← Chapters

ရှန်းရူယန် တာအိုနက်နဲအဆင့်ကိုထိုးဖောက်ခြင်း

Vol. 54 Ch. 1011

ရှန်းရူယန် တာအိုနက်နဲအဆင့်ကိုထိုးဖောက်ခြင်း

Vol. 54 Ch. 1011

ရှန်းရူယန်၏ကိုယ်ပိုင်စွမ်းအားသည် တာအိုနက်နဲအဆင့်သို့ အလွန်နီးကပ်နေပြီဖြစ်ကာ တာအိုပေါင်းစည်းခြင်း၏ အထွတ်အထိပ်အဆင့်တွင်ဖြစ်ပါသည်။

မူလအားဖြင့် ကျန်းချန်ရွှမ်သည်လည်း တာအိုပေါင်းစည်းခြင်း၏အထွတ်အထိပ်ကိုရောက်ပြီးမှသာ တာအိုနက်နဲအဆင့်သို့ထိုးဖောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပြည့်ဝသောအဆင့်ကိုရောက်ပြီးမှ အောင်မြင်စွာထိုးဖောက်နိုင်ရန်အခွင့်အရေးသည် အတင်းအဓမ္မထိုးဖောက်ရန်ရွေးချယ်သူများထပ် ပို၍များပါသည်။

ကျန်းချန်ရွှမ်၏ကာကွယ်မှုနှင့် မိုးကြိုးတာအိုသစ်သီးတို့၏အကူအညီဖြင့် ကျန်းချန်ရွှမ်ရောသူမပါ နှစ်ဦးစလုံးသည် သူမထိုးဖောက်နိုင်မည်ကို အပြည့်အဝ ယုံကြည်မှုရှိနေကြသည်။

သို့ရာတွင် ထိုကဲ့သို့သောအရာသည် အလွန်စွန့်စားမှုများကာ ပေါ့ပေါ့လုပ်၍မရပါ။

ထိုးဖောက်ရန်အနည်းငယ်စမ်းသပ်ပြီးနောက် ရှန်းရူယန်သည်ခဏရပ်ရန်ရွေးချယ်လိုက်သည်။

မိုးကြိုးတာအိုသစ်သီး၏စွမ်းအားသည် သူမ၏ကျင့်ကြံခြင်းတွင် နောက်ဆုံးကွာဟချက်ကို တံတားထိုးပေးခဲ့ပြီးဖြစ်ပါသည်။

ကျန်းချန်ရွှမ်ထိုးဖောက်သည့်အချိန်ကထပ်ပို၍ သူမ၏အဆင့်သည် လုံးဝအထွတ်အထိပ်တွင် ရောက်နေခဲ့သည်။

ကျန်းချန်ရွှမ်ရှိနေသဖြင့် သူသည် သူ၏တာအိုနက်နဲအဆင့်သို့ထိုးဖောက်ခဲ့သည့် ကိုယ်ပိုင်အတွေ့အကြုံကိုရှန်းရူယန်နှင့် မျှဝေခဲ့သည်။ အလောတကြီးလုပ်နေစရာမလိုအပ်ပါ၊ ပြင်ဆင်ခြင်းသည်လည်း အောင်မြင်စွာဖြင့်ထိုးဖောက်နိုင်ရန်လိုအပ်ပါသည်။

“တာအိုနက်နဲအဆင့်ကိုထိုးဖောက်တာက အဆင့်တွေရဲ့တံခါးဝကိုဖြတ်ကျော်တာနဲ့မတူဘဲ စိတ်ရှည်ဖို့နဲ့ဂရုစိုက်ဖို့လိုအပ်တယ်။ အထူးသဖြင့် တာအိုစည်းမျဉ်းတွေကို ချိုးဖောက်ဖို့က အရေးအကြီးဆုံးအပိုင်းပဲ။” ကျန်းချန်ရွှမ်က ရှန်းရူယန်အားရှင်းပြခဲ့ကာ သူ၏ထိုးဖောက်မှုတွင် တွေ့ကြုံခဲ့ရသည့်အခက်အခဲများအကြောင်းကိုပြောပြခဲ့လေသည်။

တာအိုနက်နဲအဆင့်အားထိုးဖောက်ရာတွင် အဓိကအချက်သည် တာအိုအနှစ်သာရအသစ်အား ရှာဖွေတွေ့ရှိခြင်းနှင့် နားလည်မှုတို့အပေါ်မူတည်နေပါသည်။ ထိုလုပ်ဆောင်မှုသည် တစ်ဦး၏ ကိုယ်ပိုင်တာအိုစည်းမျဉ်းကို အပြည့်အဝ ကျွမ်းကျင်ခြင်းဖြစ်ပါသည်။

ထိုသို့လုပ်ခြင်းသည်ပင် တာအိုစည်းမျဉ်းစွမ်းအားကို အမှန်တကယ်ထိန်းချုပ်နိုင်မည်ဖြစ်ကာ တာအိုနက်နဲအဆင့်သို့ရောက်နိုင်မည်ဖြစ်သည်။

တာအိုစည်းမျဉ်းစွမ်းအားကိုနားလည်စေသည့်ဖြစ်စဉ်တွင် စကြဝဠာ၏မူလဖရိုဖရဲအခြေအနေများ ထဲတွင် လမ်းပျောက်သွားနိုင်ချေများပါသည်။ ၎င်းသည် ကြီးမားသည့် အန္တရာယ်ဖြစ်ပေသည်။ ကျန်းချန်ရွှမ်သည်ပင် မလွန်ဆန်နိုင်လုနီးပါးဖြစ်ခဲ့ပေသည်။

ရှန်းရူယန်သည် သူမ၏ထိုးဖောက်ခြင်းအောင်မြင်မှုကို သိသာစွာ တိုးမြင့်ပေးနိုင်သည့် ကျန်းချန်ရွှမ်၏အသိအမြင်အားအသေးစိတ်နားထောင်ခဲ့လေသည်။

နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် ဥက္ကာခဲနေရာတွင်ရရှိခဲ့သည့် ကြာပွင့်နက်ကိုယူထုတ်လာကာ ရှန်းရူယန်၏ဘေးတွင်ထားလိုက်လေသည်။

ထိုကြာပွင့်နက်သည်အာမခံအဖြစ်သုံးပြီး မှားနိုင်စရာမရှိသည့်ထိုးဖောက်မှုကိုသေချာစေပါသည်။

ကြာပွင့်နက်၏အနှစ်သာရသည် ကျန်းချန်ရွှမ်အား စကြာဝဠာ၏ဖရိုဖရဲအခြေအနေများထဲတွင် လမ်းပျောက်နေခြင်းမှ ပြန်လည်ဆွဲထုတ်ခဲ့လေသည်။

ယခုတွင် ဤမသေမျိုးဂူထဲတွင် ပစ္စည်းများကအလျှံပယ်ဖြစ်သောကြောင့် တာအိုနက်နဲအဆင့်သို့ ထိုးဖောက်မည့်ရှန်းရူယန်အတွက် သိသာစွာအထောက်အကူပြုနိုင်ပါသည်။ ကျန်းချန်ရွှမ်နှင့် အနီးကပ်ဆုံးသူဖြစ်သော ရှန်းရူယန်သည် မယုံနိုင်စရာကောင်းသော အားကောင်းသည့်ကံကြမ္မာကို ပိုင်ဆိုင်ထားပါသည်။

နောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် သူအသုံးမပြုရသေးသည့် ထိုးဖောက်ခြင်းအတွက် သယံဇာတများအား ထုတ်လာကာ မသေမျိုးဂူမှ သူတို့လက်တလောရရှိထားသည့်အရာများကို ထည့်ပေါင်းလိုက်ပြီး ရှန်းရူယန်လိုအပ်သမျှကို စုစည်းလိုက်သည်။

ရှန်းရူယန်သည် ဝိညာဉ်ပေါင်းစည်းအစီအရင်၏အလယ်တွင် ရတနာများဖြင့် ဝိုင်းရံထားလေသည်။ ထိုပုံမှန်ဂူသည် ထိုးဖောက်ခြင်းအတွက် သီးသန့်ဂူအဖြစ်ပြောင်းလဲသွားခဲ့သည်။

“အဆင့်သင့်ဖြစ်ပြီ ရူယန်။ ကိုယ်မင်းကို ကာကွယ်ပေးမယ်။ မင်းစနိုင်ပါပြီ။” ကျန်းချန်ရွှမ်ကပြောလိုက်သည်။

“ကောင်းပါပြီ။”

ဂူသည် တည်ငြိမ်သွားသည်နှင့် ရှန်းရူယန်သည် သူမ၏ထိုးဖောက်ခြင်းကိုစတင်ခဲ့သည်။

ကျန်းချန်ရွှမ်ထပ်ရာစုနှစ်နောက်ကျလျှင်ပင် ရှန်းရူယန်သည် ယခုထိုးဖောက်မှုအောင်မြင်သွားလျှင် သူမသည် မိုးကြိုးချိုင့်ဝှမ်း၏သမိုင်းတွင် တာအိုနက်နဲအဆင့်ကိုရောက်သည့် အမြန်ဆုံးသူဖြစ်နေဆဲ ဖြစ်ပေသည်။

ဒြပ်စင်ငါးပါးမိုးကြိုးစည်းမျဉ်း ထွက်ပေါ်လာသည်နှင့် ရူးရူးရှဲရှဲအသံများသည် လေထဲတွင် ပြည့်သွားကာ မိုးကြိုးများသည် ဂူထဲတွင် တလက်လက်ဖြစ်နေခဲ့သည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်က ဖြည်းဖြည်းထကာ ဂူအဝင်ဝသို့သွား၍ ထိုင်လိုက်ပြီး သူ၏ဝိညာဉ်နှင့် အသိစိတ်သည်ရှန်းရူယန်၌သာ အပြည့်အဝရှိ၍ အချိန်မရွေးအကူအညီပေးရန် အဆင်သင့်ဖြစ်နေလေသည်။

ထိုအချိန်တွင် ရှန်းရူယန်သည်ထိုးဖောက်ခြင်းအဆင့်သို့အပြည့်အဝဝင်သွားခဲ့လေသည်။

ပတ်ဝန်းကျင်မှ သယံဇာတများနှင် ရတနာများသည် သူမ၏ကျင့်ကြံခြင်းနည်းလမ်းကို လည့်ပတ်လိုက်သည်နှင့် သူတို့စွမ်းအားကိုထုတ်ဖော်ကာ သူတို့၏အင်အားကိုဆက်တိုက် ထုတ်ဖော်လိုက်လေသည်။

ရှန်းရူယန်သည် ထိုအင်အားများကိုစုပ်ယူခဲ့ပြီး သူမ၏ရောင်ဝါသည် စတင်၍ လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။ အသက်အနည်းငယ်ရှုလိုက်သည်နှင့် သူမ၏ မြင့်တက်လာနေသည့် ရောင်ဝါသည် လျှင်မြန်စွာဖြင့် တံခါးဝသို့ရောက်သွားလေသည်။

သို့ရာတွင် တံခါးဝသည် ရှန်းရူယန်အတွက်အလွန်သန်မာနေပြီး အနည်းငယ်ထိလျှင်ပင် တုန်လှုပ်နေကာ အချိန်ရွေးပြိုကျရန် အဆင်သင့်ဖြစ်နေလေသည်။

အစကကျန်းချန်ရွှမ်သည် ဆေးလုံးများ၏စွမ်းအားကိုသုံးကာ သူ၏ထိုးဖောက်မှုကို အစပျိုးလိုက်သည်။ ရှင်းလင်းစွာပင် ရှန်းရူယန်သည် သူမ၏ကံကြမ္မာအခြေအနေမှ အထောက်အပံ့ပြု၍ တူညီသည့်သက်ရောက်မှုကိုတွေ့ကြုံခံစားနေရပါသည်။

များစွာသောအဆက်အသွယ်များနောက်တွင် တာအိုနက်နဲအဆင့်၏တံခါးဝသည် ရုတ်တရက် ကျိုးပျက်သွားကာ နယ်မြေ၏အတားအဆီးများအား တဖြည်းဖြည်းပျော်ကျသွားသည်။

၎င်းသည် တာအိုနက်နဲအဆင့်၏ပထမဆုံးတံခါးဝကိုဖွင့်လိုက်သည်နှင့် တူညီပါသည်။

ကျန်ရှိသည်မှာ တာအိုနက်နဲအဆင့်သို့ အပြည့်အဝပွင့်မသွားခင်၌ နယ်မြေ၏အတားအဆီး တဖြည်းဖြည်းပွင့်ထွက်လာခြင်းနှင့် ဆင်တူပါသည်။

ရှန်းရူယန်သည် ထိုးဖောက်ခြင်းဖြစ်စဉ်အားလိုက်လျောညီထွေကိုင်တွယ်ခဲ့ပြီး အနှောက်အယှက် မရှိပေ။ အပြင်ဘက်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ထိုးဖောက်ခြင်းတွင် လျှင်မြန်သော လိုက်လျောညီထွေဖြစ်မှုကိုမြင်ရကာ ပျော်ရွင်ခဲ့လေသည်။

အမှန်တွင် ရှန်းရူယန်၏ထိုးဖောက်ခြင်းသည် သူ့ထပ်ပို၍မြန်ဆန်ပေသည်။ အဆုံး၌ သူစီစဉ်ပေးသော သူမအတွက်အခြေအနေသည် သူကိုယ်တိုင်အတွက် အသုံးပြုသောအရာများထပ် ပို၍ရက်ရောပါသည်။

ရှန်းရူယန်၏တံခါးဝသည် ပျက်စီးသွားသည်နှင့် သူမ၏ရောင်ဝါသည် ထပ်မံ၍ စတင် မြင့်တက်လာလေသည်။ သူမ၏ကျင့်ကြံခြင်းနည်းစနစ်များသည် ပတ်ဝန်းကျင်ရတနာများကို မြင်ကာ ထိုအင်အားများကို အသက်ပြင်းပြင်းရှုလိုက်သကဲ့သို့ သူမထံသို့ရူသွင်းလိုက်ကာ ထိုစွမ်းအားများကိုသူမထံသို့ လွဲပြောင်းလိုက်လေသည်။

ထိုဖြစ်စဉ်များသည် ကြာရှည်ကာ စိတ်ရှည်သည်းခံမှုလိုအပ်ပါသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံးသည် ၎င်းကိုသေချာစွာနားလည်ကာ တရားထိုင်သည့် အခြေအနေတွင် တည်ငြိမ်နေကြပြီး သူတို့၏ကျင့်ကြံခြင်းတွင် အာရုံစိုက်နေကြလေသည်။

ရှန်းရူယန်အတွက်မူ ကျန်းချန်ရွှမ်၏ကာကွယ်မှုသည် ကြီးမားသောစိတ်သက်သာရာရမှုကို ဖြစ်စေခဲ့သည်။ သူမသည် ထိုးဖောက်ခြင်းအတွက် လုံးဝယုံကြည်ချက်ရှိခဲ့ပြီး အလောတကြီးဖြစ်နေခြင်း သို့ စိတ်လှုပ်ရှားနေခြင်းမရှိခဲ့ပါ။

“တောင်ထဲကအချိန်က နှစ်ပေါင်းဘယ်လောက်ကြာလဲဆိုတာကို လိုက်နာပေးနေမှာမဟုတ်ဘူး။ အအေးကုန်သွားရင် ဘယ်နှစ်နှစ်လဲဆိုတာဘယ်သူမှမသိနိုင်ဘူး။”

သူတို့၏ပြန်လည်ဆုတ်ခွာသည့်အခြေအနေကို ပြန်လည်သုံးသပ်လိုက်သည်။ မသေမျိုးဂူထဲမှ ဆူညံကာပြိုင်ဆိုင်မှုများထဲမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဂူပိတ်ကျင့်ကြံနေသောနေရာသည့် ရှားပါးသည့် အထွတ်အမြတ်နေရာတစ်ခုဖြစ်လာခဲ့သည်။

အချိန်များသည် သတိမပြုမိခင်ကုန်ဆုံးသွားပြီး ရှန်းရူယန်၏ရောင်ဝါသည် တာအိုနက်နဲအဆင့်သို့ နီးကပ်လာလေသည်။ ရတနာများသည် လုံးဝနီးပါးဝါးမြိုခံရပြီဖြစ်ကာ သူတို့၏အင်အားများသည် သူမ၏ဓမ္မစွမ်းအားကို ပြောင်းလဲပေးခဲ့လေသည်။

ဒင်

ထိုအချိန်တွင်ပင် ဆန်းကြယ်သည့်အသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ စွမ်းအားကြီးဝိညာဉ်စုပ်ယူခြင်းက ရုတ်တရက် ရှန်းရူယန်၏ပတ်ပတ်လည်တွင်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်မှဝိညာဉ်စွမ်းအားများကို ဆွဲဆောင်နေလေသည်။

ကျန်းချန်ရွှမ်သည် သူ၏မျက်စိကိုဖွင့်လိုက်ပြီး ဝိညာဉ်အလင်းသည် ၎င်းတို့အတွင်း လင်းလက်လာသဖြင့် ရှန်းရူယန်သည် သူ၏ထိုးဖောက်မှုအောင်မြင်သွားပြီဖြစ်ကြောင်း သူသိရှိသွားခဲ့သည်။

ဂူသည် ကြမ်းတမ်းသော မိုးကြိုးများနှင့် လျှပ်စီးများ၏ဒိုမိန်းအဖြစ်ပြောင်းလဲသွားပြီး ပေါက်ကွဲမှုနှင့် လွှမ်းမိုးနိုင်သည့်အင်အားများသည် နေရာလပ်တွင် ပြည့်နှက်သွားခဲ့သည်။

အဆင့်များထိုးဖောက်ခြင်းသည် ရှန်းရူယန်၏မြင့်တင်ခြင်းလမ်းခရီးသည် တစ်ဝက်ပြီးဆုံးသွားပြီဟု ပြသနေပါသည်။

သို့သော် ခြေလှမ်းနောက်တလှမ်းသည် တာအိုနက်နဲအဆင့်အတွက် အရေးကြီးပါသည်။

လမ်းသည် မူလဝိညာဉ်ထံမှ ဝါးမြိုခံလိုက်ရပြီး ရှန်းရူယန်၏အဆင့်သည် တဖြည်းဖြည်းနှင့် တာအိုနက်နဲအဆင့်တွင် တည်ငြိမ်သွားလေသည်။ တစ်ပြိုင်နက်ထဲ ဒြပ်စင်ငါးပါးမိုးကြိုးတာအိုသည် ထိုနေရာတွင် ပြည့်နှက်သွားကာ ထိုထူးဆန်းသည့်အစီအရင်ကိုစတင်ခဲ့လေသည်။

ကျန်းချန်ရွှမ်၏အာရုံသည် ပို၍ ကျယ်ပြန့်လာပြီး သူ၏ဝိညာဉ်သည် လုံးဝအပြောင်းအလဲများ ကြားတွင် အာရုံစိုက်ခဲ့သည်။

***

All Chapters