← Chapters

လုယက်ရရှိမှုများကိုစီစဉ်ခြင်း၊ ကျန်းချန်ရွှမ်က လက်ဆောင်များပေးခြင်း

Vol. 54 Ch. 1010

လုယက်ရရှိမှုများကိုစီစဉ်ခြင်း၊ ကျန်းချန်ရွှမ်က လက်ဆောင်များပေးခြင်း

Vol. 54 Ch. 1010

ရှေးဟောင်းနည်းစနစ်တော်တော်များများ၌ ကျောက်စာများနှင့် နက်ရှိုင်းသောဆက်သွယ်မှုရှိကြကာ ထိုမသေမျိုးဂူထဲ၌ ပို၍ ထင်ရှားပါသည်။

ကျန်းချန်ရွှမ် သွားရောက်သည့်စမ်းသပ်မှုနေရာတိုင်းတွင် ဤရှေးဟောင်းကျောက်စာများရှိပါသည်။ မသေမျိုးဂူသို့ဦးတည်သည့် မဟာဂိတ်တံခါးပေါ်မှ ရှေးဟောင်းကျောက်စာများ၊ ဒြပ်စင်ဘီလူးလေးကောင်နေထိုင်ရာနေရာ၏စင်မြင့်၊ သတ်ဖြတ်ခြင်း၇မျိုးအစီအရင်များထိ ရှေးဟောင်းကျောက်စာများ ရှိပါသည်။

ကျောက်စာများရှိသည့်နေရာတိုင်းတွင် မမျှော်လင့်ထားသောအရာတစ်ခုခု အမြဲရှိနေပြီး မကြာခဏဆိုသလို အခွင့်အလမ်းများရှိသည့်နေရာဖြစ်တတ်သည် ။

ရှန်းရူယန်၏ ဖော်ပြချက်များအရ ကျန်းချန်ရွှမ်သည် အလွန်ယုံကြည်စိတ်ချရကြောင်း တွေ့ရပြီး သူမဖော်ပြခဲ့သည့်အတိုင်း မသေမျိုးဂူအတွင်း၌ ကျတ်တည်းမြေရှိနေခြင်းမှာ ၎င်းသည် တကယ့်ကို မယုံနိုင်စရာဖြစ်ပြီး သာမန်အသိစိတ်ကို စိန်ခေါ်နေပါသည်။

ထိုမသေမျိုးဂူသည် ရှေးဟောင်းမသေမျိုးမှဖန်တီးခဲ့ခြင်းဖြစ်ကာ မြက်ပင်တစ်ပင်၊ မြေဆီလွာတစ်လက်မဆီတိုင်းသည် သူ၏ဖန်ဆင်းခြင်းဖြစ်ပါသည်။ ထိုသို့သောအခြေအနေအောက်တွင် မြက်တစ်ပင်မှမပေါက်သည့် ကျယ်ဝန်းသော ကျတ်တီးမြေက မည်သို့ရှိနိုင်ပါမည်နည်း?

ထိုရှေးဟောင်းမသေမျိုးက ထိုသို့သော ကျပ်တီးမြေအား သူ၏ဂူတွင် တည်ရှိရန်ခွင့်ပြုထားခြင်း ဖြစ်နိုင်ပါသလား?

ရှေးဟောင်းမသေမျိုးကိုမဆိုနှင့် သာမန်ကျင့်ကြံသူသည်ပင် ထိုကဲ့သို့အသုံးမဝင်ကာ မြင်ကွင်းမလှသည့်အရာအား သူတို့၏ကိုယ်ပိုင်ဂူတွင် ထားလိမ့်မည်မဟုတ်ပါ။

ဓမ္မ၊ ကြွယ်ဝမှု၊ အပေါင်းအဖော်နှင့် မြေ စသည့်လေးမျိုးသည် ကျင့်ကြံသူများတန်ဖိုးထားသည့် လေးမျိုးဖြစ်ပါသည်။ ထိုမြေသည် ကိုယ်ပိုင်ဂူဖြစ်ခြင်းကြောင့် တာအို၏အဖော် သို့မဟုတ် ဝိညာဉ်ရေးရာ ရတနာတစ်ခုနှင့် ဆင်တူသည်ဟု ယူဆရပြီး ယာယီတည်ဆောက်၍ မရနိုင်ပါ ။

ထို့ကြောင့်ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏တွက်ချက်မှုကို လုံးဝသဘောတူပြီးထောက်ခံခဲ့သည် ။ ၎င်းကျတ်တီးမြေသည် ရှင်းလင်းစွာပင် ပုန်းကွယ်ထားသည့်လျို့ဝှက်ချက်များကို ပြနေပါသည်။

ရှန်းရူယန်၏စကားကို နားထောင်ပြီးနောက် ကျန်းချန်ရွှမ်သည် အလိုလိုသိစိတ်ကို ချက်ချင်းနီးပါး ခံစားလိုက်ရပြီး ဤနေရာသည် မသေမျိုးဂူ၏ အလယ်ဗဟိုဧရိယာပင် ဖြစ်နိုင်သည်ဟု ခိုင်မာသော ကြိုတင်ခန့်မှန်းချက်တစ်ခုက သူ့ကို ပြောခဲ့လေသည်။

“မိန်းမ ၊ ဒီသတင်းအချက်အလက်က အရေးကြီးတယ်။ ကိုယ်လည်း ဒီနေရာကမယုံနိုင်စရာ အခွင့်အလမ်းတစ်ခုကိုပိုင်ဆိုင်ရမယ်လို့ ခံစားရတယ်။" ကျန်းချန်ရွှမ်က ရှန်းရူယန်အား ဝမ်းမြောက်ကာ အားတက်စေမည့်စကားလုံးများကိုပြောလိုက်ကာ သူမသည် အလွန်ဝမ်းသာသွားလေသည်။

သူတို့နှစ်ဦးတွေ့ဆုံသည့်အချိန်မှစ၍ နှစ်ဦးသား၏ခံစားချက်မှာ အလွန်ပျော်စရာကောင်းသည်ကို တွေ့ခဲ့ရသည်။

"တကယ်လို့ အဲ့လိုဖြစ်ခဲ့ရင် အဲဒီနေရာကို ချက်ချင်းသွားပြီး စူးစမ်းသင့်လား။" ရှန်းရူယန်က ကျန်းချန်ရွှမ်၏ ရည်ရွယ်ချက်ကို သိရှိလိုကာ မေးမြန်းခဲ့သည်။

"ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီကို မသွားခင်မှာ အရာအားလုံး အဆင်ပြေတာသေချာအောင် ပြင်ဆင်မှုတွေ လုပ်နိုင်ပါသေးတယ်။"

အားလုံးစဉ်းစားဆင်ခြင်ပြီးနောက် ကျန်းချန်ရွှမ်သည် ဤအခွင့်အလမ်းကိုလက်လွတ်မခံရန် ဆုံးဖြတ်ခဲ့သည် ။ သို့သော်လည်း သူသည် မသေမျိုးဂူထဲမှ အန္တရာယ်များကိုပြင်းထန်စွာ သတိပြုမိခဲ့ပြီး လျစ်လျူရှုရန်မတတ်နိုင်ခဲ့ပါ။

ပို၍ ကြီးမားသောအခွင့်အလမ်းသည် ပို၍ ကြီးမားသောအန္တရာယ်နှင့်လာတတ်ပါသည်။၎င်းသည် မသေမျိုးဂူ၏သံမဏိစည်းမျဉ်းဖြစ်ကာ ပေးစရာမရှိဘဲ ရစရာရှိမည်မဟုတ်ပါ။

ထို့အပြင် အကျိုးအမြတ်များစွာ ရရှိထားပြီးဖြစ်သောကြောင့် ၎ င်းတို့ကို အနည်းငယ်စီစဉ်ရန် အချိန်ကောင်းတစ်ခုဖြစ်ပါသည်။ ၎င်းကိုယ်တိုင်နှင့် ရှန်းရူယန် နှစ်ဦးစလုံးသည် သူတို့ကိုယ်သူတို့ အပြည့်အဝ ပြင်ဆင်ရမည်။

ရှန်းရူယန်၏အဆိုအရ ထိုနေရာသည် အလွန်ဝေးလံသည့်ဧရိယာတွင်တည်ရှိခဲ့ပြီး သာမန်လူများအတွက် ရှာတွေ့ရန်ခက်ခဲပါသည်။

အကြောင်းမှာ သာမန်ကျင့်ကြံသူများက စွမ်းအင်များပြားသောနေရာများတွင် အခွင့်အလမ်း ပို၍များပြားသည်ဟု ထင်တတ်ကြပါသည်။ သို့သော်လည်း ရှန်းရူယန်က ရှာဖွေတွေ့ရှိခဲ့မှုမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သည် ။

ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုနေရာအတွက်ယှဉ်ပြိုင်ရန်အလျင်မလိုဘဲ သေချာစွာပြင်ဆင်နိုင်ပါသည်။

"အဲဒါလည်း ကောင်းတယ် ။ မသေမျိုးဂူ၏အန္တရာယ်တွေက မရိုးရှင်းဘူး။" ရှန်းရူယန်က သဘာဝကျစွာသဘောတူခဲ့သည်။

သူတို့နှစ်ဦးသည် သူမထိုးဖောက်စဉ်က တွေ့ရှိခဲ့သောဂူသို့ ပြန်သွားကြပြီး လက်ရှိရရှိနေသည့် အကျိုးအမြတ်များကို စတင်စူးစမ်းခဲ့ကြသည်။

ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ ရှေ့တွင်ထိုင်ကာ သိုလှောင်မှုရတနာကို သူမ၏ ကျောက်စိမ်းလက်ဖြင့် လွှဲလိုက်ရာ ဝိညာဉ်အလင်းတန်းများစွာ ပျံသန်းသွားလေသည်။

ရှေးဟောင်းမီးဖိုတစ်ခု၊ ရွှေအလင်းရောင်ကို ရောင်ပြန်ဟပ်စေသော ဝိညာဉ်အသီးတစ်မျိုး၊ ခရမ်းရောင် ကျောက်မျက်ရတနာတစ်မျိုးသည် လမ်းတစ်လျှောက် ရှန်းရူယန်၏ အကျိုးအမြတ်များဖြစ်ပါသည် ။

ယင်းတို့အနက် ရှေးဟောင်းမီးဖိုသည် ကောင်းကင်ဆက်ဝိညာဉ်ရတနာဖြစ်၍၊ ရွှေရောင်ဝိညာဉ်အသီးသည် သတ္တမအဆင့် ဝိညာဉ်အသီးဖြစ်ကာ၊ ခရမ်းရောင် ကျောက်မျက်ရတနာသည် အဋ္ဌမအဆင့် ပစ္စည်းဖြစ်သည် ။

ထိုကဲ့သို့သော အကျိုးအမြတ်များသည် အတော်လေး အရေးကြီးပါသည်။ အကယ်၍ ရေတံခွန်ဂိတ်နယ်မြေအတွင်း၌ ထားလျှင် ၎င်းတို့သည် သွေးထွက်သံယို မုန်တိုင်းတစ်ခု ဖြစ်စေရန်နှင့် ဂိုဏ်းများစွာအကြားတိုက်ပွဲများ ကို လှုံ့ဆော်ရန် လုံလောက်ပါသည်။

သို့သော်လည် ကျန်းချန်ရွှမ်၏ အကျိုးအမြတ်များနှင့် နှိုင်းယှဉ်ပါက သူမ၏ အကျိုးအမြတ်များသည် အနည်းငယ်လျော့နည်းသွားပုံရသည် ။

"ဒီပစ္စည်းတွေကို ရှင်ပဲကိုင်တွယ်လိုက်ပါ ယောက်ျား။" ရှန်းရူယန်က ထိုပစ္စည်းများနှင့် ရတနာများကို ကျန်းချန်ရွှမ်ဆီသို့ပေးလိုက်လေသည်။

သူမ၏ ရည်ရွယ်ချက်များကို သူကောင်းစွာနားလည်သဘောပေါက်ပါသည်။ သူတို့အကြားတွင် ရေတွက်ရန် မလိုအပ်တော့ပါ။ ထို့ကြောင့် သူသည် ပစ္စည်းများအားလုံးကို လက်ခံခဲ့သည် ။

အနာဂတ်တွင် သူသည် ဆေးပြားများ သို့မဟုတ် ဝိညာဉ်ရတနာများကို သန့်စင်မည်ဆိုပါက ရှန်းရူယန်အား ပြန်လည်ပေးအပ်ရန် အပိုတစ်စုံပြုလုပ်မည်ဖြစ်ပါသည်။

ရှန်းရူယန်သည် ရတနာများကိုသိမ်းဆည်းပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏ အကျိုးအမြတ်များကို စတင်ထုတ်ယူခဲ့သည်။

သူ့လက်ဝေ့ယမ်းလိုက်ခြင်းဖြင့် ဂူသည် မရေမတွက်နိုင်သော တောက်ပမှုများဖြင့် နေ့အလင်းရောင်ကဲ့သို့ တောက်ပလာပြီး နဝမအဆင့်ရှိသားရဲ၏ပစ္စည်းများသည် တောင်ကုန်းငယ်တစ်လုံးကဲ့သို့ဖြစ်၍ မြင့်မြတ်သော ဝိညာဉ်အသီးများ၊ ထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်သည့် ထိပ်တန်းအဆင့်ရှိ ပစ္စည်းများသည် ထွက်လာခဲ့သည်။

ထိုရတနာများပေါ်လာသောအခါ သူတို့သည် သာမန်ဂူအား အံ့ဖွယ်နေရာတစ်ခုဖြင့် ပြောင်းလဲခဲ့ကြသည်။

ကြီးကျယ်ခမ်းနားသောမြင်ကွင်းများစွာကို မြင်တွေ့ဖူးသည့်ရှန်းရူယန်သည်ပင် ကျန်းချန်ရွှမ်၏ရက်ရောမှုကြောင့် အံ့အားသင့်ခဲ့ရသည်။

"အနာဂတ်မှာ ဘယ်ရတနာကိုမဆိုဖန်တီးချင်ရင် မေးဖို့အတွက် မတွန့်ဆုတ်နေပါနဲ့။ မင်းရဲ့လိုအပ်ချက်အားလုံးကို ကိုယ်ဖြည့်ဆည်းပေးနိုင်ပါတယ်။” ကျန်းချန်ရွှမ်က စနောက်သည့်အပြုံးဖြင့် ပြောကာ ရှန်းရူယန်ထံမှ စနောက်သည့်ဆူပူမှုတစ်ခုကိုလှုံ့ဆော်ခဲ့သည်။

"ဟားဟား၊ နောက်ထပ် ဟာသတွေ မလုပ်တော့ဘူး။ ဒီမိုးကြိုးတာအိုသစ်သီးက မင်းအတွက် အရမ်းအကျိုးဖြစ်စေလိမ့်မယ်။ မင်းဒီမှာပဲ သန့်စင်လိုက်ပါ။" သူကဆက်ပြောလိုက်သည်။

"မင်း တာအိုနက်နဲအဆင့်ကိုဖြတ်ကျော်လိုက်တာနဲ့ ကိုယ်တို့ ရတနာမြေကိုသွားတဲ့အခါ အခွင့်အရေးကောင်းတွေပိုရလိမ့်မယ်။"

ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို နူးညံ့သိမ်မွေ့စွာ ကြည့်လိုက်ပြီး ခရမ်းနှင့်ရွှေရောင် ဝိညာဉ်ရေးရာ အသီးကို ထုတ်ယူကာ သူမအား ပေးလိုက်လေသည်။

မိုးကြိုးတာအို၏ အလွန်ကြောက်မက်ဖွယ်ကောင်းသော အနှစ်သာရပါ၀င်ပြီးကောင်းမွန်သော ခရမ်းရောင်လျှပ်စီးဖြင့်ဖုံးအုပ်ထားသော ဤတာအိုသစ်သီးကို တာအိုနက်နဲအဆင့်ရှိ မိုးကြိုးဒြပ်စင်ဘီလူးကို အနိုင်ရပြီးနောက် ကျန်းချန်ရွှမ်မှရရှိခဲ့ခြင်းဖြစ်သည် ။

"ယောကျ်ား။" ရှန်းရူယန်က နူးညံစွာပြောလိုက်ကာ သူတို့ကြားရှိ ရင်းနှီးမှုသည် ယဉ်ကျေးမှုတို့ မလိုအပ်ခြင်းကြောင့် သူမသည် မိုးကြိုးတာအိုသစ်သီးကို လက်ခံလိုက်လေသည်။

သူမ၏ နှလုံးသားသည် ဤအမူအရာကြောင့် နက်ရှိုင်းစွာ တုန်လှုပ်သွားလေသည်။ သူတို့ တာအိုအဖော်ဖြစ်လာကတည်းကပင် ကျန်းချန်ရွှမ်၏သူမအပေါ်ဂရုစိုက်မှုကို သတိထားမိပါသည်။

သူ့အချက်ပြမှုဖြင့် ရှန်းရူယန်သည် သူမ၏စိတ်ကို ငြိမ်သက်စေပြီး မတ်မတ်နေကာ အသီးကိုသန့်စင်ရန် သူမ၏ ကျင့်ကြံရေးနည်းစနစ်ကို လှည့်ပတ်ခဲ့သည် ။

ဒြပ်စင်ငါးပါး၏ စည်းမျဉ်းသည် သူမ၏ ဖြစ်တည်မှုမှ ပေါ်ထွက်လာပြီး ဤအင်အားစုအောက်တွင် တာအိုအသီးသည် စင်ကြယ်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှန်းရူယန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည် ။

ကျန်းချန်ရွှမ်သည် တစ်လက်မမျှမရွေ့ဘဲ သူမ၏ဘေးတွင်ထိုင်လျက် သူမ၏ လမ်းကြောင်းကို စောင့်ကြည့်ရင်း သူမ၏ရောင်ဝါသည် ဖြည်းဖြည်းချင်းစတင်မြင့်တက်လာသည် ။

အချိန်သည် ထိုအချိန်တွင် ငြိမ်းချမ်းနေပုံရလေသည်။

***

All Chapters