က ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောသည်။ "ဟုတ်သား၊ နတ်ဆိုးဘုရင် ခုနစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ဆာမေးလ်က မင်းတို့ထဲက တစ်ယောက် ဖြစ်လာခဲ့ပြီပဲ။ ဆောင်းတောင်ကုန်းမြို့ကို တိုက်ခိုက်တုန်းက ငရဲဘုံ စီမံခန့်ခွဲရေးကို အာရုံလွှဲပြီး သူက မင်းတို့ကို ကာကွယ်ပေးခဲ့တာ။"

"မင်းတို့ရဲ့ ကြိုးပမ်းမှု အားလုံးအတွက် မင်းတို့ရဲ့ အဓိကရည်မှန်းချက်က...။"

ရှားလော့ခ် ဗင်းနစ်အောက်က မြေကို ညွှန်ကာ ပြောလိုက်သည်။ "မိုက်ကယ်အိန်ဂျယ်လိုရဲ့ သင်္ချိုင်းမြေကို အင်အားရင်းမြစ်အဖြစ် အသုံးချ၊ ရှေးဟောင်း နတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ပြီး သူတို့ကို လွှတ်ပေးဖို့ပဲ။ ငါ မှန်းတာမမှားရင် ဗင်းနစ်ရဲ့ ဒန်ဂျင်အမြုတေက ပြုပြင်မွမ်းမံ ခံထားရပြီးပြီ။ အချိန်အခါကျရင် အဲ့ဒါကို မိုက်ကယ်အိန်ဂျယ်လိုရဲ့ အင်အားကို စုပ်ယူဖို့ ဖွင့်လိုက်လိမ့်မယ်။"

"ဒါပေမဲ့ လိုအပ်ချက် တစ်ခုတော့ ရှိတယ်။ မင်းတို့က မိုက်ကယ်အိန်ဂျယ်လိုကို အရင်ဆုံး အသက်ပြန်သွင်းပေးနိုင်ဖို့ လိုနေတယ်။ ဒါကြောင့်မို့ပဲ မင်းတို့က နတ်ဆိုး ၇၂ ပါးရဲ့ စွမ်းဆောင်ရည်တွေကို သုတေသန လုပ်နေကြတာ။

"နတ်ဆိုး ၇၂ ပါးရဲ့ ပေါင်းစပ်အင်အားနဲ့မှပဲ မိုက်ကယ်အိန်ဂျယ်လိုက ပြန်ရှင်သန် လာလိမ့်မယ်။"

ရှားလော့ခ် လက်ခုပ်တီးကာ ပြုံးရင်း ပြောလိုက်သည်။ "ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တဲ့ မိုက်ကယ်အိန်ဂျယ်လိုက ရှေးဟောင်း နတ်ဘုရားတွေရဲ့ အချုပ်အနှောင်တွေကို ဖျက်စီးဖို့ သော့ချက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ မင်းက သူ အဲ့လောက် စွမ်းရည် နိမ့်မယ်လို့ ထင်လား။"

အလက်ဇန္ဒရီယား ရယ်မောကာ ပြောလိုက်သည်။ "ယှဉ်ကြည့်ရင် မိုက်ကယ်အိန်ဂျယ်လိုက ငါ့ထက်တော့ နိမ့်ကျတာပဲ။ ငါသာ ငရဲမှာ အကျဉ်းချ မခံထားရရင် ငါ့ညီ မိုက်ကယ်အိန်ဂျယ်လိုက ကမ္ဘာကြီးကို ဖျက်ဆီးဖို့ အခွင့်အရေး ရလိုက်မှာတောင် မဟုတ်ဘူး။"

ရှားလော့ခ် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ရှေးဟောင်း နတ်ဘုရားတွေက အထက်တန်းစား နတ်ဆိုးတွေနဲ့ ကောင်းကင်ဘုံရဲ့ ပြယုဂ်တွေပဲလေ။ မိုက်ကယ်အိန်ဂျယ်လိုက မြေအောက်လောက,ကိုပဲ ထိန်းချုပ်နိုင်ခဲ့တာကိုး။"

"မိုက်ကယ်အိန်ဂျယ်လိုက နတ်ဆိုးတွေနဲ့ ကောင်းကင်တမန်တွေကို တစ်ချိန်တည်းမှာ ဘယ်တော့မှ မတိုက်ခိုက်ခဲ့ဘူး။ ထို့ကြောင့် သူက ရှေးဟောင်း နတ်ဘုရားတွေထက် အစွမ်းနိမ့်ပုံ ပေါ်တယ်။"

ရှေးဟောင်း နတ်ဘုရား တစ်ပါးဟု အခိုင်အမာဆိုသော အလက်ဇန္ဒရီယားက ပြောလိုက်သည်။ "မင်းရဲ့ ရွေးချယ်မှုကရော ဘာလဲ အရှင်ရှားလော့ခ်။ မင်း ငါတို့နဲ့ ပူးပေါင်းပြီး ငါတို့ထဲက တစ်ယောက် ဖြစ်လာမှာလား။ ဒါမှမဟုတ် မင်း ငါတို့ လက်ထဲမှာ အသေခံမလား။"

ရှားလော့ခ်က လက်မြှောက်ကာ ကြောင်ငေးနေသော ဂိမ်းမာများကို ညွှန်လိုက်သည်။ သူ အသာပြုံးကာ ပြောသည်။ "ငါတော့ စတုတ္ထကပ်ဘေးဘက်ကို ရွေးတယ်။"

အလက်ဇန္ဒရီယားက မျက်မှောင် ကြုတ်ကာ ပြောသည်။ "မင်း ဒီသတ္တဝါတွေက ရှေးဟောင်း နတ်ဘုရားတွေရဲ့ စစ်တပ်နဲ့ တိုက်ခိုက်နိုင်မယ်လို့ ထင်တာလား။ သူတို့မှာ ပြန်လည် ရှင်သန်နိုင်စွမ်း ရှိနေရင်တောင်မှ ငါ ချိတ်စည်းကနေ ပြန်လွတ်လာတာနဲ့ သူတို့ရဲ့ ဝိညာဉ်တွေကို ငါ့ရဲ့ စိတ်ညှို့အစွမ်းနဲ့ ထိန်းချုပ်နိုင်တယ်။"

ရှားလော့ခ် ပခုံးတွန့် ပြလိုက်သည်။

အားနာပါသည်၊ ဒါပေမဲ့ စတုတ္ထကပ်ဘေး(ဂိမ်းမားတွေ)မှာ ဝိညာဉ် မရှိပေ။

ရှားလော့ခ် လှည့်ပြန်ရန် ပြင်လိုက်စဉ် အလက်ဇန္ဒရီယားက လှမ်းမေးသည်။ "မင်း အမှန်တရားကို သိထားရဲ့သားနဲ့ ဘာဖြစ်လို့ အစောကတည်းက မတားတာလဲ။ ဘာဖြစ်လို့ မင်း ငါတို့ မှော်ပုံစံကွက်ကို ဖြန့်ကျက်ပြီး မိုက်ကယ်အိန်ဂျယ်လိုကို ပြန်အသက်သွင်းနိုင်မယ့် နည်းလမ်းကို သုတေသန ပြုလုပ်ပြီးတဲ့အထိ စောင့်နေတာလဲ။"

"ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အိန်ဂျယ်လိုက ငါကိုယ်တိုင် ဖြစ်နေလို့ပဲ။ ငါ ဘယ်တုန်းကမှ မသေခဲ့ဘူး အရူးတွေ။"

ရှားလော့ခ်က လက်ဝှေ့ယမ်းကာ ဂိမ်းမာများအား ပြောလိုက်သည်။ "သူတို့ကို ချေမှုန်းကြ။ ဗင်းနစ် တစ်မြို့လုံးက မင်းတို့ရဲ့ လုယူပစ္စည်းတွေပဲ။"

ဂိမ်းမာများ၏ မျက်လုံးများက လောဘရောင် တောက်သွားသည်။

All Chapters