← Chapters

သုတ်သင်ခြင်း၊ အရိုးနတ်ဆိုးအကြီးအကဲ၏ဒေါသ

Vol. 54 Ch. 1006

သုတ်သင်ခြင်း၊ အရိုးနတ်ဆိုးအကြီးအကဲ၏ဒေါသ

Vol. 54 Ch. 1006

ကျန်းချန်ရွှမ်မှထုတ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ၎င်းတို့ပတ်ပတ်လည်ရှိ ကမ္ဘာကို လုံးဝလှုပ်ခါစေခဲ့ပြီး ကောင်းကင်သည် မြေနက်လှံ၏ လှိုင်းတစ်ခုစီဖြင့် ဒေါသထွက် နေသကဲ့သို့ တုန်လှုပ်နေသည့် မုန်တိုင်းတစ်ခုကို ဖန်တီးခဲ့သည် ။

အာကာသရတနာတစ်ခု၏အဆင့်အတန်းသို့မြင့်တက်လာသော မြေနက်လှံသည် ယခုမူ ကြယ်သန်းပေါင်းများစွာ၏အစွမ်းကို ကိုင်စွဲထားပြီး နေရာလပ်ကို လှုပ်ရှားမှုတစ်ခုဖြင့် ချေဖျက်နိုင်လေသည်။

၎င်းတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုသည် အရိုးအထွတ်အမြတ်ဂိုဏ်း၏ ကျင့်ကြံသူများအား အသက်ရှူကြပ်စေခဲ့ပြီး ထိုအင်အားဖြင့်လွှမ်းမိုးခံလိုက်ရလေသည်။

ဝုန်း....

ရွေ့လျားနေသောသံကုလားကာကဲ့သို့ မြေနက်လှံသည် အရိုးစုပုံရိပ်ယောင်နှင့်တိုက်မိခဲ့ပြီး ၎င်း၏ ပြင်းထန်သောအရှိန်ကို ချက်ချင်းရပ်တန့်လိုက်သောကြောင့် ပြင်းထန်သောပေါက်ကွဲသံကို ဖြစ်ပေါ်စေခဲ့သည်။

ထိုပုံရိပ်ယောင်တို့သည် ကျင့်ကြံသူ၏မူလဝိညာဉ်ရတနာနှင့် ဆင်တူကာ ကျယ်ပြန့်သည့် ဓလေ့ထုံးတမ်းများနှင့် ထိန်းချုပ်ရန်အတွက် ဝိညာဉ်များ၏ပေါင်းစည်းမှုလိုအပ်ကာ တန်ဖိုးရှိပစ္စည်းများနှင့် အချိန်တိုင်းပြုစုပျိုးထောင်ရန်လိုအပ်ပါသည်။

သူတို့၏အင်အားသည် အရိုးအထွတ်အမြတ်ဂိုဏ်းမှ နတ်ဆိုးကျင့်ကြံသူများနှင့် ယှဉ်နိုင်ပြီး သာမန်ကျင့်ကြံသူများတစ်ဦးအား သူတို့သည် ပြိုင်ဘက်နှစ်ဦးကိုတိုက်ခိုက်နေရသကဲ့သို့ ခံစားရစေခဲ့သည်။

သို့သော်လည်း ဤအခြေအနေသည် အလားတူအဆင့်ရှိ ကျင့်ကြံရေးသမားများအတွက်သာ အကျုံးဝင်ပါသည်။

ကျန်းချန်ရွှမ်ကဲ့သို့ သူတို့၏အစွမ်းကိုအလွန်ကျော်လွန်ကာ မူလအာကာသရတနာကိုကိုင်ဆောင်သူ အတွက်မူ အရိုးပုံရိပ်ယောင်များသည် သာမန်အရပ်များထပ် ပို၍သာလွန်ခြင်းမရှိပါ။

"အား...အား...အား..။"

မြေနက်လှံ၏ အစွမ်းအောက်တွင် ကင်းခြေများကဲ့သို့သောအရိုးစုပုံရိပ်ယောင်သည် ပျက်စီးနေသောအပျက်အစီးများကဲ့သို့ ကျိုးပဲ့သွားပြီး ၎င်း၏ အရိုးများသည် နေရာလပ်ကို ဖြတ်သန်းသွားလေသည်။

၎င်း၏ခြေထောက်တစ်ထောင်စီသည် မြေနက်လှံကြောင့် ပြိုကွဲပျက်စီးခဲ့ပြီး ဤဆိုးရွားသော အင်အားစု၏တုံ့ပြန်မှုက ၎င်း၏ ထိန်းချုပ်သူအား နာကျင်စွာ အော်ဟစ်စေခဲ့လေသည်။

ထို့နောက် ၎င်း၏ မရပ်မနားတိုက်ခိုက်မှုကိုဆက်လက်လုပ်ဆောင်ရင်း ကြယ်တစ်သန်း၏ ဆင်းသက်လာသောအင်အားဖြင့် အားဖြည့်ထားသောလှံသည် နောက်ထပ်အရိုးစုပုံရိပ်ယောင်သို့ ရွေ့လျားနေစဉ် နေရာလပ်ကိုချိုးဖျက်ခဲ့လေသည်။

ဤမြင်ကွင်းသည် အရိုးအထွတ်အဖြတ်ဂိုဏ်း၏ နတ်ဆိုးကျင့်ကြံသူများမျက်နှာများပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ထိတ်လန့်တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့သော်လည်း ကျန်း၏ တိုက်ခိုက်မှု၏ နှောင့်ယှက်ဖျက်ဆီးနိုင်သော အင်အားသည် ၎င်းတို့အတွက် လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။

ဂျုန်း...

ထပ်မံ၍ မြေနက်လှံသည် ပုံရိပ်ယောင်၏ အရိုးများမှတဆင့်ထိုးဖောက်ခဲ့ပြီး ခိုင်မာသော အရိုးစုဖွဲ့စည်းပုံကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ကျိုးပဲ့ပျက်စီးသော အကြွင်းအကျန်တို့သည် ကျောက်တိုင်ဖြူကဲ့သို့ ပြိုလဲ၍၊ ကြေမွပျက်စီးနေသော အသံများ ထွက်ပေါ်လာခဲ့လေသည်။

ပြင်းထန်သည့်ချိန်းခြောက်မှုသည် နတ်ဆိုးကျင့်ကြံသူ၏မျက်နှာကို ဖြူဖျော့သွားစေပြီး သူ၏အမူအရာသည် နှိပ်စက်မှုကြောင့် ရှုံ့မဲ့နေလေသည်။

အချို့က သူတို့ကြားမှ စွမ်းအားကွာဟချက်ကိုနားလည်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ထိုအတွေးသည် အချည်းနှီးသာဖြစ်သည်။

ခဏအကြာတွင် ၎င်းတို့သည် ကျန်းချန်ရွှမ်၏ အဆက်မပြတ်လိုက်ခြင်းကလွှမ်းမိုးနေပြီး သူ၏လှံမှ ညှာတာမှုမရှိစွာထိုးချခဲ့သည်။

အရိုးအထွတ်အမြတ်ဂိုဏ်း၏နတ်ဆိုးကျင့်ကြံသူများ၏ အစကရဲရင့်မှုသည် ကျန်းချန်ရွှမ်၏ တစ်ခုတည်းသောတိုက်ခိုက်မှုကြောင့် ကွဲကြေသွားခဲ့ပြီး နက်ရှိုင်းသည့်ကြောက်ရွံ့မှုများအား ပြန်လည်ဖြစ်ပေါ်လာစေကာ သူတို့အား လုံးဝစိတ်ဓာတ်ကျစေခဲ့သည်။

သူတို့သည် ကျန်းချန်ရွှမ်၏ လုပ်နိုင်စွမ်းနှင့် သူတို့အကြားအဟန့်အတားကို လျင်မြန်စွာ နားလည်သဘောပေါက်ခဲ့ကြသည်။ သူတို့ဂိုဏ်း၏အကြီးအကဲသည်ပင် ကျန်းချန်ရွှမ်ကို တိုက်ခိုက်လျှင် လှုပ်ရှားမှုဆယ်ကွက်ပင်ကြာနိုင်သည်ဟူသောအတွေးသည် သူတို့ကို ကြောက်ရွံ့စေခဲ့သည်။

အစပိုင်းတွင် ရွှေရောင်အခွင့်အလမ်းဟုထင်ရသည့်အရာသည် ယခုမူ ရူးသွပ်စရာကောင်းသည်ဟု ထင်ရပါသည်။

သို့သော် လောကသည် နောင်တရရန်ရွေးချယ်စရာမရှိဘဲ သူတို့၏နောင်တမှလွဲ၍ ထိုကျင့်ကြံသူများသည် သူတို့၏လောဘ၏ခါးသီးသော အသီးကိုမြိုချရန်သာရှိပြီးး အသက်ကိုပေးရတော့မည်ဖြစ်သည်။

မိုးကောင်းကင်သည်အဖြူရောင်အရိုးအပိုင်းအစများသည် နှင်းပွင့်များကဲ့သို့ဖြစ်နေပြီး ဆောင်းရာသီကဲ့သို့ဖြစ်ကာ ထိုမြင်ကွင်းသည် ငရဲကဲ့သို့စိတ်ပျက်စရာအဖြစ်ပြောင်းလဲခဲ့လေသည်။

ဟင်းလင်းပြင်ထဲတွင် လွှမ်းမိုးစွာ ရပ်နေသည့် ကျန်းချန်ရွှမ်သည် နတ်ဆိုးအုပ်စုအား စောင့်ကြည့်နေခဲ့ပြီး သူ၏အကြည့်သည်စူးရှကာတင်းမာနေလေသည်။

အရိုးအထွတ်အမြတ်ဂိုဏ်းမှ နတ်ဆိုးကျင့်ကြံသူများသည် ဖြူဖျော့နေပြီး သူတို့၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်နေကာ မျက်လုံးများသည် ကြောက်ရွံ့ခြင်းဖြင့် နီရဲနေခဲ့သည်။

"ကျန်း၊ ဂိုဏ်းချုပ်ကျန်း! အသက်ချမ်းသာပေးပါ။ ကျွန်တော်ဘာမဆိုလုပ်ပေးပါ့မယ်။" ထိုအချိန်တွင် နတ်ဆိုးကျင့်ကြံသူတစ်ဦးက ဒူးထောက်ပြီး တုန်လှုပ်နေသော အသံဖြင့် အော်ဟစ်ကာ လုံးလုံးလျားလျား ပြိုလဲသွားခဲ့သည်။

ထိုသူသည် အလွန်ကြောက်ရွံ့ကာ အင်အားကုန်ဆုံးသွားလေသည်။

"အရိုးဖြူ။ မင်းက ငါတို့အရိုးအထွတ်အမြတ်ဂိုဏ်းရဲ့ မြင့်မြတ်တဲ့သားတော်တစ်ဦးဖြစ်ပြီး ငါတို့ ဘိုးဘေးတွေရဲ့အသွေးကို သယ်ဆောင်ထားတယ်။ မင်းက ဒီလိုလုပ်ရဲတယ်ပေါ့။" ၎င်းကိုမြင်သည့် နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်က ဒေါသဖြင့်အော်လိုက်လေသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါမသေချင်ရုံလေးပါ။ ငါမမှားဘူး။" ဂိုဏ်း၏သူတော်စင်သားတော်ဟုခေါ်သောသူသည် ရူးသွပ်တော့မည့်ပုံနှင့် ပြန်အော်ဟစ်လိုက်လေသည်။

၎င်းသည် ကျန်းချန်ရွှမ်အား ဆွံ့အစေခဲ့ပြီး ဤရန်သူများသည် စိတ်ပျက်စရာကောင်းသည်ဟု တွေ့ရှိခဲ့ရလေသည်။

ထိုဂိုဏ်း၏ သူတော်စင်သားတော်ဟုယူဆရသောသူသည် သူ၏မျိုးနွယ်၏ခွန်အားအပေါ်တွင် မှီခိုကာကြီးပျင်းလာခဲ့ပြီး‌ လောက၏ကြမ်းတမ်းမှုကို လုံးဝမသိဘဲ သူ၏ကျင့်ကြံရေးလမ်းကြောင်း သည် အလွန်ချောမွေ့နေခြင်းဖြစ်နိုင်ပါသည်။

သို့သော် ကျန်းချန်ရွှမ်သည် ထိုနတ်ဆိုးကျင့်ကြံသူများ၏စစ်မှန်သည့် သဘာဝကို ကောင်းစွာ သိပါသည်။ သူတို့သည် အပြစ်ကင်းပုံပေါ်လျှင်ပင် ၎င်းသည် ဆိုးယုတ်သည့် အပြစ်ကင်းခြင်းသာ ဖြစ်ပြီး သူတို့သည် ရက်စက်ကြမ်းကြုတ်မှုများကိုကျူးလွန်ခဲ့သည်မှာ သေချာပါသည်။

"ငရဲကိုသွားစမ်း။"

နောက်ထပ်အသနားခံသည်ကို စောင့်ဆိုင်းခြင်းမပြုတော့ဘဲ ကျန်းချန်ရွှမ်သည် ဂရုမစိုက်စွာဖြင့် ပြောဆိုလိုက်ကာ သူ၏မြေနက်လှံအား ရွှေဗလာနယ်ဓားအဖြစ်ပြောင်းလဲလိုက်လေသည်။ ရွှေရောင်အလင်းတန်းသည် နေရာလပ်ကိုဖြတ်၍ ခေါင်းတစ်လုံးသည် မြေကြီးပေါ်သို့ ကျသွားပြီး ဝိညာဉ်သည် ပြိုကွဲကာ ပြန့်ကျဲသွားလေသည်။

သူ၏တာအိုနက်နဲစွမ်းအားအပြည့်အစုံကို စမ်းသပ်ပြီးနောက် ကျန်းချန်ရွှမ်သည် ယခုအခါ ဤနတ်ဆိုးကျင့်ကြံသူများအား သေစေနိုင်သောထိုးနှက်မှုများဖြင့်ကိုင်တွယ်ရန် အမှန်တကယ်ပြင်ဆင်ထားလေသည်။

၎င်းကိုဖျောက်ဖျက်ဖို့ရန် သူသည် ဒုတိယတိုက်ခိုက်မှုပင် မလိုအပ်ခဲ့ပါ။

ထိုမြင်ကွင်းသည် အရိုးအထွတ်အမြတ်ဂိုဏ်းမှ ကျန်ရှိနေသောနတ်ဆိုးကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ဒေါသထွက်ခြင်း၊ ကြောက်ရွံခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြင့် ပြည့်စေခဲ့သည်။

သူတို့၏ကံကြမ္မာသည် ယနေ့တွင်စည်းချခံခဲ့ရပြီဖြစ်သည်ကို သိခဲ့ကြပြီး သူတို့၏ သူတော်စင်အဖွဲ့ဝင်ကွယ်လွန်သွားသဖြင့် ဂိုဏ်းသည် တတိယအဆင့် ဂိုဏ်းတစ်ခုအထိ ကျဆင်းသွားတော့မည်ဖြစ်ပါသည်။

"သူ့ကို အဆုံးထိတိုက်ခိုက်ကြ။ တိုက်ခိုက်ကြ။" နောက်ဆုံးအသည်းအသန် ရုန်းကန်နေရချိန်တွင် ဒေါသနှင့် စိတ်ပျက်အားငယ်မှုတို့ကြောင့် အသက်ရှင်ကျန်ရစ်သော နတ်ဆိုးကျင့်ကြံသူများသည် ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ကြပြီး ကျန်းချန်ရွှမ်ကို တိုက်ခိုက်ကြလေသည်။

ကျန်းချန်ရွှမ်၏ အမူအရာသည် ရွှေဗလာနယ်ဓားကို ကိုင်ဆောင်ကာတည်ငြိမ်နေဆဲဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုဒေသတစ်ခုလုံးသည် ရွှေရောင်ဓားစွမ်းအင်ဖြင့် ပြည့်နှက်နေသော ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ။

အရိုးစုပုံရိပ်ယောင်ဖြစ်စေ၊ တာအိုနက်နဲအဆင့်ရှိ နတ်ဆိုးကျင့်ကြံသူများဖြစ်စေ၊ တာအိုပေါင်းစည်းခြင်းကျင့်ကြံသူများဖြစ်စေ အားလုံးသည် ရွှေလောနယ်ဓားချက်အောက်တွင် အတူတူပင်ဖြစ်ပါသည်။

နာကျင်မှုက မခံစားရမီပင် ပြီးဆုံးသွားခဲ့သည်။

နတ်ဆိုးကျင့်ကြံသူများ၏ ခုခံကာကွယ်ခြင်း ဓမ္မစွမ်းအားနှင့် စည်းမျဉ်းများသည် တစ်ခဏအတွင်း ထိုးဖောက်ဝင်ရောက်လာပြီး နောက်တွင် ရွှေဗလာနယ်ဓား၏ အင်အားသည် ပေါက်ထွက်လာကာ ၎င်းတို့ကို ဘာမှမရှိအောင် ဖျက်ဆီးကာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ဤလောဘကြီးသော နတ်ဆိုးကျင့်ကြံသူများသည် ကျန်းချန်ရွှမ်၏ တာအိုနက်နဲအဆင့်အပြည့်ဝမှ ထုတ်လွတ်သည့် ဖျက်စီးခြင်းအင်အားတစ်ခုတည်းဖြင့် ခုတ်ခံလိုက်ရပြီး‌ချေမှုန်းခံခဲ့ရလေသည်။

တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီဝေးသော မသေမျိုးဂူအတွင်းတွင် အလားတူ နေရာတစ်ခုတွင် နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည် ။

ကြီးမားသောအရိုးစုပုံရိပ်သည် နေရာလပ်ကိုဖြတ်ကာ အဖြူရောင်အကျီကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးကဲ့သို့ဖြစ်နေလေသည်။

သူ၏ မျက်နှာသည် သစ်ပင်အခွံကဲ့သို့ ဖြစ်နေပြီး ပြင်းထန်သော ဒေါသအမျက်ဖြင့် တုန်လှုပ်နေကာ ၎င်းကို ရက်စက်ကြမ်းကြုတ်သည်ဟုသာ ဖော်ပြနိုင်ပါသည် ။

သေစေနိုင်သည့် တိတ်ဆိတ်ခြင်းသည် ပေါက်ထွက်လာသည်နှင့် သူ၏ပတ်ပတ်လည်မှမြေကို သေဆုံးညှိုးနွမ်းစေခဲ့သည်။

"ဘယ်သူလဲ? ဘယ်သူက ငါ့ရဲ့အရိုးအထွတ်အမြတ်ဂိုဏ်းကလက်ရွေးစင်တွေအများကြီးကို သတ်လိုက်တာလဲ? ဘယ်သူလဲ?"

"ငါမင်းကိုဆွဲထုတ်မယ်။ မင်းအရေပြားကိုဆွဲဆုတ်ပြီး မင်းအရိုးတွေကိုဆွဲခွာပြီး မင်းထာဝရ ခံစားရအောင် ရုပ်သေးရုပ်ဖြစ်အောင်လုပ်ပစ်မယ်။"

အဖြူရောင်ဝတ်ဆင်ထားသော အကြီးအကဲက ကြွေးကြော်လိုက်သည်။ သူ၏ မဟာယန တည်ရှိမှုသည် နေရာလပ်ကို ငြင်းမရအောင် တုန်လှုပ်စေပြီး၊ အရိုးအထွတ်အမြတ်ဂိုဏ်း၏ ဘိုးဘေးအဖြစ် သူ၏ ဝိသေသလက္ခဏာကို ထုတ်ဖော်ပြသခဲ့လေသည်။

***

All Chapters